Thursday, September 24, 2015

Riemannian manifold

Riemannian manifold

Euclid ယူကလစ်ဟာ BC 300 စုမှာ ပေါ်ခဲ့တဲ့ သူပါ
သူက သူ့ အရင် ပိုင်သာဂိုရပ်စ် အပါအဝင် သင်္ချာ
ကျော် တွေရဲ့  လုပ်အားကို စုစည်းပြီး elements
ကျမ်းကိုရေးခဲ့ ပါတယ် အိုင်းစတိုင်း ရဲ့ ငယ်ဘဝ မှာ
ရူပဗေဒ genius တယောက်ဖြစ်အောင် အစပျိုးပေး
ခဲ့တဲ့ စာအုပ်ပါ Elements မှာ ယူကလစ် ဟာ
postulate ငါး ခု ကို ဦးစွာရေးခဲ့ပြီး ကျန်တဲ့ သီအို
ရမ်တွေနဲ့ သက်သေပြချက်တွေက ဒီ ငါးခုကနေ
logically follow ရုတ္တိ ကျစွာ လိုက်ပါ လာကြ
တာပါ ဒီ  ၅ ခု အနက် ၅ ခုမြောက် postulate
က ထင်ရှားပါတယ်

   " မျဉ်းပြတ် တကြောင်း က မျဉ်း ၂ ကြောင်း ကို
ဖြတ်ခဲ့ ရင်မျဉ်းပြတ်ရဲ့ တဖတ်ခြမ်း မှာ ထောင့် ၂
ခုဖြစ်ပေါ်ပါတယ် ဒီထောင့် ၂ ခုရဲ့ပေါင်း လာဒ် က
၉၀° ထက် နည်း ခဲ့ရင် ဒီမျဉ်း ၂ ကြောင်း ဟာ
အဲ့ဘက်ခြမ်းမှာ တချိန်မှာ ဆုံမယ် "

ဒီ ပေါ့စကျူလိတ် ဟာ အမြဲတမ်း မှန်သလား ဆို
တာကို သင်္ချာပညာရှင်တွေက သံသယဝင် နေခဲ့ကြ
ပါတယ် ဒီအဆိုမှန်တဲ့ မျက်နှာပြင် ကို ယူကလေဒီ
ယမ် မျက်နှာပြင်လို့ခေါ်ပြီး လေ့လာတဲ့ geometry
ကို Euclidean geometry လို့ ခေါ်ပါတယ်
ဒါမမှန်တဲ့  geometry ကိုတော့ non Euclidean
geometry လို့ခေါ်ပါတယ်

fifth postulate မှန်တဲ့ မျက်နှာ ပြင် ဟာ ပြားပြီး
မမှန်တဲ့ မျက်နှာပြင်တွေက ကွေးပါတယ် ကွေးရာ
မှာ ၂ မျိုးရှိပြီး အပေါင်းကွေးနဲ့ အနှုတ်ကွေးပါ
အပေါင်းကွေး ဟာ ဥပမာ အားဖြင့် ကမ္ဘာ ပါ ကမ္ဘာ
ဟာ လုံးပြီး အပေါင်းကွေး ကွေးပါတယ်
အနှုတ်ကွေး ကတော့ သိပ်မမြင်သာ ပါဘူး အနှုတ်
ကွေးတွေရဲ့ sufficiently small region ဟာ
မြင်းကုန်းနှီး ပုံနဲ့တူပါတယ်

curved surface တွေကို စလေ့လာခဲ့တာ ကတော့
Gauss ဂေါ့စ်ပါ မျဉ်းကွေးတခု ရဲ့ အမှတ်တနေရာ
မှာ သူ့ရဲ့ကွေးကောက်မှု တန်ဖိုး ကို ဂေါ့စ် က
kissing circle( Osculating circle) အနမ်းစက်ဝိုင်း နဲ့ ရှာဖွေခဲ့ပါတယ်
အဲ့အမှတ်မှာ ထိနေတဲ့ စက်ဝိုင်းတခုကို ဆွဲပါတယ်
ဒီစက်ဝိုင်း ရဲ့ အရွယ် အစား ကို အချင်းဝက် r နဲ့တိုင်းပါတယ် စက်ဝိုင်းကြီးရင် သိပ်မကွေးဘူးပေါ့
kissing circle အရမ်းသေးရင် အဲနေရာ မှာ မျဉ်း
ဟာ အရမ်းကွေးတယ်ပေါ့ ဒီတော့

                      K = 1/r

                     K = curvature
                     r= radius of curvature

ပါ 2 dimension အတွက်ကတော့

                     K= 1/r . 1/r = 1/r²

ပါ ဒါကို Gaussian curvature လို့ ခေါ်ပါတယ်Gaussian curvature ဂေါ့စ် အကွေးဟာ Extrinsic curvature အမျိုးအစားပါ
( မှတ်ချက် အမှန်တော့ Theorema Egrigium
ဆိုတာရှိပါတယ် ဒါလည်းဂေါ့စ်ရဲ့ နာမည်ကျော်
သီအိုရမ်ဖြစ်ပြီး ဒါအရတော့ Gaussian curvature
ဟာ Intrinsic ပါတဲ့)
ဘာဖြစ်လို့ လဲဆိုတော့ အကွေးကို တိုင်းမဲ့ သူဟာ တိုင်းမဲ့ မျက်နှာပြင်ရဲ့အပြင်မှာရှိမှ kissing circle ကို
သုံးပြီး တိုင်း နိုင်ပါတယ် ဒါပေမဲ့ တချို့သော မျက်
နှာပြင်တွေ က တိုင်းတာမဲ့သူကို ပြင်ပ ထွက်ခွာ
ခွင့် ပေးမထားပါဘူး ဥပမာ ကမ္ဘာ ကြီး ဖြစ်ပါတယ်
ကမ္ဘာကြီးရဲ့ကွေးကောက်မှုကို တိုင်းမဲ့ လူသားက
ကမ္ဘာ့ မျက်နှာပြင်က ခွာမရပါဘူး ဒီတော့
Intrinsic curvature ခေါ် တဲ့ မျက်နှာပြင် ပေါ်က
ဝါ အတွင်း ကတိုင်း နည်းလိုပါတယ် ဒီနည်း ကို
တွေ့ခဲ့သူကတော့ ရီးမင်း ပါ ရီးမင်း ဟာ Riemann
curvature tensor ကို တွေ့ရှိခဲ့ပြီး ဒါဟာ2 ဒိုင်မင်း
ရှင် ထက်ပိုတဲ့ ဒိုင်မင်းရှင်းရှိတဲ့ မျက်နှာပြင်တိုင်း
ရဲ့ ကွေးမှု ကို မျက်နှာပြင်ပေါ်က မခွာပဲတိုင်းနိုင်တဲ့
နည်းပါ ဒီလိုလေ့လာ တဲ့ geometry ကို Riemannian geometry လို့ ခေါ်ပြီး အပေါင်းကွေး
ရှိပါတယ် ကမ္ဘာ လို စက်လုံးမျိုး ဟာ အပေါင်းကွေး
ကွေးနေတဲ့ Riemannian manifold ပါပဲ ရီးမင်း
ဟာ အိုင်းစတိုင်းထက် နှစ်တရာစော ပြီး ဒီသင်္ချာကိုထွင်ခဲ့ပါတယ် အိုင်းစတိုင်းရဲ့ general
relativity ဟာ ဒီသင်္ချာကို အသုံးပြုထားတာပါ

                                          python

သင်္ချာနဲ့ interlude

သင်္ချာနဲ့ Interlude

Interlude ကတော့ ခဏနားတဲ့ အချိန်လေးပေါ့
သင်္ချာ ကို 0 နဲ့ 1 ကစ ပြီး ဖြစ်ပေါ်လာ ပုံ ကို ရေး
ခဲ့ပါတယ် ခု ခဏ နားပြီး ဒါတွေ ဘာလို့ လေ့လာ
နေရတာလဲ ? ဆို တဲ့ မေးခွန်း ကို ဖြေကြည့်ရအောင်ပါ ဒါတွေ သိတော့ ဘာလုပ်ဖို့ လဲ
ဆိုတာမျိုးပေါ့ ဒါမျိုးဆန်ဆန် မေးခွန်း တခု တော့
ရှိတယ် ပရီးမီးယားလိဂ် ကဘောလုံးပွဲ တွေ ဘာလို့ကြည့်နေတာလဲ ? အူစိန်ဘော့ ၉ စက္ကန့်
အောက်ပြေးတာကိုကော ဘာလို့ လုပ်နေတာလဲ?
နောက်ဆုံးတော့ ဒါတွေလဲ ဘာမှ မဟုတ်ဘူး မဟုတ်
ပါလား တကယ် က ဟုတ်တာ တခုတော့ ရှိပါ တယ်
ဒါ က လူတွေရဲ့  အဆုံးစွန်း ကန့်သတ်ချက်limit  တွေ စံချိန်တွေ အတွက်ပါ ဒါတွေကို ရှာဖွေနေတာပါ
သင်္ချာမှာတော့ ဒီစံချိန်က intellectual limit ပါ
အားကစားမှာကတော့ physical limit ပေါ့

ဒါတွေကိုရှာဖွေရတာ ပဲဖြစ်ဖြစ် ရှာဖွေတာကို ကြည့်ရှု
တာပဲဖြစ်ဖြစ် ရင်သပ်ရှု မော ရှိလှပါတယ် ဒါတွေ လုပ်
လို့ ဘာတွေများဖြစ်သွားမလဲလို့လဲ မေးနိုင်ပါသေး
တယ် ဘောလုံးကန်တာဟာ ဘောလုံး ကို ကန်တာ
တခုထက်ပိုပါတယ် ခုလို million dollar စီးပွားရေး
မှာ ဆိုရင်  icon image စိတ်ပိုင်း ရင့်ကျက်မှု အဖွဲ့
အစည်း စိတ်ထား အောင်မြင်မှု strategy စသဖြင့်
တိုးတက်လာနိုင်တဲ့ အရာတွေအများကြီးပါ
ဒီလိုပါပဲ သင်္ချာ မှာ ကိန်းတွေ relation တွေနဲ့ ပြီးသွား မှာ မဟုတ်ပါဘူး အသိဥာဏ် ကိစ္စဖြစ်တဲ့ သင်္ချာ မှာ တတ်မြောက်လာတာနဲ့ အမျှ critical
thinking ခေါ်တဲ့ ကျိုးကြောင်းကျ တွေးခေါ်တက်မှု
ဟာ ဖွံ့ဖြိုးလာ ပါတယ် မှန်ကန်တဲ့ မေးခွန်း ကို မေး
တတ်လာသလို မှန်ကန်တဲ့ အဖြေကို ရှာဖွေတတ်လာ
ပါတယ် သင်္ချာတတ်တယ်ဆိုတာ စိတ်က အမှန်မြင်
တတ်လာတာပါပဲ တနည်း သမ္ပါ သင်္ကပ္ပ ပေါ့ ဗျာ

dictatorship အာဏာရှင်တွေအုပ်စိုးရာ တိုင်းပြည်
တွေမှာ ကျောင်းတွေမှာ သင်္ချာ ကို လျော့ပေါ့ သင်
ကြားကြတယ်လို့  သူတို့ဆီက ပညာရှင်တွေက ဆိုပါတယ် သူတို့ကို ဝေဖန်မဲ့ critical thinking
ကိုကြောက်တာကိုး ဒီတော့ သင်္ချာ ဟာ တိုးတက်တဲ့
တိုင်းပြည်တွေအဖို့တော့ အားပေးရာနေရာပါ
သင်္ချာဟာ ပျင်းဖို့ကောင်းတဲ့ ဖော်မြူလာတွေကို
အလွတ်ကျက်ခြင်း မဟုတ်ပါဘူး သင်္ချာ ဟာ
calculation ခေါ်တဲ့ တွက်ချက်ခြင်းလည်း မဟုတ်
ပါဘူး စနစ်တကျ အဖြေထွက်အောင် reasoning
ပြုလုပ်ခြင်း နဲ့ သဘာ ဝရဲ့ သဘာဝ ကို သိ အောင်
ဖတ်ခြင်းပါ ဒီပို့စ် တွေရေးနေပေ မဲ့ ကျွန်တော်လည်း
သင်္ချာပညာရှင်မဟုတ်ပါဘူး တကယ်တော့ သင်္ချာ
နဲ့အသက်မွေးဖို့ သင်္ချာပညာရှင် လုပ်ဖို့ဆို နားလည်
ယုံနဲ့ မရပါဘူး theorem အသစ်တွေကို သက်သေပြ
နိုင်မှပါ  ဒီတော့ သင်္ချာလုပ်မစား တဲ့ ကျွန်တော် တို့
လိုလူတွေက ဘာလို့ လေ့လာ မှာလည်း ဒါက မင်း
ဘောလုံးသမား မဟုတ်ပဲ ဘာလို့ ဘောပွဲကြည့်နေ
သလဲလို့ မေးသလိုပါ လိုရင်းက သက်သေပြဖို့ ထက်
ကျွန်တော်တို့ ရဲ့critical thinking တွေတက်လာဖို့
သဘာဝ ကို လူဖြစ်တုန်း လေး နားလည် သွားဖို့
နောက်ဆုံး ကုန်ကုန်ပြော ရရင် သူများလိမ်တာ မခံ
ရဖို့ပါ မြန်မာပြည်မှာ က အလိမ်အညာတွေ များတော့
လည်း  အလိမ် မခံရ ဖို့ ဒါ လိုပါတယ်လို့

မှတ်ချက် ပြီးရင်တော့ manifold တွေအကြောင်း
လောက ကို သင်္ချာသမား ရူပဗေဒသမား တွေ ဘယ်
လိုမြင်လည်းကို ရေးပါမည်

manifold ရဲ့ အစ

manifold ရဲ့ အစ

BC 600 စုမှာ သင်္ချာ လော က မှာ အရေးကြီး ဆုံး
တွေ့ရှိမှု တခု ကို ပိုင်သဂိုရပ်စ် ကတွေ့ခဲ့ပါတယ်
သူက လောက ကို သင်္ချာ အားဖြင့် ဖွဲ့စည်း ထား
ပြီး သင်္ချာ အားဖြင့် နားလည်နိုင်တယ်လို ယူ ဆ
ခဲ့ တဲ့ သူပါ သူရဲ့ တွေ့ရှိမှု က ထောင့်မှန်တြိ ဂံ တွေရဲ့
အရည် အချင်း ကို ပြောပြတဲ့ Pythagoras theorem ပါ

           c² = a² + b² 

ပါ စတုရန်း တခု ကို စတုရန်း ၂ ခု ထပ် ခွဲ နိုင်တယ်
လို့ ယူဆနိုင်သလို တြိဂံ တခုရဲ့ ထောင့်မှန်ခံ အနား
ကို လိုချင်ရင် ကျန်အနား နှစ်ခု သိရင် ရတယ် လို့
လဲပြောနိုင် ပါတယ် ဒီသီအိုရမ် က 2 dimension
( စာရွက်ပေါ်မှာ တြိဂံ ကို ဆွဲနိုင်ပြီး စာရွက် မှာ အလျား နဲ့ အနံ ၂ ခု ရှိတဲ့ အတွက် ဒိုင်မင်းရှင်း ၂ ခု
ပါ) မှာရေးထားတာပါ 3 dimension အတွက်ဆို

          s² = a² + b² + c²

n dimension ( ဆိုလိုတာက n နေရာ မှာသင်
ကြိုက်ရာ integer ထည့်လို့ ရပါတယ်) အတွက်ဆို

s² = a²₁  + a²₂ + a²₃ +…………+  a²(subscript n)

ပါ ဒီတော့ ပထမ အချက်အနေနဲ့ ဒီသီအို ရမ် ဟာ
geometry ပစ္စည်း( ဒီ မှာတော့ တြိဂံပေါ့) ကို
algebra နဲ့ ရေးပြနိုင်တာပါ ပြောရရင် တြိဂံဆိုတဲ့
ပုံ သဏ္ဍာ တခု shape တခု မျက်နှာပြင် တခု ကို
abstract ဆန်တဲ့ algebra နည်း သီးသန့် ကို သုံးပြီး
ရေးပြနိုင်တာပါ
နောက်တချက်ကတော့ generalised Pythagoras theorem ဟာ ဘယ်ဒိုင်မင်းရှင်း မှာ
ဖြစ်ဖြစ် ( 0 နဲ့ 1 တော့မပါ)အသုံးပြုနိုင်တာပါ

လောက ဟာ သူ့သဘော သူဆောင်ပြီး ဖြစ်နေတာပါ
စကြာဝဠာ ဟာ ကျွန်တော်တို့ ရှိမလာ ခင်ကတင်
big bang ပေါက်ကွဲ မှုနဲ့အတူ သေးရာက ကြီးလာပါ
တယ် စကြာဝဠာ အတွက်တော့ အတိုင်းအတာ မလိုပါဘူး မတိုင်းတာ လည်း big bang ကတော့
ပေါက်ကွဲမှာပါပဲ universe က expand ဖြစ်မှာ ပါပဲ

တိုင်းတာ မှုဟာ စကြာဝဠာ အကြောင်း စူးစမ်းချင်တဲ့
ကျွန်တော်တို့ လူသား တွေ ရှိလာ လို့  လိုအပ်လာ
တာပါ  0 dimension ဟာ အမှတ်စက်ဖြစ်တဲ့ အတွက် ဒီမှာ တိုင်းတာစရာ မလိုပါဘူး
1 dimension ဟာ line တခု ဖြစ်ပြီး သူ့ ကို တိုင်း
ရာ မှာ natural အဖြစ် ဆုံးက real number ပါ
သူ့အတွက် ထူးထူး ခြားခြား formula မလိုပါဘူး

ဒါပေမဲ့ 2 dimension နဲ့ အထက် အတွက်တော့
တိုင်းတာ ဖို့ရာ formula တခုလိုအပ်လာပါပြီ
ကျွန်တော်တို့လောက ရဲ့ space ဟာ 3 dimension ရှိပါ တယ် ဒီမှာ တိုင်းတာမဲ့ ပစ္စည်း ဥပမာ တုတ်ချောင်း တခု ဆိုပါစို့ သူ့မှာ အလျားတင် မက
ရည်ညွှန်းရာ လဲ လိုအပ် ပါ တယ် စကြာဝဠာ မှာ
တုတ်ချောင်း တခု ပဲရှိမယ် ဆို ရင် direction ဟာ
အရေးမပါပေမဲ့ အရာ ဝတ္ထု ပေါင်းများစွာရှိတဲ့
စကြာဝဠာ မှာ direction ဟာ လိုကိုလိုပါတယ်
ဒီတော့ direction ကို ဘယ်လိုတိုင်း မလဲ အဓိက
ကတော့ reference direction တခု လိုတာပါပဲ
မနက်ဖြန်မနက်ကြရင် ရွှေတဂုံ ဘုရားတောင် ဘက်
မုဒ် မှာတွေ့မယ် ဒီစကား မှာ ရွှေတိဂုံ ဘုရား ဟာ
reference ဖြစ်ပြီး တောင်ဘက်က ဒါပေါ်မှာ တည် မှီ
လာတဲ့ direction ပါ တကယ်လို့ happy world ကို
သာ reference လုပ်ရင် စောစောက နေရာဟာ တောင် ဘက်ဖြစ်ချင်မှ ဖြစ်တော့ မယ်ပေါ့

ဒီတော့ ပထမ ဆုံး reference system ကို စပေး
တာက Descartes  ဒေးကားပါ သူက real number system ၂ ခု ကို ထောင့် မှန် ကျ တည်
ဆောက်ပေးလိုက်တယ် ရေပြင်ညီ လိုင်း ကို x
ဒေါင်လိုက် လိုင်း ကို y လို့ပေးလိုက်တယ် 0 အမှတ်မှာ လိုင်း ၂ ခု ဆုံ တယ် လိုင်း ၂ ခုထောင့်မှန်ကျပြီးဆုံတယ် ဒါကို reference
ထားတယ်ပေါ့ ဒီစနစ်ကို ဒေးကား ကို ဂုဏ်ပြု ပြီး
Cartesian coordinate ကားတက်စီယံ ကိုသြ ဒီနိတ်လို့ ခေါ်ပါတယ် ကိုသြ ဒီနိတ် မျိုးစုံရှိပါတယ်
ဒါပေမဲ့ အားလုံးဟာ reference တွေကြီးပါပဲ ဘယ်
စနစ် ကမှ မရှိမဖြစ် မဟုတ်ပါဘူး တခု ချင်းစီက
အခြေအနေပေါ်မူတည်ပြီးသုံး ရအဆင်ပြေတာ
မပြေတာပဲကွာပါတယ် ဥပမာ သာမန် အချိန် မြို့
ထဲက တနေရာမှာချိန်း ဖို့ Cartesian က ကောင်း
ပေမဲ့ ကမ္ဘာ့ မြေပုံ သုံးရင်တော့ polar coordinate
က ပိုကောင်းပါတယ် အရေးကြီး တာ ကိုသြဒီနိတ်
တွေဟာ တခု ကတခု ပြောင်းလို့ရ ရပါမယ်

ကိုသြဒီနိတ် ရှိလာပြီ ဆိုတော့ သိပ္ပံ ဟာ တဆင့် တက် လာပါပြီ ဒီကိုသြဒီနိတ်ပေါ်မှာ ကိုယ်တိုင်းတာ ချင်တဲ့ အရာ ရဲ့ အလျား ကို အဲဒီအရာ ဘယ်ဘက် ညွှန်းညွှန်း တိုင်းနိုင်ပါပြီ ဒီမှာ လိုအပ်တဲ့ formula က
တော့ စော စောက ပိုင်သာဂိုရပ်စ် သီအိုရမ်ပါ

Cartesian coordinate ပေါ်က x က တြိ ဂံ ရဲ့ 
အနားတဖက်ဆို နောက်အနားတဖက်က y ပါ ဒါဆို
တိုင်း ချင်တဲ့ အလျား က s ဆိုရင် သူက တြိ ဂံရဲ့
ထောင့်မှန်ခံ အနား ပေါ့ ဒါဆို

                 s² = x² + y²   ပေါ့

s ကို လို ချင် root ယူ လိုက်ယုံပေါ့ ဒါ့အပြင် ဒီ သီအို
ရမ် ဟာ ကြိုက် တဲ့ ဒိုင်မင်းရှင်း မှာ သုံး လို့ ရတာပါ
ဒါကလိုအပ်တဲ့ အရာ ဖြစ်ပြီး ကျွန်တော် တို့ လောက
ဟာ အချိန်မပါ ရင် ၃ ဒိုင်မင်းရှင်းရှိပါ တယ် ဒီမှာ
Cartesian coordinate က x y z ၃ ခု ဖြစ်ပြီး
distance ကို

                s² = x² + y² + z²

လို့  ရေးနိုင်ပါတယ် ပိုင်သာဂိုရပ် သီအိုရမ် ကို
ယူကလစ်ရဲ့ element ကျမ်းမှာ proof လုပ်ပြခဲ့ပြီး
သူဟာ Euclidean surface တွေရဲ့  အရေး အသွေး
ကို ကိုယ်ထင်ပြ ပါတယ် ယူကလစ်ဒီယံ မျက်နှာပြင်
ဆိုတာ ဖြောင့်တန်း တဲ့ ပြန့်ပြူး တဲ့ မျက်နှာပြင်ပါ
တနည်း အားဖြင့် ကျွန်တော်တို့ သိနေတဲ့ ရင်းနှီးတဲ့
မျက်နှာပြင်ပါ ကျွန်တော်တို့ ဟာ ကောက်ကွေး တဲ့
မျက်နှာပြင် များ ကို သတိ မမူ မိကြပါဘူး ဥပမာ
ကမ္ဘာ ဟာ အလုံးပါ ဒါ ဟာ curved surface
တွေရဲ့ ဥပမာပါပဲ တကယ်တော့ ကွေးနေတဲ့ မျက်နှာ
ပြင်ပေါ် ကျွန်တော်တို့ နေနေကြပေမဲ့ ကြီးလွန်းတော့
ဒါဟာ အပြားကြီးပါလို့ ကျွန်တော် တို့ ထင်ခဲ့ကြတယ်

ဒီမှာယူရမဲ့ သင်ခန်းစာကတော့ ဘယ်လောက်ပဲ
ကောက်ကွေးတဲ့ မျက်နှာပြင်ဖြစ်ပါစေ အမှတ်စက်
တခု ရဲ့ အနီးအနား တဝိုက်ကို ပဲကြည့်ရင် ပြားတယ်
လို့ ယူဆ လို့ ရတယ် ဆိုတဲ့ အချက်ပါ  ဒီမှာ ပြားတယ် ဆိုတာ Euclidean surface ပေါ့ ဒီမျက်နှာ ပြင်ပေါ်မှာ တြိဂံ တခုရဲ့ အတွင်းထောင့်
အားလုံးပေါင်းခြင်း က 180°ရှိပါတယ် စက်ဝိုင်း
တခုရဲ့ circumference က 2πr ပါ
ကျွန်တော်တို့ မျက်နှာပြင် ပြားမပြားသိချင်ရင်
တြိဂံ တခု သို့ စက်ဝိုင်း တခု ဆွဲကြည့်ယုံပါပဲ

ပြားတဲ့ မျက်နှာ ပြင်ပေါ်မှာ Pythagoras theorem
ဟာ မှန်ပြီး ဒီမျကိနှာပြင်ပေါ်က အလျား တိုင်းတာ
မှု တိုင်း အတွက် ဒီ သီအို ရမ်က အသုံး ဝင်မှာ ပါ

ဒီ သီအိုရမ်ရဲ့ နောက် ထပ် generalisation ကို
လည်း ဗဟု သုတ အနေနဲ့ တင်ပြရရင် သူ့ကို
ထောင်မှန်မဟုတ်တဲ့ တြိဂံမှာ လည်း အသုံးချ
နိုင်တာပါ ဒါကို Law of cosine ခေါ်ပြီး

     c² = a² + b² - 2abcosθ

ပါ  θ ကa နဲ့ b ကြားက ထောင့် တန်ဖိုးပါ တကယ်တော့ a နဲ့ b ဟာ vector တွေ ဖြစ်ပြီး
သူတို့ မှာ magnitude (တန်ဖိုး ) နဲ့ direction
၂ ခု လုံးပါတဲ့ ပစ္စည်းပါ direction ၂ခုကြား က
ထောင့် သီတာ ဟာ ဒါကြောင့် ပါဝင်လာ တာပါ
ဒီမှာ a.b cos θ ကို inner product  ဝါ dot
product လို့ ခေါ်ပါတယ်

                                               python

manifold

manifold

real number system ဟာ ယခင်ပို့စ်တွေက ပြောခဲ့တဲ့ အတိုင်းပဲ geometry နည်း အရ ပုံဖော်ကြည့်ရင် မျဉ်းဖြောင့်ပေါ် က အမှတ်စက်
များစုပေါင်းထား တာပါ အဆုံး အစ မရှိတဲ့ မျဉ်း
ဖြောင့်ပေါ့ အမှတ် စက် တခု မှာ ဒိုင်မင်းရှင်း က
zero ပါ မျဉ်းဖြောင့် မှာတော့ ဒိုင်မင်းရှင်း 1 ရှိပါတယ်
complex number တွေဟာ 2 dimension ရှိတဲ့
surface တခု ပါ ဒီတော့ ဒါတွေဟာ manifold
(မန်နီဖိုး )တွေရဲ့ ဥပမာတွေပါပဲ manifold ဆိုတာ အလွယ် ပြောရရင် မျက်နှာပြင်တွေကို ပြောတာပါ

ကော်ဖီခွက် တခွက်မှာ ပုံ သဏ္ဍာန်ရှိပါတယ် ဒီပုံ
သဏ္ဍာန်ကို မျက်နှာပြင်တွေက ပုံဖော်ထားတာပါ
ဘောလုံးတလုံးမှာလည်း မျက်နှာပြင်ရှိပါတယ်
ဒီတော့ ချဲ့ပြောရရင် လောက မှာရှိရှိ သမျှ အရာရာ
မှာ မျက်နှာပြင်ရှိပါတယ် ဒီ မျက်နှာ ပြင်တွေက ပဲ
အရာရာကို ပုံဖော်နေတာပါ ရာသီဥတု ကို မြေမျက်
နှာ သွင်ပြင်က ဖန်တီးတယ် မော်လီကျူးတွေရဲ့
အလုပ်လုပ်ပုံ ကို သူ့ရဲ့ သွင်ပြင်က စေစားတယ်
လူတွေရဲ့  ရုပ်ရည်ကို လူတွေရဲ့ မျက်နှာပြင်က ပုံဖော်
တယ် ရေခွက်တခု ဟာ ရေထည့်လို့ရဖို့ သူ့ မျက်နှာပြင် ရဲ့ shape က defined လုပ်တယ်
နောက်ဆုံး စကြာဝဠာ မှာတောင် မျက်နှာပြင်ပုံစံ
ရှိတယ် ပြောချင်တာက အရာရာမှာ manifold တွေ
က အရေးပါပါ တယ်

ကြုံလို့ ပြောရရင် ငယ်စဉ် က ဆရာ နန္ဒ သိန်းဇံ ရေး
ခဲ့တဲ့ အသွင် သဏ္ဍာန်တို့ ရဲ့ နောက်ကွယ် ၌ ဆိုတဲ့
စာအုပ် ဖတ်ခဲ့ဖူးပါတယ် အရှေ့တိုင်းရဲ့ ဒသနအတော်
များများမှာ အသွင်သဏ္ဍာန်တွေထက် နောက်က
အနှစ်သာရကို ရှာဖွေလေ့ရှိကြပါတယ် အသွင်
သဏ္ဍာန်တွေကမတည်မြဲဘူး အနှစ်သာရ တွေသာလျှင်တည်မြဲတယ်ပေါ့ ဒါကို သင်္ချာ ပညာမှာ
ကောရှိလား

သင်္ချာမှာတော့ အနှစ်သာရဆိုတာ အသွင် သဏ္ဍာန်ပါပဲ သင်္ချာရဲ့သမိုင်း မှာ ပိုခက်တဲ့ သင်္ချာ
တွေဖြစ်လာရတာက ဒီ manifold တွေကို လေ့လာ
ရင်းပါ manifold တွေ ကို အမှတ်စက်နဲ့ တည်ဆောက် ထားတာပါ အမှတ်စက်များရဲ့ အစု
the set of all points ပေါ့ ဒီတော့ ဒါတွေကို
လေ့လာဖို့ ပထမဦးစွာ set theory လိုပါတယ်
ဒုတိယ အချက်ကတော့ ဒီအစက်တွေဟာ ပြန့်ကျဲ
နေပြီး ပင်လယ်ထဲက ကျွန်းများလို တကျွန်း နဲ့ တကျွန်း သွားမရလာမရ ဖြစ်မနေရပါဘူး
ကုန်းမြေပေါ်က နေရာများလို သွားလို့ လာ လို့ ရ ရ
ပါမယ် ဒါကို သင်္ချာ နည်း အရ ပြော ရ ရင်
continuity ဆက်စပ်နေမှု တဆက်တစပ် ထဲ ဖြစ်မှု
သဘော တရားပါ ဒီသဘောတရားကို လေ့လာတဲ့ပညာ ကို topology လို့ ခေါ်ပါတယ်
ဒီတော့ topology လိုပါတယ် နောက်တခုကတော့
သဘာ ဝ မှာရှိတဲ့ အရာတွေကို တိုင်းတာဖို့လိုပါ
တယ် topological manifold တခုမှာ အတိုင်း
မတာ မရှိပါဘူး ဒီတော့ တိုင်းတာနိုင် တဲ့ function
တခု ထည့်ပေးရပါတယ် ဒါကို metric လို့ ခေါ်ပါ
တယ် manifold တွေနဲ့ manifold ပေါ်မှာ နေတဲ့
function တွေဟာ ပြောင်းလဲ နေကြပါတယ်
ဒီတော့ ဒီပြောင်းလဲမှု ကို လေ့ လာ တဲ့ ပညာ ကို
differential geometry လို့ ခေါ်ပါတယ်
ဒီတော့ ဒါလိုပါတယ်

manifold တွေပေါ်မှာ ရှိတဲ့ အမှတ်တိုင်း မှာ
tangent ဖြစ်တဲ့ မျက်နှာ ပြင် ( နောက်ထပ်
manifold ) ရှိပါတယ် ဒါတွေ ကို tangent space
လို့ ခေါ်ပါတယ် သူတို့ရဲ့ structure ဖွဲ့စည်း ပုံဟာ
အများအားဖြင့် group structure ရှိပါတယ်
ဒီတော့ ဒါသိဖို့ Group theory လိုပါတယ်

နောက်ဆုံး အနေနဲ့ မိခင် manifold နဲ့ သူ့ပေါ်မှာ
ရှိတဲ့ tangent space တွေအားလုံး ရဲ့ relation
ဆက်သွယ်ချက်ပါ ဒီမှာ tangent space တွေကို
fiber အမျှင်တွေလို့ ခေါ်ပြီး အားလုံးစုထားတာကို
fiber bundle လို့ ခေါ်ပါတယ် fiber bundle
ဟာ သင်္ချာရဲ့နာမည်ပါ ဒီသင်္ချာမှာ စောစောကပြောခဲ့
တဲ့

         algebra
         set theory
         topology
         differential geometry
         group theory   တွေအားလုံး ပါဝင်ပါတယ်

ခုခေါတ်မှာ သိပ္ပံပညာဟာ စကြာဝဠာ ရဲ့ ဖွဲ့စည်းမှု
အကြောင်းကို big bang ကလွဲရင် အကုန်သိပါပြီ
ဒါကို ရှင်းပြတဲ့ main theory နှစ်ခုက
standard model နဲ့ lambda CDM model
ပါ

Standard model က လော က ရှိ အရာအားလုံးကို ဖွဲ့စည်းတဲ့ အခြေခံအမှုန်တွေကိုပြောပြတဲ့ model
ပါ သူ့ကို quantum field theory နဲ့ရေးပါတယ်

lambda CDM model ကတော့ cosmology
ပါ စကြာဝဠာရဲ့ဖြစ်စဉ်ကို ရှင်းပြပါတယ် သူ့ကို
general relativity နဲ့ ရေးပါတယ်

quantum field theory QFT နဲ့ general
relativity အောက်က သင်္ချာ ကတော့ fiber bundle ပါ လောက ကို သိဖို့ ဆိုရင် fiber bundle
ကို နားလည် ဖို့ လိုပါတယ်

fiber bundle ဟာ manifold တွေရဲ့ structure
ကို လေ့လာတဲ့ပညာပါ ဒီ သင်္ချာ ကို အသေးစိတ်လေ့
လာဖို့ ကတော့ textbook တွေဖတ်မှပါ အကြမ်းဖျဉ်း
သိချင်ရင်တော့ wikipedia မှာ key word တွေ
ရိုက်ပြီး ရှာဖတ်နိုင်ပါတယ် အင်္ဂလိပ် စကားလုံးက
key word တွေပါ နောက်ပို့စ် မှာ တော့ ခု manifoldတွေ နောက်က idea ကို နိုင် သလောက် ရှင်းပြ ကြည့်ပါမယ်

                                                              python

Monday, September 21, 2015

သင်္ချာ ရဲ့ အက္ခရာ

သင်္ချာရဲ့ အက္ခရာ

သင်္ချာ မှာ အရေးကြီးဆုံးတီထွင်မှု က algebra လို့
ခေါ်တဲ့ အက္ခရာ သင်္ချာ ပါ အက္ခရာ သင်္ချာဆိုတာ
ဘာလဲ?  အက္ခရာတွေနဲ့ ကိန်းတွေကို ကိုယ်စားပြု
ထားတာပေါ့ wait!! နေအုံး လေ 1 တို့ 2 တို့ ကကော
အက္ခရာတွေ မဟုတ်ဘူးလား ? နောက်ဆုံးပြောရရင်
အက္ခရာဆိုတာကကော ဘာလဲ ? တခုခု ကိုယ် ကိုယ်
စားပြု တဲ့ သင်္ကေတတွေပါပဲ  1 2 3 4 စတာတွေလဲ
သင်္ကတတွေပါပဲ ဒါပေမဲ့ ကွာ တာတခုတော့ရှိပါတယ်
1 မှ တခုဆိုတဲ့ သဘော တိကျတဲ့ ရည်ညွှန်းမှုရှိပါ
တယ် algebra က symbol တွေဖြစ်တဲ့ a b x y
စသည်တို့မှာတော့ algebraic equation ရဲ့
context ပေါမမူ တည် ပြီး ရည်ညွှန်းမှု ပြောင်းသွား
လေ့ရှိပါတယ် ဥပမာ အနေနဲ့

       _____   -   5 = 2    ဆိုပါတော့
ကျွန်တော်တို့ blank ________ မှာ ဘာဖြည့် မလဲ
အဖြေက က 7 ပါ  ဒါလွယ်ပါတယ်
         __________ + 4 = 7  ဆို ရင်ရော ဒါ က 3 ပေါ့
ဟုတ်ကဲ့ blank ချင်း တူပေမဲ့ equation ပေါ်မူ
တည်ပြီး blank ထဲမှာ ဖြည့်ရာမှာ ဝါ blank ရဲ့
ကိုယ်စားပြု ရည်ညွှန်းချက်မတူတော့ပါ ဒါဟာ
အက္ခရာ သင်္ချာရဲ့ အစ ပါ blank ဟာ တကယ်တော့
သုံးရတာ တွက်ခြေ မကိုက်ပါဘူး ဝန်ကျယ်လှပါတယ်
အဲ့တော့ ဒီ အစား x သို့ a သို့ သင်သာ ဆန္ဒရှိရင်
က သို့ ခ လည်း သုံးလို့ရပါတယ် က ခ မဖြစ်ဘဲ a b
ဖြစ်နေရတဲ့အကြောင်းရင်းက algebra ကို အနောက်
ကမ္ဘာ ကစထွင်ခဲ့လို့ပါ

       x - 5 = 2            က - ၅ = ၂

       x + 4 = 7            က + ၄ = ၇

ဆိုလဲဘယ်သူမှမကန့်ကွက်ပါ အရေးကြီးတာက
equation ရဲ့ rules စည်းမျဉ်းတွေနဲ့ကိုက်ညီ ဖို့သာ
ပါ သင်္ချာရဲ့ တွက်ချက်ခြင်း calculation တွေဟာ
prehistoric ကမ္ဘာ မှာ ကတည်းက ရှိပါတယ်
ဘေဘီလိုနီယမ်တွေလည်း တွက်ခဲ့တာပါပဲ ဒါပေမဲ့
သူတို့ရဲ့ တွက်ချက် မှု ကို ကျူပီဖောင်းစာတွေပေါ်
မှာ စာနဲ့ရေး ခဲ့တာပါ  x - 5 = 2 လို ညီမျှခြင်း ကို
ကျွန်ုပ် ၏ စပါး ကျီထဲ မှ စပါး ၅ တင်း သင်ကချေး
သော် ၂ တင်းကျန်ခဲ့၏ မူလ က စပါးကျီအတွင်း
ဘယ်နှစ်တင်းရှိသနည်း ပေါ့ အဲ့ဒါ မျိုးဆန်ဆန်ရေး
ရတာပေါ့ စာနဲ့ရေးတဲ့ အခါ specific problem
ဖြစ်လို့ရှင်းပေမဲ့ compact မဖြစ်ဘူး မကျစ်လစ်ဘူး
ပို အရေးကြီးတာက ယေဘူယျ မကျဘူးပေါ့ ဒါကို
အက္ခရာ တခု ကိုယ်စားပြုပြီး +-×÷ ထည့်ပြီး
= ကို အဓိပ္ပါယ်သတ်မှတ်ပြီး သုံးတဲ့ အခါ ကျစ်လစ်
လာတယ် ရှင်းလင်းလာတယ် နောက်ယေဘူယျ
ကျလာပါတယ်

ယေဘူယျ ဆိုတာ ဒီမှာ အင်္ဂလိပ်စကား generalised ကို ပြန်တာပါ သင်္ချာအဆိုတွေဟာ
ယေဘူယျကျပါတယ် အထက်က စပါးကျီမှာ သင်
သာဆန္ဒရှိရင် ရွှေ ၅ ကျပ်သား ယူရာ ၂ ကျပ်သား
ကျန် ခဲ့ တဲ့ လို့လုပ်လဲဖြစ်ပါတယ် ရွှေ သို့ စပါး က
specific problem ပါ တဦးချင်းပြသနာပါ
သို့သော် သူ့ကို

          x - 5 =2 လို့ ပြောင်းလိုက်ချိန်မှာတော့

x ဟာ ဘာမဆို ပါ ဒါကို general ကျ တယ်လို့
ပြောနိုင်ပြီး ဒီညီမျှခြင်းက ယေဘူယျ မှန်ပါတယ်
အားနည်းချက်ကတော့ လေ့ကျင့် မထားတဲ့သူ
တွေအနေနဲ့ ဘာဆို လိုမှန်းမသိ ဖြစ်သွားတတ်တာပါ
ဒါက အလေ့အကျင့်နဲ့ဆိုင်ပါတယ် တကယ်တော့
ပညာ သင် တယ် လေ့လာတယ် ဆိုတာ ကျွန်တော်
တို့ရဲ့တွေးပုံ ခေါ်ပုံ ကို ပြောင်းလဲရတာ မဟုတ် ပါလား

algebra ဟာ အက္ခရာတွေ အစားထိုးတာ တခုထဲနဲ့ဆိုင်တာ မဟုတ်ပါဘူး သူ့မှာ rule တွေလည်းရှိပါသေးတယ် ဥပမာ = ရဲ့ တဖက် တချက် က နှစ် ခု ကတူတယ်ဆို တာမျိုးပေါ့

နောက်တခုက counting ရေတွက်မှု ပါ 0 နဲ့ 1 ကို
အရင် ပို့စ်တွေက ပြောတဲ့ အတိုင်း တီထွင်ပြီးတဲ့ နောက်မှာ counting အားဖြင့် ကျွန်တော်တို့
တခြားအရာတွေကို ထပ်မံဖြည့်နိုင်ပါတယ်

ဥပမာ 0 ကနေ စမယ်  1 ကို တိုးမယ် 1 + 1 + 1 စသဖြင့် 1 ကို သုံး ကြိမ် တိုးတော့
ကိန်းတခုရတာပေါ့ ဒါကို 3 လို့ ပေးလိုက်တယ်
တကယ် လို့ 0 ကနေ 1 ကို a ကြိမ် တိုးရင် a ရတာပေါ့ ဒီမှာအရေးကြီးတာက တိုးခြင်းသဘောပါ ဒါကို + နဲ့ ကိုယ်စားပြုတာပေါ့ အပေါင်းပေါ်လာပြီ

   0 + 1 + 1 + 1 +……+ 1 = a
        __________________
                      a ကြိမ်

တကယ်လို့ 0 အစား a  ကို သုံးမယ်ပေါ့ a က ယေဘူယျကျတော့ ဘယ်ကိန်းမဆိုပေါ့ဗျာ
a  ကနေ 1 ကို  b ကြိမ် တိုးပေးမယ် ဆိုရင် ရမှာ က
a + b ပေါ့ ပုံနဲ့ဆို

                a + 1 + 1 + 1 +…+ 1       = ( a+ b )
                       _______________
                                b ကြိမ်

ဒီမှာ + အပေါင်းဆိုတဲ့ binary operation ပေါ်လာယုံတင်မကဘူး သူ့မှာ ထူးခြားတာက

         b + 1 + 1 + 1+ …+1  =( b + a ) = ( a + b )
              ________________
                        a ကြိမ်

ဒီမှာ b က စပြီး 1 ကို a ကြိမ်ပေါင်း ပေါင်း a က စပြီး
1 ကို b ကြိမ် ပေါင်းပေါင်း  အတူတူပါပဲ
နောက်ထပ်လိုက်နာတာကတော့ a b c သုံးခု ပေါင်းမယ်ဆိုရင် ဘယ်ကစ ပေါင်းပေါင်း အတူတူပါပဲ
     
               a + ( b + c ) = ( a + b ) + c

ဒီ အချက်က algebra က သူ့ဘာသာ ကိုယ်ထင်ပြ
လာတဲ့ rule တွေ ပါ ခုချိန်ထိတော့ a ဟာ integer
တွေကိုပဲ ကိုယ်စားပြုပါသေးတယ်

ဒီတခါတော့ 0 က စမယ် a ကို b ကြိမ်ပေါင်းရင်

       0 + a + a + a + ……+ a = ba
             ___________________
                             b ကြိမ်

ဒါ က မြှောက်ခြင်း × ပါ ဒီတော့ မြှောက်တယ် ဆို
တာလည်း ပေါင်းတာ လိုပါ ပဲ တိုးတဲ့သဘော တခုပေါ့
တခုပဲကွာတာ က မြှောက်တာ ရဲ့တိုးနှုန်း က ပေါင်း
တာရဲ့ တိုးနှုန်းထက် မြန်ပါတယ် နောက်သူကလည်း

    ba= ab
   (ab)c= a(bc)  ကိုလိုက်နာပါတယ်

နောက်တခုကတော့ 1 ကစ ပြီး a ကို bကြိမ်မြှောက်
ရင်

         1 . a . a . a . ……  .a  = a^b
               ________________
                          b ကြိမ်

ဒါကို a ကို b power တင်တယ် သို့ b ထပ်ညွှန်းတင်
တယ်ပေါ့ ဒါပေမဲ့ ဒီမှာတော့ a^b = b^a တော့
မဟုတ်ပါဘူး ဒါကထူးခြားမှု ဖြစ်ပါတယ်

ဒီတော့ ပေါင်း မြှောက် ထပ်ညွှန်း တွေ ဟာ ရေတွက်မှုပြုယုံနဲ့ အလိုလို ပေါ်ပေါက်လာပါတယ်
သူတို့ ဟာ တိုးပွားမှု ကို ဆိုလိုတာဖြစ်ပြီး ကွာတာ
ကတိုးနှုန်းပါ ထပ်ညွှန်းက တော့တိုးနှုန်း အမြင့်ဆုံးပါ
နောက်တခုက operation တွေနဲ့ အတူ rule တွေပါတွေ့လာရတာပါ

    1)     a + b = b + a
    2)     a+(b+c) = (a+b)+c
    3)      ab=ba
    4)       a(b+c) = ab+ac
    5)       a(bc)= (ab)c
    6)       (ab)^c = a^c b^c
    7)       a^b a^c= a^(b+c)
    8)       ( a^b)^c = a^bc
    9)        a+ 0 =a
   10)        a . 1 = a
    11)        a^1 =a  ……………………  rules

ဒါ တွေက အများသိပြီးသားပါ ဒီမှာ အဓိက ပြောချင်
တာ က အစမှာ 0 နဲ့ 1 က စပေမဲ့ ရေတွက်ရင်း ပေါင်း
မြှောက် ပါဝါ ကပေါ်လာတယ် ဒါတွေကြောင့် rules
တွေ algebra မှာ ပေါ်လာတာပါ ဒါပေမဲ့ နောက်ကြ
ရင်တွေ့မဲ့အတိုင်း ပဲ ဒီ rules တွေကြောင့် ပဲ algebra ဟာ integer ကနေ rational real
complex ဖြစ်ပေါ်လာတာကိုတွေ့ရမှာပါ

ဆက်ရရင် ဒီ rules တွေ ဒီ operation တွေနဲ့
အက္ခရာ သင်္ချာ ဟာ Natural number       0 1 2 3 4 ………       နဲ့တင်လုံလောက်ပြီလား? လုံလောက်ပြီဆိုတာက ဒီမှာ equation တိုင်း
မှာအဖြေရှိပြီလား  ဥပမာ
    
                 a + b = c    ဆိုပါစို့

b ကိုလိုချင် ဘာလုပ်မလဲ ညီမျှခြင်း တခု ရဲ့
နှစ်ဘက်လုံးကို တူညီတာ တခုခု လုပ်လိုက်ရင်
ရလာတဲ့ ညီမျှခြင်းမှာလည်း ၂ဘက်လုံးဟာ ဆက်ညီပါတယ် ဒီမှာ အထက်ကပြောတဲ့ ညီမျှခြင်း
မှာ အဖြေရှိဖို့ ဆိုရင် inverse ပြောင်းပြန်ဟာ
အရေးကြီးလာ ပါပြီ ဥပမာ operation က * ဆိုပါတော့( ဒီမှာ * က +_×÷စသဖြင့် ကြိုက်ရာဖြစ်နိုင်
တယ်)

       inverse ဖြစ်ဖို့ဆို

           a *  b = identity

           identity * a  = a   ဒီequation ၂ ခု

ကိုလိုက်နာရပါမယ် ဆိုလိုတာက a ဟာ b ရဲ့ ပြောင်း
ပြန် ဖြစ်ဖို့ဆို a နဲ့ b ကို operate လုပ်ရင် identity
ရရမယ် ဒါဖြင့် identity ဆိုတာဘာလဲ identity ဆိုတာ သူနဲ့ ဘာ နဲ့ဖြစ်ဖြစ် operate လုပ်ရင် အဲဒါ
ပြန်ရစေတဲ့ ဘယ်အရာမဆို identity  ပါပဲ

ဥပမာ အနေနဲ့ + ခြင်း operation အောက်မှာ
identity element က
   
                    0 + a = a   ဆိုတော့ 0 ပါ

× ခြင်းအောက်မှာ 1 × a = a ဆိုတော့ 1 ပါ

ဒီတော့  + ခြင်းအောက်မှာ a ရဲ့ပြောင်းပြန်ဟာ b ဆို
ပါစို့ b ဟာ a ပြောင်းပြန်ဖြစ်ဖို့ သူတို့ နှစ်ခုပေါင်းရင်
0 ရရမယ်

          a + b = 0

b ကို ကျွန်တော်တို့ က ရှင်းလင်းလွယ်ကူအောင်
aရဲ့ပြောင်းပြန်မှန်းသိအောင် a လို့ပဲပေးလိုက်တယ်
ဒါပေမဲ့ သိသာအောင် လက္ခဏာ အသစ် - ကို ထွင်ပြီး
aရှေ့မှာ ထည့်ပေးလိုက်တယ်

            a  + (-a) = 0
            
ဒီလို inverse ရှိပြီဆိုရင် အထက်က equation
က အဖြေရှိလာပါပြီ

           a + b = c

            a + b + (-a) = c + (-a)

                  b  = c - a

ဒီequation တွေမှာ အဖြေရှိလား ခုချိန်ထိ ကျွန်တော်တို့မှာ ရှိတာက Natural number
တွေပါ 0 1 2 3 ……… စသဖြင့်ပါ 

  ဥပမာ    b = 5-8 = ????
  ဒီတော့ ဒါကို ဖြေရှင်းဖို့ rules နဲ့ညီဖို့  - 1 -2 -3 စသဖြင့် Natural number ကိုတိုးချဲ့တဲ့ အခါ
Integers  ……-3 -2 -1 0 1 2 3 …… တွေဖြစ်လာပါတယ် b=-3 ဟာ အဖြေရှိသွားပါပြီ
အနှုတ်ပေါ်လာပါပြီ

အပေါင်း မှာ ပြောင်းပြန်ရှိရင် အမြှောက်မှာကော

     a b = c ဆိုရင် b မှာ အဖြေရှိလား  ??

ရှိနိုင်ပါတယ် တကယ်လို့ a မှာ သာ multiplicative
inverse ရှိခဲ့ရင်ပေါ့ ဆိုလိုတာက ဒီequation ကိုလိုက်နာခဲ့ရင်

      a b = 1   ဒီမှာ 1 က multiplicative identity
element ပါ ဒါဆို b ကိုရှင်းအောင် a ^-1  သို့ 1/a
လို့ ခေါ်မယ်

                 a× b× 1/a = c × 1/a
                     b = c/a

ဒီ equation ကို ဖြေရှင်း ဖို့ က integer ကိန်းပြည့်တခုနဲ့ မလုံလောက်တော့ပါ 3/4 , 2/34
1/2 လို အပိုင်း ကိန်း rational number တွေလိုလာပါ ပြီ ဂရိတွေက ဒါကို သူတို့ခေတ်ထဲက
သိခဲ့ပါတယ် ဒီနည်းနဲ့အစား ပေါ်လာ တယ်ပေါ့
             
  အမြှောက်မှာ ပြောင်းပြန်ရှိရင် ထပ်ညွှန်းမှာကော

     b^a  =c မှာ က ပြောင်းပြန်ဟာ b ဘယ်မှာလည်း
ဆိုတာပေါ် မူတည်ပါတယ် a^b ဟာ b^a နဲ့ မတူပါ
ဘူး ခုလို bဟာ  base အခြေ မှာရှိခဲ့ရင်

              b = a√(c)  ပါ ဒီမှာ typing အခက်အခဲရှိ
လို ဒီလိုရေးထားတာပါ a th root of c လို့ဘက်ပါ
a က 2 ဆိုရင် square root ပေါ့

ဒီမှာလည်း ပြသနာ က root 2 ကို  အပိုင်း ကိန်းနဲ့
ဖော်ပြမရတာပါ ဒီလိုကိန်းမျိုး ကို ရှင်း ဖို့ irrational
number တွေကို လက်ခံရပြန်ပါတယ် ဒါကြောင့်
သင်္ချာဟာ inverse operation တွေကို solution
ရှိဖို့ ရှာဖွေတိုင်းတိုး ချဲ့လာနေခဲ့ပါတယ်

တဖြည်းဖြည်းနဲ့ Real number နားရောက်တော့ မယ် ကိန်းစစ်မှာ အဓိက ၂ ပိုင်းပါပါတယ် တခု က
irrational number နောက်တခု က transcendental number ပါ ဒုတိယဟာ က
ဘယ် ထပ်ညွှန်းကိန်းတွေရဲ့ root မဟုတ်တဲ့ ကိန်း
ပါ ဥပမာ π နဲ့ e ပါ ဒါတွေကိုကော ဘယ်လိုတွေ့လဲ

ဒီမှာ စောစောက ညီမျှခြင်း မှာ သိလိုတဲ့ b သာ
ထပ်ညွှန်းမှာရှိခဲ့ရင်

          a^b = c     then b=???

အဖြေက ဂျွန်နေပီယာ ရဲ့ကြိုးစား  မှုနဲ့အတူ

            b = log c (base a) ပါတဲ့ typing အခက်
အခဲကြောင့် log အောက်မှာ a ကို subscript နဲ့
မရေး ဘဲ (base a) လို့ ရေးလိုက်ပါတယ် ဖြည့်ဖတ်ပေးပါ  b ဟာ တကယ်တော့ c ရဲ့ လော့ဂရပ်သမ်ပါ base a ပေါ်မှာ  c ရဖို့ တင်ရတဲ့ပါဝါပေါ့ လော့ တွေဟာ ထူးခြား ချက်က
သူတို့ ၂ ခု မြှောက်တိုင်းမှာ ပေါင်း ယုံ ပါ တနည်း
ခက်ခဲတဲ့ အမြှောက် ကို အပေါင်းအဖြစ်ပြောင်းပေးလို့ အသုံးဝင်ပါတယ် base ကကြိုက်တာ ထားလို့ရပေ
မဲ့ decimal စနစ်ကို သုံးတဲ့အတွက် 10 ကို အထား
များပါတယ် ဒါပေ မဲ့  သဘာဝအလျောက် base တခုခု ကော မရှိဘူးလား ဟုတ်ကဲ့ natural base
ရှိပါတယ် ဒါကို base e လို့ခေါ်ပါတယ် အရင် ပို့်စ်က
ရှင်းပြခဲ့တဲ့ Euler's number ပါပဲ ဘာလို့ natural
လို့ခေါ်လဲဆိုရင်တော့ ဒီbase မှာ ဂဏန်းတွေဟာ
အတော် ရှင်းလင်း လွယ်ကူလို့ ပါ e ကို logarithm
ကနေ ဖြစ်လာပုံက စိတ်ဝင်စားဖို့ ကောင်းပါတယ်
ဒါပေမဲ့ အတော် ရှုပ်လို့ ရှင်းမပြတော့ပါဘူး

နောက်ဆုံးအနေနဲ့ x^2 = -1 ကို ရှင်းရင်း algebra
ဟာ complex number တွေကို i ကနေတဆင့်
ဖန်တီးနိုင်ခဲ့ပြီး ဒီ အဆင့် မှာ သင်္ချာ ဟာ ပြည့်စုံ
သွားတဲ့ အတွက် (ဆိုလိုတာက အဖြေမရှိတဲ့ algebraic equation မရှိတော့တဲ့အတွက် rules
အားလုံးက လဲ အဆင်ပြေတဲ့အတွက်) complex
number အဆင့် မှာ elementary algebra က
ပြီးသွားပါတယ်

နောက်ပိုင်းပေါ်တဲ့ quaternary နဲ့ octanion
တွေဟာ complex ကို တုပ ထားတာပါ
abstract algebra တွေမှာ ပါတဲ့ group , ring ,
monoid , field စတာတွေက အထက်က ပြောတဲ့
rules တွေ ကို စုပြီး တပိုင်းချင်းလေ့လာရာက ပေါ်လာ တာပါ

                                              python