Friday, September 18, 2015

သင်္ချာရဲ့ အစ ၂

သင်္ချာ ရဲ့ အစ ၂

0 1 2 3……  စသဖြင့် ကို Natural number ခေါ်
ပါတယ်  3  + x= 2 လို ညီမျှ ခြင်းကို ရှင်းတဲ့ အခါ
3+x -3 = 2-3
x= -1 ကနေ အနှုတ် ကိန်းတွေ ပေါ်လာတဲ့ အခါ
number system က -3 , -2 , -1 , 0 , 1 ,  2 , 3
စသဖြင့် integer စနစ်ဖြစ်ပေါ်လာပါတယ် ဒီစနစ်
က ဂရိတွေလက်ထက် ထဲကသိလာတာပါ

ဂရိတွေရဲ့ အယူအဆ အရ တိုင်းတာလို့ ရတဲ့ကိန်း
တိုင်းကို integer ၂ ခုရဲ့ အပိုင်းကိန်းနဲ့ ရေးလို့
ရတာပါပဲ ဥပမာ

    1/1  ,1/2 , 2/2 , 2/3 , 3/3 , 3/4 စသဖြင့်ပါ
ဒါကို rational number  Q လို့ခေါ်ပါတယ် ဂရိခေတ် က အပိုင်းကိန်းနဲ့ ရေး ပေမဲ့ နောက်ပိုင်း မှာ radix
point ဆိုတဲ့ အယူအဆ ပေါ်လာပါတယ်
အင်္ဂလိပ်တွေက radix point ကို . နဲ့ ကိုယ်စားပြု
ပေမဲ့ ပြင်သစ်တွေက , သုံးကြတယ်လို့ ပြောပါတယ်
ဒါက ကျွန်တော်တို့ ဒသမ လို့ သိနေတဲ့ အရာပါ
ဒါပေမဲ့ ဒသမ decimal point လို့ ဆိုရခြင်းက
ကျွန်တော်တို့ သုံးတဲ့ number system က
base 10 ကို အခြေခံတဲ့ decimal စနစ်မို့ပါ
တကယ်လို့ ကွန်ပြူတာ လိုbase 2 မှာ ဆို ဒါ ကို
binary point လို့ ခေါ်ပါတယ် စားလို့ မပြတ်တဲ့
rational ကိန်းတွေဟာ radix point ရဲ့ ညာဘက်
ခြမ်းမှာ ပြတ်တဲ့ထိ ဆက်သွားပါတယ် ဒါပေမဲ့ တချို့
rational ကိန်းတွေကတော့ အဆုံးမရှိ ဆက်သွားပါ
တယ် ဥပမာ 0.3333333……… လိုပါ သူတို့က
အဆုံးမရှိပေမဲ့ pattern တော့ရှိပါတယ် မှန်းလို့ရတယ်ပေါ့ ခုမှာဆို နောက်လာမှာက 3 တွေ
ချည်းပဲပေါ့

ဗဟုသုတ အနေနဲ့ ကြားဖြတ်ပြီး P- adic number
တွေ အကြောင်းပြောပြဦးမယ် သူတို့က ကျတော့
radix point ဒသမ ရဲ့ ဘယ်ဘက်ခြမ်းကို အဆုံး
မရှိရေးရတာပါ

ဂရိတွေရဲ့ ဂုဏ်ယူစရာတွေမှာ Pythagoras theoram ဟာ အရေးပါဆုံးပါ

       a² + b² = c²

စတုရန်း တခု ကို ပိုငယ် တဲ့ စတုရန်း ၂ ခု ခွဲလို့ရတယ် လို့ ဒီညီမျှခြင်းက ဆိုပါတယ် ဒီမှာ ဂရိတွေ စိတ်ဝင်စားတာ က 1 ယူနစ်ရှိတဲ့ စတုရန်း
  နှစ် ခု ကို ပေါင်းရင် ရလာတဲ့ စတုရန်း ရဲ့ အနား
ဟာ ဘယ်လောက်လဲ ညီမျှခြင်းနဲ့ဆို

          x²= 1² + 1²  ဆိုရင် x =?

ဒီမှာ root 2 ကို ဂရိတွေ စတွေ့ခဲ့ကြပါတယ်
               x = √2
√2 ဟာ integer ၂ ခု ရဲ့ အပိုင်းကိန်းနဲ့ ဖော်ပြလို့
မရတဲ့ ဂရိတွေမြင် ဖူးသော ပထမဆုံးကိန်းပါ ပဲ
သူက rational မဟုတ်လို့ irrational လို့ နာမည်
ပေးလိုက်တယ်

တကယ်တော့ rational number Q တွေကို အစီ
စဉ်လိုက် စီစဉ် ရင် လမ်းတခုနဲ့တူမှာပါ ဒီလမ်းမှာ
တချို့ နေရာတွေက ချောင်း တွေကိုဖြတ်ရတဲ့အ
တွက် အဲ့နေရာတွေမှာ လမ်း က ပြတ်တောက်နေ
ပါတယ် ဆိုချင်တာကတော့ Q ဟာ မျဉ်းဖြောင့်
တကြောင်းဆိုရင် တဆက်ထဲရှိမနေပဲ တချို့နေရာ မှာအပေါက်တွေဖြစ်နေတယ် အဲဒီနေရာက √2 လို
π လိုနေရာမျိုးတွေ ဒီလမ်း ကခရီးသွားလို့ရဖို့ဆို
ရင် တံတားထိုး ဖို့ လိုပါတယ် ဒီတံတားတွေကတော့
စောစောက ပြောတဲ့√2 တို့ π တို့ပါပဲ

တံတားထိုးပြီးတဲ့နောက်မှာတော့ လမ်းဟာ တဆက်တည်း ဖြစ်သွားပြီး ဒီလမ်းကို Real number
လို့ခေါ်ပါတယ် Real number R ဟာ မျဉ်း ကြောင်း
တခုပေါ်က အဆုံးမရှိတဲ့ အမှတ်စက် များရဲ့ အစုပါ

R ပေါ်မှာ +-×÷ စတဲ့ binary operation တွေကို
လုပ်လို့ရပါတယ် binary operation ဆိုတာက
တော့ input အနေနဲ့ ၂ ခု သွင်းလိုက်တိုင်း output
တခု ထုတ်ပေးတဲ့ ဆောက်ရွက်ချက်ပါ

real number R ကို သုံးပြီး တွက်တဲ့ အခါမှာ ညီမျှ
ခြင်းအများစုက အဖြေရှိပါတယ် ဒါပေမဲ့ အဖြေ မရှိတဲ့  ညီမျှခြင်း တချို့ ကို တွေ့လာ ရပါတယ်

အဲဒါကတော့
             x² =-1      ပါ
ဒါကိုရှင်းရင်   x = √-1  ရပါတယ်

square နှစ်ထပ်ကိန်းရဲ့သဘောက အနှုတ်မရှိပါဘူး အပေါင်းပဲရှိပါတယ် ဥပမာ 4 ရဖို့ဆို 2×2 သို့မဟုတ် -2×-2 ပါ ရလာတာကတော့ +4 ပါ ဘယ်တော့ မှ -4 မရပါဘူး တနည်းအားဖြင့် real number line ပေါ်မှာ   √- something ဆို တာမရှိပါဘူး
ဒီမှာ R ကို ချဲ့ဖို့ လို ပါပြီ ဒါရဲ့ ပထမဆုံး ကတော့ 1 ကို စထွင် သလိုပါပဲ   √-1= i ကို သတ်မှတ်ပေး
လိုက်တာပါ i×i = -1 ပေါ့

i ကို imaginary number ကိန်းယောင်လို့
ခေါ်ပါတယ် ကျန်တဲ့ imaginary တွေကို i
ကနေ တည်ဆောက်လို့ရပါတယ်     
-4i , -3i ,-2i , -i , 0 , i ,2i ,3i ,4i  စသဖြင့် မဆုံးတဲ့ မျဉ်းတကြောင်း ကို R ကိန်းစစ်တွေရဲ့ မျဉ်း နဲ့ ထောင့်မှန်ကျ  0 မှတ်ကို ဖြတ်ပြီးထား လိုက်ယုံပါ
ဒီအခါမျက်နှာပြင်တခုဖြစ်သွားပြီး ဒီပေါ်က အမှတ်စက်တွေကို ကိန်းထွေ complex number လို့ ခေါ်ပါတယ် ကိန်းထွေကို C   လို့ ခေါ်ရင်

                           C= a+ bi  ဆိုပြီးရေးနိုင်ပါတယ်
a နဲ့ b က ကိန်းစစ်တွေပေါ့ ဥပမာ

C = 3+  4i = 3+ 4 √-1 ပေါ့

သင်္ချာဟာ complex number ပေါ်လာပြီးနောက်ပိုင်း ပြီးပြည့်စုံတဲ့ number system တခုကို ရခဲ့ပါတယ် သူ့မှာ ညီမျှခြင်းတွေ
ဟာ အဖြေရှိလာပါပြီ

No comments:

Post a Comment