Friday, July 31, 2015

fluid dynamic

fluid dynamic

fluid က ငွေ့ရည်ပါ ရုပ်ဒြပ်အခြေအနေ ၃ မျိုးရှိပေမဲ့
အငွေ့နဲ့ အရည်ကနီးစပ်တဲ့သဘာဝကြောင့်ငွေ့ရည်
အဖြစ်လေ့လာပါတယ် အခဲကိုလေ့လာတာက
solid state physic ,condensed matter physic စသဖြင့်ပါ fluid dynamic ရဲ့ နာမည်
ကျော် ညီမျှခြင်း က Navier- Stokes ညီမျှခြင်းပါ
ဒီညီမျှခြင်းကို ခုအခါမှာ computation နည်းနဲ့
တွက်ချက်ကြပါတယ် Clay university ကနေ မေး
ထားတဲ့ မေးခွန်းငါးခုထဲမှာသူလည်းအပါအဝင်ပါ
ဒီမေးခွန်းကိုဖြေဆိုနိုင်သူမည်သူမဆို ဒေါ်လာ တသန်းရမှာပါ မေးခွန်းက ဒီညီမျှခြင်းမှာ analysis
နည်းနဲ့ general solution ရှိမရှိ အဖြေပေးဖို့ပါ
individual အခြေအနေတွေမှာ simplified ဖြစ်
အောင်လုပ်ပြီ တချို့ပုစ္ဆာ တွေ ကိုအဖြေရှာနိုင်ပေမဲ့
ယေဘူယျ အခြေအနေ အားလုံးအတွက် အဖြေ
ရှိမရှိကိုခုထိမသိသေးပါ ဒါကလည်းသူ့ရဲ့ရှုပ်ထွေး
လွန်းတဲ့ non linear nature ကြောင့်ပါ

ဒီညီမျှခြင်းက newton second law F= ma
ကို fluid ကို applied လုပ်ရာမှာ ရရှိခဲ့တာပါ
နယူတန်လောက တကယ်တော့ individual
particle တွေကိုပဲ သာမန်အားဖြင့်အသုံးချတာပါ
ဒီမှာတော့ Fluid က continuum ဖြစ်ပြီး
ဒီမှာမသုံးချတဲ့အခါ average quantity တွေကို
အမှုန်အနေနဲ့ယူဆပါတယ် ဒါကြောင့်သူဟာ
continuum mechanic မှာပါပါတယ်

လူတယောက်က မြစ်တစင်းထဲကို ၂ခါ ဆင်းလို့
မရပါ လူကအချိန်မှာပြောင်းလဲနေသလို မြစ်ကလဲ
စီးဆင်းနေတာပါ စီးဆင်းနေတဲ့မြစ်ရေကို ရှု့ထောင့် ၂ မျိုးနဲ့ ကြည့်လို့ရပါတယ် မြစ်ရေထဲက ရေစု တစု ကို
လိုက်ကြည့်မလား ရေစုတစု က ဒီနေရာမှာ element of fluid ကိုပြန်ထားတာပါ ထင်ရှားအောင် သစ်ရွက်လေးတရွက်ရေထဲချကြည့်
ပါ သစ်ရွက်လေးတင်တဲ့အောက်က ရေစုပေါ့ နောက်တနည်းက ရေကို dye တခုခုနဲ့ ကွက်ဆိုး
တာပေါ့ ပြီးတော့မှ ဒီသစ်ရွက်လေး စီးမျောပုံလမ်း
ကြောင်းသဘာဝကိုလေ့လာတာပါ ဒါကို
Lagrangian description ခေါ်ပါတယ် x(t) ကိုလိုက်ကြည့်တာပေါ့ x က နေရာလေ t က အချိန်
အချိန်ပြောင်းတာနဲ့အမျှ နေရာရွေ့သွားမယ်ပေါ့
ဒါက နယူတန် ညီမျှခြင်းနဲ့ကိုက်တယ် ဒါပေမဲ့လက်
တွေ့မှာ မြစ်ရဲ့တနေရာမှာစောင့်ပြီး ကျွန်တော်တိုက
တိုင်းတာတဲ့ကိရိယာကိုထားရတာ ဒီတော့ အဲဒီနေ
ရာမှာ ရေစု တခုပြီးတခုဖြတ်ကြတာ အဲတော့
ရေစု အများကြီးရဲ့တခုပြီးတခု တချိန်ပြီးတချိန် ဖြတ်
နေတဲ့ အလျင် velocity ကိုပဲကြည့်နိုင်တာပေါ့
ဒါက Eulerian description ခေါ်ပါတယ် သင်္ချာ
အရ u( x(t) , t ) ပေါ့ u က အလျင် သူက နေရာ
နဲ့ အချိန်ပေါ်မူတည်ပြောင်းလဲနေလို့ ခုလို ကွင်းနဲ့ရေး
ထားတာပါ သူတို့ ၂ ခုရဲ့ဆက်စပ်မှုက

           dx/dt = u( x(t) , t )   ပါ

elurian description ကို lagrangian နည်းနဲ့ဖော်ပြတဲ့အတွက် ဒီ ညီမျှခြင်းက ရှုပ်ထွေးနေတာပါ 

ပထမဆုံးသိရမှာက material derivative ပါ
ရိုးရိုး derivative က df(x)/ dt ဆိုပါစို့
material derivative ဟာ partial derivative
ရဲ့ chain rule ကိုသုံးပြီး description ပြောင်း
တာက ရတာပါ ဒီပုံစံပေါ့

  D f/Dt = df/dt + ( u.∇) f

D/Dt က material derivative ပေါ့
u က velocity ပေါ့
∇ ကတော့ gradient ပါ

D/Dt ဆိုတာ ရိုးရိုး d/dt နဲ့  u . ∇နဲ့ပေါင်းထား တာ
ပေါ့

ဒါသိပြီဆိုရင်တော့ နယူတန်ကပြန်စရအောင်
နယူတန်ညီမျှခြင်းက

  အား  =  ဒြပ်ထု  ×  အရှိန်

ဒြပ်ထု က m ပေါ့ fluid မှာတိုင်းလို့ရတာက ρ
သိပ်သည်းဆပဲရှိတယ် သူက m/volume လေ
ဒီတော့

      ဒြပ်ထု=  m/ V × dxdydz
            m= ρ × dxdydz
dxdydz ဆိုတာကလည်း Volume ပဲမို့ခြေတော့
m ပြန်ရတာပေါ့

အရှိန်ကတော့ အလျင် u ရဲ့ပြောင်းလဲခြင်း Du/Dt
ပါ အထက်က material derivative အရ
D u/Dt = du/dt + u. ∇u ပါ

ညီမျှခြင်းမှာ dxdydz ကတကယ်တော့ အား ဘက်
ခြမ်းမှာလည်းပါပါတယ်ဒါကြောင့်ခြေနိုင်ပါတယ်

ဒီတော့    ρDu/Dt  = အား ပေါ့

fluid ပေါ် သက်ရောက် တဲ့အားက ၂ ပိုင်းပါ တခုက
fluid တခုလုံးပေါ် သက်ရောက်တဲ့ အား body
force ပါ ဒီထဲမှာ အထင်ရှားဆုံးကတော့ gravity
ပေါ့သူ့ကို

          ρg   လို့ရေးပါတယ် g က acceleration
due to gravity ပါ

နောက်တပိုင်းကတော့ fluid ရဲ့မျက်နှာပြင် မှာရှိတဲ့
အားပါ အဓိက ကတော့ stress tensor ပါ သူ့မှာ
tensor ဆိုတော့ ထုံးစံအတိုင်း matrix ပုံရေးပါ
တယ် diagonal element က symmetric အပိုင်း
ဖြစ်ပြီး normal stress ကို ညွှန်းပါတယ် ဆိုလိုတာကမျက်နှာပြင်ပေါ်ထောင့်မတ်ကျတဲ့အား
ပါ လက်တွေ့စမ်းသပ်ချက်အရ -p ဖြစ်ပါတယ် p က
ရေဖိအားပါ အနှုတ်လက္ခဏာ က အတွင်းကိုဖိတာကို
ပြောတာပါ

tensor ရဲ့   antisymmetric အပိုင်းကတော့
sheer stress ကိုညွှန်းပါတယ် fluid နဲ့ အခဲ ကွာ
တာ ကsheer stress မှာပါ ဒီ stress က fluid ရဲ့
surface မျက်နှာပြင်အတိုင်းသက်ရောက်ပါတယ်
အခဲကိုသက်ရောက်ရင် deform မဖြစ်ပါဘူး အရေကတော့ ဒီstress အောက်မှာ စီးဆင်းပါတယ်

ခုနှစ်ခုကို
         σ  =  -p  +  μ ∇ u လို့ရေပါတယ်
μ က viscosity စေးပြစ်ကိန်းသေပါ μ များရင်
စေးပြစ်ပြီး ပျားရည်လို ပေါ့ နဲရင်သွက်ပါတယ်
ရိုးရိုးရေလိုပေါ့

ခုပြောနေတာက surface force ပါသူ့ကို
      div σ လို့ရေးပါတယ် div က divergence ပါ
ဖြန့်ရင်
                div σ =   -  ∇  p +   μ∇²u    ရပါတယ်

အားလုံးပေါင်းတော့
Navier- Stokes ညီမျှခြင်းက

         ρDu/Dt    =    ρg  -  ∇  p +   μ∇²u 

ဒီညီမျှခြင်း ကသိပ်တော့ မရှုပ်ပါဘူး non linear
ဖြစ်တဲ့ အတွက်တွက်ရလည်းခတ်ပါတယ်
numerical method ကိုသုံးပြီး computer နဲ့ရှင်း
ရပါတယ် ဒါပေမဲ့သူက wide range of phenomenon မှာတွေ့ပြီးအသုံးဝင်ပါတယ်
ဟိုက်ဒရောလစ်မှာ oceanography မှာ လေထု
အကြောင်းမှာ လေယာဉ်ပျံသန်းရာမှာ ရေပိုက်ကရေကျရာမှာ မြစ်ချောင်းတွေမှာ ရေဝဲ
ဖြစ်မဖြစ် စသဖြင့်နေရာများစွာမှာသုံးပါတယ်
နောက်ဆုံး cosmology မှာသုံးတဲ့ လက်ရှိ model
က စကြာဝဠာကို perfect fluid အဖြစ် model
လုပ်ထားခြင်းပါ

ခုပို့စ်မှာ အဓိကရေးချင်တာကတော့ နယူတန် ညီမျှ
ခြင်း ကနေ fluid dynamic ရဲ့ ညီမျှခြင်းပေါ်လာပုံ
ပါ
      

Wednesday, July 29, 2015

Scientific method

အနောက်နဲ့ အရှေ့ အရမ်းကွာပါတယ် ကျွန်တော့်
မိတ်ဆွေ တဦးပြောသလို ပြောရရင် လူနဲ့ ခွေး ကွာ သလိုပါပဲ ကွာခြားမှုရဲ့ အဖြေက တခွန်းတည်း ပြော
ရင် science မှာပါ ပညာဆိုတာ education ဖြစ်ပြီး
education ဆိုတာ science ပါပဲ သမိုင်းလည်း
science ပဲ politic လဲscience ပါပဲ art တောင်
science ပါပဲ realism painting ရဲ့နောက်မှာ
projective geometry ရှိတယ် cubism ရဲ့နောက်
မှာ fourth dimension ရှိတယ် သီချင်းသံစဉ်တွေ
ရဲ့နောက်မှာ fourier series တွေရှိတယ်
existentialism ဆိုတာ absurdism ကို ခေါ် တာပါ အဲဒီခေါတ်မတိုင်ခင်ကတည်းက abstract
algebra တွေ ပေါ် နေခဲ့ပါပြီ

ပြောချင်တာက science ဟာ သင့်အနေနဲ့သိ လို့
ပဲဖြစ်စေ မသိလို့ပဲဖြစ်စေ သင့်ဘဝရဲ့ထောင့်တိုင်း
မှာ ရှိနေကြပါတယ် ဒီ အရာဘယ်လိုပေါ်လာသလဲ
ဒါက ဘာလို့လိုအပ်နေတာလဲ ဒါကို ဓမ္မဓိဌာန် ကျကျ
ဘယ်လို define လုပ်မလဲ ဒီမေးခွန်းတွေ အတွက်
ကျွန်တော်သိသလောက် share တာပါ

သမိုင်းမတင်ခင်ခေါတ် ကစပြီးလူတွေ ဟာ သူတို့
မသိတဲ့ လောကမှာ နေလာခဲ့ရတယ် အပြောကျယ်
တဲ့ လောက နားမလည်တဲ့လောက မှာပေါ့ ဒါတွေ
ကို အဖြေရှာတော့ အဖြေပေးမဲ့သူမရှိဘူး အဖြေရှာ
ဖို့လိုလားဆိုရင်လိုပါတယ် မုန်တိုင်း အကြောင်းကိုမသိရင် မုန်တိုင်းဟာ ကြောက်စရာပါ
မုန်တိုင်းရဲ့ဖြစ်စဉ်ကိုသိရင်တော့ ဘယ်အချိန်မှာဘယ်
နေရာကို ရှောင် ရမယ်ဆိုတာ သိသွားမှာပါ ကြောက်
စရာ မကောင်းတော့ပါ တကယ်တော့ ဘဝ ဆိုတာ
ရွေးချယ်မှု တွေပါ မှန်ကန်တဲ့ choice ရဖို့
knowledge က အရေးပါပါတယ် ပြသနာက မှန်ကန်တဲ့ knowlege ကို ဘယ်က ရမလဲ ရှေးဦးလူ
သားတွေက ဒါကို ဘာသာတရားထံက တောင်းဆိုခဲ့
ပါတယ် ဘာသာတရား က ယုံကြည်မှု လိုတယ်
တချို့သော သူတွေကတော့ ဒီနည်းကိုလက်မခံဘူး
သူတို့က သံသယ ထားတဲ့နည်းကိုပိုကြိုက်ခဲ့ကြတယ်
bc 600 စု မှာဒီနည်းကို စတင်ဖို့ အတွက် ဂရိမှာပညာ
ရှင်တွေပေါ်ခဲ့ပြီ သူတို့က science ဆိုတဲ့အပင်ကို
ပျိုးတာတော့ မဟုတ်ပါဘူး ဒီအပင်စိုက်ဖို့မြေမှာ ပေါက်နေတဲ့ ပေါင်းတွေကိုနှုတ်ပေးခဲ့တာပါ ဒီတော့
သူတို့ကအရေးပါပါတယ် နောက်ပိုင်း လူတွေက
သူတို့ကြောင့် science ဆိုတဲ့အပင်ကို စိုက်ပေးခဲ့နိုင်
တယ် ရှင်သန်စေခဲ့တယ်

ဒါဖြင့် science ဆိုတာဘာလဲ ပေါ့

လောကမှာ တကယ်ဖြစ်နေသမျှ phenomenon
မှန်သမျှ ကို ရှင်းပြနိုင်ဖို့ knowledge ကိုရှာဖွေတဲ့
ဖြစ်စဉ်ပါ

ဘယ်လိုရှာလဲ

trial and error နည်းပါ
လုပ်ကြည့်လိုက် မှားရင် ပြင်လိုက် မှန်ရင်လက်ခံ

ဒီနည်းက အဖြစ်အပျက်တခုဟာ ဒါကြောင့်ဖြစ်နေ
တာပါလို့ ဘယ်လိုလူမျိုးကလာပြောပြောအလွယ်
တကူ ယုံကြည်လက်ခံမှာမဟုတ်ပါဘူး
သံသယထားပါတယ် ဒီတော့သူက အရင်ဆုံး
မှန်ကန်တဲ့ မေးခွန်းကို မေးပါတယ် relevant ဖြစ်တဲ့
question ပေါ့ ဒီ question ကို ဖြေနိုင်တဲ့ အဖြေတွေ အများကြီးရှိလိမ့်မယ် answer 1 answer 2 စသဖြင့်

ဒီထဲကမှ ဘယ်အဖြေမှန်သလဲကို ဘယ်လိုရွေးမလဲ
ထိုင်ငြင်းနေလို့မရပါ စမ်းသပ်လုပ်ကိုင်စစ်ဆေးကြည့်မှ ရပါတယ် ဒါကို
တိုင်ချိုဗဂေး ကစခဲ့တယ် ဂယ်လီလီယိုကပံ့ပိုးတယ်
ပြီးတော့ မှားရင်ပယ်တယ် မှားတဲ့ answer တွေကို
ပစ်ပယ်ပါတယ်

နောက်ဆုံးမှာ မှန်တဲ့ အဖြေတခု ဥပမာ answer 1
ဆိုပါစို့ ကျန်ခဲ့တယ် ကိစ္စပြီးပြီလား မပြီးသေးပါဘူး
ကျွန်တော်တို့ မေးခွန်းရဲ့မလုံလောက်မှုကြောင့်ဖြစ်
စေ ကျွန်တော်တို့ မေးခွန်းမေး   တဲ့ဖြစ်စဉ်ကို တိုင်း
တာ မှုမှာ လိုအပ်မှုကြောင့်ဖြစ်စေ ဒီ answer 1
ဟာ တချိန်မှာ ( အဲအချိန်မှာ တိုင်းတာမှုဟာ တိုးတက်ပြီး သေးငယ်တဲ့ အမှားတွေ ကိုတောင်
detectလုပ်နိုင်တဲ့အချိန်  ) မှားသွားနိုင်ပါတယ်
ဒီအခါမှာ answer ဟာ မှားတာတော့မဟုတ်ဘူး
မလုံလောက်တာပါ သူ့ကို extend လုပ်ဖို့ ချဲ့ထွင်ဖို့လိုပါပြီ ဒါကို ထပ်မံစစ်ဆေး မှားရင်ပယ်
မှန်ရင်လက်ခံပေါ့ ဒီနည်းနဲ့လည်နေတဲ့ဖြစ်စဉ်
trial and error method ကို scientific method
လို့ခေါ်ပါတယ်

terminology လေးတွေနည်းနည်းပြောပြပါမယ်

relevant questionကို scientific problem
answer ကို hypothesis
စစ်ဆေးမှု ကို experiment
accepted answer ကို theory
စသဖြင့်ခေါ်ပါတယ်

ဒီဖြစ်စဉ်မှာ question and answer အပိုင်းကို
လူတယောက်နဲ့တယောက်ကြား ဒွိဟမဖြစ်ဖို့ အရေးကြီးပါတယ် စကားဆိုတာ စတာနဲ့ကားပါတယ်
စကားတခွန်းကို တယောက်ဆီက နောက်တ
ယောက်ဆီ လက်ဆင့်ကမ်းပြောသွားရင် အယောက်
တရာလောက် ရောက်တော့ ဒီစကားဟာ နဂိုစကား
နဲ့လားလားမှမဆိုင်တော့ပါ သိပ္ပံ မှာ ဒါမျိုး အဖြစ်မခံနိုင်ပါ ဒါကြောင့် scientific problem
နဲ့ hypothesis တွေ( ဆိုလိုတာက question and answerတွေ ) ကိုဖန်တီးရာမှာ တိကျဖို့လိုပါတယ်
ပညာရှင်တွေကြားမှာ အဓိပ္ပါယ် နှစ်ခွ မထွက်ဖို့ လုပ်
ရပါတယ် ဒါကို formalised လုပ်တယ်ခေါ်ပါတယ်
ဒီလိုလုပ်ရာမှာအကောင်းဆုံး language က
သင်္ချာပါ ဒီတော့ သင်္ချာဟာ ကိုယ်၌တော့ သိပ္ပံ မဟုတ်ပေမဲ့ သိပ္ပံ ဆိုတဲ့အစု Set ထဲမှာပါပါတယ်

philosophy လို အရာမျိုးကတော့ relevant ဖြစ်တဲ့
question မေးခွန်းထုတ်ရာမှာ အဓိကပါပါတယ်

သိပ္ပံနဲ့ပါတ်သတ်လို့ လက်ရှိ အများစုက လက်ခံထား
တဲ့ philosopher ကတော့ ကားလ်ပိုပါ ပါ သူက
science မှန်သမျှဟာ falsifiable ဖြစ်ရမယ်လို့
ပြောခဲ့ပါတယ်

falsifiable ဆိုတာ မှားကြောင်းသက်သေပြလို့ ရနိုင်
ရမယ်လို့ဆိုတာပါ ဒါဘာကြောင့်လဲဆိုတော့

သင်က မှန်တယ်လို့ပြောတဲ့ အရာဟာ နောက်တချိန်ချိန်မှာ မှားသွာနိုင်ပါသေးတယ်
ဒီတော့ ခုအချိန်မှာမှန်ကြောင်းသက်သေပြနိုင်ယုံနဲ့
မလုံလောက်ပါဘူး

ဒါပေမဲ့ သင်က မှားကြောင်းသက်သေပြနိုင်ခဲ့ရင်တော့ ဒီအရာဟာ မမှန်တော့ပါဘူး

ဒီတော့ သိပ္ပံနည်းကျတဲ့ အဖြေ hypothesis တွေဟာ မှားကြောင်းသက်သေပြနိုင်ဖွယ်ရာရှိတဲ့
experiment တခုတလေ ရှိကြောင်းပြနိုင်တာနဲ့
သိပ္ပံလို့ ခေါ်နိုင်ပါပြီ ကျန်တာကတော့မဟုတ်ပါဘူး

ဥပမာအားဖြင့် လူဆိုတာသေမျိုးတွေဆိုတဲ့ စကားမျိုးပါ ဒီစကားဟာသိပ္ပံ နည်းကျအဆိုတခု
ဟုတ်ရဲ့လား

သူ falsifiable ဖြစ်ဖို့ဆိုရင် မသေတဲ့လူတယောက်ကို သင်က ဂုတ်ဆွဲပြီးခေါ်ပြ
ရမှာပါ မသေတဲ့လူတယောက်တွေ့တာနဲ့ ဒီစကားမှား ပါပြီ ဒါပေမဲ့ဒီလို မသေတဲ့လူကို ရှာဖို့ ကခတ်မှာပါ
ကျွန်တော်တို့ ဒါကိုသက်သေပြဖို့ experiment
တည်ဆောက်ဖို့ခက်ပါတယ် ဒါကြောင့် ဒီစကားစု
ဒီအဆိုဟာ သိပ္ပံနည်းကျ အဆိုမဟုတ်ပါဘူး

ဆေးပညာ research တွေမှာ သုံးတဲ့ null hypothesis ဟာ ပိုပါ ရဲ့ falsifiability ကိုသုံးထား
ခြင်းဖြစ်ပါကြောင်း

F22 Raptor

F 22 Raptor

F 22 Raptor ကို လော့ဟိမာတင် ကုမ္ပဏီ က ဘိုးအင်း ဝှစ်တနေ ကုမ္ပ ဏီ များနဲ့ပေါင်း ထုတ် ပါတယ် သူက 5th generation fighter ပါ
ရာသီဥတု အခြေအနေမျိုးစုံမှာ တာဝန်ထမ်း
ဆောင်နိုင်တယ်

ကိုယ်ပျောက်လေယာဉ်အမျိုးအစားဖြစ်တယ်
stealth ဖြစ်အောင် romboid ပုံတောင်ပံအချိုး
Radar  က လာတဲ့ radio လှိုင်းတွေကို စုပ်ယူတဲ့ဆေး လက်နက်တွေကိုကိုယ်ထည်ထဲထည့်မြှပ်ထားခြင်း
စသဖြင့်ပြုလုပ်ပါတယ်

air to air ( လေယာဉ်ချင်းစီး
ခြင်းထိုးနိုင်သလို) air to ground ( မြေပြင် ပစ်မှတ်တွေကိုလည်း ရှင်းလင်း နိုင်ပါတယ်
သုံးတဲ့လက်နက်တွေက precision guidance
munity PGM ဖြစ်ပြီးတိကျပါတယ်

supermaneuverability ရှိတယ် ဒါက တိုက်လေ
ယာဉ်တွေမှာ အခြေခံ ပျံသန်းပုံတွေရှိပါတယ်
တိုက်လေယာဉ်အချင်းချင်း တိုက်ခိုက်တာကို
dogfight လို့ခေါ်ပြီး ဒီမှာ maneuver သာတဲ့
သူကနိုင်တာပါပဲ လေယာဉ် တစီး က rotation
၃ မျိုးလုပ်လို့ ရပါတယ် axis of rotation က
x , y , z ဆိုပြီး ၃ မျိုးရှိတာကိုး အဲဒါ တွေကို
pitch ရယ် yaw ရယ် roll ရယ် ဆိုပြီးခေါ် ပါတယ်
ဒါတွေကို ပေါင်းစပ်ပြီး လုပ်တဲ့ meneuver တွေကို
နာမည်တွေပေးထားပြီး ဥပမာ high yo yo
low yo yo စသဖြင့်ပေါ့ ဒီလိုလုပ်ဆောင်နိုင်ဖို့
အရင် မျိုးဆက်လေယာဉ်တွေက aerodynamic
control surface ခေါ်တဲ့ rudder aerofoil
စတဲ့ အစိတ်အပိုင်းတွေကို အသုံးပြုရပ်တယ်
လေယာဉ်ရဲ့ aerodynamic မှာ angle of attack
(alpha အယ်ကလ်ဖာလို့လည်းခေါ်ပါတယ်) အရေးပါပါတယ် အဲဒါက ထောင့်တခုပါ
aerofoil ( တောင်ပံ )ရဲ့ စိတ်မှန်း မျဉ်းကြောင်း axis
နဲ့ လေယာဉ်ကိုဖြစ်သွားတဲ့ လေလွှာစီးကြောင်း
ကိုကိုယ်စားပြုတဲ့ vector ကြားက ထောင့်ပါ ဒီထောင့် များလေ လေယာဉ်ကအပေါ်ကိုကြွလေပေါ့
ဒါပေမဲ့ တခုသောဖောင့်တန်ဖိုးကိုကျော်ရင်တော့ လေယာဉ်က ဒေါင်လိုက်မတ်မတ်ဖြစ်ပြီး ထပ် lift
မလုပ်နိုင်တော့ပါ ဒီမှာ သူ့ကို stall လို့ခေါ်ပါတယ်
stall ကြာရင်လေယာဉ်ကပြုတ်ကျတာပါပဲ

လေယာဉ်ရဲ့ တချို့ maneuver တွေ က stall
ပါပြီး ထိန်းမရပါဘူး ဒါကိုနောက်ပိုင်းမျိုးဆက်တွေ
မှာ thrust vector nozzle ကို သုံးပြီး လေယာဉ်ကို
maneuver လုပ်ပါတယ် ဒါကို thrust vectoring
လို့ခေါ်ပါတယ် အဲဒါက တိုက်လေယာဉ်တွေရဲ့ ဖင်မှာ
မီးတန်းတွေ ထွက်နေတဲ့အင်ဂျင် နော်ဇယ်ခေါင်း ကို
အရှင်လှည့်လို့ ရ အောင်လုပ်ထားတာကို ပြောချင်
တာပါ သူ 360 ° ကြိုက်သလိုလှည့်လို့ရတယ် သူ
ဦးတည်တာနဲ့ပြောင်းပြန် direction ကိုလေယာဉ်ကိုယ်ထည်ကရွေ့တယ် ဒါကို ရုရှရဲ့
ဆူခွိုင်းတွေကစတင်ပြီး raptor ကအကောင်းဆုံးဖြစ်
အောင်မွန်းမံပါတယ် thrust vectoring နဲ့လုပ်လို့ရတဲ့ နာမည်ကြီး supermaneuverability
ကတော့ Herbst maneuver ပါ သူ့ကို J turn လို့လဲ ခေါ်တယ် လေယာဉ်ကအရှေ့ကို အရှိန်နဲ့သွားနေရာ ရုတ်တရက်နောက် ကိုကြာချိန်အနဲ ဆုံးနဲ့ ကွေ့တာပါ ဒီလိုလုပ်ဖို့ အရင်ဆုံး ဦးမော့ပြီး မြွေများ ပါးပျဉ်းထောင်သလို
ထောင်ရပါတယ် လေယာဉ်ကိုယ်ထည်ကဒေါင်လိုက်ကြီးပေါ့ သူကလည်း မနျူးဗာ maneuver တခုပါ  pugachev' cobra လို့ခေါ်တယ် အမှန်တော့
ဆိုင်ကယ်ရှေ့ဘီးထောင်သလိုပါပဲ ကွာတာက လေယာဉ်မှာ ဒီလိုလုပ်ရင် အယ်လ်ဖာ နဲပြီး stall
ဖြစ်သွားတယ် အရှိန်ကျသွားတယ် ဘရိတ်အုပ်သလို
ပေါ့ အနောက်ကနေ ရန်သူလေယာဉ်ကပ်လိုက်ခံရင်
ဒီနည်းနဲ့ ဘရိတ်အုပ်ရင် သူကကိုယ့်ကိုကျော်တတက်သွားတာပေါ့ ကိုယ်က
နောက်ကနေ ပစ်ယုံပဲ Herbst ကတော့ ခုလို
cobra ထောင်ပြီး stall ဖြစ်ချိန်မှာ roll လုပ်ပါတယ်
လေယာဉ်ကနောက်ဖက်လှည့်ပြီးသာ ဒီတော့မှ
ပါးပျဉ်းအောက်ချပြီးနောက်ကိုပျံတာပါ ဒါတွေက
အလိုက်ခံရချိန်မှာ အသုံးဝင်ပြီး raptor တွေရဲ့စွမ်း
ရည်ပါ

နောက်တခုက supercruise ပါ ဒါက supersonic
အသံထက်မြန်နှုန်းနဲ့ဆက်တိုက်ပျံနိုင်တဲ့စွမ်းရည်ပါ
အရင်လေယာဉ်တွေက ခဏပဲပျံနိုင်ပါတယ် သူကတော့ sustain လုပ်ထားနိုင်ပါတယ်

နောက် raptor တွေက electronic attack
capability ရှိပါတယ် radar jamming လုပ်နိုင်ပါတယ် ရန်သူ့ radar ကို noise တွေ
ထည့်ပေးပြီး အလုပ်မလုပ်နိုင်အောင်စွမ်းဆောင်ပါ
တယ်

နောက်တခုက sensor fusion ပါ ဒါကတော့ sensory input အနေနဲ့ source မျိုးစုံက ဝင်လာ
တဲ့ data တွေကို ပေါင်းပြီး interpret လုပ်တာပါ
ဒီနည်းက မသေချာမှုကို လျော့ချပေးပါတယ်

အင်ဂျင် ၂ လုံးပါ cockpit ၁ ခုပါ လေယာဉ်ပါ

Tuesday, July 28, 2015

Werewolf

werewolf

werewolf ဆိုတာ မြန်မာလိုတော့ သမန်းဝံပုလွေ
လို့ပြန်ရမယ်ထင်ပါတယ် ငယ်ငယ်က ကာတွန်းနဲ့
မဂ္ဂဇင်း ကဝတ္ထုတိုတွေဖတ်တော့ သမန်းကျား အ
ကြောင်း ဖတ်ရတော့ ကြတ်သီးထတယ် ဒီလို အိုင်
ဒီယာမျိုး ကဥရောပမှာလည်းရှိကြောင်းကြီးလာမှ
ရုပ်ရှင်တွေကြည့်ရင်း dota ဆော့ရင်း သိလာရတယ်
dota မှာပါတဲ့ lycanthrope ဆိုတာ werewolf ပါပဲ
lycos က ဂရိ လို ဝံပုလွေ thrope က anthropos
က လာတာ လူလို့ အနက်ထွက်ပါတယ်

wiki မှာဖတ်ရင်းနဲ့ အတွေး ရလို့ ရေးတာပါ ဒါတွေကို
သူတို့ဆီမှာတော့ folklore ဒါမှမဟုတ် mythology
ခေါ်ပါတယ် အလယ်ခေတ်ဥရောပ မှာ လူက နေဝံပုလွေ ပြောင်းသွားတဲ့ shapeshift အကြောင်း
မှတ်တမ်းတွေအတော်များ တယ်ဆိုပါတယ် လပြည့်
ညမှာ အကောင်ပြောင်းတာ အလင်းရောင်ကြောက်
လို့ ညပိုင်းမှာ ဖြစ်တာ ခွေးလိုအူ တာစသဖြင့် ပေါ့

ဒီအယူအစတွေက အရှေ့တိုင်းမှာလည်းရှိတာ ပဲ အ
သွင်ပြောင်းတာပေါ့ ဒါပေမဲ့ Dr Lee Illis of Guy's Hospital in London က တော့ ဒါကို medical
condition ရောဂါ တခုလို့ ယူဆတယ် သူထင်တာ
က porphyria ဖေါ်ဖီးရီးယား ရောဂါလို့ ထင်တယ်
တဲ့ ဒီရောဂါက သွေးဆဲလ်ထဲက ဟေမို ဂလိုဘင်ကို
ခြေဖျက်ရာက ထွက်လာတဲ့ ဖေါ်ဖီရင်ဆိုတဲ့
မော်လီကျူး တွေခန္ဓာ ကမစွန့်ထုတ်နိုင်လို့ ဒီအရာတွေ တကိုယ်လုံးက အင်္ဂါ organ တွေမှာ စု
ပုံရာက ဖြစ်လာတာပါ သူဖြစ်ပြီဆိုရင် psychosis
ရူး မယ် photosensitivity အလင်းကြောက်မယ်
reddish teeth သွားတွေနီလာမယ် စသဖြင့်ဖြစ်
ပါတယ် ဒီလက္ခဏာ တွေက မှတ်တမ်းမှာတွေရတဲ့
werewolf ရဲ့ အလင်းကြောက်လို့ ညမှထွက်တာ
လပြည့်ဆို ဆိုးလာတာ တိုက်ခိုက်တာ အစွယ်တွေ
ရှိတာစသဖြင့်တွေနဲ့တူတယ်ပေါ့
ဒါကို  ဒေါက်တာ woodward ကတော့ သိပ်လက်
မခံပါဘူး တချို့ကလည်း ဒါက hypertrichosis
ခေါ်တဲ့ တကိုယ်လုံးအမွှေးရှည်လာတဲ့ရောဂါလို့
ယူဆပါတယ် woodward ကတော့ သမန်းတွေ က
ကိုက်လိုက်ရင် အကိုက်ခံရသူက သမန်းဝံပုလွေဖြစ်
သွားတဲ့အချက်ကိုကြည့်ပြီး ရောဂါကူးမှု transmission ရှိလို့ rabies လို့ ထင်ပါတယ်
ခွေးရူး ရောဂါပါ ခွေးရူးရောဂါလည်း ရေကြောက်တာ
ရူးတာ အော်ဟစ်သောင်းကျန်းတာ အလင်းရောင်ကြောက်တာ အားလုံးရှိတာကိုး

ဒီမှာစဉ်းစားမိတာက ဟိုးတုန်းက မတိုးတက်တဲ့အချိန်
မှာ ဒီလိုရောဂါတွေကို ရှေးလူတွေ တွေ့ခဲ့ရင် သူတို့
ဘယ်လိုစဉ်းစားသလဲဆိုတာပါ လက်တွေ့သိပ္ပံ က
မရှိဘူးဖြေရှင်းဖိုရာက လိုနေပြီ ဒီတော့ သူတို့
သီဝရီ တခုခုတော့ စဉ်းစားရမှာပဲလေ ဒီမှာ shapeshift တို့ စုန်းတို့ မှော်တို့ ပေါ်လာမှာပဲလေ
ဘာသာတရားတွေမှာလည်း ဒီလို ဖြေရှင်းဖို့ အဖြေတွေရှိတတ်ကြပါတယ် အမှန်တော့ ဒါတွေဟာ
လက်တွေ့လောကမှာ ကြုံရတဲ့ question တခုကို
ဖြေပေးတဲ့ hypothesis ထင်ကြေး အမျိုးမျိုးပါ
အရေးကြီးတာက ဒါကို ဘယ်ဟာမှန်လဲဆိုတာ
ဆန်းစစ်တဲ့ experiment လိုတာပါ ဒါနဲ့ကိုက်တဲ့
hypothesis က science ဖြစ်သွားပြီး မကိုက်တာ
က folklore ပုံပြင် တွေ myth ဒဏ္ဍာရီ တွေ ဖြစ်
သွားမှာပါ သူတို့ရှိတော့ တခုကောင်းတာက ဖျော်ဖြေမှုရတာပေါ့ ဒါပေမဲ့ တချို့တွေကဒါကို
အလွန်အကျွန် ယုံကြည်နေတတ်ကြတယ် လက်တွေ့
ဆန်တဲ့ တခြားသောဖြေရှင်းမှုကိုတောင် နားမဝင်ကြတော့ဘူး ဒီလိုလူမျိုးတွေများလာတဲ့
တိုင်းပြည်ဟာ နောက်ဆုံးတော့ ယတြာချေ တာ
သိပ်ကြိုက်တဲ့ လူမျိုးတွေအုပ်ချုပ်တဲ့ တိုင်းပြည်ဖြစ်သွားတတ်ပါတယ် သူတို့ဆီကလူတွေ
ကတော့ folklore ကို folklore အနေနဲ့လက်ခံပြီး
လက်တွေ့အတွက် sciencetific thinking ကို
အားပေးပါတယ် ဒီလို thinking မရှိတဲ့ ပညာမဲ့တွေ
နိုင်ငံကိုအုပ်ချုပ်ခွင့်မရအောင် ပညာကိုအားပေးပါ
တယ် blade ကားထဲက vampire တောင် သိပ္ပံ
နည်းကျ sickle cell anaemia ပါဆိုပြီး ရုပ်ရှင်
ဇာတ်ညွှန်းရေးတတ်တဲ့တိုင်းပြည်မှာ ပြည်သူက
ဘယ်လို အ မှာလဲ ပြည်သူမအ တော့ ခေါင်းဆောင်
မချာတော့ဘူးပေါ့

ပြောသာပြောရတာပါ myth တွေက ရုပ်ရှင်ကြည့်
ရင်ဖြစ်ဖြစ် dota ဆော့ ရင်ဖြစ်ဖြစ် မိုက်ပါတယ်
ကျွန်တော်ကိုယ်တိုင်လည်း lycanthrope fun ပေါ့ ဗျာ

Kluza klein

ခလူဇာ-ခလိုင် ဒြပ်ဆွဲအား

1915 ခုမှာ အိုင်းစတိုင်း က ဒြပ်ဆွဲအားသီဝရီ ကို
အောင်မြင်အောင်ရေးနိုင်လိုက်တယ် သူ့ သီဝရီက
ရှေ့က နယူတန့်ဟာ နဲ့မတူဘူး နယူတန့်သီဝရီက
ရုပ် ၂ခု ကို ကြားက အားတခု နဲ့ ချည်နှောင်ထား
( ဆွဲ )ထားတယ်ပေါ့ ပြသနာက အားဆိုတာဘာ
လဲ သူ့ ကစိတ္တဇ နာမ် ဆန်တယ် ဆုပ်ကိုင်ပြလို့ မရ
ဘူးလေ ရူပဗေဒ အပါအဝင် သိပ္ပံ တွေက သဘာဝ
မှာ လက်ဆုပ်လက်ကိုင်ပြနိုင် တဲ့ တိုင်းတာလို့ရတဲ့
အရာတွေကိုပဲလက်သင့်ခံတာလေ ဒီတော့ အိုင်း
စတိုင်းက အားဆိုတာကို ဂဲသြမေထရီ ပစ္စည်းတခုနဲ့
အစားထိုးခဲ့တယ် ဂဲသြမေထရီ ပစ္စည်းဆိုတာက
နာမည်ကြီးကသာ ကျွန်တော်တို့နဲ့ဝေးနေတာပါ
တြိဂံတို့ စက်ဝိုင်းတို့လို ပုံသဏာန်တွေ ကိုလေ့လာ
တာဆိုတော့ တိတိကျကျရှိတယ် ဒါပေမဲ့ ခုပြောတဲ့
တြိဂံတို့ စက်ဝိုင်းတို့ က ပြင်ညီပေါ်မှာရှိတာ
ဒါကို ယူကလစ်ဒီယံ လို့ခေါ်တယ် ယူကလစ်ရဲ့ သင်္ချာ
ရှိရာမျက်နှာပြင်ပေါ့ ပြသနာက တကယ့်လောကက
ပြင်ညီပေါ်မှာမဟုတ်ဘူး ကမ္ဘာကို ပဲကြည့် တကယ်
တော့ လုံးနေတာ လုံးနေတဲ့ ကမ္ဘာ ပေါ်မှာ စက်ဝိုင်း
တခု ဆွဲရင် C=2πr မဟုတ်တော့ဘူး တြိဂံတခုရဲ့
အတွင်းထောင့် အားလုံးပေါင်းက ၁၈၀°ထက်ပိုနေပြီ
တကယ့်လောက က curved space ပေါ့ ဒါကို
ပြောပြမဲ့ ဂဲသြမေထရီတခုလိုနေပြီ

အိုင်းစတိုင်းကံကောင်းတာက ဒါကိုပြောပြတဲ့ ဂဲသြမေထရီကိုနှစ်တရာစောပြီး ဘားနဒ်ရိုင်းမင်း
ကထွင်ခဲ့တယ် ရိုင်မင်းနီးယံ ဂဲသြမေထရီပေါ့

မျက်နှာပြင် တခုကွေးကြောင်း ကျွန်တော်တို့ဘယ်
လိုသိလဲ မခက်ပါ ဘူး ပြန့်ပြူးတာနဲ့ယှဉ်ကြည့်လိုက်
သိနိုင်ပါတယ် ဒါပေမဲ့ ဒါက ဒီsurface ကို ကျွန်တော်
တို့က အပြင်ကကြည့်မှသိတာပါ တကယ်လို့ ကျွန်
တော်တို့ကိုယ်တိုင်က ဒီ surface ပေါ် မှာရှိနေရင်
ကွေးလား ပြန့်လား ( curve or flat ) ကိုမသိနိုင်တော့
ပါဘူး ဒါကြောင့်ရှေ့က လူတွေက ကမ္ဘာ ဟာ ပြား
တယ်ထင်ခဲ့တာပေါ့ ဒီတော့ သင်္ချာပညာရှင်တွေ
အတွက် ပြသနာက surface ပေါ်မှာရှိနေရင်း
အကွေး ဒီဂရီ တိုင်းတာမယ့် နည်းလမ်းလို နေတာ
ပါ ဒါကိုပထမဆုံး စရှာပေးခဲ့တာ့ ဂေါ့စ် ပါ နောက်
တော့သူ့လမ်းကိုချဲ့ထွင်ရင်း ရိုင်းမင်းက riemanian
geometry ကိုရှာတွေ့ခဲ့တယ်

အိုင်းစတိုင်းက ဒီသင်္ချာကိုသုံးပြီး ကွေးကောက်နေ
သောလောကကို ပုံဖော်ခဲ့ တယ် နောက်ဆုံးတော့
အိုင်းစတိုင်း က ဘာမှန်းမသိတဲ့အား ဆိုတာကို
ဂဲသြမေထရီ ဖြစ်တဲ့ manifold (မင်နီဖိုး  ) နဲ့အစား
ထိုးခဲ့တာပေါ့ မင်နီဖိုးဆိုတာက ပိုပြီး general ကျတဲ့
surface တခုပါပဲ

ရှေ့က ပို့စ်တချို့ဖတ်ထားရင် အိုင်းစတိုင်း equation မြင်ဖူးမှာပါ

.             G     =     κT
                 μν            μν

ဒီမှာ G က အိုင်းစတိုင်းတန်ဆာဖြစ်ပြီး Tက
ရုပ်-စွမ်းအင် တန်ဆာပါ μ နှင့်  ν က 1,2,3,4 တန်ဖိုး
ယူပါတယ်     κ က constantပါ
ညီမျှခြင်းရဲ့ ဘယ်ခြမ်း ကမင်နီဖိုး ပါပဲ
အိုင်းစတိုင်းမကြိုက်တာက ညာခြမ်း ကို ညာခြမ်း
က matter ရုပ် တွေကို ကိုယ်စားပြုတာပါ
ဒါပေမဲ့ပြသနာကရုပ်တွေကလည်း အားလိုပဲ ဆုပ်ကိုင်
မရတဲ့အရာပါပဲ ဟာ ဒါတော့ မဖြစ်နိုင်ဘူးလို့ သင်
ထင်ပါလိမ့်မယ် တကယ်တော့ ခု ကျွန်တော်တို့
ထိကိုင်မြင်နေရတဲ့ အရာမှန်သမျှ ဟာ ပိုသေးငယ်
တဲ့ fundamental particle နဲ့ ဖွဲ့ထား ပြီး ဒီ particle တွေဟာ လည်းနောက်ထပ်ပို အခြေခံကျ
တဲ့ field စက်ကွင်းလို အရာတွေနဲ့ဖွဲ့တည်ထားတာ
ပါ ဒီတော့ daily life နေ့စဉ်ဘဝမှာဒါတွေက ဆုပ်
ကိုင်ရသယောင်ရှိပေမဲ့ တကယ့် reality မှာ မဟုတ်ပါဘူး ဒီတော့ အိုင်းစတိုင်းအတွက်တော့
ညီမျှခြင်း ညာခြမ်းက ugly ပါ ရုပ်ဆိုးလွန်းတယ်
လို့သူကညည်းတွားခဲ့ပါတယ် သူဖြစ်စေချင်တာက
ညာခြမ်းကိုလည်း ဘယ်ခြမ်းလိုပဲ ဂဲသြမေထရီပစ္စည်း
နဲ့ အစားထိုးချင်တာပါ သူ့ဘဝရဲ့ နှောင်းပိုင်းတခုလုံး
ဒါကိုကြိုးစားခဲ့ပါတယ်

GR ပေါ်ပြီးသိပ်မကြာခင်မှာပဲ ဂျာမနီက လူမသိ
သူမသိ ရူပဗေဒပညာရှင် ခလူဇာ က အိုင်းစတိုင်းဆီ
ကိုစာရေးခဲ့ပါတယ် အိုင်းစတိုင်းဖြစ်စေချင်တဲ့
ဂဲသြမထရီလုပ်ခြင်း geometrization အတွက်ပါ
သူ့အကြံက ဒိုင်မင်းရှင်းတိုးဖို့ပါ မူလ အိုင်းစတိုင်းသီ
ဝရီက 4 dimension ပါပါတယ် အချိန် အလျားအနံ
အမြင့် ၄ ခုပါ  သူ က၅ ခု မြောက် ဒိုင်မင်းရှင်းကိုထည့်လိုက်တယ် ဒါကိုနားလည် ဖို့ ပထမ လို တာက ရှေ့ က ပြောခဲ့တဲ့ မင်နီဖိုး ကို
သင်္ချာအရဘယ်လိုရေးလဲ သိဖို့ပါ တကယ်တော့
ဒါတွေက tensor တန်ဆာ တွေဖြစ်ပြီး အနီးစပ်ဆုံး
matrix နဲ့ရေးလို့ရပါတယ် အောက်မှာရေးပြပါမယ်
ဘေးကလက်သည်းကွင်းတော့ ရေးမရလို့စိတ်ထဲ
ကဖြည့်ဖတ်လိုက်ပါ

              g₁₁  g₁₂  g₁₃ g₁₄
              g₂₁  g₂₂ g₂₃ g₂₄
     G  =  g₃₁  g₃₂ g₃₃ g₃₄
              g₄₁  g₄₂ g₄₃ g₄₄

ဒါ က အချိန် အလျား အနံ အမြင့် စသဖြင့် ဒိုင်မင်းရှင်း ၄ ခုကိုကိုယ်စားပြုပါတယ် ဒီဒေတာတွေ
ကို တိတိကျကျသိရင် ဒီ မင်နီဖိုး မျက်နှာပြင်ရဲ့ အမှတ်တိုင်း မှာရှိမဲ့ အချိန်ရဲ့နှေးမှုမြန်မှု ဒီဂရီ
အလျားရဲ့ ကွေးမှုခုံးမှုဒီဂရီ အမြင့်ရဲ့…………အနံရဲ့……
စသဖြင့် သိနိုင်ပါတယ်

အိုင်းစတိုင်းရဲ့ခေတ်မှာ သိပ္ပံပညာရှင်တွေ သိထားတဲ့
အားက ၂ မျိုးပါ တခု ဒြပ်ဆွဲအား နောက်တခုက
လျှပ်စစ်သံလိုက်အားပါ EM အားပေါ့ EM အားကို
ရေးရင် 4 vector potential နဲ့အောက်ကအတိုင်း
ရေးပါတယ်

              ( A₁  A₂  A₃  A₄ )

ဒီတော့ ၅ခုမြောက်ဒိုင်မင်းရှင်းကို ဒီvector ပေါင်းပေး
ရင်

           g₁₁ g₁₂ g₁₃ g₁₄  A₁
           g₂₁ g₂₂g₂₃ g₂₄ A₂
G =    g₃₁ g₃₂ g₃₃g₃₄ A₃
           g₄₁ g₄₂ g₄₃g₄₄ A₄
           A₁   A₂  A₃  A₄   Φ

ဆိုပြီးရပါတယ် ဒါက အား ၂ မျိုးကို ပေါင်းစပ်လိုက်
ခြင်းပါ ဒီအခါ equation က

       G    =  0
         μν

ဖြစ်သွားပါတယ် μ နှင့်  ν ကခုခါမှာ 1,2,3,4,5 တန်ဖိုး
ဆောင်ပါတယ် ဒိုင်မင်းရှင်း ၅ ခုဖြစ်သွားပါတယ်
အဓိပ္ပါယ်က 5 dimension က ကြည့်ရင် လောကမှာ ညီမျှခြင်းညာခြမ်းက ဇီးရိုးပါ နဂိုက ugly
ဖြစ်တဲ့ ရုပ်ဆိုတာမရှိတော့ပါဘူး သီဝရီဟာ လုံးဝ
လုံးဝ မင်နီဖိုးတခုထဲနဲ့တည်ဆောက်ထားတဲ့ ဂဲသြမေထရီ ပစ္စည်းပါ ကျွန်တော်တို့သိတဲ့ရုပ် တွေဟာ  ၅ ဘက်တိုင်း ကမ္ဘာကို ၄ဘက်တိုင်း အမြင်နဲ့ကြည့် ချိန်မှာမြင်ရ တဲ့သဘောပါ
ဒီနည်းနဲ့ အား၂မျိုးကိုပေါင်းစပ်ပြီး လှပတဲ့ geometry ပစ္စည်းကို ခလူဇာက ပြုလုပ်ပြခဲ့ပါတယ်
ဒီမှာတွေ့တဲ့Φ က scaler field ပါ

ဒါကလှပေမဲ့ ပြသနာတွေတော့ ရှိပါတယ် ပထမတခု
က ဘာလို့ ၅ ခုမြောက် ဒိုင်မင်းရှင်းကို ကျွန်တော်
တို့ မမြင်လည်း ဒီအဖြေကိုပေးခဲ့သူက ခလိုင်ပါ
ဂျာမန် သင်္ချာအကျော်အမော်ပေါ့ သူက ၅ ခု မြောက်
ဒိုင်မင်းရှင်းဟာ မမြင်ရလောက်အောင်ခွေလိပ်နေ
မယ်  topology အရတော့ ၅ ခုမြောက်ဟာ circle
နဲ့တူမယ်လို့ပြောခဲ့ပါတယ် သဘောက သင်ဟာ ခပ်
ဝေးဝေး ကနေ ရေပိုက်တခု ကိုကြည့်ရင် မျဉ်းတ
ကြောင်းအဖြစ်နဲ့မြင်ရမှာပါ အနီးကပ်ကြည့်မှသာ
စက်ဝိုင်းပုံ ကန့်လန့်ဖြတ်ပိုင်းရှိမှန်းသိမှာပါ
ဒါကို compactification  of dimension လို့ ခေါ်ပါတယ်

နောက်ပြသနာတခုကတော့ ဒီသီဝရီက တွက်ထုတ်တဲ့ လျှပ်စစ်ရဲ့ charge နဲ့ mass က
လက်တွေ့ အပြင်ကအတိုင်းအတာနဲ့မကိုက်တာပါ

တတိယမြောက်ပြသနာက တော့ နောက်ပိုင်းမှာ
အားဟာ ၂ မျိုးမကပဲ အားပြင်းနဲ့အားပျော့ ကိုတွေ့
ရှိခဲ့တာပါ ဘာပဲဖြစ်ဖြစ် အားတွေပေါင်းစည်းပြီး
လောကကို တလုံးတစည်းတည်း ရှင်းပြနိုင်တဲ့
unified theory တွေရဲ့လမ်းစ ကို kaluza-klein
theory ကစပေးနိုင်ခဲ့ပါတယ်

ခုဆို string theory လို အရာမျိုးက ဒီလမ်းကို
ဆက်လျှောက်နေခြင်းဖြစ်ပါကြောင်း