Monday, August 31, 2015

Timeline of human evolution

Timeline of human evolution

ကမ္ဘာပေါ်မှာ ရှေးဘိုးဘေးသက်ရှိကနေ ခေတ်သစ်လူသား ပေါ်ပေါက်လာပုံ ပါ wiki ကနေယူပါတယ် ကမ္ဘာ့ သက်တမ်း က 4.5 billion
years ပါ ၁ ဘီလီယံမှာ နှစ်ပေါင်းသန်းတထောင် ရှိ
ပါတယ် ပထမဆုံးသက်ရှိက 4  billion years မှာ
ပေါ်ပါတယ် ဆဲလ်တခုပါ သတ္တဝါပါ

ခုအောက်မှာတော့ Mya နဲ့ ပြောပါမယ်
million years ago ရဲ့ အတိုကောက်ပါ လွန်ခဲ့သော
နှစ်သန်းပေါင်း ပေါ့

4000 Mya
abiogenesis စဖြစ်ပါတယ် bio chemical
compound တွေကနေ DNA ပါတယ့် ကို့ဘာသာ
ကို မျိုးပွားနိုင်တဲ့ ပထမဆုံးသက်ရှိဖြစ်တာကို
abiogenesis ခေါ်ပါတယ်

3900 Mya

ပထမဆုံး prokaryotes တွေပေါ်ပါတယ် unicellular ပါ cell wall ရှိပါတယ် မျိုးဗီဇကို ထုပ်
ပိုးတဲ့ အခွံတော့မပါပါဘူး သူတို့က အလင်းဖြင့်
အစာချက်ပါတယ် အောက်စီဂျင် ကိုထုတ်ပေးခြင်း
အားဖြင့် ကမ္ဘာ့လေထုကို အောက်စီဂျင်နဲ့ပြည့်
အောင်လုပ်ပေးပါတယ်

2500 Mya
အောက်စီဂျင်ကို အသုံးပြုတတ်တဲ့ သက်ရှိတွေပေါ်
လာပါပြီ အောက်ဆီဂျင်မရှိပဲ အသက်ရှင်နိုင်တဲ့
anaerobe တွေအတော်များများ လေထုမှာ အောက်
စီဂျင်ရှိလာတဲ့နောက် ပျောက်ကွယ်ကုန်ပါတယ်

2100 Mya
ပထမဆုံး Eukaryote တွေပေါ်လာပါပြီ သူတို့မှာ
မျိုးဗီဇကို ကာကွယ်ပေးတဲ့အခွံရှိလာပါပြီ

1200 Mya
ပထမဆုံး sex ပေါ်လာပါပြီဒီ့ အရင်ကမျိုးပွားမှု
ဟာ fission ခေါ်တဲ့နည်းနဲ့ တကောင်ထဲက နေ
မျိုးဗီဇ DNA ကို ပွားပြီး ၂ ကောင်ဖြစ်လာတာပါ
sex ပေါ်လာတော့ အထီးရယ် အမ ရယ်ရှိလာပြီး
offsprings သားသမီးကို မွေးထုတ်ပေးပါတယ်
sex ကြောင့် evolution ဟာ ပိုမြန်လာပါတယ်

900 Mya
choanoflagellate တွေပေါ်လာပါပြီသသူတို့မှာ
ရွေ့လျားနိုင်တဲ့ flagella ခေါ် အမြီးပါပါတယ် သူတို့က animal kingdom တိရိစ္ဆာန်တွေရဲ့ ဘိုးဘေး ပါ

600 Mya
ဆဲလ်တခုပါ သတ္တဝါ ကနေ ဆဲလ်အများကြီးပါတဲ့
multicellular တွေပေါ်လာပါပြီ အထင်ရှားဆုံးက
sponge ပါ

580 Mya
cnitarians တွေ sponge ကနေ ဖြစ်လာပါတယ်
သူတို့မှာ nerves cell အာရုံကြောနဲ့ muscle
ကြွက်သားတွေရှိလာပါတယ် ပထမဆုံးမျက်လုံး
လည်းပေါ်လာပါပြီ

550 Mya
cinatarians ကနေ flatworm သံပြားကောင်တွေ
အဖြစ် evolve ဖြစ်လာပါတယ် ပထမဆုံး brain
ဦးနှောက်ဖြစ်လာပါပြီ germ layer ၃ မျိုးလည်းရှိလာပါတယ် ပထမဆုံး bilateral
symmetry ဘယ်ဘက်နဲ့ညာဘက် တူတာ တွေ့ရပါပြီ

540 Mya
flatworm ကနေ Acorn worm ဖြစ်လာပါတယ်
သူတို့မှာ နှလုံး စပေါ်လာပါပြီ သွေးလှည့်ပါတ်မှု အဖွဲ့အစည်းရှိလာပါပြီ နှလုံး က ကျောက်ကပ်အနေနဲ့
လည်းပြုလုပ်ပေးပါတယ် ပါးဟပ်ရှိပါတယ်

530 Mya
ပထမဆုံးကျောရိုးရှိသတ္တဝါ Pikaia ဖြစ်ပေါ်လာပါတယ်

505 Mya
ငါးနဲ့ပိုတူလာပါတယ် Agnatha ပါ မေးရိုးမပါပါဘူး
ခုခေတ် lampreys သို့ hagfishes တွေနဲ့တူပါတယ်
ငါးရှဥ့်ပြောရမလားပေါ့

480 Mya
ပထမဆုံး မေးရိုးရှိ ငါး Placoderm ဖြစ်လာပါပြီ
ပါးဟပ်ရိုးကနေ မေးရိုးအဖြစ်ပြောင်းလဲလာတာပါ

410 Mya
Coelacanth ဆီးလကန့် ငါးပါ သူက ခုချိန်ထိ
မပြောင်းလဲပဲ ရှိပါသေးတယ် living fossils
သက်ရှိထင်ရှားကျောက်ဖြစ်ရုပ်ကြွင်းလို့ခေါ်ပါတယ်

390 Mya
ခြေပါတဲ့ ငါးဖြစ်လာပါပြီ Panderichthys ခေါ်ပါတယ်

375 Mya
tetrapoda ခြေ ၄ ခုပါငါး Tiktaalik ပါ

365 Mya
ပထမဆုံး ရေတပိုင်း ကုန်းတပိုင်းသတ္တဝါ Acanthostega ဖြစ်လာပါတယ် ခြေတွေကြောင့်
ကုန်းပေါ်တက်နိုင်ပါပြီ အဆုတ်ကော ပါးဟပ်ကော
ပါပါတယ်
Ichthyostega ကလည်း amphibians ပါပဲ
လမ်းတော့မလျှောက်သေးပါဘူး

300 Mya
ပထမဆုံး reptiles တွားသွားသတ္တဝါ hylonomus
ဖြစ်လာပါပြီ သူတို့ က amniotic egg အရေအိတ်ပါတဲ့ ဥဥတဲ့စနစ်ကြောင့် မွေးတဲ့အခါ
ရေထဲပြန်ဆင်းစရာမလိုတော့ပါဘူး ချွန်တဲ့သွားတွေ
ရှိပါတယ် cranial nerves ၁၂ ချောင်းရှိပါတယ်
ဒါ က မျက်နှာကြွက်သားတွေ ထိန်းတဲ့ အဓိကအာ
ရုံကြောတွေပါ

256 Mya
phthinosuchus ဖြစ်လာပါတယ်သူကနေ တွားသွား နဲ့ငှက်တွေရဲ့ဘိုးဘေး sauropsids
နဲ့ နို့တိုက်သတ္တဝါ ရဲ့ ဘိုးဘေး synapsida ကို
ခွဲထုတ်ပေးပါတယ်

220 Mya
နို့တိုက်သတ္တဝါနဲ့တူတဲ့ cynognathus တွေပေါ်လာပါတယ်
ပထမဆုံးနို့တိုက်သတ္တဝါ repanomamus ဖြစ်
လာပါတယ် ပိုးကောင်တွေစားပါတယ်

160 Mya
Juramaia sinesis ကြွက်နဲ့တူပါတယ်

85-65 Mya
ပထမဆုံး primate မျောက်မျိုးရဲ့ဘိုးဘေး
Euarchonta တွေနေတဲ့ကာလပါ

63 Mya
primate တွေဖြစ်လာပါပြီ ဒီကနေ monkeys
မျောက်နဲ့ ape လူဝံတွေအဖြစ်ခွဲထွက်ပါတယ်
vitamin C ကို ခန္ဓာ ကိုယ်ထဲမှာ ထုတ်လုပ်တဲ့
စနစ်ကို ဆုံးရှုံး သွားပါတယ် အဓိပ္ပါယ်က Vit C
ပါတဲ့ အသီးအနှံတွေကို စားသုံး မှီခိုလာရပါတယ်

15 Mya
hominoide တွေပေါ်လာပါပြီ

13 Mya
လူနဲ့ ape တွေရဲ ဘိုးဘေး Pierolapithecus
catalaunicus ဖြစ်လာပါတယ်

7 Mya
hominina ပေါ်လာပါတယ် သူက နေ ချန်ပန်ဇီနဲ့
လူ ဆိုပြီးအုပ်စုကွဲသွားပါတယ် larynx ရှိလာပါပြီ

4.4 Mya
Ardipithecus တွေဖြစ်လာပါတယ် တောထဲမှာ
နေလို့ arboreal လို့ခေါ်ပါတယ်

3.6 Mya
Australopithecus afarensis ဖြစ်လာပါတယ်

2.8 Mya
အရှေ့ အာဖရိကမှာ homo habilis တွေရှိလာပါပြီ
ရှေးဦးလူပါ

1.8 Mya
Homo eretus တွေ ပထမဆုံး မတ်မတ်လျှောက်တဲ့
ရှေ့ဦးလူ ပါ ဦးနှောက်က ခေတ်လူ ရဲ့ ၇၅% ပဲရှိပါတယ် ခုတော့မျိုးသုဉ်းသွားပါပြီ

1.2 Mya
homo antecessor ကတော့ ခုခေတ်လူ နဲ့
Nienderthal တွေရဲ့ ဘိုးဘေးပါ နိယန်ဒါသဲလ်
တွေကတော့ခုခါ မျိုးသုဉ်းသွားပါပြီ

600 Ka
ဒီမှာ K က 000 ပါ ဒီတော့ လွန်ခဲ့သောနှစ်ခြောက်
သိန်းပေါ့ homo heidelbergensis ဖြစ်လာပါတယ်

200 Ka
လွန်ခဲ့သော နှစ် ၂ သိန်း မှာ homo sapiens တွေ
ပေါ်လာပါပြီ ဒါက ကျွန်တော်တို့ရဲ့ ဘိုးဘေး ကျောက်
ခေတ်လူသားတွေပါ

160 Ka
homo sapiens တွေရဲ့ အရိုးကို အီသီယိုးပီးယားမှာ
တွေ့ပါတယ် ငါးမျှားတတ်နေပါပြီ

90 Ka
mitochodrial Eve လို့ခေါ်တဲ့  အမျိုးသမီး fossil
တွေ့ပါတယ်

60 Ka
ရှေးလူတွေ ဟာ အာဖရိက ကနေ စတင်ထွက်ခွာ
ပါတယ် Out of Africa လို့ခေါ်ပါတယ်

50 Ka
အာရှတောင်ပိုင်းကို ပြောင်းရွှေ့နေထိုင်ပါတယ်

40 Ka
သြစတြေးလျ နဲ့ ဥရောပ ကို ပြောင်းရွှေ့လာကြပြီ

25 Ka
ဥရောပလူတွေက အသား ဖြူလာကြပါပြီ
ဒီအချိန်မှာ homo floresiensis တွေ မျိုးသုဉ်း
ပြီးနောက်မှာ homo sapiens တမျိုးပဲ တဦးတည်
သောရှေးဦးလူ အနေနဲ့ကျန်ခဲ့ပါတယ်

ဒီနောက်တော့ ကျောက်ခေတ် hunter gatherer
စိုက်ပျိုးရေးခေတ်စသဖြင့် သမိုင်းတင်တဲ့ခေတ်တွေ
ဖြစ်လာပါတယ်
ဘာသာတရား ပေါ်လာတာက နှစ် ၃၀၀၀ ဝန်းကျင်ရှိပါတယ်

ဒါက လက်ရှိအထောက်အထားတွေကပြတဲ့လူ့သမိုင်း
ပါ

အောက်က ပုံတွေက အစဉ်လိုက်ပေါ့

                                                 python

Saturday, August 29, 2015

Evolution

Evolution

အီဗော်လူးရှင်း ကို ဒီမှာတော့ ဆင့်ကဲပြောင်းလဲ မှု
လို့ခေါ်ပါတယ် Evolution ကို သူတို့ ပေးထားတဲ့
definition ကတော့ descent with modification ပါတဲ့ descent ဆိုတာ ဆင်းသက်
ပေါက်ဖွားတာ modification ကတော့ ပြုပြင်မွမ်း
မံတာပါ ပြုပြင်မွမ်းမံမှုနဲ့အတူ ဆင်းသက်ပေါက်ဖွား
တာ ဒီလိုလား ဒီတော့စကားလုံးတွေကတော့ စကား
လုံးတွေပါ တကယ့် reality မှာ ဘာဖြစ်နေလဲသိဖို့
လိုမှာပါ ဒီသီဝရီ ကို စတင်ခဲ့တဲ့သူအဖြစ် ချားလ်စ်
ဒါဝင်ကို အသိအမှတ်ပြုကြပါတယ် ဒါပေမဲ့ သူ့မတိုင်ခင် ကတင် ဒီidea ကို လမ်းဘက် နဲ့ သူနဲ့
အပြိုင်ဆိုရင် အဲလ်ဖရက် ရက်ဆဲ ဝေါလေ့စ် တို့က
တင်ပြခဲ့ပါတယ် ဒါဝင် က ပိုပြီး scientific community မှာ  influential  ဖြစ်ပါတယ်
ဒါကြောင့် သူ့ရဲ့ origin of species က ၁၉ ရာစု အ
လယ်မှာ အသိ ဥာဏ်အပြောင်းအလဲတခုဖြစ်စေခဲ့ပါ
တယ်

ဒါဝင်က တောင်အမေရိကတိုက်မှာရှိတဲ့ ဂလာပါဂို့စ်
ကျွန်းတန်းတွေကို ၃ နှစ်ကျော်လေ့လာခဲ့ပါတယ်
ဒီမှာ သတ္တဝါတွေဟာ တဖြည်းဖြည်းခြင်းပြောင်းလဲ
တယ်ဆိုတဲ့ အထောက်အထားအတော်များများကို
စုဆောင်းမိပါတယ် သူ့ပထမဆုံး စာအုပ်မှာ ဥပမာ
အနေနဲ့ ကုန်းနေ နို့တိုက်သတ္တဝါ ဖြစ်တဲ့ ဝက်ဝံက
ရေနို့တိုက်သတ္တဝါ ဝေလငါးအဖြစ်ပြောင်းလဲပုံကို
ဖော်ပြခဲ့ပါတယ် ဒါမေဲ့ဒီ ကိစ္စ မှာ idea မှန်ပေမဲ့
ရွေးထားတဲ့ တိရိစ္ဆာန် မှားပါတယ် တကယ်တော့
ရေမြင်းလိုကောင်မျိုးက ပိုနီးစပ်တယ်လို့ အထောက်
အထားတွေကဆိုပါတယ်

ဒါဝင်က ဂလာပါဂို့စ်က အပြန်မှာ ချက်ခြင်းတော့
မထုတ်ဝေခဲ့ပါဘူး ဘာကြောင့်လဲဆိုတော့ evolution
ကို ဖြစ်စေတဲ့ အနောက်က driving force မောင်း
နှင်အား ကို စဉ်းစားမရလို့ပါ နောက်မှ သူငယ်ချင်း
သင်္ချာပညာရှင်တယောက်ရဲ့ population dynamic အကြောင်း(ရှေ့ ကdynamic of
civilization ကိုဖတ်ဖူးသူတွေအနေနဲ့ အဲ့ က
equation တွေက ခုပြောတာနဲ့တူပါတယ်   )
ရေးထားတာကိုဖတ်မိရင်း natural selection
အကြောင်းကို တွေးမိတယ်ဆိုပါတယ် ဒီမှာ သူ့
ရဲ့ fittest must survive ဆိုတဲ့အယူအဆ ပေါ်လာပြီး origin of species ကိုရေးနိုင်ခဲ့ပါတယ်
ဒါက သမိုင်းကြောင်း ပေါ့ ဘာတွေဖြစ်နေတာလဲ
အဓိပ္ပါယ်ကဘာလဲ

ဒါဝင်ဆိုလိုချင်တာက ကမ္ဘာပေါ်မှာ ခုမြင်တွေ့ရသမျှ
သတ္တဝါ အားလုံးဟာ common ancestor ခေါ်တဲ့
ဘိုးဘေးသက်ရှိ တခု ထဲကဆင်းသက်လာတာပါ
ဆိုလိုတာက ဝမ်းကွဲမောင်နှမတွေမှာ တူညီတဲ့ အဘိုး
အဘွားရှိသလိုပေါ့ ကမ္ဘာ့ ရဲ့ အစ မှာ ဒီ ancestor
ဆိုတာကတော့ unicellular organism ပါ ဆဲလ်တခုပါ သတ္တဝါ ပေါ့ ကမ္ဘာ့ ရဲ့သက်တမ်းဟာ
radio dating method အရ 4.5 billion years
ရှိပါတယ် 3.5 billion years မှာ life စတင်ဖြစ်ပေါ်ပါတယ် ဒါကို abiogenesis လို့ ခေါ်
ပါတယ် ဒီနောက်ပိုင်းတော့ သတ္တဝါတွေ ဟာ ကိုယ့်
ပါတ်ဝန်းကျင်မှာ ရှင်သန်ဖို့ကြိုးစားရင်း ပါတ်ဝန်း
ကျင်နဲ့လိုက်ပြီးပြောင်းလဲလာပါတယ် မျိုးဆက်ပေါင်း
များစွာကြာတဲ့ အခါ ပါတ်ဝန်းကျင်မတူတဲ့ သတ္တဝါ ၂ ကောင် ဟာ လုံးဝမတူတော့ပါ ရေထဲမှာနေတဲ့ငါးဟာ
ဆူးတောင် ရှိလာပြီး လေထဲက ငှက်က တောင်ပံရှိ
လာတယ် ကုန်းပေါ်ကသတ္တဝါ က ခြေပေါက်လာ
တယ် ဒါက ပါတ်ဝန်းကျင်နဲ့ သင့်တင့်အောင်နေလို့
ကွဲပြားလာတဲ့ပုံစံပါ fittest must survive ဆိုတာ
ဒါပါပဲ ဒီမှာ fittest ဆိုတာ သန်မာတာ အားကြီးတာ
ကိုဆိုလိုတာမဟုတ်ပါ ပါတ်ဝန်းကျင်မှာ အံဝင်အောင်
နေနိုင်ခြင်းကို ဆိုလိုတာပါ အဲလိုနေနိုင်တဲ့ သတ္တဝါက
survive ဖြစ်တယ် ရှင်သန်တယ်ပေါ့ survive
ဆိုတာက ဒီမှာရှင်သန်မှု တခုထဲမဟုတ်ပဲ နောက်မျိုး
ဆက်ပြန့်ပွားပေးနိုင်တာ reproduction လဲပါပါ
တယ် ခုပြောနေတာက သတ္တဝါ တကောင်ခြင်း
အနေနဲ့မဟုတ်ဘဲ species တခု အနေနဲ့ပြောနေတာ
ကိုး natural selection ဆိုတာကတော့ ဒီနေရာမှာ
စောစောကပြောတဲ့ ပါတ်ဝန်းကျင်ဆိုတာကို nature
လို့ပြောတာပါ ပတ်ဝန်းကျင်က ရွေးချယ်တယ်ပေါ့
ဘာကိုရွေးတာလဲဆိုတော့ fittest species ကို
ရွေးတာပါ သူရွေးတဲ့ species က survive ဖြစ်တယ်
ပေါ့ fittest မဖြစ်တဲ့ species ကတော့ မျိုးသုဉ်း
extinction ဖြစ်သွားတာပေါ့ ဒါက ဒါဝင်ရဲ့ idea ပါ

ဒီတော့ ကမ္ဘာပေါ်မှာ ရှိသမျှ သတ္တဝါ မျိုးစိတ်တိုင်း
ဟာ ဝမ်းကွဲတော်ကြတာကြီးပါပဲ ဝေးတာနဲ့ နီးတာနဲ့
ဒါပဲကွာပါတယ် ချန်ပန်ဇီ နဲ့ လူဟာ တဝမ်းကွဲ တော်
ပါတယ် လူနဲ့ ငှက်နဲ့ဆိုရင်တော့ ဝမ်းကွဲ အတော်ဝေးဝေး တော်မှာပေါ့ လိုရင်းကတော့ သတ္တဝါ
အားလုံးဟာ အစတခုထဲက စပြီး ပါတ်ဝန်းကျင်ပေါ်
လိုက်လို့ ပြောင်းလဲရာက လုံးဝမတူကြတော့တာပါ
ဒါပေမဲ့ အမျိုးတော့တော်တယ် ဒါကို graphical
representation နဲ့ ဆွေမျိုး ဇယား ဆွဲပြီး ဒီဟာက
သစ်ပင်ပုံနဲ့တူလို့ tree of life လို့ခေါ်ပါတယ် သိပ္ပံ
နည်းကျနာမည်က cladogram ဝါ phylogenetic
tree လို့ခေါ်ပါတယ်

အထက်ကပြောတဲ့အယူအဆ က ဒါဝင် ရဲ့  idea ပါ
ဒါဝင်က ဒါကို သတ္တဝါ တွေရဲ့အပြင်ပန်း ပုံသဏ္ဍာန်
morphology ဝါ phenotype ကိုကြည့်ပြီး ခန့်မှန်း
ခဲ့ရတာပါ ဥပမာ အရိုး နာရွက် အရေပြား အရောင်
စသဖြင့်ပေါ့ ဒါဝင်လက်ထက်က မျိုးးဗီဇ gene ကို
DNA က သယ်ဆောင်မှန်းမသိသေးပါဘူး
သက်ရှိရဲ့ အဓိက လက္ခဏာ တခုက မျိုးဆက်ပွား
ခြင်းဖြစ်ပြီး ဒီအခါမှာ မိဘက သားသမီးဆီကို သူတို့
ဗီဇတွေပေးပါတယ် ဒီဗီဇကို DNA မော်လီကျူးက
သယ်တာပါ ဒီမော်လီကျူး က အထက်က ပြောတဲ့
အပြင်ပန်း ပုံစံ ကို တည်ဆောက်ပေးမဲ့ protein
တွေရဲ့  ဖွဲ့စည်းပုံ ကို code လုပ်ထားတဲ့ information တွေကို သယ်ဆောင်ပေးပါတယ်

ခုခါမှာ evolution ရဲ့ တိကျမှုကို gene frequency
အားဖြင့်လေ့လာတာပါ ဒီအခါမှာ ဒါဝင်တုန်းက
မတွေ့ခဲ့တဲ့ causes of evolution တွေကိုသိလာပါတယ် ဒါတွေကတော့

၁ mutation ဗီဇပြောင်းခြင်း
ဗီဇပြောင်းတယ်ဆိုတာက DNA ရဲ့ မျိုးဗီဇစကားစု
မှာ စကားလုံးစီ  ပုံ ပြောင်းလဲသွားတာပါ by chance
အရဖြစ်ပါတယ် ကင်ဆာလိုအရာမျိုးက ဒါကြောင့် ဖြစ်တာပါ အများအားဖြင့် mutation ကမကောင်း
ပေမဲ့တခါတလေ ရှားရှားပါးပါး ပြောင်းလဲသွားတဲ့ဗီဇ
ဟာ ပါတ်ဝန်းကျင်နဲ့ အံဝင်တဲ့ ဗီဇ ဖြစ်တတ်ပါတယ်
ဒီအခါ မှာ species အသစ်အဖြစ် survive ဖြစ်ကျန်
မှာပါ ခုပြောနေတာတွေက generation သုံးလေး ငါးခု မှာ ဖြစ်တဲ့ဖြစ်စဉ်ပါ

၂ migration  ဒါ က မျိုးစိပ် တခု ရဲ့ population
ထဲကို သူတို့နဲ့မတူတဲ့ gene အသစ်ပါတဲ့ မျိုးစိပ်တွေ
ဝင်လာတာကိုခေါ်တာပါ သူ့ကို gene flow လဲခေါ်ပါ
တယ် ( စကားမစပ် အမေရိကန် ရဲ့ green card
DV lottery နောက် က Idea က ဒီ gene flow
ပါပဲဗျာ ကျွန်တော်တို့ဆီမှာတော့ မျိုးချစ် ဆိုပြီး
အော်လို့ကောင်းတုန်း )

၃ genetic drift

ဆိုပါစို့ အစိမ်းရောင် ပိုး ၃ ကောင်နဲ့ အဝါရောင် ပိုး
၃ ကောင်ရှိတယ် လူတယောက်က တက်နင်းလိုက်
တာ အစိမ်း ၂ ကောင်သေသွားတယ် ဒီတော့ အဝါတွေ က ဆက်ပွားပေမဲ့ အစိမ်းကတော့ ကြာလေ
ရှားလေ ဖြစ်လာမယ် ဒါက genetic drift ကိုနားလည်အောင် ဥပမာပေးတာပါ တက်နင်းတယ်
ဆိုတာက အစိမ်းနင်းမိသလို အဝါလည်းနင်းမိနိုင်ပါ
တယ်ဒါက random ပါ ဒါပေမဲ့ အဲrandom ကပဲ
ဘယ်သူရှင်သန်မယ်ဆိုတာ ဆုံးဖြတ်ပါတယ်

၎ natural selection
ဒါကတော့ ဒါဝင် idea ပါ ပိုးကောင် အစိမ်း နဲ့ အဝါ
နေရာမှာ ငှက်တွေရှိတဟ်ဆိုပါစို့ ငှက် က အစိမ်း
ကိုမြင်လွယ်တယ် ပိုးကောင်အစိမ်းကိုစားတယ်
ဒါဟာ ဒီပတ်ဝန်းကျင်မှာတော့ ပိုးအဝါ ကို
nature ကရွေးပါတယ် သူရှင်ကျန်ဖို့ အခွင့်များ
တယ်ပေါ့

ခုအထက်ကပြောတဲ့ အချက်လေးခုက မျိုးစိတ်တွေ
ကိုပြုပြင်မွမ်းမံပြောင်းလဲစေ ပြီး ကြာလာ တာနဲ့အမျှ
မျိုးစိပ်အသစ်တွေပေါ်ထွန်းလာစေပါတယ် ရေမြင်း
လိုရှေး ကုန်းသတ္တဝါက ဝေလငါးဖြစ်လာတယ်
ရှေးမျောက်မျိုးကနေ homo erectus ဖြစ်လာတယ်
တွားသွားသတ္တဝါ lizard ကနေ ခြေတိုဝင်ပြီး မြွေဖြစ်
လာတယ် ဒိုင်နိုဆော တွေက နေ ငှက်ဖြစ်လာတယ်

ဒီသီဝရီမှန်ကြောင်းဘာတွေနဲ့သက်သေပြလဲ
အများကြီးပါ ခုခါမှာတော့ အဓိက က gene study
ပါ ကျောက်ဖြစ်ရုပ်ကြွင်း တွေကလည်း အထောက်အထား  ရပါတယ် ဥပမာဆို ရှေးရေမြင်း
ကနေ ဝေလငါးဖြစ်ဖို့ရာ ကြားထဲက အဆင့်တွေရှိပါ
တယ် ဒီကြားက အကောင်တွေရဲ့ fossil ကိုရှာတွေ့
တယ် နောက် gene mapping တွေရဲ့  တကောင်
နဲ့တကောင် ကြားက ဆင်တူမှုရာနှုန်း ကိုစစ်ဆေး
တယ်စသဖြင့်ပေါ့

တကယ်တော့ ကမ္ဘာပေါ် မှာ homo  ဆိုတဲ့ genus
စပေါ်တာ 2.8 million years ပဲရှိပါသေးတယ်
ဒီထဲကမှ homo erectus လိုဟာမျိုးက မျိုးသုဉ်း
ခဲ့ပါပြီ ခုခေတ်လူသားတွေဟာ homo sapiens
အနွယ်ဖြစ်ပြီးသက်တမ်း ကတော့ နှစ် ၂၀၀ ၀၀၀
ကနေ နှစ် ၁၀၀ ၀၀၀ ကြားမှာ အာဖရိက ကနေ စ
တယ်လို့ ဆိုပါတယ်

evolution နဲ့ ပါတ်သတ်ပြီး တချို့ misconception အယူအဆအမှားတွေ ကတော့
ဒါဟာ မျိုးစိတ်တွေကို ပိုကောင်းလာအောင်လုပ်ပေး
တယ်ထင်တာပါ တကယ်တော့ လူသား ဟာ ကံကောင်းထောက်မ စွာ ဒီလို အသိဥာဏ်မြင့်တဲ့
အခြေအနေကို ရတာပါ nature နဲ့ အံမဝင်တဲ့
တချိန် ပျက်သုဉ်းရမှာပါ

ဒီဘာသာရပ် တကယ်တော့ ပညာရပ်အတော်များ
များပါဝင်ပါတယ် ခုကတော့ အနီးစပ်ဆုံးရှင်း ရသ
လောက်ရှင်းပြတာပါ နားလည်မယ်လို့ယူဆပါတယ်

                                                         python

Friday, August 28, 2015

Dynamic of civilization

Dynamic of Civilization

Age of Emperor game  ကို ဆော့ ဖူးသူများအဖို့
civilization ဆိုတဲ့ စကားလုံးက စိမ်းမှာ မဟုတ်ပါ
ဘူး ကျောက်ခေတ်ကနေ စတဲ့ ဒီဂိမ်းမှာ ရှေးဦးလူ
သားတွေဟာ hunter-gatherer ဘဝကနေ တဖြည်းဖြည်းချင်းတိုးတက် တဲ့ လူမှုအဖွဲ့စည်း ကို
ထူထောင်လာကြပါတယ် ဒီလို ထူထောင်ရာမှာ
နယ်မြေချဲ့ထွင်မှုတွေ စစ်ပွဲတွေ လူဦးရေပွားစည်းမှု
တွေ စိုက်ပျိုးရေး ဘာသာရေး ကုန်သွယ်ရေး
နောက်ဆုံးနိုင်ငံရေးနဲ့ သိပ္ပံပညာတောင် ပါပါတယ်
သိပ္ပံဆိုတာ ကတော့ ဒီမှာ research တွေနဲ့ upgrade လုပ်တာက ကိုယ်စားပြုတာပေါ့ ထားပါ
ပြောချင်တာက game အကြောင်းထက် civilization ဆိုတာမှာ ဒီလိုများပြားတဲ့ အစိတ်အပိုင်းတွေပါဝင်တဲ့ အကြောင်းပါ

ဒီတော့ civilization ဆိုတာဘာလဲ?  civilization
မှာ လူတန်းစားအလွှာ stratification ပေါ်ပေါက်
လာ တာ မြို့ပြ အဖွဲ့အစည်းတွေဖြစ်လာတာ
လူတွေတိုးပွား စုစည်းလာတာ လူတွေကြားမှာ
ဆက်သွယ်ဖို့ စကားနဲ့စာပေတွေပေါ်လာတာ သဘာဝပါတ်ဝန်းကျင်ကို လွှမ်းမိုးပြုပြင် နိုင်လာတာ
ဘာသာတရားတွေစတင်ဖြစ်ပေါ်လာတာစသဖြင့် အများကြီးပါပါတယ်  Maya civilization လို
Babylonian civilization လို ရှေး မြို့ပြယဉ်ကျေး
မှုတွေဟာ သမိုင်းမှာတော့ အံ့သြစရာတွေပါ
mesoamerica မှာပေါ်ပေါက်ခဲ့တဲ့မာယာ တွေဟာ
သူတို့နဲ့အတူ စိုက်ပျိုးရေး ဆည်မြောင်းစနစ် နေနက္ခတ် တာရာ ကြည့်အတတ်ပညာတွေ အဆောက်အအုံတွေ ဘာသာတရားတွေ ယဉ်ကျေးမှု
နဲ့ ဘာသာစကားတွေကို ဖန်တီးခဲ့ကြပါတယ် ဒါပေမဲ့
သူတို့ ကမ္ဘာပေါ်က ပျောက်ကွယ်ခဲ့ရတယ် Fall of
Civilization ပေါ့ ဒီလို ကျဆုံးစေတဲ့ အကြောင်း
အရာဟာ ဘာကြောင့်လဲ natural resource တွေ
မလုံလောက်လို့လား နိုင်ငံရေး သဘောတရားမှားလို့
လား သိပ္ပံမှာနောက်ကျလို့လား စသဖြင့်လားပေါင်း
များစွာပါ ဒါကို archeologist တွေ သမိုင်းပညာရှင်
တွေနဲ့ သိပ္ပံ ပညာရှင်တွေက ခုထိလေ့လာ အဖြေထုတ်နေဆဲပါ အရေးကြီးလို့လား ကြီးပါတယ်
လူ့ အဖွဲ့အစည်းတခု ပြိုကွဲ ခြင်းဟာ လူတိုင်းပေါ်ရိုက်
ခတ်ပါတယ် ကျွန်ုပ်တို့ရှင်သန်ဖို့ လူ့အဖွဲ့အစည်း
civilization ကလည်းတည်မြဲရမှာပါ

ဒီတော့ civilization ရဲ့ dynamic ဟာ အရေးကြီး
လာပါပြီ ဒါကို သင်္ချာနည်းနဲ့ လေ့လာလို့ရလား
ရပါတယ် ဒါကို လေ့လာတဲ့ပညာကို sociology
ခေါ်ပြီး သူ့ရဲ့ first law ကတော့ Malthus growth
law မားသုစ် ကြီးထွားမှုနိယာမ ခေါ်ပါတယ်

ခုပြောမယ့် model က ရှုပ်ထွေးလှတဲ့လူ့အဖွဲ့အစည်း
ကို အရိုးရှင်းဆုံးပုံစံ နဲ့ simplified လုပ်ထားတာပါ
ပြောရင် ရင် frame ယူထားတာပေါ့

Malthus က 1700 ကျော်မှာ ဒါကိုတွေ့တာပါ သူ
စဉ်းစားတာက လူ့အဖွဲ့အစည်းမှာ အထက်ကပြော
သလို parameter တွေ များပေမဲ့လဲအဓိက က
တော့ လူဦးရေပါ civilization တခုရှိဖို့ လူ့အဖွဲ့
အစည်းတခုရှိဖို့ လူဦးရေရှိရမယ်လေ ဒါကြီးပြိုကွဲတယ်ဆိုတာ လူဦရေ သုည ဖြစ်သွား
တာပါ ဒါ ပွားစည်းဖွင့်ဖြိုးတယ်ဆိုတာ population
တိုးလာတာပေါ့ ဒါပေမဲ့ population က အဆုံးမဲ့
တော့မတိုးနိုင်ဘူးလေ ဒီတော့ သူ့ကိုကန့်သတ်ထား
တဲ့ limiting factor တွေရှိရမှာပါ စားရေရိက္ခာ
စစ်ပွဲ ရောဂါဘယ သဘာဝအန္တရာယ်စသဖြင့်ပေါ့

မားသုစ် က population growth rate လူဦးရေတိုးနှုန်းကိုတွက် ကြည့်တဲ့အခါ ဒါဟာ
လက်ရှိ လူဦးရေနဲ့ တိုက်ရိုက်အချိုးကျကြောင်း
တွေ့ရတယ် ကဲ let's take a little maths

population က p ဆိုရင် population တိုးနှုန်း
ဝါ   လျော့နှုန်း က dp/dt ပေါ့

သူက p နဲ့ တိုက်ရိုက်အချိုးကျမယ်ပေါ့ ဒါဆို

dp/dt  varies with p   

ဒီမှာ  varies with ကို ညီမျှခြင်းနဲ့ အစားထိုးရင် p
ကို constant of proportionality တခုနဲ့မြှောက်
ရပါတယ် k ဆိုပါစို့ ဒါပေမဲ့လူဦးရေဟာ factor ၄ ခု
ပေါ်မှာ တည်ပါတယ် အဲဒါတွေက မွေးနှုန်း သေနှုန်း
immigration နယ်မြေက ထွက်သွားနှုန်း နဲ့
emigration ဝင်လာနှုန်းပါ ရိုးရှင်းအောင်
မွေးနှုန်း s နဲ့ သေနှုန်း u ကိုပဲစဉ်းစားမယ်ဆိုရင်

       k= s-u ပါ

ဒီတော့ equation က

dp/dt = (s-u)p

ဒီလိုညီမျှခြင်းကိုရှင်းရင် အဖြေဟာ exponential
function ရပါတယ်

    p= p° e^(s-u)t

p°က စဦး Population ပါ e က euler number
ပေါ့

ဒီ function ကို graph ဆွဲရင် အချိန်ကြာလာတာနဲ့
အမျှ လူဦးရေဟာ အဆုံးမဲ့ပါ ဒီတော့ ဒါကလက်တွေ့
မှာ မဟုတ်ပါဘူး ဘာတွေကကန့်သတ်ထားလဲ

ပထမဦးဆုံးက စားရေရိက္ခာ ပါ
ခြုံပြောရင်တော့ natural resource ပေါ့ ဒီမှာ
စိုက်ပျိုးရေး သစ် ရေနံ စသဖြင့် အားလုံးပါပါတယ်
ဒါကို တိုင်းနိုင်မဲ့ parameter က အကျယ်အဝန်းပါ
A ပေါ့ Aများရင် resource ပေါမယ် Aနဲရင်
သယံဇာတ ရှားမယ် ဒါနဲ့တော့မလုံလောက်သေးပါ
ဘူး Aချင်း အတူတူ တချို့ က သယံဇာတ ပေါပြီး
တချို့က ရှားတယ် ဒီတော့ သယံဇာတ resource
ကို ကိုယ်စားပြုတဲ့ မြှောက်ဖော်ကိန်း r ကို Aရှေ့ မှာ
ကပ်ပေးဖို့ လိုပါတယ် ဒီတော့ rA ပေါ့

rA များရင် မွေးနှုန်းများမှာပါ လူတွေအဆင်ပြေတယ်
လေ များများမွေးမှာပေါ့ ဒီတော့

   s= rA

ဒါပေမဲ့သယံဇာတ ကိုလူတွေက အမြဲတမ်း အသက်ရှင် ဖို့ပဲမသုံးဘူး ဇိမ်ခံဖို့ တခြားဟာတွေလုပ်ဖို့ သုံးတယ် ဒီသုံးနှုန်းကလူဦးရေ pနဲ့ အချိုးကျတယ်
ဆိုလိုတာက လူများလေ ဇိမ်ခံတာများလေ လူ့အဖွဲ့အစည်းပေါ်တော့မူတည်တယ် ဥပမာ စည်း
ကမ်းရှိတဲ့လူမျိုးက စနစ်တကျသုံးမယ် ဇိမ်ခံတာနည်း
မယ်  စည်းကမ်းမရှိတဲ့လူမျိုးက လက်လွတ်စံပယ် ဖြုန်းမယ်
ဒါက c ဆိုရင် cp ပေါ့ cp များရင် မွေးနှုန်းကျမယ်

ဒီတော့ s=-cp   ပေါင်းတော့

      s =  (rA  -  cp)

မူလညီမျှခြင်းမှာ သွင်းတော့

      dp/dt = (rA - cp ) p - up

ဒီတော့ ဒါကို ဖြည့်တွက်ပြီး graph ဆွဲရင် သယံဇာ
တ အကန့်အသတ် တခုထိ လူဦးရေဟာ တိုးမယ်
civilization ဟာ ဖွံဖြိုးမယ် ဒီအကန့်အသတ်ကို
Ps saturation of population ပေါ့ သူ့ကို

                 Ps = rA - u / c နဲ့တွက်နိုင်ပါတယ်

population ဟာ Ps ကို ကျော်ရင် လူဦးရေပြန်ကျသွားမယ် ကျော်တာမြန်လေ ကျနှုန်း
မြန်လေ civilization ပျက်နှုန်းမြန်လေပေါ့

နောက်တခု ကတော့ လူတွေဟာ civilization ဖွံဖြိုး
လာတာနဲ့အမျှ လူဦးရေပွားမယ် အစားအစာရှားမယ်
ဘယ်အချိန်ထိလဲ သူတို့နေတဲ့ နယ်မြေ A က
population p ကို လက်ခံနိုင်တဲ့ပမာ ဏ p/A ကို
မကျော်ခင်ထိတော့ အေးဆေးပါ ကျော်လာရင်တော့
နယ်မြေချဲ့ရတော့မယ် ရှေးဦးကာလ ကမ္ဘာ မှာ
နယ်မြေများပြီး civilization နဲချိန်မှာတော့ ရိုးရိုးချဲ့ယုံပေါ့ civilizationတခုမကရှိတဲ့ကာလ (ဥပမာ အင်္ဂလိပ်နဲ့စပိန်စကာသဖြင့်)မှာတော့
စစ်ပွဲတွေပါလာပြီပေါ့ ဒါကို colonization ခေါ်ပါ
တယ်  ဒီတော့ A° = dA/dt နယ်မြေဧရိယာ ပြောင်း
လဲ နှုန်းဆိုရင်

         A° = 2k ( p/A- m) √A

m က migration threshold ပါ ဒီပမာဏ လွန်ရင်
လူတွေ ပြည်တွင်းမှာနေလို့ အဆင်မပြေတော့ဘူး
ပြည်ပ ထွက်ရတော့မယ် နောက်တခုက နယ်နိမိတ်
√A  ကျယ်လေ နယ်မြေချဲ့နှုန်းမြန်လေပေါ့

နယ်မြေချဲ့မှု ဟာ ဟိုတုန်းကတော့ နယ်မြေသစ်ရှာဖွေ
မှု နောက်တော့ စစ်ပွဲပုံစံတွေနဲ့ ခုခေတ်မှာ တော့
emigration အနေနဲ့တွေ့ရပါတယ် ဒါကြောင့် စစ်
ပွဲ တွေ ဟာ မကြာခဏတွေ့ရပြီးသူတို့ ကို
ညီမျှခြင်းချနိုင်ပေမဲ့ ရှုပ်ထွေးတဲ့ အတွက် မဖော်ပြ
တော့ပါဘူး war ရဲ့ အဓိ က အခြေခံ က resource
တိုးဖို့ နယ်မြေချဲ့ ခြင်း A° ကို တိုးခြင်းပါ ဒါကို နယ်မြေ
မချဲ့ပဲ နောက်တနည်းလုပ်နိုင်တာက trading ကုန်
သွယ်မှုပါ trading ဟာ colonization လုပ်စရာ
မလိုပဲနဲ့ ကိုယ်လိုတဲ့ သယံဇာတ ကို ရစေပါတယ်
ဒါဟာ colonialism ကျဆုံးရခြင်းနောက်က သင်္ချာ
ပါ အိန္ဒိယ ရဲ့ခေါင်း ဆောင် ဂန္ဒီ ဟာ ဒီအချက်ကို
သိခဲ့လို့ အင်္ဂလိပ်ကို စစ်ရေးအရ မတော်လှန်ဘဲ
trading ကို ဆန့်ကျင်ပြီး သူ့ရဲ့ အကြမ်းမဖတ်နည်း
ကိုဖော်ထုတ်ခဲ့တာပါ ဒါဟာ ပညာရဲ့ ကြီးကျယ်မှုပါ

စစ်ပွဲဟာ အစပိုင်း မှာ rA သယံဇာတ ကို တိုးနိုင်စေ
ပေမဲ့နောက်ပိုင်းမှာ နည်းပညာမြင့်မှုနဲ့အတူ ၂ဦး ၂
ဖက်လုံးကို ဆုံးရှုံးမှုများစေပါတယ် တနည်းအားဖြင့်
ဒီequation မှာ war အတွက် limiting factor
ရှိပြီး technology နဲ့ တိုက်ရိုက်အချိုးကျပါတယ်
ဒီlimit အလွန်မှာ war ကိုအတွေ့ရနည်းပြီး
technological ပြိုင်ဆိုင်မှုတွေမြင်ရမှာပါ ဥပမာ
အားဖြင့် coldwar စစ်အေးဟာ ဒီပုံစံပါ

နောက်တခုက rA ကို ချဲ့ထွင်ရာမှာ A ကိုမချဲ့ဘဲ r
သို့မဟုတ် resource ထုတ်ယူနိုင်စွမ်းကိုမြှင့်တင်တာ
ပါ ဒါက သိပ္ပံနဲ့နည်းပညာ ကိုတိုးတက်အောင်လုပ်
ဆောင်မှုဖြစ်ပြီး လူတွေ မျိုးဆက်တခုထက်တခု
အသိဥာဏ်တိုးတက်လာမှုနောက် က driving force ပါ ပညာဟာ ဒါကြောင့်အရေးပါတာပါ
ပညာကို ဖွံဖြိုးစေတဲ့ နိုင်ငံရေးစနစ်တွေ ဥပမာ
democracy လို politic အယူအဆတွေ ကမ္ဘာမှာ
ပြန့်ပွားလာရခြင်း ရဲ့နောက် က drive ပါ

နောက်တခုကတော့ culture strategy တွေပါ
ယဉ်ကျေးမှုဆိုတာ civilization တခုရှင်သန်ကြီး
ထွားမှုနောက်က နည်းနာပုံစံပါ ထမင်းစားတဲ့အခါ
လက်နဲ့စားသူ ဇွန်းနဲ့စားသူ တူနဲ့စားသူ စသဖြင့်
ကိုယ့် နည်းလမ်း ကိုယ့် strategy နဲ့ ကိုယ်ရှိပေမဲ့
တချို့ နည်းလမ်း တွေကတချို့ ထက်ပိုကောင်းပါ
တယ် နည်းလမ်းတခုကိုတီထွင်တာထက် ပိုကောင်း
တဲ့နည်းလမ်းကိုကူးယူတာက ပိုလွယ်ပါတယ် ဒီတော့
spread of culture ယဉ်ကျေးမှုပြန့်ပွားခြင်းဟာ
မလွှဲမရှောင်သာဖြစ်မဲ့အရာပါ globalization နောက် က Driving force ဟာ ဒါပါပဲ

ဒီမှာ culture changing rate ယဉ်ကျေးမှု ပြောင်း
နှုန်းက cultural distance ယဉ်ကျေးမှု အကွာအဝေးနဲ့ပြောင်းပြန်အချိုးကျပါတယ်
နောက်တခုက cultural resistance ယဉ်ကျေးမှုခုခံအားနဲ့လည်းအချိုးကျပါတယ်
cultural resistance ကိုတော့ ဒီ society မှာ
ရှိပြီးသား religion language culture နဲ့
education က ပြဌာန်းပါတယ် ဒီတော့ ဘာသာ
ရေးအစွန်းမရောက်ဖို့ ပညာတတ်ပေါဖို့ flexible
ဖြစ်ဖို့ဟာ တိုးတက်မှုအတွက်လိုပါတယ်

ခုပြောခဲ့တာတွေရဲ့နောက်မှာ ညီမျှခြင်းတွေရှိပေမဲ့
ရှုပ်ထွေးလို့မဖော်ပြတော့ပါ သို့သော်အခြေခံကတော့
အထက်ကပြောတဲ့ မားသုစ် ကြီးထွားနှုန်းညီမျှခြင်း
ကို generalised လုပ်ထားတာပါ

အရေးကြီးတဲ့အချက်တခုက civilization ဟာ ဖြစ်လာလိုက်ပျက်သွားလိုက်နဲ့ cycle လည်နေလား
ဆိုတဲ့မေးခွန်းပါ မာယာ ယဉ်ကျေးမှုပြုပျက်ခြင်းလို
ဖြစ်စဉ်ဟာ ပညာရှင်တွေကို ဒီအဖြေရှာစေပါတယ်
အာနိုးတွိုင်းဘီလို သမိုင်းပညာရှင်တွေကတော့
cycle တွေကိုမျှော်လင့်ခဲ့ပါတယ် ဒါပေမဲ့ လက်ရှိ
ညီမျှခြင်းရဲ့ ပုံစံ အရတော့  rA ကို ချဲ့နိုင်သမျှ( u
သေနှုန်းချတာလည်းပါတာပေါ့ ဆေးပညာတိုးတက်
လာတာနဲ့အမျှ u လည်းကျလာပါတယ် ဒါပေမဲ့ zero
တော့မဖြစ်နိုင်လို့ ဒီညီမျှခြင်းမှာ s မွေးနှုန်းကပိုအရေး
ပါပါတယ်) cycle တွေဖြစ်ဖို့ ကအခွင့်အလမ်းနည်းပါ
တယ် ဥပမာ ခုခေတ်မှာ နည်းပညာ trading နဲ့
နယ်မြေများဆက်စပ်နေမှုကြောင့် နိုင်ငံတနိုင်ငံဟာ
ဘယ်လောက်ဆင်းရဲဆင်းရဲ ကမ္ဘာ့မြေပုံပေါ်က
ပျောက်လောက်အောင်ဖြစ်ဖို့တော့ခက်ခဲပါတယ်

ဒါပေမဲ့ ပညာရေးကိုအားမပေးပဲ luxuary ဇိမ်ခံမှုများနေသော စီမံခန့်ခွဲမှုလွဲ နေသော တနည်း
အားဖြင့် c များနေသော နိုင်ငံများမှာတော့( ဥပမာ
ကျွန်တော်တို့နိုင်ငံပေါ့ဗျာ) တခြားကအကူအညီကြောင့် ရှင်သန်နေလဲ Ps အရမ်းနိမ့်တဲ့အတွက် မပျက်စီးယုံ တမယ် ဆင်းရဲ
ဒုက္ခများနေမည်ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်