Friday, October 16, 2015

Ghost particle

Ghost particle

voting က 15-12 နဲ့ neutrino ပါတဲ့ ghost particle ပေါ့

neutrino က Standard model of particle
Physics မှာ ပြသနာ အပေးဆုံး အမှုန် theoretical physicist တွေအတွက်တော့ beyound Physics
အတွက် အရိပ်အရောင် တခု smoking gun တခု
ပါ

သူ့ကို ပထမဆုံး စတင်အဆိုပြုတာက ပေါ်လီပါ
beta decay ဖြစ်စဉ်မှာ အဟုန် စွမ်းအင် နဲ့ spin စတာတွေ တည်မြဲ ဖို့ အတွက် ပေါ်လီ က အဆိုပြုခဲ့
တာပါ ဘီတာ ဒီကေး (bete decay) ဘီတာ ယိုယွင်း
မှုဆိုတာ အက်တမ်တွေရဲ့ ဝတ်ဆံမှာ ရှိတဲ့ neutron
အမှုန်တွေက proton ကို (သို့ ) အပြန်အလှန် ပြောင်းလဲခြင်းကိုခေါ်ပါတယ် ဒီလိုပြောင်းလဲချိန်မှာ
electron ကို ထုတ်ပေးပြီး ဒါကို အဲအချိန်တုန်း က
ဘာမှန်းမသိသေးတဲ့ အတွက် ဘီတာ ရောင်ခြည်လို့
ပေးခဲ့တာပါ နောက်မှ nucleus ဝတ်ဆံထဲက ထွက်လာ တဲ့ electron မှန်းသိပါတယ် ဒီတုန်းက ပြသနာက ဆိုပါစို့ နျူထရွန် က ပရိုတွန်နဲ့ electron
ကိုယိုယွင်းရာ မှာ အဟုန် စွမ်းအင် အနည်းငယ်နဲ့
စပင် တချို့ ပျောက်ဆုံးနေတယ် ပေါ်လီက ဒီအရာ
တွေ ယူသွားတဲ့ တတိယ မြောက် အမှုန်တခု ရှိရ မယ်
သူ့ကို မမြင်နိုင်လို့သာ လို့ယူဆပါတယ် ဒါကိုသူက
neutron လို့ နာမည်ပေးလိုတယ် 1933 ဆော်ဗေး ညီလာခံမှာ ဖားမီး က နာမည်တိုက်နေလို့ neutrino
လို့ ပေးခဲ့ မှ နာမည်တွင်ခဲ့တာပါ neutrino ဆိုတာ
အီတလီလို little neutron လို့ အဓိပ္ပါယ်ရပါတယ်
neutrino တွေဟာ လျှပ်စစ် ဓါတ် မဆောင်ပါဘူး
နောက်သူတို့က lepton တွေပါ ဆိုလိုတာက
အားပြင်းနဲ့ လဲမသက်ရောက်နိုင်ပါဘူး ဒီတော့ သဘာ
ဝမှာရှိတဲ့ ရုပ်အများဆုက ဟာ တခုနဲ့တခု လျှပ်စစ်အားနဲ့ အားပြင် ကနေထိတွေ့နေကြတာဖြစ်
ပေမဲ့ နျူထရီနို တွေကတော့ ဘာနဲ့ မှ မသက်ရောက်
မတုန့်လှယ်ပါ ဒီကြားထဲသူတို့မှာ ဒြပ်ထုလည်းမရှိပါ
ဘူး ကျန်တဲ့ အားနှစ်မျိုးထဲက သူတို့ကို သက်ရောက်
တာက အားပျော့နဲ့ ဒြပ်ဆွဲအားပါ အားပျော့ ဟာ
အက်တမ်တွေရဲ့ ဝတ်ဆံ လောက်သာရှိတဲ့ အကွာ
အဝေးတွင်းမှာပဲ နျူထရီနိုကို သက်ရောက်ပါတယ်
ဒြပ်ဆွဲအားကတော့ ဒြပ်ထုပေါ်မူတည်တော့
အခြေခံအမှုန်တွေအပေါ် သက်ရောက်နိုင်မှုနည်းပါ
တယ် အဓိပ္ပါယ်က နျူထရီနိုတွေဟာ စတင် ဖြစ်
ပေါ်လာပြီဆိုတာနဲ့ တား မရ တော့ တဲ့အရာပါ သူ့
ဟာ ကမ္ဘာ ကြီး ကို အတားအဆီးမရှိထွင်းဖောက်
သွားနိုင်ပါတယ် စက္ကန့်တိုင်းမှာ ကျွန်တော်တို့ရဲ့ ကိုယ်ကို ဖြတ်သန်းပြီး neutrino ပေါင်း သန်းပေါင်း
များစွာ ဖြတ်သွားနေကြတာပါ သူတို့က တစ္ဆေသရဲ
များလို ရှိနေပေမဲ့ မမြင်ရတဲ့ အရာရာကို ထွင်းဖေါက်
ဖြတ်သန်းနိုင်တဲ့ အံ့ဖွယ် အမှုန်ပါ သူဟာ ကမ္ဘာ တခုလုံးကို ဖြတ်သွားချိန်မှု သူ့ကို အမှုန်တခုခုနဲ့ ထိတွေ့ ရပ်ဆိုင်းဖို့ ဖြစ်တန်ခြေက 0.001 % ပါတဲ့

ပထမ အစ က နျူထရီနို တွေ မှာ ဒြပ်ထုမရှိဘူးလို့
ယူဆခဲ့ပါတယ် နျူထရီနို သုံးမျိုးရှိပါတယ် နျူထရီနိုတွေဟာ အီလက်ထရွန်ထွက်တိုင်း ဆန့်
ကျင် နျူထရီနို ထွက်ပါတယ် အီလက်ထရွန်ရဲ့ဆန့်
ကျင်ပိုစီထရွန်ထွက်တိုင်း နျူထရီနိုထွက်ပါတယ်

electron ၃ မျိုးရှိပါတယ် ဒါတွေကို electron ,
muon မြူဝန် , tau တောင် ဆို ပြီး ၃မျိုးပါ ဒီ၃မျိုး
က ဒြပ်ထု ပဲမတူတာပါ ကျန်တဲ့ အရည်အချင်း အ
ကုန်တူပါတယ် ဒါတွေနဲ့ တွဲဖက်ပြီး နျူထရီနို လည်း
၃ မျိုးရှိပါတယ် electron neutrino , muon
neutrino နဲ့ tau neutrino ဆိုပြီး ၃ မျိုးပါ ဒါကို
flavour အရသာလို့ နာမည်ပေးပါတယ်
ဒီ flavour ၃ မျိုး တလှည့် ဆီပြောင်းနေတာကို
neutrino oscillation လို့ခေါ်ပါတယ် ဒီနှစ် နိုလ်ဗယ် ဆုရတဲ့ ဂျပန်လူမျိုး Takaaki Kajita
နဲ့ကနေဒါလူမျိုး Arthur B McDonald တို့ဟာ
ဒီ neutrino oscillation နဲ့ ဆုရခဲ့တာပါ

Kamiokande ဆိုတာ ဂျပန်မှာရှိတဲ့ proton
decay ကိုလေ့လာတဲ့ detector ပါ Standard
model ကို ထပ်ချဲ့ ထားတဲ့ သီဝရီတွေက ပရိုတွန်
ဟာ ယိုယွင်းနိုင်တယ်လို့ ဟော ကိန်းထုတ်ပါတယ်
ဒီယိုယွင်းမှု က ဘီတာ ယိုယွင်းမှုလို နျုထရွန် ဘဝကို    ပြောင်းလဲတာ မဟုတ်ဘဲ တခြားသော X အမှုန်များ
ကိုပါ တနည်းအား ဖြင့် ပရိုတွန်ဟာ မတည်မြဲဘူးပေါ့
ဒါကိုလေ့လာဖို့ နည်း ကာမီယိုကန်ဒီ လိုမြေအောက်
မှာ ရေဂါလံ တန်ပေါင်းသောင်းချီ တဲ့ အထဲက ယို
ယွင်း မှုကို လေ့လာတာပါ ဒီလေ့လာမှုက proton
decay ရဲ့ သက်တမ်းဟာ စကြာဝဠာ သက်တမ်း
ထက်ကြာတယ်ဆိုပြီး upper bound ကို ပေးခဲ့ပါ
တယ် ဆိုလိုတာက standard model ကို ထပ်ချဲ့
ထားတဲ့ SU 5 , SO 11 , supergravity တွေဟာ
မှားတယ်လို့ ဆိုတာပါ

ကာမီယိုကန်ဒီ ဟာ ပရိုတွန်ယိုယွင်းမှုကိုလေ့လာပေမဲ့
နေက ထွက်လာတဲ့နျူထရီနိုတွေဟာ ကမ္ဘာကိုဖြတ်
တဲ့အချိန်မှာ ကာမီယိုကန်ဒီ ရဲ့ရေ မော်လီကျူးတွေကို
ဖြတ်နိုင်ပါတယ် နျူထရီနို ကဘာ နဲ့မှ ဓါတ်မပြုပေမဲ့
0.001 % ပဲရှိပေမဲ့ ရေ trillion ပေါင်း များစွာရှိရင်
တော့ တကြိမ် နှစ်ကြိမ်ပြုနိုင်ပါတယ် ဒီအခါ ဓါတ်ပြု
မှုက subatomic particle တွေကို ထုတ်ပြီး တချို့
ကရေထဲမှာ အလင်းအလျင်နဲ့သွားပါတယ် ကြားခံ
နယ်တခုမှာ အမှုန်တခုဟာ အလင်း အလျင်နဲ့ သွား
တိုင်း photon တချို့ ကို ထုတ်ပါတယ် ဒါကို
Cherenkov radiation ချူရန်ကော့ဗ် ရောင်ခြည်
လို့ခေါ်ပါတယ် ဒီ အလင်းရောင်ဟာ အလွန်မှိန်ပါ
တယ် ဒါကို ချဲ့ဖို့ photomultiplier ခေါ် တဲ့ အလင်း
ချဲ့ ပစ္စည်းတွေက လုပ်ပေးပါတယ် ကာမီယို ကန်ဒီ
ဟာ ရေတွေထဲမှာ ဒီphotomultiplier တွေကို
ထည့်ထားတဲ့ စမ်းသပ်မှုပါ

ပထမ က proton decay ကို ရှာခဲ့ပေမဲ့ တွေ့ရှိခဲ့တာ
ကတော့ muon neutriono တွေရဲ့ အရေအတွက်
က ယခင် standard model က ခန့်မှန်းထားတဲ့
အရေအတွက်ထက် ၅၀% လျော့ နဲ နေတာပါ
ဖြစ်နိုင်ခြေ ရှိတဲ့ အဖြေ ကတော့ နျူထရီနိုတွေဟာ
လမ်းမှာ muon neutrino ဘဝ ကနေ tau neutrino ဘဝ ပြောင်းသွားလို့နေ မှာ ပါ photomultiplier တွေက tau ကို မသိဘဲ muon
ကိုသာ သိလို့ပါ

သီဝရီအရ neutrino oscillation ဖြစ်ရင် နျူထရနို
၃ မျိုးထဲမှာ အနည်းဆုံး တမျိုး ဟာ သုည မဟုတ်
တဲ့ဒြပ်ထုရှိရပါမယ် ကွမ်တမ်အရ နျူရီထရီနို ရဲ့
ဒြပ်ထုဟာ mass state ၃ ခု မှာ တခု အနေနဲ့ရှိပြီး
ပြေးလာတဲ့လမ်းတလျှောက်မှာ ဒီ state က ပြောင်း
နေတာပါ ဒြပ်ထုပြောင်းတော့ flavour လဲပြောင်းပါ
တယ် တကယ်တော့ နျူထရီနိုဟာ သုံးကိုယ့်တစိတ်
အမှုန်ပါ

စကြာဝဠာမှာ ဖိုတွန်ခေါ် အလင်းမှုန်တွေပြီး ရင် အများ ဆုံး အမှုန်ဟာ နျူထရီနို ပါ သူတို့ရဲ့ သဘာဝ ကိုခုချိန်ထိပြည့်ပြည့်ဝဝ မသိရသေးပါဘူး တချို့ကလည်း ရုပ်ဒြပ်မှောင် dark matter တွေ
ဟာ နျူထရီနို လို့ယူဆပါတယ် ဒါကို hot dark
matter လို့ခေါ်ပါတယ် လက်ရှိလက်ခံထားတာက
တော့ cold dark matter CDM တွေ လို့ဆိုတော့
နျူထရီနို ရဲ့ dark matter candidate ကတော့
သိပ် မဖြစ်နိုင်ပါဘူး

ဘာပဲဖြစ်ဖြစ် neutrino oscillation နဲ့ ကိုက်ညီ
တဲ့ Standard Model ကို ပြင်ရေးနိုင်သူ ကတော့
ရူပဗေဒရဲ့ သူရဲကောင်း အဖြစ်ပေါ်ထွက်လာပြီး နိုလ်
ဗဲဆု ကစောင့် ကြိုနေမည်ဖြစ်ပါကြောင်း တင်ပြလိုက်
ပါတယ်

                                                      Python

No comments:

Post a Comment