Sunday, October 18, 2015

Network theory

Network theory

ကျွန်တော်ငယ် စဉ် က အသိချင်ဆုံးမေးခွန်း တခု
ရှိ ခဲ့ သည် အဘယ်ကြောင့် ကျွန်တော် ၏ ခေါင်း
တွင်း၌ ဖြစ်ပေါ်သော အတွေး စိတ်ကူး ခံစားချက်
အကြံအစည် တို့ကို ကျွန်တော်သာ မပြောပြလျင်
တခြားသူများ မသိနိုင်သနည်း အပြန်အလှန်အား
ဖြင့် တခြားသူများ၏ အတွေး စိတ်ကူး ခံစားချက်
အကြံအစည် တို့ကိုလည်း သူတို့ကသာ ပြောမပြလျင်
ကျွန်တော် အဘယ်မှာ သိနိုင် မည်လဲ ??

ဤ မေးခွန်း က လူကြီး တဦး အဖို့ မထူးဆန်းသော
မေးခွန်း ဖြစ်ပါလိမ့်မည် အဘယ်ကြောင့်ဆိုသော်
အတွေ့အကြုံ အရ ရင်းနှီးလွန်းသော ကြောင့် မေး
ခွန်းပင်ထုတ်မိမည် မဟုတ်ပါ သို့သော် ထိုမေးခွန်း
၏ အဖြေကို သိ၍ တော့ မဟုတ်ပါ ခလေးဘဝ၏
မေးခွန်တို့ မှာ ကပ်သီးကပ်သပ်နိုင်ကောင်းသော်
လည်း fundamental ကျပါသည်

ဤမေးခွန်း တွင်ပါဝင်သော အဖြစ်အပျက်ကဆိုလို
ချင်သည်မှာ စိတ်သည် အဘယ်ကြောင့် ငါ နှင့် သူ
ကို ခွဲခြားနိုင်စွမ်းရှိသလဲ ဆိုသောအချက်ပါ self ကို
non self နှင့် ခွဲ ခြားနိုင်စွမ်း မှာ စိတ်၏ အခြေခံ ကျ
သော အရည် အချင်း တခုဖြစ်ပါသည်

ဆေးပညာအရ စိတ်၏ တည်ရာမှာ ဦးနှောက်ဖြစ်၍
၎င်း ကို nerve cells အာရုံကြောကလာပ်စည်း များ
ဖြင့် ဖွဲ့ စည်း ထားပါသည် အာရုံ ကြောကလာပ်စည်း
တခုချင်းဆီ အနေဖြင့် ငါ မှ သူကို မခွဲခြားနိုင်ပါ သို့
သော် nerve cell ပေါင်းများစွာ ပေါင်းစည်း၍ ကွန်
ယက်တခု ဖြစ်လာသောအခါ စနစ်တခု အဖွဲ့အစည်း
တခု ဖြစ်လာချိန်၌ ငါ မှ သူ ကို ခွဲ နိုင်စွမ်းရှိလာပါ
သည် ငါ သူတပါး ယောင်္ကျား မိန်းမ ၏ မူလဘူတ
ပင် ဤအစွမ်းမှာ nerve cell တခုခြင်း ၏ အစွမ်း
မဟုတ်ပဲ nerve cell အများ၏ ပေါင်းစည်းမှု
ကြောင့်ဖြစ်ပေါ်လာသော အစွမ်းပါ

အမှတ်စက် point တခုကို မြင်ကြည့်ပါ သူ့၌ ပုံသဏ္ဍာန်မရှိပါ အတိုင်းအတာ မရှိပါ သင့်ကို
point ၈ခု ပေး၍ စတုရန်း ပုံစီချခိုင်း ပါမည်
ထိုအခါ အတိုင်းအတာမရှိသော Point ၈ ခု က
အတိုင်းအတာရှိသော စတုရန်းတခု ပုံ သဏ္ဍာန်
မရှိသော အမှတ်စက်များက ပုံသဏ္ဍာန်ရှိသော
စတုရန်းတခု ကိုဖန်းတီးပေးပါသည် ၎င်း အတိုင်း
အတာ ပုံ သဏ္ဍာန်တို့ ဘယ်ကပေါ်လာသလဲ
အမှတ်စက်တခု ချင်းကြောင့် မဟုတ်ပါ အမှတ်
စက်များ၏ အစုအဖွဲ့ က ၎င်း တို့ကို ဖြစ်ပေါ်စေချင်း
ပါ 

အရစ္စတိုတယ် က ဤ စွမ်းပကားကို the whole is
more than the sum of its part ဆိုပြီး ပြောခဲ့
ပါတယ် အစု အဖွဲ့ တခု ဟာ သူ့အစိတ်အပိုင်း အား
လုံးပေါင်းတာနဲ့ မတူပါဘူး ပိုပါတယ် ဘာတွေ ပိုလာ
သလဲ ဘာတွေပေါ်ထွက်လာသလဲ ? ထိုပေါ်ထွက်
လာသောဖြစ်စဉ်ကို emergence phenomenon
လို့ ခေါ်ပါ တယ်

သဘာဝ မှာ ၎င်း တို့အားဖြင့် အရာရာကို တည်
ဆောက်နိုင်သော အသေးဆုံးအစိတ်အပိုင်းတွေ
ရှိပြီး ၎င်း တို့ကို fundamental thing လို့ ခေါ်ပါ
တယ် သူတို့က fundamental law ကိုလိုက်နာ
ကြပါတယ် fundamental တွေအများစုပေါင်း
တဲ့ အခါ ထွက် ပေါ်လာတဲ့ ပိုတဲ့ အရာ ဟာ
emergence law ပါ

ဥပမာ အနေနဲ့ temperature ပါ atom တလုံးကို
ကိုင်ပြီး သူ့ရဲ့ အပူချိန်ကို သင်တိုင်းလို့ မရပါဘူး
ဘာလို့ဆိုတော့ အပူချိန်ဆိုတာ atom ပေါင်းများ
စွာပေါင်းစပ်ဖြစ်ပေါ်တဲ့ gas တခုရဲ့ အရည်
အချင်း ဖြစ်လို့ပါ temperature , pressure ,
volume စတာတွေဟာ atom အများကြီးစု
ဖွဲ့တော့ မှ ပေါ်လာတဲ့ အရည် အသွေးတွေဖြစ်
ပြီး သူတို့ကြားက ဆက်သွယ်ချက်ဟာ emergence law ပေါ်ထွက်လာတဲ့ ဥပဒေသ ဖြစ်ပါတယ်
ဒါကို kinetic theory of gas လို့ ခေါ်ပါတယ်
အပူချိန် ဖိအား ထုထည်တို့ကို အမှုန်များရဲ့ အရွေ့
အားဖြင့် ရှင်းပြခဲ့ခြင်းဖြစ်ပြီး ဘော့စ်မင်း ရဲ့ ဥာဏ်
ပညာကြီးမားမှုပါ

စိတ်ဟာလည်း emergence phenomenon
ဖြစ်ပါတယ် သူဟာ emergence law ပါ fundamental part ကတော့ neurone တွေ
ဖြစ်ပါတယ်

စိတ်လိုပဲ ငါ နဲ့ သူကို ခွဲခြားနိုင်တဲ့ လူ့ခန္ဓာ ကိုယ်က
အဖွဲ့အစည်း တခုကို immune system လို့ ခေါ်
ပါတယ် ခုခံအား စနစ်ပေါ့  ကျွန်တော်တို့တွေ
ရောဂါ ဖြစ်ရင် ကာကွယ်ပေးတာ ဒီစနစ်ပါ သူက
ခန္ဓာကိုယ်ရဲ့စစ်တပ်ပါ စစ်တပ်တို့ရဲ့ ထုံးစံအရ မိမိ
ခန္ဓာ ကိုယ်ကို ကာကွယ်ဖို့ မိမိ အစိတ်အပိုင်း ကို
သိဖို့ လိုပါတယ် ငါနဲ့ သူ ကို ခွဲခြားတက်ဖို့ လို
ပါတယ် မခွဲခြားနိုင်တဲ့ အခါ မျိုးလည်းရှိပြီး ဒီအခါ
မှာ ငါ ကိုပြန်တိုက်ပါတယ် ဒါ ကို autoimmune
ရောဂါ ခေါ်ပြီး ဒီထဲမှာ လေးဘက်နာ ရောဂါ များစွာ
ပါဝင်ပါတယ် ဒီအကြောင်း ကို ရှင်းပြတဲ့ သီဝရီကို
symmetrical network theory of Immunology လို့ခေါ်ပါတယ် ပြောရရင် immune
ဟာလည်း emergence ဖြစ်စဉ်ဖြစ်ပြီး သူ့ကို သင်္ချာ
အားဖြင့် network theory နဲ့ရေးပါတယ် အထက်က စိတ်ကိုလည်း neuronal network
theory နဲ့လေ့လာဖို့ကြိုးစားပါတယ်

social science ဟာ ကျယ်ပြန့်တဲ့ဘာသာရပ်ပါ
ဒီထဲမှာ politic , sociology , economy စသဖြင့်
ပါပါတယ် သိပ္ပံပညာတွေအားလုံး ဟာ physic ဒါမှ
မဟုတ်ရင် stamp collection ( တံဆိပ်ခေါင်းစု
ခြင်း ) လို့ ဆိုပါတယ် သိပ္ပံဟာ လက်တွေ့စစ်ဆေး
ရတဲ့ အတွက် hard fact တွေစုဖို့ လိုပါတယ် ဒါက
တံဆိပ်ခေါင်းစုသလိုပါပဲ ဒီလို စုပြီး ခြုံငုံတဲ့ သီဝရီ
အနေနဲ့ မဖော်ပြနိုင်သေးတဲ့ အဆင့် ကို descriptive
science လို့ ခေါ်ပါတယ် social science အများစဟာ ယခင်က descriptive science ဖြစ်ပေမဲ့ ခုခါမှာတော့ network theory လို
sound foundation ကြောင့် theoretical
science ဖြစ်လာနေကြပါပြီ

ဒီတော့ network theory ဆိုတာဘာလဲ ??

ဆက်လက်ဖော်ပြပါမည်

                                                    python

No comments:

Post a Comment