manifold and metric
ရှေ့ပို့စ် မှာ Riemannian manifold တွေ အကြောင်း ရေးခဲ့ပါတယ် ဒီ မန်နီဖိုး တွေက
ယေဘူယျကျ တဲ့ မျက်နှာပြင်ပါ ဆိုလိုတာက
ဘယ်လို ကွေး ကွေး ဘယ်လို ဖြောင့် ဖြောင့် မျက်နှာပြင်တိုင်း
ကို ကိုယ်စားပြုနိုင်ပါတယ် ဥပမာ ဆို အိုင်းစတိုင်း
ဟာ ဒြပ်ဆွဲအားကို နယူတန် ယူဆသလို ဒြပ်ထု
ရှိတဲ့ ပစ္စည်းတွေ ကထုတ်လွှတ်လိုက်တဲ့ အား တခု
အဖြစ်မယူဆ ချင်ပါဘူး ဘာကြောင့်လဲဆို ဒီလိုသာ
ယူဆ ခဲ့ရင် အလွန်ဝေးကွာ တဲ့ ဒြပ်ထု ၂ ခု ကြား
မှာ အားသက်ရောက်မှု ဟာ ချက်ခြင်းလို ဖြစ်ပေါ်
လာမှာမို့ပါ ဒါ ကို instantaneous action ချက်
ခြင်း သက်ရောက်မှု သို့မဟုတ် spooky action at
distance အဝေး က တစ္ဆေ နဲ့တူတဲ့ သက်ရောက်မှု
လို့ အိုင်းစတိုင်းကခေါ်ခဲ့တယ်
ဥပမာဆိုပါတော့ နေကနေ လာတဲ့အလင်းရောင်ဟာ
ကမ္ဘာကိုရောက်ဖို့ ၈ မိနစ်ကြာပါတယ် ဒါကြောင့်
တယောက်ယောက်က နေကို ဖယ်လိုက်ရင် ကမ္ဘာ
ကြီး မှောအတိကျဖို့ ၈ မိနစ် စောင့်ရပါမယ် ဒါက
အိုင်းစတိုင်းရဲ့ special relativity အရပါ ဒါပေမဲ့
gravity ကတော့ နယူတန်ဒြပ်ဆွဲအားက ၈ မိနစ်
စောင့်စရာမလိုဘဲ နေကို ဖယ်လိုက်တာနဲ့ ကမ္ဘာ က
ချက်ခြင်း လွင့်ထွက်သွားမှာပါ ဒါကို အိုင်းစတိုင်း
ကလက်မခံနိုင်ပါဘူး ဒါကြောင့် ချက်ခြင်းသက်
ရောက်တဲ့ အားinstantaneous force ထက်
အကန့်အသက်နဲ့ သွားတဲ့ medium ကြားခံနယ်
တခုကို လိုအပ်ပါတယ် ဒါကို field theory လို့
ခေါ်ပါတယ် အိုင်းစတိုင်းအတွက်တော့ နေဟာ
ဒီ ကြားခံနယ်ကို သူ့ဒြပ်ထုအားဖြင့် ကွေးညွှတ်စေ
မယ် ဒီကွေးညွှတ်မှု က ကမ္ဘာ ရှိရာ ကို ၈ မိနစ် ကြာ
ရင်ရောက်မယ် ဒီတော့ နေ ကို ရုတ်တရက် ဖယ်လိုက်ရင်လည်း ကွေးညွှတ်မှု က ရုတ်တရက်
ပြန် ပြန့်(flat ) သွားမယ် ဒါပေမဲ့ ဒီပြန့်မှု ကမ္ဘာ ကို
ရောက်ဖို့တော့ ၈ မိနစ်ကြာမယ် ကမ္ဘာ ဟာ နေမ
ရှိတော့ ကြောင်း ၈ မိနစ်ကြာမှသိရမယ်
ဒီ မှာ အိုင်းစတိုင်းရဲ့ ဒြပ်ရှိရင် ကွေးပြီး ဒြပ် မရှိရင်
ပြန့်တဲ့ ကြားခံနယ် field ဆိုတာက အချိန်နေရာပါ
အချိန်ကော နေရာကော ကို ဆက်စပ်ရောယှက်
ထားတဲ့ မျက်နှာပြင်ပါ မန်နီဖိုး ပါ space-time
continuum ဟာ တကယ်တော့ 4 dimensional
manifold တခုပါ သူက လိုအပ်ရင် ကွေးညွှတ်နိုင်
သလို ပြန့်ပြူးနိုင်ပါတယ် ဒီတော့ ပြသနာတခုက
ကွေးကောက်နေတဲ့ မျက်နှာပြင်မှာ အကွာအဝေး
distance ကို ဘယ်လိုတိုင်းတာမလဲ အရင်ပို့စ်
တွေက သိခဲ့ တဲ့ အတိုင်း ပြန့်တဲ့ မျက်နှာပြင်
Euclidean surface မှာ ဆို Pythagoras theorem ကို ထောင့်မှန်တြိဂံ ဆို သုံး လို့ ရတယ်ပေါ့
ကြိုက်တဲ့ထောင့်ရှိတဲ့တြိဂံ ဆို Law of cosine သုံး
နိုင်ပါတယ် ကွေးတဲ့ မျက်နှာပြင်တွေမှာ ကော
ဘာကိုသုံးမလဲ ဒိုင်မင်းရှင်းများလာရင်ကော ?
ကွေးတဲ့မျက်နှာပြင်ကို စလေ့လာခဲ့တာက Gauss ပါ
ဒါကြောင့် ဒီမျက်နှာပြင်တွေကိုတိုင်းတာတဲ့ ကိုသြဒိနိတ်ကို Gaussian coordinate
လို့ခေါ်ပါတယ် ဂေါ့ဆီယမ် ကိုသြဒိနိတ်ဟာ အကွာ
အဝေး ကို မဖော်ပြနိုင်ပါဘူး ဒီတော့ ကျွန်တော်တို့
က ဒီကိုသြဒိနိတ်ပေါ် က ယူနစ်တွေ ကို ကျွန်တော်
တို့ သိတဲ့ ပြားတဲ့ မျက်နှာပြင်ပေါ် က ( Cartesian
coordinate ) က ယူနစ် အဖြစ် ပြောင်းလဲရပါတယ်
ဒီတော့ partial differential equation တချို့ ကို
သုံးတယ်ပေါ့ ဒါ အကြောင်း deep ပြောရင် ရှုပ်မှာမို့
မပြောတော့ပါဘူး လိုရင်းကတော့ coefficients
ခေါ်တဲ့ မြှောက်ဖော်ကိန်း တချို့ ကို ပိုင်သာ ဂို ရပ်စ်
သီအိုရမ် သို့ ကိုဆိုင်းလော ရှေ့မှာ ထည့်ပေးတာပါပဲ
ဥပမာ ဆိုပါစို့ ကျွန်တော်တို့ သိတာက flat surface
ဒါကို Cartesian coordinate နဲ့ရေးရင် x y စသဖြင့်ရေးတယ်
တိုင်းချင်တာက curved surface ဒါကို Gaussian
coordinate u v နဲ့ရေးတယ်
flat surface မှာ
ds² = x² + 2xy cos θ + y² ပေါ့
ဒါက ကိုဆိုင်း လော ( Law of Cosine ) သုံး
ထားလို့ပါ ထောင့်မှန်တြိဂံဆိုရင် Cos 90° က
zero မို့ ညာခြမ်းမှာ x² + y² ပဲ ကျန်ပြီး Pythagoras
theorem ပြန်ရပါမယ်
curved surface မှာ မြှောက်ဖော်ကိန်းထည့်မယ်
g₁₁ , g₁₂ =g₂₁ , g₂₂
Gaussian coordinate u v ကို သုံးမယ်
ds² = g₁₁u² + 2 g₁₂ uv + g₂₂ v²
ဒီတော့ ဒီမှာ ဒီequation ဟာ general ကျတဲ့
ပုံစံပါ ဒီနေရာမှာ g₁₁= 1 , g₂₂= 1 နဲ့ g₁₂= cos θ
ဆိုရင် ဒီ ညီမျှခြင်းဟာ flat surface ရဲ့ ညီမျှ
ခြင်း အတိုင်းပါပဲ တကယ်လို့ g တွေရဲ့တန်ဖိုး ဟာ
တခြား တန်ဖိုး ဆိုရင်တော့ ကွေးနေတဲ့ မျက်နှာပြင်
ကိုညွှန်းတာပါ ဒါ့အပြင် ဒီညီမျှခြင်း ဟာ ကြိုက်ရာ
ဒိုင်မင်းရှင်း ကို ညွှန်းလို့ရပါတယ် ခု ညီမျှခြင်း မှာ
g₂₂ က 2 နဲ့ အများဆုံး မို့ 2 dimension ပါ
g₃₃ ဆို 3 dimension g₄₄ ဆို 4 dimension
ကြိုက်ရာ arbitrary dimension အတွက် i နဲ့
k မှာ အစားထိုးပြီး g ( subscript ik ) ပေါ့ ဒီလိုရေးပါတယ်
sigma notation ကို သုံးရင် ဒါကို
n i k
ds² = ∑ g dx dx
i=1 ik
Einstein summation convention ကတော့
sigma notation ကို ရှုပ်လို့ ဖြုတ်ထား လိုက်ပါ
တယ် ဒီမှာ အရေးကြီးတာက ဒီ ညီမျှခြင်း ဟာ
ပိုင်သာဂိုရပ် ညီမျှခြင်း ကို ယေဘူယျ ပြုထား ခြင်း
သာဖြစ်ပါတယ် ds ဟာ ကျွန်တော် တို့ လိုချင်တဲ့
အကွာအဝေးပါ ဒီမှာ g ဆိုတဲ့ မြှောက်ဖော် ကိန်းဟာ
Tensor တခုဖြစ်ပြီး သူ့ကို metric tensor လို့
ခေါ်ပါတယ်
ဒီmetric tensor ရဲ့ second derivative ကို
Riemannian curvature tensor (R)လို့ ခေါ်ပြီး
မျက်နှာပြင်တခုရဲ့ အမှတ်တိုင်း မှာရှိတဲ့ ကွေးညွှတ်
မှု ဒီဂရီ ကိုတိုင်းပါတယ် ရူပဗေဒ အရ ပြောရရင်
တော့  R ဟာ ဒြပ်ဆွဲအား ကို field theory အရ
ရေးထား ခြင်းပါ
ဒြပ်ဆွဲအား အပြင် electromagnetic force ,
strong force , weak force များ ကို လည်း
ဒီ curvature နည်း နဲ့ ရေးနိုင်ပါတယ်
python
No comments:
Post a Comment