Sunday, September 20, 2015

သင်္ချာရဲ့ရတနာနဲ့ရတနာရဲ့နောက်ကြောင်း

သင်္ချာရဲ့ ရတနာ နဲ့ ရတနာရဲ့နောက်ကြောင်း

ငွေတိုး ချီးစား မဲ့လူတွေ အတွက်ဖြစ်ဖြစ် မပြေလည်
လို့တယောက်ယောက် ဆီက ငွေလှည့် ဖို့ပဲဖြစ်ဖြစ်
အရေးတကြီးသိ ဖို့လိုလာတာ အတိုးနှုန်းပါ ဘဏ်
တွေမှာလည်း interest rate အတင် အချ ဟာ
နိုင့်ငံ့ စီးပွားရေးနဲ့ဆက်စပ်မှု ရှိပါတယ် အတိုးနှုန်း
ချပေးရင် လုပ်ငန်းများပြီး စီးပွားရေးကောင်းလာ
တတ်ပါတယ် ဒီတော့ အတိုးနှုန်းရဲ့သဘော သဘာ
ဝက ဘယ်လိုရှိ လဲ

ဒါကိုပထမဆုံးလေ့လာ ခဲ့သူက ဂျက်ကော့ ဘာနိုလီပါ
ဆိုပါစို့ သင်က ဘဏ်မှာ ငွေအပ်မယ် 1 ဒေါ်လာ အပ်
မယ် တနှစ် ပြည့်ရင် ဘဏ် က သင့်ကို အတိုး နှုန်း
100% နဲ့ တိုးရင်းပေါင်း ပေးမယ် ဒါဆို တနှစ်ပြည့်ရင်
သင် 2 ဒေါ်လာပြန်ရမယ်

p က သင့် အရင်းအနှီး (ဒီမှာ 1 ဒေါ်လာပေါ့)
r က အတိုးနှုန်း (ဒီမှာ % နဲ့ပြတယ် 100% ဆို 1ပေါ့
                        50% ဆို 0.5 စသဖြင့်ပေါ့)
n က တနှစ်အတွင်းမှာ တိုရင်းပေါင်း ပေးမဲ့ အကြိမ်
         ပေါ့ ဆိုလိုတာက တနှစ်ကို တကြိမ်လား တနှစ်
          ကို ၂ ကြိမ်လား စသဖြင့်ပေါ့
          နောက်တခုကတော့
t ပေါ့ ဒါက ငွေ မြှပ်နှံထားမဲ့ ကာလ နှစ်နဲ့ပြတယ်
S က စုစုပေါင်း တိုးရင်းပေါင်း ပေါ့

equation က

         S = p ( 1 + r/ n )^nt

ပါ ဒါက နဲနဲရှုပ် တယ် ဒီတော့ ရှင်းအောင် အထက်က
ဥပမာနဲ့ပြန်သွား ကြမယ် ဒါဆို p က 1 ဒေါ်လာပေါ့
r က 100% ဆိုတော့ ( တော်တော် သဘောကောင်း
တဲ့ဘဏ်ဖြစ်မယ်) 1 ပေါ့ဗျာ n က တနှစ်မှာ တကြိမ်
ဆိုတော့ 1 ပဲ  t ကို လဲ တနှစ်ပဲ မြှပ်နှံ မယ် ဆိုတော့
1 ထားလိုက် ဒီမှာ t= 1 ထားရင် equation ကို ပိုရှင်းအောင်ရေး လို့ရတယ် ဒီလိုလေး

           S = p ( 1+ r/n ) ^n

ပေါ့ စောစောက ဟာတွေအစားထိုးရင်

           S = 1 (1 + 1/1 )^ 1 =2

၁၀၀ % တိုးနဲ့ တနှစ်ပြည့်ရင် ၁ ဒေါ်လာ ကနေ ၂
ဒေါ်လာ ပြန်ရမယ်ပေါ့ 

ဘာနိုလီက စိတ်ဝင်စားတာက တကယ်လို့ n ကို တိုး
ရင် ဥပမာ တနှစ် ၂ ကြိမ် ပေါ့ တိုးရင်းပေါင်းမယ် ဘယ်လောက်ရမလဲ? n = 2 ပေါ့ တနည်း ၆ လ တ
ကြိမ်ပေါ့

             S = 1( 1+ 1/2)^2 = 2.25 $

အားပါး စောစောက နှစ်ဒေါ်လာ ခု နဲနဲပိုများလာပြီ
ဒါဆို အကြိမ်ရေများတဲ့ ဘဏ်ကိုရွေးသင့်တယ်
တကယ်လို့ ၃ လတကြိမ်ဆိုရင်ရော n =4  ပေါ့

           S = 1( 1+ 1/4)^4 = 2.4414

ယို့ !! တက်တော့တက်တယ် ဟ ဒါပေမဲ့သိပ်မတက်
ဘူး ဒီဂဏန်း က ကြည့်ရတာ ကိန်း တန်ဖိုး တခုခု မှာ
ရပ်မဲ့ ပုံ ပဲ ဒါပေမဲ့အကြိမ်ရေများမှပါ တကယ်လို့
တနေ့တကြိမ်ဆိုရင် n = 360 ပေါ့ အာ့ ဆို
S က  2.714567  n က infinity ဆိုရင် S က ဘယ်
လောက်လဲ ? 2.7182818 ပါ ဒါကို e လို့ ခေါ်ပါတယ်

        e = Limit n>>∞ ( 1+ 1/n) ^n

ပါ e ဟာ irrational number ဖြစ်ပါတယ် ပြီးတော့
transcendental number လဲဖြစ်တဲ ဆိုလိုတာက
ဘယ် polynomial equation ရဲ့ root မဟုတ်ဘူး
နှစ်ဆ တိုးနှုန်းကို အကြိမ်အကန့်သတ်မဲ့ စက္ကန့်တိုင်း
သာခွင့်ပြုထားရင် တိုးနှုန်းဟာ base e ပါ ဥပမာ
ကမ္ဘာပေါ်မှာ ဘက်တီးရီးယားတွေ က fission နည်း
နဲ့ တကောင်က ၂ ကောင် / ၂ ကောင်က ၄ ကောင်
ပွားတယ် ဒီနှုန်းက approximately base e ပါ
ဆိုလိုတာက e^ x  နဲ့ ပွားပါတယ် x က စဦးအကောင်ရေ ပေါ့ x များလေ တိုးနှုန်း များလေ
တရက်ထဲနဲ့ ကမ္ဘာ ကို bacteria တွေက ကုန်းမြေ
မမြင်ရအောင် ဖုန်း ပစ်လိုက်နိုင်ပါတယ်

ဒါ က e အကြောင်းပါ  နောက်တခု က π ပါ pi က
စက်ဝိုင်းရဲ့  စက်ဝန်း နဲ့ အခင်းတို့ရဲ့ အချိုးပါ

             π = C / d    

C= circumference , d = diameter = 2r
ဒါကြောင့်  C= 2πr ဖြစ်တာပေါ့ စက်ဝိုင်း အရွယ်အစား အမျိုးမျိုးရှိတယ် ဒါပေမဲ့ စက်ဝိုင်းမှန်
ရင် အချိုးက π ပဲ π မရှိရင် စက်ဝိုင်း မဟုတ်ဘူး
သံသရာစက် ဝန်း မျိုးစုံ လည်ကြတယ် ဒါပေမဲ့
π တန်ဖိုးမရရင် အဲဒါသံသရာ လည်နေတာမဟုတ်
ဘူး ဒီမှာ သံသရာဆိုတာက အဆုံးက အစ ကို ပြန်
ရောက်သွားတဲ့ ဖြစ်စဉ်တိုင်းကိုပြောချင်တာပါ

ဒါကိုနားလည်ရင် exponential function
e^x အကြောင်း ဆက်ကြပါမယ် e^x ကို
အထက်က လို

    e^1 = Limit n>>∞ (1+1/n)^n

လို့ရေးနိုင်ပါတယ် တကယ်လို့ 1 နေရာ မှာ x ဆိုရင်

     e^x =Limit n>>∞ (1+ x/n)^n ပါ

e^x ကို power series မှာဖြန့်ပြီးရေးရင်

     e^x = ∑n=0 >∞   x^n/n!
            =1 + x  +   x²/2!   + x³/3!  + x⁴ /4! +……

ဒီမှာ x အစား ix ကို ထည့်ကြည့်ရင်ရော

e^ix = 1+ ix + i²x²/2!  + i³x³/3!  + i⁴x⁴/4!+ ……

ဒီထိရှင်းမယ်ထင်ပါတယ် စာရွက်ပေါ်မှာချရေးပြီး
x ရှိတဲ့နေရာ ix လိုက်ထည့်ယုံပါပဲဗျာ

ဒီမှာ i ရဲ့အရည် အချင်းတခု က i² = - 1 , i⁴= 1,
i³ =  - i ရတာပါ  ဒီတော့

e^ix = 1+ ix - x²/2! - ix³/3! + x⁴/4! + ix^5/5! +        …………        

ဒီထိရှင်းမယ်ထင်ပါတယ် ဒီမှာ i ပါတဲ့ ကိန်းစု တွေကို
သပ်သပ်ဖယ်ရင်

e^ix = (1-x²/2!+x⁴/4! - …)+ i(x-ix³/3!+x^5/5!
                                                +……)

ဒီမှာ ပထမ လက်သည်းကွင်း ထဲက series ဟာ
cos x ပါ ဒုတိယလက်သည်းကွင်းထဲက infinite
series ဟာ sin x ပါ

ဒီတော့

           e^ix = cos x + i sin x

ဒါက Euler's formula ဝါ သင်္ချာရဲ့ ရတနာ ပေါ်လာပုံပါ ဒီထဲမှာမှ specific value cos x= - 1
နဲ့  sin x= 0 ကို ထည့်ရင်

         e^ix = - 1+ 0
         e^ix + 1 = 0 ရပါတယ်

အောက်ကပုံ က ဒါကို geometry နည်းနဲ့ အဓိပ္ပါယ်ဖော်ပေးတာပါ

                                             python

Saturday, September 19, 2015

သင်္ချာရဲ့ ရတနာ

သင်္ချာရဲ့ ရတနာ

Real number   ကိန်းစစ်ဆိုတာ  မျဉ်းဖြောင့်
တကြောင်း ပေါ်က အဆုံးမရှိတဲ့အမှတ်များကို
ကိုယ်စားပြုပါတယ် ဒါက ဘာ အသုံးဝင် လို့ လဲ
အရမ်းဝင်ပါတယ် ကျွန်တော်တို့ စိတ်ကူး ကြည့်လို့
ရသမျှ အရာအားလုံးကို တိုင်းတာလို့သာ ရမယ်ဆို
ရင် အဲဒီအတွက် ကိန်းစစ်တွေက လိုမှာပါ ဒါပေမဲ့
အထက်က ပြောသလိုပဲ သဘာ ဝ ဟာ ကိန်းစစ်
တခုထဲနဲ့ မလုံလောက်ခဲ့ပါဘူး

                            x²= -1

ဆိုတဲ့ညီမျှခြင်း ကိုရှင်းရာကနေ သင်္ချာပညာရှင်တွေ
ဟာ သဘာဝ က တကယ် အသုံးပြုနေတဲ့ number
system အစစ် ကိုတွေ့ရှိခဲ့ပါတယ် ဒါကတော့
ကိန်းစစ်နဲ့ ကိန်းယောင်တို့ ပေါင်းစပ်ရာ ကနေ ရရှိတဲ့
ကိန်းထွေပါ

ဒီမှာတခုပြော ချင်တာ က ကိန်းယောင် imaginary လို့ နာမည်ပေး ထားတာ တကယ်မရှိ
လို့ စိတ်ကူးယဉ် အဖြစ် အတု စတဲ့သဘောတွေ
မဟုတ်ပါဘူး မှတ်မိလွယ်အောင် ပေးထားတဲ့သဘော
သာပါ ကိန်းထွေ complex number ဟာ တကယ်
တော့ သဘာဝ တရားက ရွေးချယ်တဲ့ သင်္ချာစစ်စစ်ပါ
လူသားတွေအနေနဲ့ ကိန်းစစ်တွေကို သာမြင်ရပေမဲ့
သဘာဝကတော့ ကိန်းထွေ တွေနဲ့သာ အလုပ်လုပ်ပါ
တယ် အမှန်တော့ ကိန်းစစ် real number ဆိုတာ
ကလည်း complex plane ကိန်းထွေမျက်နှာပြင်
ရဲ့ အလယ်က ဖြတ်သွားတဲ့ မျဉ်းကြောင်း တခုသာပါ
ကိန်းထွေတွေဟာ geometry အရဆွဲကြည့်ရင်
2 dimension ရှိတဲ့ မျက်နှာပြင် surface တခုနဲ့တူ
ပါတယ် မျက်လုံးထဲမှာ စာရေးစက္ကူ plane တရွက်ကို မြင်ကြည့်ပါ

လီယိုနက် အွိုင်လာဟာ သင်္ချာရဲ့ ဂျဝဲလ် (ရတနာ)
ကိုတွေ့ခဲ့ပါတယ် အဲဒါကတော့

                     e^iπ + 1 = 0 

ဆိုတဲ့ equation ပါ သင်္ချာရဲ့ ညီမျှခြင်းတွေ ထဲမှာ
အလှဆုံးတခုပေါ့ ရစ်ချက် ဖိုင်းမင်းက သင်္ချာ ရဲ့
ရတနာ jewel of mathematics လို့တင်စား
ခဲ့ပါတယ် အထူးခြားဆုံးညီမျှခြင်းတခုလို့လဲဆိုခဲ့သေး
ပါတယ်

ဘာကြောင့်လဲ? ဒီမှာ ပါတဲ့ ကိန်းတွေဟာ သင်္ချာပညာ
ရဲ့ အနှစ် လို့ပြောရမဲ့ ပစ္စည်းတွေပါ လူတွေဟာ ပြောင်းနိုင်တယ် သက်ရှိတွေဟာ ပြောင်းနိုင်တယ်
ယုတ်စွအဆုံးကျွန်တော်တို့နေတဲ့ စကြာဝဋ္ဌာ ကို
ယခု လက်ရှိ မဟုတ်တဲ့ နည်းတွေနဲ့ တည်ဆောက်
နိုင်ပါသေးတယ် ဒါပေမဲ့ ခု ညီမျှခြင်းမှာပါတဲ့ ကိန်း
တွေကတော့ ဘယ် စကြာဝဠာ မှာပဲဖြစ်ဖြစ် ဒီအတိုင်း
ပါပဲ သူတို့ အချင်းချင်းကြားက ဆက်သွယ်မှု ( ခု
ညီမျှခြင်း ပုံစံ  ကိုဆိုလိုခြင်းဖြစ်သည်) ကလဲ မပြောင်း
လဲပါ  ဘယ်တော့မှ မပြောင်းတဲ့ တရားတခုကို
သင်ကြိုက်တတ်ရင် ဒါလေး ကို ကြည့်ပါလေ

ဒီမှာပါတဲ့ 1 ဟာ ကိန်းမှန်သမျှ ရဲ့မိခင်ပါ သင်က
7 ကိုလိုချင်ရင် 1+1+1+1+1+1+1 = 1 ကို 7ခါ
ပေါင်းပါလေ တခြားကိန်းတွေလည်း ထိုနည်း၎င်း

ပြီးတော့ 1ဟာ multiplicative identity ပါ
သူ့ကို ဘာနဲ့မြှောက်မြှောက် မြှောက်တာ ပြန်ရပါ
တယ် a ×1 =1 ×a = a   

0 ဟာ additive identity ပါ a + 0 = 0+ a = a
0ဟာ မရှိခြင်းတို့ ဘုရင်ဖြစ်ပြီး set theory အရ
တော့ ကိန်းတို့ ရဲ့ အစဦး ဆုံး set ပါ

သင်္ချာက အရာရာကို ဒီ၂ ခု ကနေ စတင်နိုင်ပါတယ်

i ဟာ ကိန်းစစ် မှာ 1 က အရေးပါသလိုပဲ
ကိန်းယောင်တို့ရဲ့ အစ မိခင်ပါ  geometry အရတော့ i နဲ့ မြှောက်ခြင်းဟာ 90° ထောင့်ပြောင်း
တာနဲ့တူပါတယ်

π ကတော့ စက်ဝန်းနဲ့ အချင်းတို့ရဲ့ အချိုးပါ ဒါက
ရိုးရိုးပြောရင်ပေါ့ ဆန်းဆန်း ပြောရရင်တော့
လောကမှ အဆုံးဟာ အစ ကို ပြန်ရောက်တဲ့ကိစ္စ
မှန်သမျှ ကို သံသရာလည်တယ် လို့ ဆိုလေ့ ရှိပြီး
သံသရာလည်တဲ့ အကြောင်း ကို စနစ်တကျ သင်္ချာ
နည်းနဲ့ပြောတိုင်းမှာ ဘဒို တို့  π ကိုတွေ့ရပါလိမ့်မယ်

e ကကော Euler' number လို့ ခေါ်တဲ့ အရာ
အထက်ကပြော ခဲ့ သလို real number လမ်းက
အပေါက်တွေကို ဖာပေးခဲ့တဲ့ transcendental တံ
တား တစင်းပေါ့ သူက natural log ရဲ့ base လဲ
ဖြစ်ပါတယမ သဘာဝ မှာ သဘာဝအတိုင်း ဖြစ်
ပျက်နေမှု အတော်များများ က base e နဲ့ မလွတ်ပါ

ဒီအရာတွေရဲ့ပေါင်းစည်းမှုက

          e^iπ + 1 = 0  

ဆိုတဲ့ လှပတဲ့ ရတနာကိုမွေးဖွားခဲ့ပါတယ်
တကယ်တော့ ဒီညီမျှခြင်းဟာ ပို ယေဘူယျ ကျတဲ့
Euler's formula

        e^ix = cos x + isin x

ကနေရတာပါ

             cos π =-1  and  sin π= 0 ကို x နေရာမှာအစားသွင်းရင်

                  e^iπ = -1 +  i × 0
                  e^iπ = -1
                  e^iπ + 1 = 0
ပါ

ဒီညီမျှခြင်းက ကိန်းထွေမျက်နှာပြင်ပေါ်မှာ ဆွဲရင်
1ယူနစ် ရှိတဲ့ circle ကိုပေးပါတယ် ခပ်ဆန်းဆန်း
ပြောရရင်တော့ သံသရာတပါတ်လ်ာနေတဲ့ ဖြစ်စဉ်
တွေကို ကိုယ်စားပြုရမှာ ဒီညီမျှခြင်း ကိုတွေ့ရမှာပါ

ဥပမာ ဆို ကွမ်တမ် မက်ကင်းနစ် အရ fundamental particle တွေရဲ့ motion ဟာ
ရှရိုးဒင်းဂါး ညီမျှခြင်းပေါ်မူတည်ပြီး သူ့ solution
အဖြေက ဒီညီမျှခြင်း Euler 's formula ပေါ်အခြေခံပြီး လှုပ်ရှားနေတာပါ

ဒီတော့ သဘာဝတရား ကို ချစ်တတ်သူတွေ အတွက် သဘာဝတရားရဲ့ပြူမူ မှု ကို အမှန်တိုင်း သိချင်သူ
တွေအတွက် ဒီညီမျှခြင်း ဟာ ရတနာပါ

Friday, September 18, 2015

အင်စပတ်တာမြဝေ နှင့် သုဒ္ဓကိန်းများ

အင်စပတ်တာမြဝေ နှင့် သုဒ္ဓကိန်းများ

အိုင်ဆေး ကိုပိုင်သွန် ဟို တနေ့ ကပြောတဲ့ RSA
cryptosystem အကြောင်းလေး ဆက်စမ်းပါဦး

ကောင်းပါပြီ ကိုမြဝေ ဒီစနစ် ကခုခေတ် အင်တာနက်
တွေ မှာ အဓိက အသုံးပြုတဲ့စနစ်ပေါ့ Rivest , Shamir နဲ့ Adleman တို့ကိုဂုဏ်ပြု မှည့်ခေါ်ထား
တာပေါ့ သူက အလွန်ကြီးတဲ့ကိန်း တွေကို ဆခွဲ ကိန်း ခွဲရတာ ခက်တဲ့ အချက်ပေါ် မူတည်ပြီး ပြုလုပ်
ထားတဲ့ စနစ်ပေါ့

ဒီမှာ ပထမ အိုင်ပီ သိဖို့ လိုတာက primes number
သုဒ္ဓ ကိန်းတွေ အကြောင်း ပါပဲ

prime ဆိုတာ 1 နဲ့ သူကိုယ်တိုင်က လွဲ ရင်စားလို့
မပြတ်တဲ့ ကိန်း မဟုတ်လား ကိုပိုသွန်

ဟုတ်တယ် ကိုမြဝေ ဥပမာတွေက 3, 5, 7, 11,…… စသဖြင့်ပေါ့ ဗျာ 3   ကို  1 နဲ့ 3 ကလွဲရင်စားမရဘူး
တခြားဟာ တွေလည်း ထိုနည်း၎င်း ပေါ့

prime တွေဟာ ဘာလို့ အရေးကြီးလည်း ဆိုတော့
ဘယ်ကိန်းကို မဆို prime တွေ မြှောက်ခြင်းနဲ့ ပြုလုပ် ယူနိုင်တယ် တနည်းအား ဖြင့် ကိန်းတိုင်း
ကို ဆခွဲကိန်း ပြန်ခွဲရင် prime တွေ ပဲပြန်ရတယ်
ကို မြဝေ ဥပမာ 10= 3 × 5     , 8= 2×2×2
9=3×3  , 24= 2×2×2×3 စသဖြင့်ပေါ့

ဒီတော့ သုဒ္ဓကိန်းတွေ ဟာ မူလဘူတ ကိန်းတွေ
atom of numbers လို့ပြောလို့ရတယ် ကိုမြဝေ
ဥပမာ ရေ H₂O ဆိုတဲ့ဒြပ်ပေါင်း ကို H နှစ်လုံး O
တလုံး ဆိုတဲ့ atom ၃ လုံးနဲ့ တည်ဆောက်ထား
သလိုပေါ့ သူတို့ကိုကြ တော့ ထပ်ခွဲလို့ မရတော့
ဘူးပေါ့ ဗျာ ဒါ ကြောင့် စင်ကြယ်တယ် ဆိုပြီး
သုဒ္ဓ လို့ ခေါ်ဟန်တူပါတယ် prime ကတော့ မူလ
အစ အဦးဆိုတဲ့ အဓိပ္ပါယ် မျိုးပေါ့ ဒီတော့ ကိန်းတွေ
က အနန္တရှိပေမဲ့ သူတို့ကို ခွဲခြမ်းလိုက်ရင်တော့
ပရိုင်း တွေပဲကျန်ခဲ့မှာပေါ့ ဒါပေမဲ့လည်း ယူကလစ်
က ပရိုင်းတွေဟာ အနန္တရှိ တယ်လို့ သူရဲ့ယူကလစ်
ကျမ်းမှာ သက်သေပြခဲ့တယ်ဗျ

အင်း စိတ်ဝင်စားဖို့ကောင်းသဗျာ ဆက်ပါဦး

p နှင့် q က prime ဆို ရင် pq = N ဆိုပြီး ဆခွဲ
ကိန်း ခွဲလို့ရတဲ့ composite number N ကို
လွယ်လွယ်ရှာလို့ရတယ်ဗျ ကွန်ပြူတာမှာပေါ့
ဒါပေမဲ့ ကိုမြဝေ ကို N ပေးထားပြီး p နဲ့ q ကို ပြန်ရှာ
ခိုင်းရင် အရမ်းခက်တယ်ဗျ အရမ်းကြီးတဲ့ N ဆိုရင်
ဒါကိုအရမ်းကောင်းတဲ့ စူပါကွန်ပြူတာနဲ့တောင်
အကြာကြီးရှာရတယ် သူတို့ကို polynomial
time မှာ ရှာရလို့ P ပြသနာလို့ ခေါ်တယ်ဗျ

P ပြသနာ တွေက အရမ်းခက် ပေမဲ့ အဖြေရှိသေး
တယ်ပေါ့ဗျာ နောက်ပြသနာမျိုးကတော့ exponential time မှာ အဖြေရှာရလို့ ဒီပြသနာမျိုး
ကတော့ သူတို့ကိုဖြေရှင်း ဖို့ကြာချိန်ဟာ စကြာဝဠာ
သက်တမ်းထက်ကြာ လို့ တနည်း လူ မပြောနဲ့ ကွန်ပြူ
တာတောင် ရှင်းမရ တဲ့ပြသနာမျိုးတွေပေါ့ဗျာ

ခင်ဗျား တကယ် လို့ သင်္ချာ နဲ့ ပိုက်ဆံရှာချင်ရင်
ဒီပြသနာ ကိုရှင်းဗျ အမေရိကန်နိုင်ငံ Clay university မှာ ဒါကိုရှင်းနိုင်ရင် ဒေါ်လာ တသန်း
ပေးမယ်လို့ ဆိုထားတယ်ဗျ အဲဒါကတော့
P vs NP ပြသနာ ပါ ဆိုလိုတာက NP ပြသနာဟာ
P ပြသနာလိုပဲ ဖြေရှင်းရနိုင်လား မရနိုင်ဘူး လား
တူမလား မတူဘူးလား သက်သေပြဖို့ပါ

သြော် ဒါ ကခုထိ မသိသေးဘူးပေါ့ ကိုပိုင်သွန်

ဟုတ်တယ် ဒါပေမဲ့ ပညာရှင် အများစု ကတော့
မတူဘူးလို့ ယူဆ ကြတယ် တချို့ ကပြောတာတော့
P နဲ့ NP ဟာ မတူမှဖြစ်မယ် ပေါ့ ဘာလို့ ဆို သီချင်း
တပုဒ် ကောင်းမကောင်း ကို နား ထောင်တာ နဲ့ လူ
အများစုက သိတယ်လေ ဒါပေမဲ့ လူအများစု ကို
သီချင်းကောင်းကောင်း ရေးခိုင် ရင်တော့ မရေးတတ်ကြဘူးလေ ပါရမီ ရှင် ဆိုတာ one way
function သို့ one way computation တွင် ရှိ
နေ လို့သာ ရှိနိုင်တာမျိုးကိုး ခုပြောမဲ့ RSA ကလည်း
prime တွေပေးထားရင် N ရလွယ်ပေမဲ့ N ပေး
ထားရင် primes တွေပြန်ရဖို့ ခက်တဲ့ အနေ အထား
one way process ပေါ် မှီတည်နေရတာပေါ့ ကိုမြဝေ

အင်း ဒါတော့ စဉ်းစားဖို့ကောင်းတဲ့ပြသနာပေပဲ

အင်း နောက်တခု သိရ မှာ က Euler phi function
Φ(N) ပေါ့ ဒီ ဖန်ရှင်က N ကို ပေးထားရင် သူ့အောက်
မှာ relatively prime ဖြစ်တဲ့ကိန်းအရေအတွက်ကို
ရှာပေတယ် ပေါ့ဗျာ

ကိန်း ၂ ခု က relatively prime ဖြစ်တယ်ဆိုတာ
က သူတို့ နှစ်ဦလုံးကို စားလို့ပြတ်တဲ့ အကြီးဆုံး
ဂဏန်း gcd(greatest common devisor) က 1 ဖြစ်တာကိုပြောတာဗျ

ဥပမာ  4 နဲ့ 5 ဆို သူတို့ နှစ်ဦးလုံးကို ပြတ်တာ 1 ပဲ ရှိ
တယ် ဒါကြောင့် gcd(4,5)=1 ဒီလိုရေးပါတယ်

4 နဲ့ 6 ဆိုရင် စားလို့ပြတ်တဲ့ အကြီးဆုံးဂဏန်းက 2
ပေါ့ ဒီတော့ gcd(4,6) =2 ဒီလိုရေးပါတယ်

gcd 1 ရတဲ့ ကိန်း ၂ လုံး ကို relatively prime လို့ခေါ်တယ် 4 နှင့် 5 ဆို relatively prime ပေါ့ဗျာ

ဒီတော့ ဒါတွေပြောပြရတဲ့ အဓိက အကြောင်အရင်း
က ဟိုတခါပြောတဲ့ modular သင်္ချာ မှာ ခုလို

                  ed=1 (mod Φ(N))

ဆိုတဲ equation မှာ အဖြေရှိ ဖို့ ဆိုရင်

gcd(e,Φ(N))=1

ဖြစ်ဖို့လိုပါတယ် ဆိုလိုတာက   e နဲ့ Φ(N) သာ
relatively prime ဖြစ်ခဲ့ရင် e နဲ့ d မြှောက်ခြင်းဟာ
1  ရမှာ  တနည်း e ဟာ d ရဲ့ inverse ပါ

ဒီတော့ ကိုမြဝေ ဒါလောက်နားလည်ပြီဆိုရင် RSA
အကြောင်းပြောလို့ရပါပြီ

ဟုတ်ပြီကို ပိုင်သွန် ဆက်ပါဦး

တကယ်လို့ ကိုမြဝေ က အင်တာနက်ပေါ်က ကုန်
ပစ္စည်းတခုခု ရောင်းမဲ့ စီးပွားရေးသမား ဆိုပါစို့
ဝယ်သူတွေကအများကြီး သူတို့က ဝယ်ချင်ရင်
သူတို့ရဲ့ ဘဏ် အကောင့် ကိုပေးရမယ် ဒါကို
ကြားကဖြတ်ဖမ်းမိရင် အန္တရာယ်ရှိတယ် ဒီတော့
ဒါကို ဝှက်ဖို့ encrypt လုပ်ဖို့ လိုတယ် အရေးကြီးတာ
ကကိုမြဝေ က encryption key ကို လူတွေအများ
ကြီးသိအောင်ကြေငြာမယ် ဒါဆို ဝယ်တဲ့သူက အဲ့
key ကို သုံးပြီး ဝှက်မယ် ပြီးရင် ကိုမြဝေ ဆီပို့မယ်
ကြားကလူက ဖြတ်ဖမ်းရင် ဒါကို encryption key
ကြည့်ယုံနဲ့ မဖော်နိုင်ဘူး ဘာလို့ဆို ကိုမြဝေ ဆီမှာ
ပဲ decryption key ဖော်တဲ့သော့က ရှိတာပေါ့

၁:  ကိုမြဝေက အတော်ကြီးတဲ့ prime number နှစ်ခု p နဲ့ q ကို ရွေးလိုက်ပါ

၂: p နဲ့ q ကို မြှောက်ပြီး pq=N ကိုရှာပါ

၃: Φ(N) =Φ(pq)= (p-1)(q-1) ကိုရှာပါ ဒီ function
က N ပေးထားရင်ရှာဖို့ခက်ပါတယ် ဒါပေမဲ့ N က
prime ဖြစ်ရင်တော့ ခု formula နဲ့ရှာလို့လွယ်ပါ
တယ်

၎: ပြီးရင် 1< e <Φ(N) နဲ့ gcd(e,Φ(N))=1 ဖြစ်တဲ့ e ကို ရွေးပါ

၅: (e, N) ဒီကိန်း ၂ ခု က public key ပါ တနည်း
ကိုမြဝေ ဆီက ဝယ်မဲ့သူ ဘယ်သူမဆို ဒီနှစ်ခု သုံး
ပြီး သူတို့ bank account နံပါတ် ကို ဝှက်ရမှာပါ
ဝှက်နည်းက ဥပမာ အကောင့်က m ဆိုရင်

c = m^e (mod N) ပါ

e နဲ့ N ကိုသုံးပြီး m ကို c ပြောင်းပါ ပြီးရင်ကိုမြဝေဆီ
ပို့ပေါ့ ဒါဆိုကြားကဖြတ်ဖမ်းသူက m ကိုမသိနိုင်
တော့ဘူး c ကိုပဲရမယ်

၆: ကိုမြ ဝေ က
ed=1(mod Φ(N)) ကနေ d ကိုရှာပါ
d ဟာ eရဲ့ multiplicative inverse ပါ တနည်း
decryption key သော့ပေါ့ ဒါကို ကိုမြဝေက သိမ်း
ထားရမှာပါ

၇: ဝယ်သူ ဆီ က  c ရောက်လာတဲ့အခါ

     c^d=( m^e)^d = m^de=m^1=m

m ကို ရပါပြီ ဒီနည်းနဲ့ကြားက လူက မသိနိုင်ပဲ
ဝှက်စာ ပို့နိုင်ပါပြီ ကိုမြဝေ

အာားးးး တော်တော်တော့ ရှုပ်လဲရှုပ်တယ် စိတ်ဝင်စား ဖို့လဲကောင်းတယ် ကို ပိုင်သွန်
ဒါနဲ့ကြားက လူက N နဲ့ e ကနေ d ကိုမရှာ နိုင်ဘူးလား ကိုပိုင်သွန်

ရှာဖို့ခက်တယ် ကိုမြဝေ အဓိက ကတော့ အထက်က
ပြော ခဲ့သလိုပဲ N ကနေ p နဲ့ q ကို ခွဲဖို့က N သာ
အတော်ကြီးမယ် ဆို အရမ်းကြာမှာပါ p နဲ့ q ရမှ
Φ(N)=(p-1)(q-1) ကနေ Φ(N) ရမယ်
အဲ့ကနေ e နဲ့ d ကိုရှာနိုင်မှာပါ

ဒီတော့ RSA ရဲ့ လုံခြုံရေးဟာ N ကို p နဲ့ q အဖြစ်
uniquely ဆခွဲနိုင်တဲ့အပေါ်မူတည် တယ်
ကိုမြဝေ ဒါက လက်ရှိတော့ အဲ့ program(algorithm) ကို ရေးနိုင်တဲ့သူမရှိသေး
ဘူးပေါ့ ကိုမြဝေ ရေးနိုင်ခဲ့ရင် ဘဏ်တွေဖောက်ပြီး
ချမ်းသာပြီပေါ့ဗျာ ဟားဟားဟား

ဟား ဒါ ဆိုဒီပြသနာ က အတော်ကြီးတာပဲ ကိုပိုင်သွန်

ဟုတ်တာပေါ့ ကိုမြဝေ ဒါပေမဲ့ ဒါကိုလုပ်နိုင်ဖို့က လဲ
number theory မှာ တဖက်ကမ်းခတ်မှပါ ကိုမြဝေ

အင်း ဗဟုသုတ ရပါပေတယ် ဗျာ သိပ်နား မလည်
ပေမဲ့ အရေးကြီးပုံ number theory ရဲ့ အသုံးဝင်
ပုံကိုတော့ မှန်းမိပါတယ်ဗျာ

တခုပဲ ကျုပ်တို့နိုင်ငံသိပ်မတိုးတက်သေးတော့
e commerce တွေဘာတွေ မရှိသေးတော့
တယောက်ယောက် က ဒီလုံခြုံရေးကို ဖောက်
နိုင်ခဲ့ရင်လည်း စိုးရိမ်စရာတော့မရှိသေးပါဘူးဗျာ
ဒီလိုကြတော့လဲ ကျုပ်တို့ ခေါင်းဆောင်တွေရဲ့
အမြှော်အမြင်ကြီးမှု ကို ဝမ့်ဆွေ့ ဝမ့်ဆွေ့
ဝမ့်ဝမ့်ဆွေ့ပါ ဗျားးး  ………………………………

အင်စပတ်တာမြဝေ နှင့် ဆီဇာ ဆိုက်ဖာ

အင်စပတ်တာ မြဝေ နှင့် ဆီဇာ ဆိုက်ဖာ

တနေ့သ၌ ကျွန်ုပ် ဒေါက်တာ ပိုင်သွန်သည် မိတ်ဆွေ
ကြီး အင်စပက်တာ မြဝေ၏ အိမ်သို့ မရောက်တာ
ကြာသည်နှင့်အညီ ထွက်လာခဲ့လေ၏ လမ်းထိပ်သို့
ရောက်သောအခါ ဘောလုံးပွဲကြိုက်သော ကျွန်ုပ်
လည်း ဘောပွဲဂျာနယ် တစောင် ဝယ်ယူလေ၏
ထို့နောက် အချပ်ပို တောင်းရာ ဂျာနယ်သည် က မရောက်သေးကြောင်း ပြောသဖြင့် ကျွန်ုပ်လည်း
စိတ်ခုခုဖြင့် ဆက်လျှောက်ခဲ့လေသည် ထို့ နောက်
သုံးလွှာ ၌ရှိသော ကိုမြဝေ၏ တိုက်ခန်းရှိရာသို့
တက်ခဲ့ပြီးလျှင် တံခါးကို ခေါက်လေရာ

" ဝင်ခဲ့ပါ ကိုပိုင်သွန် တံခါးကစေ့ရုံ စေ့ထား တာပါ
ခင်းဗျား အတွက် ဘောလုံးပွဲ အချပ်ပိုလည်းရှိပါတယ်
ဘာမှ စိတ်ခုမနေပါနဲ့" ဟု ဆိုလေ၏

ကျွန်ုပ်လည်း ကိုမြဝေ စကားကြားလျင် အံ့သြခြင်း
အလျင်းမဖြစ်မိပဲ

" အိုင်ဆေး ကိုမြဝေ ခင်ဗျား CCTV တွေ အဝင်ဝမှာ တပ်ထားပြန်ပြီလား လမ်းထိပ်က ဂျာနယ်သမားကို
ကျုပ်လာရင် အချပ်ပို မရောင်းဖို့ ခင်ဗျား ပြောထား
တာကိုး စချင်ရင် နောက်တနည်းနဲ့ စဗျာ ဒါနဲ့ ခင်ဗျား
သတင်းစာထဲက ကြော်ငြာကို ဖတ်ပြီး ဒီအမှု ကို
လိုက်ဖို့စဉ်းစားနေတာမလား" ဟုဆိုလိုက်လေ၏

" ဟားဟား ဟုတ်ပ ကိုပိုင်သွန်ရာ  ခင်ဗျား
လည်း အတော်မျက်စိရှင်တဲ့ သူပဲဗျ မှင်နီနဲ့ ဝိုင်းထား
တာကိုလှမ်းမြင်သားပဲ  ဒီနေ့ ဒီသတင်းဖတ်ပြီးမှ
ကျုပ်ဆီလာဖို့ သတိရတယ် ဆိုတာ ကျုပ်ရဲရဲကြီး
အာမခံရဲတယ်ဗျ "ဟုဆိုလေသည်

ကျွန်ုပ် လည်းဝတ်လာသောကုတ်အင်္ကျီ ကိုချွတ်၍
တိုင်၌ ချိတ်ပြီးလျင် ဆိုဖာပေါ်၌ထိုင်လေသည်

စားပွဲပေါ်၌ ဖြန့်ထားသောအင်္ဂလိပ်လိုရေးထားသည့် မြန်မာ့အတင်း သတင်းစာကိုယူ၍ ဟန်ပါပါဖတ်လေလျင် မှင်နီဝိုင်းထားသော
သတင်းပုဒ်ကို အောက်ပါအတိုင်း တွေ့ရလေသည်

မောင်ပြင်းရှောင်သို့  တရစ်သိုးခုတ် မှ ပေးသော
ဥာဏ်စမ်း ပဟေဠိ ဝါသနာရှင်များ အဖြေညှိနိုင်သည်

ဖုန်းကွယ်နေသော စကားလုံးများကိုရှာပါ

zhzloomlyh
brxxqpdqqh
gfdufrqwdl
qlqmzbwdeo
hwvzhoophh
wdwcdbnded
ufrpsrxqgb
rxeulqjedf
nwhdnrquhw
xuq

ဟုဖြစ်လေသည်

အိုင်ဆေး ကိုမြဝေ ဒီကိစ္စ ဟာ တောင်ခြင်္သေ့နဂါးနိုင်
ဂိုဏ်း ကြီးနဲ့စပ်ဆက်မယ်လို့ ဘာလို့ထင်ရတာတုန်းဗျ

ဂလိုရှိတယ် ကိုပိုင်သွန် တရစ်သိုးခုတ်ဆိုတာ က ဒီ
ဂိုဏ်းရဲ့ ခေါင်းဆောင် လုကုန်ကူး ရဲ့  အမှောင်ကမ္ဘာ
ကနာမည်ပေါ့ဗျာ တပင်ပေသီး တို့ခေတ်ထဲက မြန်မာ
ပြည်ထဲမှာ ဝါးမျိုထိုးဖောက်ဖို့ ဖွဲ့စည်းထားတဲ့ ဂိုဏ်း
ကြီးပေါ့ဗျာ ခုသူတို့ က ဧရာမ အကြံအစည်တခုကို
ကြံနေတယ်လို့ သတင်းရထားတယ်ဗျ ဒီဟာ ကအပေါ်ယံကြည့်ရင်တော့ hidden word puzzle
တခုလို့ ထင်ရတယ် ဗျ အမှန်တော့ ဒါဟာ မြန်မာပြည်
ထဲက ဂိုဏ်းလက်ထောက်တယောက်စီ သူတို့ အစီအ
စဉ်ကို လှမ်း အကြောင်းကြားတာနေရမယ် ဗျ

အိုင်ဆေး ကိုမြဝေ ကျုပ်လည်းဂလိုထင်လို့ လာခဲ့တာ
ဗျ ဒီအချိန်မှာ ခင်ဗျား ကျုပ်အကူအညီကိုလို မှာပဲဆို
ပြီး မနက်စာမစား ပဲလာခဲ့တာဗျာ ဘီယာ လေးများရှိရင် ငါးကင်လေးနဲ့ လုပ်ပါဦး

"အမ် ဘာမှလဲဆိုင်ဘူး နို့ပေမယ် အိုင်ဆေး ကိုပိုင်သွန်ကြိုက်တတ်မှန်းသိလို့ ကျုပ်မှာထားပါတယ် ဗျာ လာလာ" ဟုဆိုလေလျင် ၂ ဦးသား ထမင်းစားခန်းသို့ပြောင်းလေ၏

ထို့နောက်တွင် စောစောစီးစီး မေားနင်းပတ်ရင်း

အိုင်ဆေး ကိုပိုင်သွန် ဒါ က cipher ဆိုရင် အဓိပ္ပါယ်
ဖော်ဖို့ လိုပြီ ဆိုတော့ ကာ cipher တွေရဲ့ သမိုင်းကြောင်း လေးလုပ်ပါဦးဗျ အချိန်ရပါသေးတယ်

ဒီလိုကိုမြဝေ စပါတာ ခေတ်ထဲက လူတွေ ကစစ်ရေး
နိုင်ငံရေး တွေမှာ စကားဝှက် တွေသုံးခဲ့ကြတယ်
ကိုယ့်အကြံစည်လူမသိအောင်ပေါ့ ဗျာ
ဂျူးလီယက်ဆီဇာ လက်ထက်ကြတော့ သူ့တပ်မ
တော်ကြီး ဆက်သွယ်ရာမှာ ဆီဇာ ဆိုက်ဖာ ကို
သုံးခဲ့တယ်ဗျ ဆီဇာ ဆိုက်ဖာ က shifted cipher
ပေါ့ဗျာ စကားလုံးတွေကို နေရာရွှေ့တာပေါ့ သူက
သုံးနေရာရွှေ့ခဲ့တာပေါ့

အင်းစိတ်ဝင်စားဖို့ကောင်းသဗျ ဆက်ပြောပါဦး

ဒါကိုသိဖို့ ဆိုရင် modular arithmetic ဆိုတဲ့
သင်္ချာကိုသိဖို့လိုတယ် ကိုမြဝေ

အဲဒါဘာတုန်းဗျ

နာရီတွေမှာ ၁၂ နာရီ ရှိတာလည်း မော်ဒြူလာ သင်္ချာ
ပဲပေါ့ဗျာ ကျွန်တော်တို့ ၁၅ နာရီ ဖြစ်သွားရင် ၃ နာရီ
လို့ ပြောတာဟာ မော်ဒြူလာ ပဲပေါ့ ၁၅ ကို ၁၂ နဲ့စား
ပြီး အကြွင်းယူတာပေါ့ ဗျာ ဒီတော့ ၃  ပေါ့
မော်ဒြူလာ သင်္ချာမှာ modulus ခေါ်တဲ့ limit
ဒီမှာဆိုရင်တော့ ၁၂ ပေါ့ဗျာ အဲဒါကိုကျော်ရင် ၀ ကနေတခါပြန်စတယ် ဒီတော့ ၀ က ၁၂ နဲ့ တူပြီး ၃ က ၁၅ နဲ့တူတယ် သင်္ချာနည်းနဲ့တော့ ဒီလိုရေးတယ်
ဗျ

0 = 12( mod 12)
3 = 15( mod12)

ဥပမာ ဗေဒင်တွေမှာသုံးတာဆိုရင် mod 7 ပေါ့ဗျာ
၇ ရက်သားသမီး ရှိတော့ ရှိသမျှလူတွေအားလုံးကို
၇အုပ်စု ခွဲပြီး ဟောစတမ်း ၇ မျိုးပေး တာပေါ့
coc လို game မျိုးမှာ barbarian တွေရဲ့ animation ကိုကြည့်လိုက် တကယ်တော့ ကျုပ်တို့
ငယ်ငယ် က  စာအုပ်ရဲ့ ထောင့်တိုင်းမှာ ပုံဆွဲ ပြီး
အမြန်လှန်လိုက်ရင် အသက်ဝင်သလို့ပေါ့ဗျာ
ဒီ barbarian လေးတွေက လည်း animation တခု ဆုံးတိုင်းအစ ကပြန်စတယ်ဗျ သူတို့အတွက်ဆွဲထား
တဲ့ image ဖိုင်တွေကို modular နည်းနဲ့ computer က run ပေးနေတာပေါ့

ဟာ တယ်ဟုတ်ပါလားဗျ ကျုပ်က coc ဆိုသိပ်ကြိုက်
တာ အမှု မလိုက်ရရင် goblin တွေထုတ်ပြီး ပတ်ခိုး
နေတာ ဗျ

ဟားဟား ယုံပါတယ်ဗျာ ခင်ဗျား တနေ့ ရာထူးတတ်
မယ့်လူပဲဗျ လူကြီးဖြစ်ဦးမှာ အာ့နဲ့ ဘယ်ရောက်
သွားပြီလဲ

ဟို မော်ဇီလာ ဆိုလား ဘာလား

မော်ဒြူလာပါဗျ shifted cipher မှာ modular
ဘာ လို့ ပါရလဲဆိုရင် language တွေကို ဆိုပါတော့
ဗျာ English ပေါ့ သူ့မှာ ၂၆ လုံးရှိတယ် ဒါကို A ကို
0  ပေး B ကို 1 ပေး    C ကို 3 ပေး……… Z ကို 25
ပေး ရင် modulus 26 ဆိုရင် ၂၆ လုံးမြောက်ဟာ
ဝ နဲ့တူတော့ A ပြန်ဖြစ်တာပေါ့ဗျာ ဒီတော့ shifted
cipher အရ ဂျူးလီယက်ဆီဇာ က A ဆို D
B ဆို E    Z ဆို C ပြောင်းတာကိုး Z ကျော်ရင် Aက
ပြန်စ ရမှာ ဒါကို လုပ်နိုင်တဲ့သင်္ချာက modular
arithmetic ပါပဲဗျာ

သင်္ချာနည်းအရတော့ ဆီဇာ ဆိုက်ဖာ ဟာ 3 ပေါင်းတာပေါ့ ဆိုပါတော့ P ဆိုတာက plaintext
ကိုယ်ပို့လိုတဲ့ message C ဆိုတာက ciphertext
စကားဝှက်ပြောင်းတာ langue က ၂၆ လုံးပါတဲ့
အင်္ဂလိပ် language သုံးမယ် ဆိုရင် ဒါကို

C = P + 3(mod 26) ဆိုတာ encryption စကားဝှက်လုပ်တာပေါ့ဗျာ ဥပမာ P က A =0 ဆိုတဲ့
စကားလုံး ဆိုရင် C က

C= 0+ 3(mod26) =0+ 3= 3 = D ပေါ့ဗျာ D က ၎
နေရာမြောက် မှာ သုညကစရေတော့ ၃ နေရာမြောက်မှာရှိလို့ပေါ့

ဒါကို decryption ပြန်ဖော်မယ်ဆိုရင်

P= C - 3(mod 26)

ပေါ့ ဥပမာ C က ခုနက D= 3 ဆိုရင်

P = 3- 3(mod 26).= 0 = A ပေါ့ဗျာ

ဒီတော့ ဒီဆိုက်ဖာ မှာ သော့ ချက် key က 3 ပါပဲ
ဒီ key သိရင် ဒီ ဟာ ကို ဖော်လို့ရပြီ ခင်ဗျားက
key ကို  5 သို့ 7 သို့ ကြိုက်တာကို 26 အောက်ကကြိုက်တဲ့ဂဏန်းကို
ထား လို့ရတယ်ဗျ

ဟားးးး အတော်စိတ်ဝင်စားဖို့ကောင်းတာပဲ ကိုပိုင်သွန် ဘီယာတိုက်ရကျိုးတော့ နပ်တယ်ဗျာ
ဒါနဲ့ ဆီဇာ ဆိုက်ဖာ တမျိုးထဲရှိတာလားဗျ

ဘယ်ဟုတ်ကမှာ တုန်း cryptography ဆိုတာ
အများကြီးပါပဲ ဆီဇာ ဆိုက်ဖာ ကအစောဆုံးတွေထဲက တခုပေါ့ဗျာ သူ့မှာ key
သိသွားရင်မလုံခြုံတော့ဘူး ခုခေတ်က ဒါတွေကို
ကျော်လွှားနိုင်ပါပြီ ခင်ဗျား message တခုကို
ဖုန်းနဲ့ပို့တိုင်း ဖုန်း က security system က
cipher text အနေနဲ့ပို့တာပေါ့ ၂ ဖက်လုံးက
key  လိုတယ် ပို့သူကော လက်ခံသူကော same
key ရှိမှ ဒီတော့ Key ကိုပို့တဲ့ ပြသနာ ပေါ်လာကောဗျ ဒါကို key distribution problem
လို့ခေါ်တယ်

အား စိတ်ဝင်စားဖို့ကောင်းပါ့ဗျာ

ဒါပေါ့ ကိုမြဝေ ဒီနောက်က သင်္ချာတွေနဲ့လက်ရှိ
အင်တာနက်မှာ သုံးတဲ့ နောက်က RSA လို
public key cryptosystem တွေအကြောင်း
နောက်မှပဲကြုံရင်ပြောတော့မယ်ဗျာ ခုတော့
ဒါကို စကားဝှက်ဖော်ကြဦးဆို့

ထို့နောက် ၂ ဦးသား မည်သို့မည်ပုံပြုလုပ်လိုက်
သည်မသိ cipher ပေါ်သွားလေရာ၎င်း မှာ

"we will give you unmanned car containing
wy tablets. we'll meet at zaykabar compound. you bring back teak on return."

အင် အိုင်ဆေး ကို ပိုင်သွန် ဒါကို မြန်မာလိုပြန်တော့
" မင်းဆီကို wy တွေပါတဲ့ မောင်းသူမဲ့ကားပို့လိုက်
တယ် ဇေကမ္ဘာ ဝင်းမှာဆုံမယ် အပြန်မှာ ကျွန်းသစ်
တွေ တင်ပေးလိုက်ပါ"

ဟာ မဖြစ်ချေဘူး အိုင်ဆေး ကိုပိုင်သွန် ကျုပ်တို့
အချိန်မှီလက်ရ ဖမ်းမှရမယ် သွားဆို့

ဟုဆိုကာ အင်စပတ်တာ မြဝေ သည် M1911 A1
ပစ္စတိုကို ခါးတွင်ထည့်ကာ ကျွန်ုပ်လည်း ကုတ်
အင်္ကျီ ယူ၍ ၂ ယောက်သား ကသုတ်ကယက်
ထွက်လာခဲ့ကြလေသည်………………………

                                                     Python