Friday, October 9, 2015

သွေးလွန်တုပ်ကွေးနှင့် ADE

သွေးလွန်တုပ်ကွေး နှင့် ADE

သွေးလွန်တုပ်ကွေး ရာသီ မို့ သွေးလွန် တုပ်ကွေး case များ ကို မကြာခဏ တွေ့ နေ ရပါသည်
သွေး လွန်တုပ်ကွး ကို dengue fever ဟု ခေါ်ပြီး
dengue virus ဒန့်ဂ် ဗိုင်းရပ်စ် ကြောင့် ဖြစ်ပါသည်
အတိုကောက် DENV ဟု ၎င်း ပိုး ကို ခေါ်ပါသည်
ယင်း ပိုး မှာ မျိုးကွဲ ငါးမျိုးရှိပြီး ၂၀၁၃ ခု နှစ် ကမှ
ပဉ္စမ မြောက်ပိုး ကို တွေ့ရှိခဲ့ပါသည်

ပထမ ၄ မျိုးကို DENV 1 ,DENV 2 , DENV 3 ,
DENV 4 စသဖြင့် ခေါ်ပါသည် သွေးလွန်း တုပ်ကွေး
မှာ ရောဂါ အနေအထား ရိုးရိုး ဖျား သည် မှ သွေး ယို
ခြင်း ရှော့ ရခြင်း ကိုယ်တွင်း အင်္ဂါ စုံ လုပ်ငန်းရပ်ဆိုင်း
ခြင်း စသဖြင့် ပြင်းထန် ဖျားနား မှု များလည်းရှိပါ သည် WHO က သွေးလွန်တုပ်ကွေးကို ရိုးရိုး နှင့် ပြင်း
ထန် ဖျားနာ ဆိုပြီး ၂ မျိုး ခွဲထားပါ သည်ဒီ နှစ် မျိုး ၏
ရလာဒ် မှာလည်း အတော်ကွဲပြားပြီး တချို့ အသက်
သေ သည်ထိ ဖြစ်ပါသည်

reasonable question မှာ အဘယ့်ကြောင့် တချို့
တွင် ရိုးရိုး ဖျား(dengue fever ) ပြီး တခြားသူများ
တွင် သေလောက်အောင် ပြင်းထန် ဖျား သလဲ
( DHF ,DSS ) ဆိုသော မေးခွန်းဖြစ်ပါသည်
ကျူဘားတွင်ဖြစ်သော သွေးလွန်တုပ်ကွေး ကူးစပ်
ရောဂါ ကပ် နှစ်ခု ဖြစ်ပြီးနောက် တွေ့ရှိရသော သုတေ သန ရလာဒ် များအရ သွေးယို ရှော့ ရလောက်အောင် ပြင်းထန်သော တုပ်ကွေးမှာ ဤတုပ်ကွေး ပထမ အကြိမ် ဖြစ်သောသူ များတွင်
ဖြစ်လေ့ မရှိပဲ ဒုတိယ အကြိမ် ဖြစ်သောသူများတွင်
သာ ပြင်းထန် ကြောင်း တွေ့ရ ပါသည်

DENV 1 ဖြင့် ကျူးဘားတွင် ပထမ အကြိမ် ကပ်သင့်
သော သူများမှာ သူတို့၏ ကိုယ်ထဲတွင် ပဋိ ပစ္စည်း
Anti DENV 1 ပေါ်လာပါသည် ပဋိ ပစ္စည်း မှာ ဗိုင်း
ရပ်မျက်နှာ ပြင် မှ antigen( အန်တီဂျင်) ခေါ် မော်
လီကျူးများ အတွက် ကွက်တိ ပေါင်းစပ်နိုင်အောင်
ပြုလုပ်ထားသော မော်လီကျုးများဖြစ်ပြီး B cell
ဟုခေါ်သော သွေးဖြူ ဥ အမျိုးအစား က ကိုယ်တွင်း
သို့ ပိုးဝင်လျင် ထုတ်ပေးပါသည် ပြသနာ မှာ ကျူ
ဘား ၌ နောက်တကြိမ် သွေးလွန်တုပ်ကွေးဖြစ်သော
အခါ ပိုးမှာ DENV 2 ဖြစ်ပါသည် သွေးလွန်တုပ်ကွေး
ပိုးပင်ဖြစ်သော်လည်း ၎င်းတို့ မှာ အနည်းငယ် ကွဲပါ
သည် ဤသည်ကို serotype မတူ ဟု ခေါ်ပါသည်
DENV 2 ပိုး ၏ မျက်နှာပြင် ရှိ အန်တီဂျင် မှာ DENV 1 နှင့် မတူသော်လည်း အတော် ဆင်ပါသည် ထိုအခါ
သွေးဖြူ ဥ B cell သည် ဆင်တူသည် ဟု ထင်ကာ
Anti DENV 1 ကို ထုတ်လွှတ်ပါသည် ပိုမို ပြည့်စုံသော Anti DENV 2 ကို မထုတ်ပဲ ရှိပြီးသား
ကိုသာထုတ်ခြင်း ဖြစ်သည်

ရလာဒ် မှာ Anti DENV 1 သည် DENV 2 ပိုး၏
Antigen ကို ပေါင်းနိုင်သော်လည်း အာနိသင်ပျယ်
အောင် (neutralised ) မလုပ်နိုင်ပါ ထို အခါ
ကိုယ်တွင်းရှိ macrophage
( မက်ခရို ဖာ့ဂ်ျ ) ခေါ် သော ဗိုင်းရပ် ကို ဝါးမျို ၍
ခြေမှုန်းသော သုတ်သင်ရေး ကလာပ်စည်း များ
က DENV 2 ဗိုင်းရပ် ကို ၎င်း၏ ကလာပ်စည်း(cell)
တွင်းသို့ ဆွဲသွင်း ဝါးမြို နိုင်သော်လည်း ဖျက်ဆီးနိုင်
ခြင်း မရှိတော့ ပါ ထို အခါ သာမန်အားဖြင့် သွေးလွန်
တုပ်ကွေးပိုး များအတွက် သေမင်းခံတွင်းဖြစ်သော
မက်ခရို ဖာ့ဂ်ျ များမှာ ယခု အခါ ဗိုင်းရပ် အတွက်
ပိုးကောင်ရေ ပွားများရာ နေရာတခုဖြစ်လာ ပြီး
ကောင်ရေ ဆယ်ဆ ကျော် ထိ များပြားလာပါ သည်
ဤသို့ serotype မတူသော antibody များကို
အသုံးချ၍ ဗိုင်းရပ် ၏ ရှင်သန်မှု ကို ပို ကောင်းစေ
သည့်ဖြစ်စ ဉ် ကို antibody dependent enhancement (ADE) ဟု ခေါ်ပါသည်
၎င်း ဖြစ်စဉ် ကြောင့် လူနာ၏ကိုယ်တွင်း တွင် ဗိုင်း
ရပ်ပိုးပိုများပြီး ရှော့ ရခြင်း သွေးယိုခြင်း DIC ဝင်
ခြင်းစသဖြင့် ရောဂါ ပိုပြင်းထန်ပါသည်

ဤဖြစ် စဉ် ကို 1970 ကျော် ထဲ က ခန့်မှန်းခဲ့သော်
လည်း မကြာသေးခင်က မှ ပိုမို တိကျသော အထောက် အထားများကို ရှိခဲ့ ခြင်းဖြစ်ပါသည်
၎င်း ၏ chemical pathway အားလုံး ကို အတိအကျ မသိသေးသော်လည်း မကြာခင်တွေ့ရှိ
နိုင်မည် ဟုယူဆထားပြီး သွေးလွန်တုပ်ကွေး ကာ
ကွယ်ဆေး ထုတ်လုပ်ရန်အတွက် အရေးကြီးပါသည်

အချို့သော တနှစ်အောက် ကလေးများတွင်လည်း
ပထမ အကြိမ်ဖြစ်ရုံနှင့် ပြင်းထန်တတ်ပြီး ၎င်း မှာ
မိခင် ဆီမှ ကလေး သို့ ကိုယ်ဝန်ဆောင်စဉ်ကာလ က
လွှဲပြောင်းပေးခဲ့ သော ပဋိပစ္စည်း များကြောင့် ဖြစ်ပါ
သည်

သွေးလွန်တုပ်ကွေးပိုးမှာ ခြင်မှတဆင့် ကူးဆက်ပြီး
ခြင်ကိုက်မခံရန် ခြင်ပေါက်ဖွားသောနေရာများ ကို
ရှင်း လင်းရန် အရေးကြီးပါသည်

ADE အရ ဒုတိယ အကြိမ် serotype မတူသော
ပိုးကြောင့် ဖြစ်ပါက ပိုမိုပြင်းထန်နိုင်ကြောင်း တင်ပြ
အပ်ပါသည်

အောက်က ပထမ ပုံမှာ ADE ဖြစ် စဉ် ကို ရှင်းပြထား
ပုံဖြစ်ပြီး

ဒုတိယ ပုံမှာ သွေးလွန်တုပ်ကွေး သယ်ဆောင်သော Aedes Aegypti ခြင် ပုံဖြစ်သည်

Thursday, September 24, 2015

Riemannian manifold

Riemannian manifold

Euclid ယူကလစ်ဟာ BC 300 စုမှာ ပေါ်ခဲ့တဲ့ သူပါ
သူက သူ့ အရင် ပိုင်သာဂိုရပ်စ် အပါအဝင် သင်္ချာ
ကျော် တွေရဲ့  လုပ်အားကို စုစည်းပြီး elements
ကျမ်းကိုရေးခဲ့ ပါတယ် အိုင်းစတိုင်း ရဲ့ ငယ်ဘဝ မှာ
ရူပဗေဒ genius တယောက်ဖြစ်အောင် အစပျိုးပေး
ခဲ့တဲ့ စာအုပ်ပါ Elements မှာ ယူကလစ် ဟာ
postulate ငါး ခု ကို ဦးစွာရေးခဲ့ပြီး ကျန်တဲ့ သီအို
ရမ်တွေနဲ့ သက်သေပြချက်တွေက ဒီ ငါးခုကနေ
logically follow ရုတ္တိ ကျစွာ လိုက်ပါ လာကြ
တာပါ ဒီ  ၅ ခု အနက် ၅ ခုမြောက် postulate
က ထင်ရှားပါတယ်

   " မျဉ်းပြတ် တကြောင်း က မျဉ်း ၂ ကြောင်း ကို
ဖြတ်ခဲ့ ရင်မျဉ်းပြတ်ရဲ့ တဖတ်ခြမ်း မှာ ထောင့် ၂
ခုဖြစ်ပေါ်ပါတယ် ဒီထောင့် ၂ ခုရဲ့ပေါင်း လာဒ် က
၉၀° ထက် နည်း ခဲ့ရင် ဒီမျဉ်း ၂ ကြောင်း ဟာ
အဲ့ဘက်ခြမ်းမှာ တချိန်မှာ ဆုံမယ် "

ဒီ ပေါ့စကျူလိတ် ဟာ အမြဲတမ်း မှန်သလား ဆို
တာကို သင်္ချာပညာရှင်တွေက သံသယဝင် နေခဲ့ကြ
ပါတယ် ဒီအဆိုမှန်တဲ့ မျက်နှာပြင် ကို ယူကလေဒီ
ယမ် မျက်နှာပြင်လို့ခေါ်ပြီး လေ့လာတဲ့ geometry
ကို Euclidean geometry လို့ ခေါ်ပါတယ်
ဒါမမှန်တဲ့  geometry ကိုတော့ non Euclidean
geometry လို့ခေါ်ပါတယ်

fifth postulate မှန်တဲ့ မျက်နှာ ပြင် ဟာ ပြားပြီး
မမှန်တဲ့ မျက်နှာပြင်တွေက ကွေးပါတယ် ကွေးရာ
မှာ ၂ မျိုးရှိပြီး အပေါင်းကွေးနဲ့ အနှုတ်ကွေးပါ
အပေါင်းကွေး ဟာ ဥပမာ အားဖြင့် ကမ္ဘာ ပါ ကမ္ဘာ
ဟာ လုံးပြီး အပေါင်းကွေး ကွေးပါတယ်
အနှုတ်ကွေး ကတော့ သိပ်မမြင်သာ ပါဘူး အနှုတ်
ကွေးတွေရဲ့ sufficiently small region ဟာ
မြင်းကုန်းနှီး ပုံနဲ့တူပါတယ်

curved surface တွေကို စလေ့လာခဲ့တာ ကတော့
Gauss ဂေါ့စ်ပါ မျဉ်းကွေးတခု ရဲ့ အမှတ်တနေရာ
မှာ သူ့ရဲ့ကွေးကောက်မှု တန်ဖိုး ကို ဂေါ့စ် က
kissing circle( Osculating circle) အနမ်းစက်ဝိုင်း နဲ့ ရှာဖွေခဲ့ပါတယ်
အဲ့အမှတ်မှာ ထိနေတဲ့ စက်ဝိုင်းတခုကို ဆွဲပါတယ်
ဒီစက်ဝိုင်း ရဲ့ အရွယ် အစား ကို အချင်းဝက် r နဲ့တိုင်းပါတယ် စက်ဝိုင်းကြီးရင် သိပ်မကွေးဘူးပေါ့
kissing circle အရမ်းသေးရင် အဲနေရာ မှာ မျဉ်း
ဟာ အရမ်းကွေးတယ်ပေါ့ ဒီတော့

                      K = 1/r

                     K = curvature
                     r= radius of curvature

ပါ 2 dimension အတွက်ကတော့

                     K= 1/r . 1/r = 1/r²

ပါ ဒါကို Gaussian curvature လို့ ခေါ်ပါတယ်Gaussian curvature ဂေါ့စ် အကွေးဟာ Extrinsic curvature အမျိုးအစားပါ
( မှတ်ချက် အမှန်တော့ Theorema Egrigium
ဆိုတာရှိပါတယ် ဒါလည်းဂေါ့စ်ရဲ့ နာမည်ကျော်
သီအိုရမ်ဖြစ်ပြီး ဒါအရတော့ Gaussian curvature
ဟာ Intrinsic ပါတဲ့)
ဘာဖြစ်လို့ လဲဆိုတော့ အကွေးကို တိုင်းမဲ့ သူဟာ တိုင်းမဲ့ မျက်နှာပြင်ရဲ့အပြင်မှာရှိမှ kissing circle ကို
သုံးပြီး တိုင်း နိုင်ပါတယ် ဒါပေမဲ့ တချို့သော မျက်
နှာပြင်တွေ က တိုင်းတာမဲ့သူကို ပြင်ပ ထွက်ခွာ
ခွင့် ပေးမထားပါဘူး ဥပမာ ကမ္ဘာ ကြီး ဖြစ်ပါတယ်
ကမ္ဘာကြီးရဲ့ကွေးကောက်မှုကို တိုင်းမဲ့ လူသားက
ကမ္ဘာ့ မျက်နှာပြင်က ခွာမရပါဘူး ဒီတော့
Intrinsic curvature ခေါ် တဲ့ မျက်နှာပြင် ပေါ်က
ဝါ အတွင်း ကတိုင်း နည်းလိုပါတယ် ဒီနည်း ကို
တွေ့ခဲ့သူကတော့ ရီးမင်း ပါ ရီးမင်း ဟာ Riemann
curvature tensor ကို တွေ့ရှိခဲ့ပြီး ဒါဟာ2 ဒိုင်မင်း
ရှင် ထက်ပိုတဲ့ ဒိုင်မင်းရှင်းရှိတဲ့ မျက်နှာပြင်တိုင်း
ရဲ့ ကွေးမှု ကို မျက်နှာပြင်ပေါ်က မခွာပဲတိုင်းနိုင်တဲ့
နည်းပါ ဒီလိုလေ့လာ တဲ့ geometry ကို Riemannian geometry လို့ ခေါ်ပြီး အပေါင်းကွေး
ရှိပါတယ် ကမ္ဘာ လို စက်လုံးမျိုး ဟာ အပေါင်းကွေး
ကွေးနေတဲ့ Riemannian manifold ပါပဲ ရီးမင်း
ဟာ အိုင်းစတိုင်းထက် နှစ်တရာစော ပြီး ဒီသင်္ချာကိုထွင်ခဲ့ပါတယ် အိုင်းစတိုင်းရဲ့ general
relativity ဟာ ဒီသင်္ချာကို အသုံးပြုထားတာပါ

                                          python

သင်္ချာနဲ့ interlude

သင်္ချာနဲ့ Interlude

Interlude ကတော့ ခဏနားတဲ့ အချိန်လေးပေါ့
သင်္ချာ ကို 0 နဲ့ 1 ကစ ပြီး ဖြစ်ပေါ်လာ ပုံ ကို ရေး
ခဲ့ပါတယ် ခု ခဏ နားပြီး ဒါတွေ ဘာလို့ လေ့လာ
နေရတာလဲ ? ဆို တဲ့ မေးခွန်း ကို ဖြေကြည့်ရအောင်ပါ ဒါတွေ သိတော့ ဘာလုပ်ဖို့ လဲ
ဆိုတာမျိုးပေါ့ ဒါမျိုးဆန်ဆန် မေးခွန်း တခု တော့
ရှိတယ် ပရီးမီးယားလိဂ် ကဘောလုံးပွဲ တွေ ဘာလို့ကြည့်နေတာလဲ ? အူစိန်ဘော့ ၉ စက္ကန့်
အောက်ပြေးတာကိုကော ဘာလို့ လုပ်နေတာလဲ?
နောက်ဆုံးတော့ ဒါတွေလဲ ဘာမှ မဟုတ်ဘူး မဟုတ်
ပါလား တကယ် က ဟုတ်တာ တခုတော့ ရှိပါ တယ်
ဒါ က လူတွေရဲ့  အဆုံးစွန်း ကန့်သတ်ချက်limit  တွေ စံချိန်တွေ အတွက်ပါ ဒါတွေကို ရှာဖွေနေတာပါ
သင်္ချာမှာတော့ ဒီစံချိန်က intellectual limit ပါ
အားကစားမှာကတော့ physical limit ပေါ့

ဒါတွေကိုရှာဖွေရတာ ပဲဖြစ်ဖြစ် ရှာဖွေတာကို ကြည့်ရှု
တာပဲဖြစ်ဖြစ် ရင်သပ်ရှု မော ရှိလှပါတယ် ဒါတွေ လုပ်
လို့ ဘာတွေများဖြစ်သွားမလဲလို့လဲ မေးနိုင်ပါသေး
တယ် ဘောလုံးကန်တာဟာ ဘောလုံး ကို ကန်တာ
တခုထက်ပိုပါတယ် ခုလို million dollar စီးပွားရေး
မှာ ဆိုရင်  icon image စိတ်ပိုင်း ရင့်ကျက်မှု အဖွဲ့
အစည်း စိတ်ထား အောင်မြင်မှု strategy စသဖြင့်
တိုးတက်လာနိုင်တဲ့ အရာတွေအများကြီးပါ
ဒီလိုပါပဲ သင်္ချာ မှာ ကိန်းတွေ relation တွေနဲ့ ပြီးသွား မှာ မဟုတ်ပါဘူး အသိဥာဏ် ကိစ္စဖြစ်တဲ့ သင်္ချာ မှာ တတ်မြောက်လာတာနဲ့ အမျှ critical
thinking ခေါ်တဲ့ ကျိုးကြောင်းကျ တွေးခေါ်တက်မှု
ဟာ ဖွံ့ဖြိုးလာ ပါတယ် မှန်ကန်တဲ့ မေးခွန်း ကို မေး
တတ်လာသလို မှန်ကန်တဲ့ အဖြေကို ရှာဖွေတတ်လာ
ပါတယ် သင်္ချာတတ်တယ်ဆိုတာ စိတ်က အမှန်မြင်
တတ်လာတာပါပဲ တနည်း သမ္ပါ သင်္ကပ္ပ ပေါ့ ဗျာ

dictatorship အာဏာရှင်တွေအုပ်စိုးရာ တိုင်းပြည်
တွေမှာ ကျောင်းတွေမှာ သင်္ချာ ကို လျော့ပေါ့ သင်
ကြားကြတယ်လို့  သူတို့ဆီက ပညာရှင်တွေက ဆိုပါတယ် သူတို့ကို ဝေဖန်မဲ့ critical thinking
ကိုကြောက်တာကိုး ဒီတော့ သင်္ချာ ဟာ တိုးတက်တဲ့
တိုင်းပြည်တွေအဖို့တော့ အားပေးရာနေရာပါ
သင်္ချာဟာ ပျင်းဖို့ကောင်းတဲ့ ဖော်မြူလာတွေကို
အလွတ်ကျက်ခြင်း မဟုတ်ပါဘူး သင်္ချာ ဟာ
calculation ခေါ်တဲ့ တွက်ချက်ခြင်းလည်း မဟုတ်
ပါဘူး စနစ်တကျ အဖြေထွက်အောင် reasoning
ပြုလုပ်ခြင်း နဲ့ သဘာ ဝရဲ့ သဘာဝ ကို သိ အောင်
ဖတ်ခြင်းပါ ဒီပို့စ် တွေရေးနေပေ မဲ့ ကျွန်တော်လည်း
သင်္ချာပညာရှင်မဟုတ်ပါဘူး တကယ်တော့ သင်္ချာ
နဲ့အသက်မွေးဖို့ သင်္ချာပညာရှင် လုပ်ဖို့ဆို နားလည်
ယုံနဲ့ မရပါဘူး theorem အသစ်တွေကို သက်သေပြ
နိုင်မှပါ  ဒီတော့ သင်္ချာလုပ်မစား တဲ့ ကျွန်တော် တို့
လိုလူတွေက ဘာလို့ လေ့လာ မှာလည်း ဒါက မင်း
ဘောလုံးသမား မဟုတ်ပဲ ဘာလို့ ဘောပွဲကြည့်နေ
သလဲလို့ မေးသလိုပါ လိုရင်းက သက်သေပြဖို့ ထက်
ကျွန်တော်တို့ ရဲ့critical thinking တွေတက်လာဖို့
သဘာဝ ကို လူဖြစ်တုန်း လေး နားလည် သွားဖို့
နောက်ဆုံး ကုန်ကုန်ပြော ရရင် သူများလိမ်တာ မခံ
ရဖို့ပါ မြန်မာပြည်မှာ က အလိမ်အညာတွေ များတော့
လည်း  အလိမ် မခံရ ဖို့ ဒါ လိုပါတယ်လို့

မှတ်ချက် ပြီးရင်တော့ manifold တွေအကြောင်း
လောက ကို သင်္ချာသမား ရူပဗေဒသမား တွေ ဘယ်
လိုမြင်လည်းကို ရေးပါမည်

manifold ရဲ့ အစ

manifold ရဲ့ အစ

BC 600 စုမှာ သင်္ချာ လော က မှာ အရေးကြီး ဆုံး
တွေ့ရှိမှု တခု ကို ပိုင်သဂိုရပ်စ် ကတွေ့ခဲ့ပါတယ်
သူက လောက ကို သင်္ချာ အားဖြင့် ဖွဲ့စည်း ထား
ပြီး သင်္ချာ အားဖြင့် နားလည်နိုင်တယ်လို ယူ ဆ
ခဲ့ တဲ့ သူပါ သူရဲ့ တွေ့ရှိမှု က ထောင့်မှန်တြိ ဂံ တွေရဲ့
အရည် အချင်း ကို ပြောပြတဲ့ Pythagoras theorem ပါ

           c² = a² + b² 

ပါ စတုရန်း တခု ကို စတုရန်း ၂ ခု ထပ် ခွဲ နိုင်တယ်
လို့ ယူဆနိုင်သလို တြိဂံ တခုရဲ့ ထောင့်မှန်ခံ အနား
ကို လိုချင်ရင် ကျန်အနား နှစ်ခု သိရင် ရတယ် လို့
လဲပြောနိုင် ပါတယ် ဒီသီအိုရမ် က 2 dimension
( စာရွက်ပေါ်မှာ တြိဂံ ကို ဆွဲနိုင်ပြီး စာရွက် မှာ အလျား နဲ့ အနံ ၂ ခု ရှိတဲ့ အတွက် ဒိုင်မင်းရှင်း ၂ ခု
ပါ) မှာရေးထားတာပါ 3 dimension အတွက်ဆို

          s² = a² + b² + c²

n dimension ( ဆိုလိုတာက n နေရာ မှာသင်
ကြိုက်ရာ integer ထည့်လို့ ရပါတယ်) အတွက်ဆို

s² = a²₁  + a²₂ + a²₃ +…………+  a²(subscript n)

ပါ ဒီတော့ ပထမ အချက်အနေနဲ့ ဒီသီအို ရမ် ဟာ
geometry ပစ္စည်း( ဒီ မှာတော့ တြိဂံပေါ့) ကို
algebra နဲ့ ရေးပြနိုင်တာပါ ပြောရရင် တြိဂံဆိုတဲ့
ပုံ သဏ္ဍာ တခု shape တခု မျက်နှာပြင် တခု ကို
abstract ဆန်တဲ့ algebra နည်း သီးသန့် ကို သုံးပြီး
ရေးပြနိုင်တာပါ
နောက်တချက်ကတော့ generalised Pythagoras theorem ဟာ ဘယ်ဒိုင်မင်းရှင်း မှာ
ဖြစ်ဖြစ် ( 0 နဲ့ 1 တော့မပါ)အသုံးပြုနိုင်တာပါ

လောက ဟာ သူ့သဘော သူဆောင်ပြီး ဖြစ်နေတာပါ
စကြာဝဠာ ဟာ ကျွန်တော်တို့ ရှိမလာ ခင်ကတင်
big bang ပေါက်ကွဲ မှုနဲ့အတူ သေးရာက ကြီးလာပါ
တယ် စကြာဝဠာ အတွက်တော့ အတိုင်းအတာ မလိုပါဘူး မတိုင်းတာ လည်း big bang ကတော့
ပေါက်ကွဲမှာပါပဲ universe က expand ဖြစ်မှာ ပါပဲ

တိုင်းတာ မှုဟာ စကြာဝဠာ အကြောင်း စူးစမ်းချင်တဲ့
ကျွန်တော်တို့ လူသား တွေ ရှိလာ လို့  လိုအပ်လာ
တာပါ  0 dimension ဟာ အမှတ်စက်ဖြစ်တဲ့ အတွက် ဒီမှာ တိုင်းတာစရာ မလိုပါဘူး
1 dimension ဟာ line တခု ဖြစ်ပြီး သူ့ ကို တိုင်း
ရာ မှာ natural အဖြစ် ဆုံးက real number ပါ
သူ့အတွက် ထူးထူး ခြားခြား formula မလိုပါဘူး

ဒါပေမဲ့ 2 dimension နဲ့ အထက် အတွက်တော့
တိုင်းတာ ဖို့ရာ formula တခုလိုအပ်လာပါပြီ
ကျွန်တော်တို့လောက ရဲ့ space ဟာ 3 dimension ရှိပါ တယ် ဒီမှာ တိုင်းတာမဲ့ ပစ္စည်း ဥပမာ တုတ်ချောင်း တခု ဆိုပါစို့ သူ့မှာ အလျားတင် မက
ရည်ညွှန်းရာ လဲ လိုအပ် ပါ တယ် စကြာဝဠာ မှာ
တုတ်ချောင်း တခု ပဲရှိမယ် ဆို ရင် direction ဟာ
အရေးမပါပေမဲ့ အရာ ဝတ္ထု ပေါင်းများစွာရှိတဲ့
စကြာဝဠာ မှာ direction ဟာ လိုကိုလိုပါတယ်
ဒီတော့ direction ကို ဘယ်လိုတိုင်း မလဲ အဓိက
ကတော့ reference direction တခု လိုတာပါပဲ
မနက်ဖြန်မနက်ကြရင် ရွှေတဂုံ ဘုရားတောင် ဘက်
မုဒ် မှာတွေ့မယ် ဒီစကား မှာ ရွှေတိဂုံ ဘုရား ဟာ
reference ဖြစ်ပြီး တောင်ဘက်က ဒါပေါ်မှာ တည် မှီ
လာတဲ့ direction ပါ တကယ်လို့ happy world ကို
သာ reference လုပ်ရင် စောစောက နေရာဟာ တောင် ဘက်ဖြစ်ချင်မှ ဖြစ်တော့ မယ်ပေါ့

ဒီတော့ ပထမ ဆုံး reference system ကို စပေး
တာက Descartes  ဒေးကားပါ သူက real number system ၂ ခု ကို ထောင့် မှန် ကျ တည်
ဆောက်ပေးလိုက်တယ် ရေပြင်ညီ လိုင်း ကို x
ဒေါင်လိုက် လိုင်း ကို y လို့ပေးလိုက်တယ် 0 အမှတ်မှာ လိုင်း ၂ ခု ဆုံ တယ် လိုင်း ၂ ခုထောင့်မှန်ကျပြီးဆုံတယ် ဒါကို reference
ထားတယ်ပေါ့ ဒီစနစ်ကို ဒေးကား ကို ဂုဏ်ပြု ပြီး
Cartesian coordinate ကားတက်စီယံ ကိုသြ ဒီနိတ်လို့ ခေါ်ပါတယ် ကိုသြ ဒီနိတ် မျိုးစုံရှိပါတယ်
ဒါပေမဲ့ အားလုံးဟာ reference တွေကြီးပါပဲ ဘယ်
စနစ် ကမှ မရှိမဖြစ် မဟုတ်ပါဘူး တခု ချင်းစီက
အခြေအနေပေါ်မူတည်ပြီးသုံး ရအဆင်ပြေတာ
မပြေတာပဲကွာပါတယ် ဥပမာ သာမန် အချိန် မြို့
ထဲက တနေရာမှာချိန်း ဖို့ Cartesian က ကောင်း
ပေမဲ့ ကမ္ဘာ့ မြေပုံ သုံးရင်တော့ polar coordinate
က ပိုကောင်းပါတယ် အရေးကြီး တာ ကိုသြဒီနိတ်
တွေဟာ တခု ကတခု ပြောင်းလို့ရ ရပါမယ်

ကိုသြဒီနိတ် ရှိလာပြီ ဆိုတော့ သိပ္ပံ ဟာ တဆင့် တက် လာပါပြီ ဒီကိုသြဒီနိတ်ပေါ်မှာ ကိုယ်တိုင်းတာ ချင်တဲ့ အရာ ရဲ့ အလျား ကို အဲဒီအရာ ဘယ်ဘက် ညွှန်းညွှန်း တိုင်းနိုင်ပါပြီ ဒီမှာ လိုအပ်တဲ့ formula က
တော့ စော စောက ပိုင်သာဂိုရပ်စ် သီအိုရမ်ပါ

Cartesian coordinate ပေါ်က x က တြိ ဂံ ရဲ့ 
အနားတဖက်ဆို နောက်အနားတဖက်က y ပါ ဒါဆို
တိုင်း ချင်တဲ့ အလျား က s ဆိုရင် သူက တြိ ဂံရဲ့
ထောင့်မှန်ခံ အနား ပေါ့ ဒါဆို

                 s² = x² + y²   ပေါ့

s ကို လို ချင် root ယူ လိုက်ယုံပေါ့ ဒါ့အပြင် ဒီ သီအို
ရမ် ဟာ ကြိုက် တဲ့ ဒိုင်မင်းရှင်း မှာ သုံး လို့ ရတာပါ
ဒါကလိုအပ်တဲ့ အရာ ဖြစ်ပြီး ကျွန်တော် တို့ လောက
ဟာ အချိန်မပါ ရင် ၃ ဒိုင်မင်းရှင်းရှိပါ တယ် ဒီမှာ
Cartesian coordinate က x y z ၃ ခု ဖြစ်ပြီး
distance ကို

                s² = x² + y² + z²

လို့  ရေးနိုင်ပါတယ် ပိုင်သာဂိုရပ် သီအိုရမ် ကို
ယူကလစ်ရဲ့ element ကျမ်းမှာ proof လုပ်ပြခဲ့ပြီး
သူဟာ Euclidean surface တွေရဲ့  အရေး အသွေး
ကို ကိုယ်ထင်ပြ ပါတယ် ယူကလစ်ဒီယံ မျက်နှာပြင်
ဆိုတာ ဖြောင့်တန်း တဲ့ ပြန့်ပြူး တဲ့ မျက်နှာပြင်ပါ
တနည်း အားဖြင့် ကျွန်တော်တို့ သိနေတဲ့ ရင်းနှီးတဲ့
မျက်နှာပြင်ပါ ကျွန်တော်တို့ ဟာ ကောက်ကွေး တဲ့
မျက်နှာပြင် များ ကို သတိ မမူ မိကြပါဘူး ဥပမာ
ကမ္ဘာ ဟာ အလုံးပါ ဒါ ဟာ curved surface
တွေရဲ့ ဥပမာပါပဲ တကယ်တော့ ကွေးနေတဲ့ မျက်နှာ
ပြင်ပေါ် ကျွန်တော်တို့ နေနေကြပေမဲ့ ကြီးလွန်းတော့
ဒါဟာ အပြားကြီးပါလို့ ကျွန်တော် တို့ ထင်ခဲ့ကြတယ်

ဒီမှာယူရမဲ့ သင်ခန်းစာကတော့ ဘယ်လောက်ပဲ
ကောက်ကွေးတဲ့ မျက်နှာပြင်ဖြစ်ပါစေ အမှတ်စက်
တခု ရဲ့ အနီးအနား တဝိုက်ကို ပဲကြည့်ရင် ပြားတယ်
လို့ ယူဆ လို့ ရတယ် ဆိုတဲ့ အချက်ပါ  ဒီမှာ ပြားတယ် ဆိုတာ Euclidean surface ပေါ့ ဒီမျက်နှာ ပြင်ပေါ်မှာ တြိဂံ တခုရဲ့ အတွင်းထောင့်
အားလုံးပေါင်းခြင်း က 180°ရှိပါတယ် စက်ဝိုင်း
တခုရဲ့ circumference က 2πr ပါ
ကျွန်တော်တို့ မျက်နှာပြင် ပြားမပြားသိချင်ရင်
တြိဂံ တခု သို့ စက်ဝိုင်း တခု ဆွဲကြည့်ယုံပါပဲ

ပြားတဲ့ မျက်နှာ ပြင်ပေါ်မှာ Pythagoras theorem
ဟာ မှန်ပြီး ဒီမျကိနှာပြင်ပေါ်က အလျား တိုင်းတာ
မှု တိုင်း အတွက် ဒီ သီအို ရမ်က အသုံး ဝင်မှာ ပါ

ဒီ သီအိုရမ်ရဲ့ နောက် ထပ် generalisation ကို
လည်း ဗဟု သုတ အနေနဲ့ တင်ပြရရင် သူ့ကို
ထောင်မှန်မဟုတ်တဲ့ တြိဂံမှာ လည်း အသုံးချ
နိုင်တာပါ ဒါကို Law of cosine ခေါ်ပြီး

     c² = a² + b² - 2abcosθ

ပါ  θ ကa နဲ့ b ကြားက ထောင့် တန်ဖိုးပါ တကယ်တော့ a နဲ့ b ဟာ vector တွေ ဖြစ်ပြီး
သူတို့ မှာ magnitude (တန်ဖိုး ) နဲ့ direction
၂ ခု လုံးပါတဲ့ ပစ္စည်းပါ direction ၂ခုကြား က
ထောင့် သီတာ ဟာ ဒါကြောင့် ပါဝင်လာ တာပါ
ဒီမှာ a.b cos θ ကို inner product  ဝါ dot
product လို့ ခေါ်ပါတယ်

                                               python