Saturday, October 17, 2015

Artemisinin and Avermectin

Artemisinin and Avermectin

2015 ရဲ့ ဆေးပညာ နိုဗဲလ် ဆုကို ပညာရှင် ၃ ယောက် ကခွဲ ရသွားပါတယ် ဒီ မှာ ပထမ တခုကတော့Artemisinin ခေါ်တဲ့ ငှက်ဖျားဆေး
ကို တွေ့ခဲ့တဲ့ တရုတ် ဆေးဝါးဗေဒပညာရှင် Youyou
Tu ပါ ဗီယက်နမ်စစ်ပွဲကာလ အတွင်းမှာ ဟိုချီမင်း
ဟာ သူ့တပ်သားတွေ ငှက်ဖျား ပိုးကြောင့် အသေ
အပျောက်များတာကို သတိထားမိခဲ့ပါတယ် ကလိုရို
ကွင်း ဆေးမတိုးတဲ့ ငှက်ဖျားပိုးကြောင့် တရုတ်ကို
အကူအညီတောင်းခဲ့ပါတယ် တရုတ်ပြည်မှာလည်း
ငှက်ဖျားဟာ ဆိုးလို့ မော်စီတုန်းဟာ ပရိုဂျက် 523
ခေါ်တဲ့ ဆေးရှာဖွေရေး ကိုပြုလုပ်ခဲ့ပါတယ် ယုယု
ဟာ ဒီစီမံကိန်းမှာပါဝင်ခဲ့ပြီး တရုတ် တိုင်းရင်းဆေး
တွေ ကိုအဓိက ပစ်မှတ်ထား ရှာဖွေခဲ့ပါတယ်

Artemisia annua ဆိုတဲ့ ဆေးပင်ကနေ အဓိက
active compound တွေကို extract လုပ်ခဲ့ပါတယ်
ဆေးကို အခန်းအပူချိန်မှာ extract လုပ်ရာမှာ အာ
နိသင် ပျောက်နေလို့ ရှေး တရုတ်ဆေးကျမ်းတွေ
ကို ပြန်လှန်ရှာဖွေရာက အအေး မှာ active compound ကို ထုတ်ရာမှာ အောင်မြင်ခဲ့ပါတယ်
ရှိတဲ့ Artemisinin ဟာ ခုခေတ် ငှက်ဖျားပိုးတွေကို
20%  ခလေးမှာ 30 % ထိလျော့ချပေးနိုင်ခဲ့ပါတယ်
သူမဟာ ဆေးပညာဘာသာရပ် ဆေးဝါးဗေဒပညာ
ရှင်တယောက်ပါ

နောက်တမျိုးကတော့ helminth ခေါ်တဲ့ သန်ကောင် ကြောင့် ဖြစ်တဲ့ရောဂါ ၂ မျိုးပါ
တခုက river blindness ခေါ်တဲ့ black fly ယင်ကောင်များကသယ်ဆောင်တဲ့ သန်ကောင် ကြောင့် ဖြစ်တဲ့ ရောဂါပါ Onchocerciasis လို့လဲခေါ်ပါတယ်
နောက်တမျိုးကတော့ ဆင်ခြေထောက် ခေါ် filariasis ကြောင့်ဖြစ်တဲ့ ရောဂါပါ

ဂျပန်လူမျိုး ဆာတိုရှီအိုမူရာ ဟာ streptomyces
ခေါ်တဲ့ မြေထဲမှာနေတဲ့ ဘက်တီးရီးယားတွေဟာ
အားပြင်းတဲ့ အခြားဘက်တီးရီးယားတွေကိုသေစေတဲ့
ဒြပ်ပေါင်းတွေထုတ်မှန်းသတိပြုမိခဲ့ပါတယ် streptomycin ကလည်း ဒီကပဲထုတ်တာပါ
သူက ဒီပိုးတွေကိုအောင်မြင်စွာမွေးနိုင်ခဲ့ပြီး
အိုင်ယာလန်လူမျိုး ဝီလီယမ် ကမ်းဘဲလ်က ဒီထဲက
Avermectin ဆိုတဲ့ compound ကို ထုတ်နိုင်ခဲ့
ပါတယ် ဒါကို အနည်းငယ်ပြောင်းပြီး Ivermectin
ဆေး အဖြစ် ဆင်ခြေထောက်နဲ့ မြစ်ကန်းနာ ကို
ကုသ ရာမှာအောင်မြင်ခဲ့ပါတယ် ခုခါမှာ ဒီရောဂါ
၂ ခု ဟာ အတော်ရှားခဲ့ပြီလို့ဆိုပါတယ်
Ivermectin ဟာ သန်ကောင်ရဲ့ အာရုံကြောစနစ်
ကိုတိုက်ခိုက်တဲ့ ဆေးပါ ဒါပေမဲ့ blood brain
barrier ကို မဖြတ်နိုင်တဲ့ invertebrate specific
drug မျိုးမို့ side effect နဲပါတယ်

ကမ္ဘာ့ ကျန်းမာရေးကို ကယ်တင်တဲ့ သူရဲကောင်း
တွေအကြောင်း ဗဟုသုတ အဖြစ်ပါ

Nobel assembly ကို ကိုးကား

                                                 Python

No comments:

Post a Comment