Sunday, August 16, 2015

Debate

Debate

Debate ကို ယခုကာလမှာအတော်လေးလုပ်လာကြပါတယ်
ပြိုင်ပွဲ တွေတောင်ရှိပါတယ် လူ၂ ဦး ဆုံလို့ အကြောင်းရာတခုကို ခေါင်းစဉ်တပ်ရင် အယူ
အဆမတူတဲ့အတွက် တခါတလေ debate ဘက်
ရောက်ပါတယ် အမေရိကန်သမ္မတ တွေလဲ မဲမဆွယ်ခင် debate ၃ ကြိမ်လုပ်ရပါတယ်
စကားရည်လုပွဲဟာပြောသူရဲ့စာဖတ်အား အတွေး
အခေါ် အာဝဇ္ဇန်းတွေကို တိုးတက်စေလို့ ကောင်း
တဲ့အရာတခုပါ ဒါပေမဲ့လဲ Debate ချည်းပဲဖြစ်နေမယ်
discussion သို့ dialogue မပါခဲ့ရင် အချီးနီးပါ
ဆိုကရေးတီး နဲ့ plato တို့က dialogue ကို အားပေးခဲ့ပါတယ်

ရာဇသင်္ကြန်အမတ်ကြီးနဲ့    ဘိုးရာဇာူ( နာမည်မှားနိုင်ပါတယ်  မှားရင်ပြင်ပေးကြပါ)
တို့က ကြံကိုအရင်းက စုပ်မလား အဖျားကစုပ်
မလားဆို ဆွေးနွေးခဲ့ကြတယ် ရာဇသင်္ကြန်က
အဖျားကနေတဖြည်းဖြည်း အရင်းထိစုပ်ပြီး
အရသာကိုခံစားဖို့ပြောတယ်    ဘိုးရာဇာူကတော့ ဘုရားဟောကျမ်းကိုပြပြီး
ကွေးသောလက်မဆန့်မှီ ဆန့်သောလက်မကွေးမှီ
အရင်းကမြန်မြန်စုပ်ဖို့တိုက်တွန်းတယ်
ဘုရားဟောတရားနဲ့ဆိုတော့လည်း ရာဇသင်္ကြန်အမတ်
ကြီးကမှန်ပါပေတယ်ပေါ့ ပြောချင်တာက ဒါက
စကားရည်လုတာပါ ဆွေးနွေးတာမဟုတ်ဘူး

ဒီမှာ မေးခွန်းကိုက reasonable ကျတဲ့ acceptable
question မဟုတ်ပါဘူး ကြံကိုဘယ်ကစုပ်မလဲဆိုတာ
ယေဘူယျပြုလို့ရတဲ့အရာမဟုတ်ဘုး နောက်ခံအခြေအနေပေါ်မူတည်ပါတယ်
မီးလောင်နေတဲ့အချိန်မှာကြံကိုထား တခြားဟာသယ်ပြီး
ပြေးသင့်တယ် ရန်ဖြစ်နေချိန်မှာကြံနဲ့ခေါင်းကိုထုသင့်တယ်
ကြံကြိတ်စက်ရှိရင်တော့ အရည်သောက်တာအကောင်း
ဆုံးပဲ

ပညာဆိုတာ science ပါ science ရဲ့ပထမအဆင့်က
good question reasonable question ကို မေးမြန်းခြင်းပါ ဒါကို rationalism လို့ခေါ်ပါတယ်
ပရမ်းပတာမေးခွန်း ကြောင်းကျိုးမကျတဲ့မေးခွန်း
အဓိပ္ပာယ်မဲ့တဲ့မေးခွန်းကို science ကမဖြေပါဘူး
မေးခွန်းမေးတတ်မှုကအရေးကြီးလှပါတယ်

နောက်ကြံနဲ့ပါတ်သတ်ရင် အဖြေရှာပုံပါ ဘုရားဟောလို့
ဆိုတဲ့အကြောင်းပြချက်နဲ့ အမှန်တရားက ကြံကိုအရင်းကစုပ်ဖြစ်သွားတယ် သမိုင်းစာအုပ်မှာ
တရားဝင်ပြဌာန်းပြီးအသိဥာဏ်မကြွယ်ဝသေးတဲ့က
လေးတွေ သင်ယူရတယ် သူတို့ကပညာရှိကြီးတွေပေါ့

၁၆ ရာစုမှာ ဒိန်းမတ် လူမျိုး နက္ခတပညာရှင် တိုင်ချိုဘရေး
ပေါ်ပေါက်ခဲ့တယ် သူ့ခေါတ်က နက္ခတနဲ့ပါတ်သတ်တဲ့
ပါတ်သတ်တဲ့ပြသနာတွေမှာ ပညာရှင်တွေကငြင်းကြခုံကြတယ် နောက်ဆုံးတော့
Debate တွေပေါ့ တိုင်ချို ဘရေးကတော့ ဒီကိစ္စမှာ
ငြင်းနေခုန်နေလို့ ကိစ္စမပြီးဘူး လက်တွေ့ဆန်းစစ်
ကြည့်မှ ရမယ် ပြောရရင် သဘာဝနဲ့တိုက်ဆိုင်စစ်ဆေးပြီး သဘာဝကိုအဆုံး
အဖြတ်ပေးခိုင်းမှရမယ် သူကဒီလိုတွေးတယ် သူ့တဘဝလုံးကို ကောင်းကင်ကဂြိုဟ်သွားလမ်းတွေ
တိုင်းတာရင်းကုန်ဆုံးစေခဲ့တယ် သူပေးဆပ်ခဲ့တယ်
အလကားမဖြစ်ခဲ့ပါဘူး သူသေတော့သူထားခဲ့တဲ့
data တွေကိုသုံးပြီးသူ့တပည့် ဂျိုဟန်းနက် ကက်ပလာ
က ကက်ပလာ ရဲ့ ဂြိုဟ်ပါတ်လမ်းနိယာမ ၃ ခုကိုတွေ့ခဲ့တယ် နယူတန်က ဒီနိယာမကိုသုံးပြီး
သူ့ရဲ့ Newton mechanic ကိုရေးခဲ့တာပါ

ပြောချင်တာက အဖြေရှာမှုပါ reasonable မေးခွန်းတခုကို အဖြေရှာတဲ့အခါမှာ ငါထင်တာမို့
ကြောင်းကျိုးကျလို့ ဘုရားဟောတာမို့ God ရဲ့အလို
တော်အရ Newton ပြောလို့ ဗိုလ်ချုပ်မှူးကြီးကပြောလို့
လုပ်လို့မရပါ အဖြေမှန်ကိုသဘာဝကပဲဆုံးဖြတ်ပါတယ်
သဘာဝကိုလေ့လာစောင့်ကြည့် စမ်းသပ်စစ်ဆေးပြီးမှ
သာပြောနိုင်ပါတယ် ဒါကို scientific method လို့ခေါ်ပါတယ်

reasonable question and thinking ကို သင်္ချာက
ပေးပြီး answer ကို experiment ကပေးပါတယ်
ဒါဟာလူ့သမိုင်းမှာလူသားကို အရာရာထက်ပိုစွမ်း
နိုင်စေတဲ့ မဟာ့မဟာတွေ့ရှိမှုပါ အဲဒါဟာ science
ပါ အဲဒါဟာ scientific thinking ပါ အဲဒါဟာ ပညာ
ပါ

scientific method နဲ့ချီတက်ခဲ့သူတွေက solar
system ကို colonised လုပ်ဖို့ကြိုးပမ်းနေချိန်မှာ
debate နောက်လိုက်နေတဲ့ပညာရှိတီု့ရဲ့နိုင်ငံက
သူတော်တယ်ငါကောင်းတယ် စကားစစ်ထိုးပွဲတွေကြားမှာဆင်းရဲနေခဲ့ပါပြီ

ကွေးသောလက်မဆန့်မှီ ဆန့်သောလက်မကွေးမှီက
ကာလကြာတော့ အမြီးကျက်အမြီးစား ခေါင်းကျက်ခေါင်းစား ဖြစ်လာခဲ့ပါပြီ  

debate က ရေတိုမှာ နိုင်သူကို သြဇာလွှမ်းမိုးမှု
ပေးနိုင်ပေမဲ့ ရေရှည်မှာတော့ ၂ဦး ၂ဖက်စလုံးကို
ဆုတ်ယုတ်စေပါတယ်

debate တခုလုပ်တော့မယ်ဆိုတိုင်း reasonable
discussion ဝါ dialogue တခု ဖြစ်ပါစေလို့ဆု
တောင်းပေးလိုက်ပါတယ်

Surface tension

Surface tension

အရေလိုအရာမျိုးမှာ မျက်နှာပြင်ရှိပါတယ် မျက်နှာပြင်ရှိတိုင်းမှာ မျက်နှာပြင်တင်းအား
surface tension ရှိပါတယ်
surface tension ဆိုတာ အရေတခုရဲ့မျက်နှာပြင်မှာရှိတဲ့ elastic force
ဝါ ရုန်းကန်အားကိုပြောတာပါ
ကျွန်တော်တို့ သစ်ရွက်ကလေးတွေရဲ့မျက်နှာပြင်ပေါ်
မှာ ဥနေတဲ့ရေစက်ကလေးတွေကိုမြင်ဖူးကြမှာပါ
ရေဘုံဘိုင်ခေါင်းက တတောကတောက်ကျဆင်းနေတဲ့ရေ
ရေလုံးရေစက်လေးတွေ
ရေပေါ်မှာသွားလာနေတဲ့ရေပိုးကောင်တွေရဲ့ကိုယ်ဖော့
ပညာ
ပြဒါးများကိုမျက်နှာပြင်ပေါ်တင်လိုက်ရင်လုံးသွားတာ
တွေ
ဆပ်ပြာပူဖောင်းတွေရဲ့ပေါ်ပေါက်လာပုံ
ဒါတွေအားလုံးရဲ့နောက်မှာ မျက်နှာပြင်တင်းအား
ကလက်သည်ပါ

မော်လီကျုးတခုနဲ့တခုကြားမှာ electrostatic force
ခေါ်တဲ့ဆွဲအားရှိပါတယ် အဲဒီဆွဲအားဟာ မျိုးတူတဲ့မော်လီကျူးချင်းကြားမှာရှိတဲ့ အားနဲ့
မျိုးမတူတဲ့မော်လီကျူးကြားက အား ဟာ မတူပါဘူး

မျိုးတူကြားကအားကို cohesive force လို့ခေါ်ပါတယ်
ဥပမာ ရေ ရေ ခြင်းဆွဲတာမျိုးပါ

မျိုးမတူကြားကဆွဲတဲ့ အားကို adhesive force
လို့ခေါ်ပါတယ် ဥပမာ သံမျက်နှာပြင်ပေါ်မှာသံမော်လီ
ကျူးတွေနဲ့ ရေ စက်တွေ တွယ်ကပ်နေမှုမျိုးပါ

ဒီမှာ မျက်နှာပြင်တင်းအားဟာcohesive force ကြောင့်ဖြစ်တာပါ

ရေကိုစဉ်းစားကြည့်ပါ
ရေရဲ့အထဲမှာရှိတဲ့ ရေမော်လီကျူးတခုကိုသူ့ဝန်းကျင်က ကျန်တဲ့မော်လီကျူးတွေကဝိုင်းဆွဲကြတယ်
သူ့ပေါ်သက်ရောက်တဲ့အားက net force သုညပါ

မျက်နှာပြင်မှာတော့ အပေါ်ကရေမရှိတဲ့အတွက်မဆွဲပါဘူး
အောက်ကဝိုင်းဆွဲတဲ့အတွက်အောက်ကိုဆင်းပြီးဘေးကလည်းဆွဲတဲ့အတွက် ဘေးတိုက်မော်လီကျူးအချင်းချင်းကပ်သွားကြပါတယ်
ဒီမှာ net force ကဘေးတိုက်ပိုများပြီးပါးလွှာတဲ့
မျက်နှာပြင် thin film  တခုဖြစ်ပေါ်လာပါတယ်
ဒါကို surface tension လို့ခေါ်တာပါ

ဆက်လက်ဖော်ပြပါမည်

ွ
ွ

Divide and Rule

Divide and Rule

အင်္ဂလိပ်ကနေမဝင်အင်ပါယာကြီးကိုကမ္ဘာလုံးပေါ်မှာတည်ဆောက်တဲ့အခါ ၁ အချက် က Physics ပါ
believe it or not သူတို့ရဲ့ အမြှောက် သေနတ် နဲ့ ရေတပ်ရဲ့စွမ်းအားတွေက newton mechanic က
ရတာ ပြီးတော့မှ ကိုလိုနီပြုပြီးတဲ့ နယ်မြေမှာ maintain
လုပ်ဖို့က လူနဲနဲနဲ့ဘယ်လိုလုပ်လဲဆိုတော့
divide and rule ပါ သွေးခွဲတယ်အုပ်ချုပ်တယ်
မြန်မာလိုတော့အိမ်ကြက်ချင်းအိုးမဲသုပ်ခွပ်ခိုင်းတာပေါ့
မြန်မာတနိုင်ငံလုံးကိုအုပ်ချုပ်တာ တပ်မ တမပဲလိုခဲ့တယ် အဲဒီတပ်မကလည်း အိန္ဒိယမှာအခြေစိုက်တာ ဆရာစံတော်လှန်ရေးဖြစ်
တော့မှဗမာပြည်ကိုခေါ်တာ ဘယ်လောက်ပိုင်လည်း

လွတ်လပ်ရေးရတော့ မြန်မာ့တပ်မတော်က အဲဒီ
divide and rule ကိုရလိုက်တယ် newton mechanic
ကိုတော့နားမလည်လို့ပြန်ပေးလိုက်တယ်
အိန္ဒိယက Newton mechanic ကိုသင်တယ် divide and rule ကိုပယ်တယ် ရလာဒ်က တိုးတက်မှုခြင်းမတူဘူး ခုအိန္ဒိယက အင်္ဂါဂြိုဟ်ကို
ဟောလီဝုဒ်ရုပ်ရှင်ဇာတ်ကားထက်သက်သာတဲ့ဈေးနဲ့
ဂြိုဟ်တုလွှတ်ခဲ့ပြီ

မြန်မာကကော
မြန်မာကတော့newton mechanic ဆိုတာစားလို့ရ
လားတဲ့မေးနေပြီ
rule and divide ကြီးကကော
ကွဲချက်က
သံဃာကိုမဘသ နဲ့ခွဲတယ်
ကျောင်းသားကို   ဆယ်တန်းကျောင်းသား နဲ့ခွဲတယ်
ဝန်ထမ်းကိုနေပြည်တော်နဲ့ခွဲတယ်
စစ်သားကိုပြည်သူနဲ့ခွဲတယ်
ဆန္ဒပြတာကိုတန်ပြန်ဆန္ဒပြတာနဲ့ခွဲတယ်

သူငယ်ချင်းအချင်းချင်းတောင် တလုံးကနေ ၂ လုံးပိုပြောမိရင်ကွဲကုန်ရော
တောင်တန်းက ပြည်မနဲ့ကွဲတယ်

ကောင်းပါပေ့ အိုးမဲရယ်

Monday, August 10, 2015

ရေဝက်ဝံ

ရေဝက်ဝံ

ဒီတခါတော့ tardigrades တွေအ ကြောင်းပြောချင်ပါတယ်သူတို့ကိုရေဝက်ဝံလို့လဲခေါ်ပါတယ် လက်ရှစ်ချောင်းပါတဲ့တက်ဒီဂရိတ်များရဲ့လှုပ်ရှားမှုဟာဝက်ဝံတွေနဲ့တူတာမို့waterbear လို့တွင်ပါတယ် သူတို့ဟာရေစက်လေးများထဲမှာနေပြီး 1.5 mm လောက်သာကြီးတဲ့ အဆစ်ပါသောသေးငယ်သည့်သတ္တဝါ လေးများဖြစ်ပါတယ်၁၇၇၃ ခုနှစ်တည်းကတွေ့ရှိခဲပြီး ယခုအခါမျိုးစိတ်ပေါင်းတထောင်ကျော် တွေ့ရှိပြီးဖြစ်ပါတယ်

ရေဝက်ဝံများရဲ့ထူးခြားချက်ကတော့ အလွန်ပြင်းထန်သောပါတ်ဝန်းကျင်မှာအသက်ရှင်နိုင်ခြင်းဖြစ်ပါတယ် သူတို့ဟာသုည ကယ်လ်ဗင်နီးပါးမှာတောင်ရှင်နိုင်ပါတယ် ရေဆူမှတ်မှာလည်းမသေနိုင်ပါဘူး သမုဒ္ဒရာအောက်ကြမ်းပြင်မှာရှိတဲ့ရေထုဖိအားရဲ့ခြောက်ဆကိုတောင်ခံနိုင်ရည်ရှိပြီး လူတွေကိုသေစေနိုင်တဲ့ radiation dose ထက်အဆတရာပြင်းတဲ့ပမာဏကိုတောင်ခံနိုင်ရည်ရှိပါတယ် အာကာသရဲ့ဖိအားမဲ့အခြေအနေမှာ တောင်နေနိုင်ပါတယ် ၂၀၀၇ ခုနှစ်က ဆွီဒင်သိပ္ပံပညာရှင်တွေဟာ FOTON-M3 အာကာသယာဉ်နဲ့သူတို့ကိုကမ္ဘ္ဘာပါတ်လမ်းထဲပို့ပြီး ခံနိုင်ရည်ကိုစမ်းသပ်ခဲ့ရာမှာလည်း ရေဝက်ဝံများဟာရှင်သန်ခဲ့ပါတယ်

သူတို့ဟာ အစာ သို့မဟုတ် ရေမရှိပဲ ဆယ်နှစ်ကျော်နေနိုင်ပါတယ် cryptobiosis လို့ခေါ်တဲ့ ပြင်းထန်တဲ့ပါတ်ဝန်းကျင်မှာ ဇီဝဖြစ်စဉ်အားလုံးရပ်ဆိုင်းခြင်းကို ပြုလုပ်ပြီးရေဝက်ဝံများဟာအသက်ရှင် ကြတာပါ ဥပမာ အလွန်ပူပြင်းတဲ့အချိန်မှာ သူတို့ဟာခန္ဓာကိုယ်တွင်းမှရေများကို trehalose သကြားဓာတ်နဲ့လဲလှယ်စွန့်ထုတ်ပြီး အသက်ရှင်သန်ဖို့ပြုလုပ်ပါတယ် ဒါကို anhydrosis လို့ခေါ်ပါတယ် လက်ရှစ်ချောင်းပါပြီး တခုစီမှာ လက်သည်း ၄ ချောင်းမှ၈ချောင်းထိရှိပါတယ် အပင်စားသတ္တဝါ ဖြစ်ပြီး အထူးသဖြင့်ရေညှိကိုကြိုက်ပါတယ် ကမ္ဘ္ဘာ့နေရာမျိုးစုံမှာ နေထိုင်ပြီး ဟိမဝန္တာ ပင်လယ်အောက်ကြမ်းပြင် ဝန်ရိုးစွန်းဒေသတွေနဲ့ အီကွေတာမှာတွေ့ရပါတယ်

နှစ်သန်းပေါင်း ၅၃၀ ကျော်ထဲက ကမ္ဘ္ဘာပေါ်မှာနေထိုင်ခဲ့ပြီး ၎င်းတို့ကိုတွေ့ချင်ရင် ရေညှိပင်တွေထဲမှာရှာကြည့်နိုင်ပါတယ်

သိပ္ပံပညာရှင်တွေကတော့အာကာသခရီးသွားမှုမှာသူတို့ရဲ့ခံနိုင်ရည်ကိုလူသား တွေအတွက်အသုံးချဖို့ လေ့လာလျက် ရှိပါကြောင်းတင်ပြလိုက်ရပါတယ်ု

Saturday, August 8, 2015

ဖုတ်ကောင်ပုရွက်ဆိတ်

ဖုတ်ကောင်ပုရွက်ဆိတ်

Resident evil လို ဇာတ်ကားမျိုးကိုကြိုက်တတ်သူများအဖို့ zombie ဟုခေါ်သော ဖုတ်ကောင်များအကြောင်းကိုသိပြီး ဖြစ်ကြပါမည် ဖုတ်ကောင်ဖြစ်စေသော  ဗိုင်းရပ်စ် များကူးဆက်ခံရပြီးနောက်အသက်မဲ့နေသောခန္ဓာများဆာလောင်စွာလျှောက်သွားရန်ပြုနေသောမြင်ကွင်းမှာ ကြောက်မက်ဖွယ်ရာပင် ကျွန်တော်တို့သည်ဤဖြစ်စဉ်ကိုစိတ်ကူးယဉ်ဟုထင်မိကြရာ ၎င်းဖြစ်စဉ်မျိုးတကယ်ရှိသည်ဟုဆိုလျှင် မိတ်ဆွေအံ့သြသွားမည်ထင်ပါသည် မယုံမရှိပါနှင့် zombie ant ခေါ်ဖုတ်ကောင်ပုရွက်ဆိတ်များမှာသဘာဝတွင်တကယ်ရှိသောအရာပင်ဖြစ်ပါသည်

ophiocordyceps unilateralis  အမည်ရှိမှိုfungus တမျိုးသည်carpenter ant ခေါ် လက်သမားပုရွက်ဆိတ်များကို ကူးစက်ခြင်းဖြင့်၎င်းတို့ကိုသေလျက်နှင့် ရှင်နေသောဖုတ်ကောင်ဘဝသို့ပြောင်း ပေးလိုက်ကြသည်fungus များ၏spores ( မျိုးစေ့) များသည်အားပြင်းသောအင်ဇိုင်းများကိုအသုံးပြု၍ ပုရွက်ဆိတ်၏ အခွံမာ exoskeleton ကိုထိုးဖောက်ကာအတွင်းသို့ဝင်ရောက်ကြသည် ထိုမှ yeast တစေးအဆင့်သို့ကူးပြောင်းပြီး ပုရွက်ဆိတ်၏ homocoel ခေါ် အရည် cavity များအတွင်း ပွားများကာ တကိုယ်လုံးသို့ ပြန့်နှံ့ကြသည် ကူးစက်ခံရသောပရွက်ဆိတ်မှာ မကြာခဏတက်ပြီး ၎င်းတို့နေထိုင်ရာသစ်ပင်ထိပ်ဖျားမှအောက်သို့ပြုတ်ကျလေ့ရှိသည် သစ်တောအောက်ခြေရှိမှိုများပွားများရန်သင့်တော်သော စွတ်စိုထိုင်းမှိုင်းသည့်နေရာမျိုးတွင်ရှိသောသစ်ရွက်များပေါ်သို့သွားရန် ပုရွက်ဆိတ်များကို  fungus များကစေ့ဆော်ခိုင်းစေသည် သစ်ရွက်ပေါ်ရောက်လျင် ပုရွက်ဆိတ်သည် ၎င်း၏ သန်မာသောမေးရိုးစွယ်ဖြင့် ရွက်ကြောများကို အသေကိုက်ညှပ်ထား လိုက်သည်ပြုတ်မကျစေရန်နှင့်ဘယ်မှမ သွားနိုင်ရန်ဖြစ်သည် ထို့နောက်ပုရွက်ဆိတ်မှာတဖြည်းဖြည်း ခြောက်ကပ်သေဆုံးသွားပါသည် မှို၏ရိုးတံသည် ပုရွက်ဆိတ်၏ဦးခေါင်းခွံမှဖောက်ထွက်၍ နောက်တကြိမ် spores (မျိုးစေ့) များကို ဖြန့်ဖြူးရန်အသင့်ဖြစ်နေတော့သည်ဤ ဖြစ်စဉ်မှာ ဆယ်ရက်ခန့်ကြာမြင့်သည်

၎င်းမှိုမျိုးသည် ဘရာဇီးနိုင်ငံရှိမိုးသစ်တောများနှင့်ထိုင်း နိုင်ငံရှိအပူပိုင်းတောများတွင်တွေ့ရှိရပါသည် ၎င်းတို့ကိုသိပ္ပံပညာရှင်များကလေ့လာရာနပ်သိုကွီနုန်းခေါ် ငှက်ဖျားနှင့် တီဘီကိုတိုက်ဖျက်နိုင်ဖွယ်ရာရှိသောဓာတုဒြပ်ပေါင်းများကိုတွေ့ရှိလေ့လာ လျက်ရှိပါသည်ယင်းfungus များကို၁၈၅၉တွင်အယ်ဖရက် ရပ်ဆဲလ် ဝေါလေ့စ် မှတွေ့ရှိခဲ့သည် သူသည် evolution ခေါ် ဆင့်ကဲပြောင်းလဲမှုဖြစ်စဉ်ကို ဒါဝင်နှင့်အတူပူးတွဲတွေ့ရှိခဲ့သူဖြစ်သည် တခါတရံ သဘာဝတရားသည်စိတ်ကူးယဉ်ထက်ပို၍ဆန်းပြားကြောင်းတင်ပြလိုက်ရပါသည်

Sunday, August 2, 2015

flooding

flooding

ရေလွှမ်းမိုးမှု ကအချိန်တိုတွင်း မှာမိုးသည်းထန်စွာ
ရွာသွန်းမှု ကြောင့်ဖြစ်ရတာပါ ဒီလိုမိုးရွာသွန်းမှု တွေ
ကလည်း မုန်တိုင်း ကသယ်ဆောင်လာတဲ့
cumulonimbus cloud ခေါ်တဲ့တိမ်အမျိုးအစား
တွေကြောင့်ပါပဲ ဒါပေမဲ့ မိုးသည်းတိုင်းရေလွှမ်းတာ
တော့မဟုတ်ပါဘူး ရွာကျလာတဲ့မိုးရေတွေကို
မြစ်ချောင်းများက သယ်ဆောင်သွားပါတယ်
ဒီအခါ မြစ်ချောင်များရဲ့ ရေကိုသယ်ဆောင်နိုင်တဲ့
capacity ကအရေးကြီးပါတယ် ဒီသယ်ဆောင်နိုင်
တဲ့ capacity ထက်ပိုလျှံမှသာ မြစ်ဘေးချောင်းဘေး
က flood plain လို့ခေါ်တဲ့ ရေလွှမ်းနိုင်တဲ့နယ်မြေ
ကို လွှမ်းမှာပါ နောက်တချက်က ရေစီးအား runoff
ဖြစ်ပါတယ် runoff ရဲ့ အရှိန်များလေလေ မြစ်ချောင်
တွေရဲ့လက်ခံနိုင်တဲ့ capacity ကို မြန်မြန် ကျော်လေ
လေ ရေများများလွှမ်းလေလေပါ

ဒီတော့ ဒါတွေကိုသဘာဝ အလျောက်ထိန်းပေးနေ
တာကဘာတွေလဲ အဓိကကတော့ သစ်တောတွေ
နဲ့ wetland လို့ခေါ်တဲ့စိမ့်မြေတွေပါ

သစ်တောတွေမှာရှိတဲ့ သစ်ရွက်တွေဟာ မိုးစက်တွေ
ရဲ့ကျဆင်းရှိန်ကိုထိန်းပေးပါတယ် ဒီနည်းနဲ့ runoff
ကိုထိန်းပေးတယ် ပြီးတော့ရေစီးကြောင့်မြေဆီလွှာ
တိုက်စားခြင်းကိုနဲစေပါတယ် ဒီမြေဆီလွှာတွေက
မြစ်ချောင်းထဲရောက်တဲ့အခါ sediment အဖြစ်အနည် ကျပြီးမြစ်များကိုကောစေပါတယ်
တနည်း အားဖြင့်မြစ်ရဲ့ရေသယ်ဆောင်နိုင်တဲ့ capacity ကိုနဲစေတာပါ

သစ်ရွက်များက မိုးစက်များကိုမြေပေါ်သို့ချက်ခြင်း
မဆင်းစေပဲတချို့ကို evaporate ပြန်လုပ်ပါတယ်
မိုးရွာပြီးစ သစ်တောတွေကိုကြည့်ရင်သူတို့ကထုတ်လွှတ်တဲ့
တိမ်ငွေ့တွေကိုတွေ့နိုင်ပါတယ် ရွာတဲ့မိုး ရေရဲ့ 50%
ကိုဒီနည်းနဲ့ ကောင်းကင်ကိုပြန်ပို့ပါတယ်

နောက်တခုက သစ်တောတွေရဲ့သစ်မြစ်တွေပါ
သစ်မြစ်တွေကရေကိုစုပ်ယူပြီး သူတို့ဘေးက
မြေဆီလွှာကိုခြောက်သွေ့စေပါတယ် ဒီအခါမြေဆီလွှာက မိုးရေကိုစုပ်ယူပြီး runoff
ကိုနည်းစေပါတယ်

ဒါ့အပြင်သစ်မြစ်တွေက မြေဆီလွှာကို ရေတိုက်စား
မှုကြောင့်ပါမသွားအောင်ထိန်းပေးပြီး မြစ်ချောင်းထဲ
မှာ sediment နုန်းကျမှုမများအောင်လုပ်ပြီး မြစ်ကို
မကောစေပါဘူး ဒါကြောင့် သစ်တောများဟာ
natural sponge သဘာဝ ရေမြှပ်များအဖြစ်
မိုးရေကိုစုပ်ယူပေးပြီးရေကြီးမှုကိုကာကွယ်ပါတယ်
deforestation နဲ့ flooding ဟာ တိုက်ရိုက် အချိုး
ကျပါတယ် 10% သစ်တောပြုန်းတည်းတိုင်းမှာ
ရေကြီးဖို့ 2 to 8 % chance ရှိတယ်လို့ study
တခုကဆိုပါတယ် သစ်တောရှိရင်တော့ 50% က
evaporate ဖြစ်ပြီး 40% က မြေဆီလွှာကစုပ်ယူတဲ့
အတွက် 10% သာ runoff ရေစီးကြောင်းအဖြစ်
စီးပါတယ် မိုးနှောင်းပိုင်း မြေဆီလွှာတွေ ရေနဲ့ပြည့်ဝ
တဲ့အချိန်ကျမှာသာကြီးလေ့ရှိပါတယ်

နောက်တခုက ဒီရောက်တောလို စိမ့်မြေလို wetland တွေပါ သူတို့တွေကမြစ်ညှာမှာရှိပြီး
မိုးကြီးတဲ့အချိန်မှာ ရေကိုထိန်းပေးပါတယ်
သူတို့က inlet ဝင်ပေါက်ကျယ်ပြီး outlet ထွက်ပေါက်ကျဉ်းတဲ့ capacitor တခုနဲ့တူပါတယ်
ရေများများကိုလက်ခံပြီး ရေနည်းနည်းပဲစီးထွက်ပါ
တယ် ၃/၄ရက်အတွင်းစီးထွက်မယ့်ရေကို ၃/၄ ပါတ်အတွင်း ထုတ်ပေးပြီး ရေကြီးမှုကိုထိန်းပေးပါ
တယ် wetland တွေပြုန်းတီးတာဟာလဲ ရေကြီးမှုကိုဖြစ်ပေါ်စေပါတယ်

နောက်တခုကတော့ရေကြီးမှုကိုထိန်းသိမ်းဖို့တည်
ဆောက်တဲ့လူလုပ် ဆည်မြောင်းနဲ့ တာတမံများဟာ
လည်း မိုးအရမ်းရွာချိန်မှာ ထူးဆန်းစွာပြန်ပံ့ပိုးကြတာ
ပါ dam failure ကြောင့်ဖြစ်စေ တာတမံများကျိုးလို့ဖြစ်စေ အန္တရာယ်ရှိနိုင်ပါတယ်

နောက်တခုကတော့ population ကြီးထွားမှုပါ
လူဦးရေများလာတိုင်း လူတွေဟာ မြစ်ချောင်းနဲ့နီးတဲ့
flood plain မှာအနေများပါတယ်သူတို့ဆောက်တဲ့
ကတ္တရာလမ်းလိုဟာက runoff ကိုမြန်စေပြီး
ရေစုပ်ယူမယ့် soil ကိုလျော့နည်းစေပါတယ်

နောက်တခုကတော့ ရေမကြီးခင် ကြိုတင်ခန့်မှန်းဖို့
နဲ့ ကာကွယ်ဖို့ plan က အရေးကြီးလှပါတယ်

ခုပို့စ်က deforestation ရဲ့ flooding အပေါ်သက်ရောက်မှုကိုပြောပြချင်တာပါ

Saturday, August 1, 2015

Hairy ball theoram

Hairy ball theorem

လူတိုင်းမှာ ဗွေရှိကြပါတယ် ကတုံးရိတ်မထားဘူး
ဆိုရင်ပေါ့ ဗွေဘာလို့ ရှိနေကြတာလည်းဆိုတာက
စိတ်ဝင်စားစရာပါ ဘာကြောင့်လဲဆိုတော့ ဗွေက
နွားလို ဆိတ်လို အမွှေးရှိတဲ့သတ္တဝါတိုင်းမှာရှိလို့ပါ
နောက်ဆုံးတင်းနစ်ဘောလုံးလို အမွှေးနုလေးတွေရှိ
တဲ့ ဘောလုံးပေါ်မှာလဲရှိပါတယ် ကဲသူဘာကြောင့်
ပေါ်လာသလဲ ?

ပထမဆုံး အွိုင်လာ ဆိုတဲ့သင်္ချာ အကျော်အမော်ကြီး
အကြောင်းပြောရမှာပါ သူက ကုဗတုန်း လေးထောင့်
တွေကိုကြည့်ရင်းနဲ့စိတ်ဝင်စားစရာတခု တွေ့ခဲ့တယ်
လေးထောင့်တုန်း တိုင်းမှာ သူ့ဟာသူလေးထောင့်ကျ
ကျ မကျကျ တူညီတာတခုကို သွားတွေ့တယ်
သူ့မှာ
vertex အစွန်းက ၈ ခု
edge စောင်းက ၁၂ ခု
face မျက်နှာပြင်က ၆ ခု

ဒါကိုသူက

V  -  E  +  F  =  2  = χ

ဆိုပြီးသွားတွေ့တယ် V က vertex E က edge
F က face ပေါ့ vertex က အစွန်းဆိုတော့
point ပါ zero dimensional ပစ္စည်း
edge က စောင်းဆိုတော့ one dimensional ပစ္စည်း face ကမျက်နှာပြင်ဆိုတော့ two dimensional ပစ္စည်း ဒိုင်မင်းရှင်း ကို 0  1  2 စသ
ဖြင့် အစဉ်လိုက်မှာရှိတဲ့ အရေအတွက်ကို ပေါင်းလိုက် နှုတ်လိုက် ပေါင်းလိုက်စသဖြင့် alternate
တလှည့်စီလုပ်ရင် ဒီညီမျှခြင်း ကိုရပါတယ်

ဒီမှာ χ က ခိုင်လို့ အသံထွက်ပြီး သူ့ကို Euler
characteristic လို့ခေါ်ပါတယ် သူက topology
ဆိုင်ရာ invariant တခုပါ

topology ဆိုတာက continuity တစဆက်တစပ်
ထဲဖြစ်မှုသဘောတရားကိုလေ့လာတဲ့ပညာပါ
ပုံသဏ္ဍာ န်မျိုးစုံရှိတဲ့ မျက်နှာပြင်တွေကိုလေ့လာ
ရာမှာ အသုံးဝင်ပါတယ် သင်က ဒီsurface တွေကို
ကွေးလို့ရတယ် ကောက်လို့ရတယ်လိမ်လို့ရတယ်
ဆွဲဆန့်လိုရတယ် ဖိညှစ်လို့ ရတယ် ဒါပေမယ့် ဖြတ်လို့မရဘူး ဆက်လို့မရဘူး ခုပြောတာတွေ
အောက်မှာ မျက်နှာပြင်ပုံသဏ္ဍာန်တွေပြောင်း
သွားမှာပါ ဒါပေမဲ့ အဲမျက်နှာပြင်တွေဟာ topology
အရတော့ တမျိုးထဲပါပဲ ဥပမာ အားဖြင့် ကိုင်းပါတဲ့မတ်ခွက်နဲ့ မုန့်လကောက်ကွင်းဟာ
အတူတူပါပဲ ဟာမဟုတ်တာ ! အဲ တိုပိုလိုဂျီအရတော့
ဟုတ်ပါတယ် မုန့်လကောက်ကွင်းကအလယ်မှာအပေါက်ပါပါတယ်
မတ်ခွက်ရဲ့ကိုင်းမှာလည်းအပေါက်ပါပါတယ် မက်ခွက်ထဲက ရေထည့်တဲ့အပိုင်းကို topology
ကဆွဲဖောင်းဖို့ခွင့်ပြုပါတယ် နောက်ဆုံးဟိုရှုံ့ဒီဖေါင်းလုပ်ရင် မုန့်လကောက်ကွင်း
ပုံစံ ဖြစ်သွားမှာပါ ဒီတော့ဒီနှခုဟာ topology အရ
တူညီတဲ့မျက်နှာပြင်များပါ ဒါကြောင့် topology
ကို rubber sheet geometry လို့လဲခေါ်ပါတယ်
မြန်မာမှုနဲ့ဆိုရင်တော့ ဂျုံနယ်သလိုနေမှာပေါ့
ဂျုံလုံးလေးတွေကနေ ပလာတာဖြစ်အောင် ရိုက်
တာလည်း continuous ကိုး

တူညီတဲ့မျက်နှာပြင်ဖြစ်မဖြစ်ကို အထက်ကပြောသလို လုပ်ပြီးမှသိရတာကလက်
ဝင်လှပါတယ် ဒီတော့သင်္ချာပညာရှင်တွေက
တန်းတွေ့လိုက်တာနဲ့ တူမတူ ခွဲခြားနိုင်တဲ့
ကိန်းတခုလိုခြင်တယ် အဲကိန်းက မုန့်လကောက်ဖြစ်ဖြစ် ဒိုးနတ်ဖြစ်ဖြစ်
မတ်ခွက်ဖြစ်ဖြစ် ဒီကိန်းပဲဖြစ်ရပါမယ်
ဒါကိုinvariant မပြောင်းတဲ့ကိန်းပေါ့

အထက်က ပြောတဲ့ ခိုင်χ ဟာ invariant ပါ
သူက convex surface အတိုင်းအတွက် 2 ပါပဲ
convex ဆိုတာဖောင်းနေတဲ့မျက်နှာပြင်ပါ
ဒီထဲမှာ polyhedronတွေပါပါတယ် sphere
တွေလဲပါပါတယ် ဥပမာ tetrahedron ဟာ
convex ပါ သူက အထက်ကပြောတဲ့ ကုဗတုန်း cube နဲ့မတူပါဘူး တြိဂံ ၄ ခုနဲ့တည်ဆောက်ထားတာပါ

သူ့မှာ V က 4
E က 6
F က 4   ဒီတော့

χ  = 4 -  6  + 4  =  2 ပါ

cube နဲ့အတူတူပဲ နောက်တူတာကတော့ ဘောလုံး
လို ကျွန်တော်တို့ရဲ့ခေါင်းလို ကမ္ဘာ လုံးလို အရာမျိုး
က sphere ခေါ်ပါတယ် topology အရတော့
S₂ ခေါ်ပါတယ်      S₁ က circle ပါ
cube လိုဟာမျိုးက continuously deform
လုပ်ရင် Sphere S₂ ကိုရပါတယ် ဒီတော့ S₂ ကလည်း χ တန်ဖိုး 2 ရှိပါတယ် သူတို့ဟာ
topology အရ တူညီတဲ့ မျက်နှာပြင်များပါ

ဒါကိုသိပြီဆိုရင်တော့ Poincare- Hopf theorem
ကိုသိဖို့လိုပါတယ်ဟင်နရီ ပွိုင်ကဲ ဟာ ဘက်စုံတော်
topology ရဲ့ဖခင်ပါ chaos theory ကလည်း သူပဲ
စခဲ့တာပါ ခု theorem က Euler characteristic
χ နဲ့ index of vector field index( v) တို့ရဲဆက်စပ်မှုပါ

       ∑ index( v ) = χ( M )

χ( M ) ဆိုတာက ကိုယ်ပြောချင်တဲ့မျက်နှာပြင်ရဲ့
χ ပါ

index( v ) ကိုသိဖို့တော့ vector field ကိုအရင်ရှင်း
ပါမယ် စက်လုံးလိုမျက်နှာပြင်ပေါ်ကအစက်တစက်
ကိုစိတ်ကူးကြည့်ပါ သူ့ပေါ်မှာ tangent ကျနေတဲ့
2 dimension ရှိတဲ့ surface တခု (စတုရန်းပုံရှိ
မှာပေါ့ ) ကိုမြင်ကြည့်ပါ အဲမှာရှိသမျှ line မှန်သမျှ
ဟာ စက်လုံးကို tangent ကျတဲ့ vector များပါပဲ
ဥပမာတွေကတော့ ခေါင်းပေါ် မှာပေါက်တဲ့ မထောင်
တဲ့အမွှေးတွေ ကမ္ဘာ့မျက်နှာပြင်ပေါ်က horizontal
တိုက်နေတဲ့ လေတွေ စသဖြင့်ပါ သူတို့က စက်လုံး
ရဲ့ အမှတ်တိုင်းမှာရှိပြီဆိုရင် အားလုံးပေါင်းပြီး
vector field လို့ခေါ်ပါတယ် တချို့နေရာတွေမှာ
ဆံပင်မပေါက်ပါဘူး ဒါမှမဟုတ် လေမရှိပါဘူး
အဲနေရာမှာ vector field က zero ပါ
ဒါကို index of vector field အတိုကောက်
index( v ) လို့ခေါ်ပါတယ်

zero ၁ ခုရှိရင်index( v ) က 1
zero ၂ ခုရှိရင်index( v ) က 2 ပေါ့

ဒီတော့ စက်လုံးအတွက်

∑ index( v ) = χ( M ) = 2   ပါ

မုန့်လကောက် torus အတွက်

∑ index( v ) = χ( M ) = 0 ပါ

torus ရဲ့   χ က zero မလို့ပါ

အဓိပ္ပါယ်ကဘာလဲ ?

သင်ဟာဘယ်လောက်ပဲခေါင်းပေါ်က ဆံပင်ကို
ဘီးနဲ့ဖြောင့်စင်းအောင်ဖီးဖီး သင့်ခေါင်းပေါ် မှာ
ထိုးထိုးထောင်ထောင်ကျန်နေတဲ့နေရာကတော့ရှိမှာပါပဲ အဲနေရာကို cowlick ဗွေလို့ခေါ်ပါတယ် ဗွေမပါတဲ့ခေါင်းမရှိပါ

you can't comb the hair flat on the ball without creating the cowlick လို့ပြောပါတယ်

နောက်တခုကတော့ ကမ္ဘာပေါ်မှာမုန်တိုင်း မရှိတဲ့နေ့
မရှိတာပါပဲ မုန်တိုင်းမျက်စိဟာ zero vector field
ဖြစ်ပြီး ကမ္ဘာ ဟာ S₂  မို့ပါ

နောက်တခုကတော့ black hole များဟာလည်း
metric tensor field က zero ဖြစ်တဲ့အတွက်
ဒါဟာလည်း စကြာဝဋ္ဌာ topology ကို မှန်းရာမှာ
အသုံးဝင်နိုင်ပါကြောင်း