Saturday, August 22, 2015

AI

AI

AI ဆိုတာက artificial intelligence လူလုပ်
အသိဥာဏ် ပေါ့ computer တွေပေါ်လာပြီးနောက်
မှာ လူ့ အသိဥာဏ် ကိုတုပ နိုင်စွမ်းတွေဟာ မေးခွန်း
တခုဖြစ်လာပါတယ် ရှေးဦးလူသားတွေကို homo
sapiens ဟိုမို စေပီယန် လို့ခေါ်ပါတယ် အဓိပ္ပါယ်
က man the wise အသိဥာဏ်ရှိသောလူ ပါ
ဒီတော့ပထမဆုံး အသိဥာဏ် wisdom ဆိုတာကို
အဖြေရှာရတော့မှာပါ ဒါက စိတ် mind ဆိုတာ
မရှိရင် ရှိလာမဲ့ အရာလည်း မဟုတ်ပါဘူး ဒီတော့
ဒါတွေကို လေ့လာထားတဲ့ပညာရပ်တွေကနေ အကူ
အညီယူမှရပါမယ် စိတ် ကိုလေ့လာခဲ့ကြတယ်
စိတ်ဘယ်ကဖြစ်နေလဲ ရှေးကတော့ စိတ်ဟာ ကိုယ်
ကို မမှီတည် ပဲ သီးသန့် သူ့ဘာသာindependently ရှိနေတယ်လို့ ထင်ခဲ့ကြတယ် ဆေးပညာ ရဲ့တိုးတက်
မှုနဲ့အတူ စိတ်ဆိုတာရုပ်ပိုင်းထောက်ပံ့မှုမပါဘဲ
သီးခြား မတည်ရှိနိုင်ကြောင်း သိလာတယ် ဥပမာ
brain ဆိုတဲ့ neuronal structure မရှိဘဲ
mental activity ဟာ ဘယ်လိုရှိနိုင်မှာလဲ
လူ့အသိဥာဏ်ကို တုပထားတဲ့ computer တွေမှာ
တောင် software တွေအလုပ်လုပ်နိုင်ဖို့ hardware
ကအရင်ရှိရတယ်မဟုတ်လား

စိတ်ကို software ပိုင်းလေ့လာတဲ့ဘာသာရပ်ကို
psychology လို့ ခေါ်ပါတယ် hardware ပိုင်းလေ့လာတာကတော့ neuroscience ပါ
စိတ်တိုင်းဟာ အသိဥာဏ်ရှိတာတော့ မဟုတ်ပါဘူး
တချို့စိတ်တွေက အိပ်ဖို့ စားဖို့ လောက်ပဲသိပေမဲ့
တချို့ ကတော့ ကြီးမားတဲ့ပြသနာများကိုဖြေရှင်း
နိုင်ပါတယ် ဒီတော့ wisdom ဆိုတာ စိတ်မရှိရင်
လုံးဝ မရှိပေမဲ့ စိတ်တိုင်းမှာလည်း မရှိပါဘူး
wisdom ကိုလေ့လာတဲ့ ဘာသာရပ်ကိုတော့ philosophyလို့ခေါ်ပါတယ်  ဒါဟာ ဆိုကရေးတီး
တို့ခေတ်ထဲက ပေါ်တဲ့ဘာသာရပ်ပါ

ဒီတော့ AI နည်းပညာဟာ အသိဥာဏ်ကိုတုပ ခြင်း
အစွန်းဆုံးပြောရရင် လူ့စိတ် ကိုတုပခြင်းဖြစ်ရာ လူ့
စိတ်နဲ့ပါတ်သတ်တဲ့အထက်ကဘာသာရပ်တွေက
ဆက်နွှယ်ပါတယ် ဒါ့အပြင် တုပမယ့် အရာ က
computer technology ဖြစ်လေတော့
theory of computation  လို information
theory လို အရာမျိုးတွေလည်းလိုပါတယ်

ဒီဘာသာရပ်မှာ school of thought အမျိုးမျိုး
ရှိပြီးခုချိန်ထိပြန့်ကျဲနေတဲ့ဘာသာရပ်ပါ အသင့်အတင့်အောင်မြင်မှုတချို့ရှိပေမဲ့ ခုချိန်ထိ
sound theoretical foundation တခုကိုရှာ
ဖွေဆဲလို့ဆိုပြီး ဒီဘာသာရပ်မှာ ဝင်လုပ်တဲ့ ပညာရှင်
တွေဟာ အောင်မြင်ဖို့ အခွင့်အလန်းပိုများတယ်လို့
ဆိုပါတယ် ဥပမာ physics လိုဘာသာရပ်မှာ
နယူတန် မက်စ်ဝဲလ် အိုင်းစတိုင်းလို ပုဂ္ဂိုလ်မျိုး တွေ
က အိုင်ဒီယာတော်တော်များများကိုတွေ့ထားပြီသား
ဆိုတော့နောက်လူအတွက် သိပ်မကျန်တော့ဘူးပေါ့
ဒီAI နယ်ပယ်မှာတော့ ခုချိန်ထိ အိုင်းစတိုင်းတ
ယောက်လိုအပ်နေဆဲလို့ ဆိုပါတယ်

လက်ရှိ AI နည်းပညာ ကိုဖော်ဆောင်နေတဲ့ line
of thought က ၄ ခုရှိပါတယ်တဲ့ အာ့တွေက

act like human လူလို ပြုမူခြင်း

think like human လူလိုတွေးခြင်း

act rationally ကြောင်းကျိုးကျ ပြုမူခြင်း

think rationally ကြောင်းကျိုးကျ တွေးခြင်းပါ

ဒီ  ဦးတည်ချက်လေးခုမှာ အဖွဲ့တခုခြင်းစီက ကိုယ့်
အယူအဆနဲ့ကိုယ်လုပ်နေတယ်လို့ဆိုပါတယ်
ဒီမှာ rationality ဆိုတာကို doing the right
things လို ဆိုပါတယ် intelligence ကို
operational working definition ဖွင့်ထား
တာပါ လူတိုင်းက အထက်ကပြောသလိုပဲ
intelligence မဖြစ်ဘူးလေ အဲတော့ လူလိုပြုမူတာ
တာတွေးတာနဲ့ rationally ပြုမူတာတွေးတာ က
ကွာပါတယ် ဥပမာ ဆို expert system တွေပေါ့
ဆေးပညာအကြံပေးတဲ့ software packages
လိုဟာမျိုးပါ နောက် Deep Blue လို chess ထိုးတဲ့
ဟာမျိုးပေါ့

ဒီတော့ ပထမဆုံး Turin's machine တခုဟာ
intelligence ဖြစ်မဖြစ် ဘယ်လိုသိမလဲ ? ဒီမှာ တူရင်စက်ဆိုတာ computer ကိုပြောတာပဲဖြစ်ပြီး
Alan Turin ဟာ ကွန်ပြူတာရဲ့ ဖခင် computation theory ရဲ့ဖခင်အဖြစ် Turin machine အယူအဆ
ကိုချပြခဲ့ပါတယ် ဒီအကြောင်း ရှေ့မှာရေးပြီးသားပါ
ဒါပေမဲ့ခု ဖေ့ဘုတ် က ဘယ်လိုလုပ်လိုက်လဲတော့
မသိဘူး ပြန်ရှာတာမရတော့ဘူး ထားပါတော့

Turin စက်တခုဟာ အသိဥာဏ်ရှိမရှိ ဘယ်လိုသိ
မလဲ? ဒါကိုစမ်းတဲ့နည်းကို Turin Test လို့ ခေါ်ပါ
တယ် စမ်းပုံက အခန်း ၂ ခန်းရှိမယ် တခန်းမှာ လူ
ရှိမယ် နောက်တခန်းမှာ တူရင်စက်ရှိမယ် ၂ ခန်းလုံး
ရဲ့အပြင်မှာ စစ်ဆေးသူရှိမယ် သူက ဘယ်အခန်းမှာ
ဘာရှိတယ်ဆိုတာမသိ  ဘူး သူကမေးခွန်းတွေမေး
မယ် မေးခွန်းကောအဖြေကောကို အခန်း က အပေါက်ကလေးတွေကနေ အပို့အယူလုပ်မယ်
လုံလောက်တဲ့စစ်မေးမှုပြီးသွာချိန်မှာ စစ်ဆေးသူ
က ဘယ်အခန်းမှာ လူ ဘယ်အခန်းမှာ စက် ရှိတယ်
လို့အဖြေထုတ်ပေးရမယ် တကယ်လို့ မပေးနိုင်ခဲ့ရင်
တူရင်စက်ဟာ အသိဥာဏ်ရှိလို့ပေါ့

ဒီ test ကို AI နယ်ပယ်ကလူ အတော်များများက
လက်ခံပြီး လုပ်ကြပါတယ် ဒါပေမဲ့ ဒါကို အမေရိ
ကန် အတွေးအခေါ်ပညာရှင် Searle ကတော့
ဝေဖန်ပါတယ် ဒါကို Searle Chinese room
လို့ခေါ်ပါတယ် သု့အဆိုအရအခန်းထဲကို အင်္ဂလိပ်
တယောက်ထည့်ထား သူ့ကိုအပြင်ကနေ တရုတ်လို
မေးခွန်းတွေမေး ပေါ့ သူ့လက်ထဲမှာ
အင်္ဂလိပ် လို ရေးထားတဲ့ algorithm တခုရှိမယ်
ဒါက တရုတ်လိုဘာမေးရင် ဘာပြန်ဖြေဆိုတာကို
code ရေးထားတယ်ပေါ့ ဒီတော့ ဒီလိုသာဆိုရင်
အခန်းထဲကလူ က တရုတ်စာနားမလည်လဲ
အဖြေတွေကို တရုတ်နဲ့မခြားဖြေနိုင်မယ်ပေါ့
ဒါကိုသူဟာ တရုတ်စာတတ်တယ်လို့ ဆိုနိုင်မလား
တနည်းအားဖြင့် တူရင်စက်ကို ဒီမှာ အစားထိုးရင်
အပြင်က စစ်ဆေးသူ မခွဲနိုင်တာနဲ့ပဲ ဒီစက်ဟာ
အသိဥာဏ်ရှိတယ်  လို့ဆိုနိုင်မလားလို့ မေးခွန်းထုတ်ခဲ့တာပါ

ဒီတော့ principle ပိုင်းမှာ တိကျပြတ်သား အောင်
လုပ်ဖို့လိုအပ်ချက်တွေနဲ့ ပညာရှင်အသစ်တွေရဲ့အ
တွေးအခေါ်အသစ်တွေလိုနေတာကတော့အမှန်ပါပဲ
ဒါပေမဲ့ဒီနယ်ပယ်ဟာ အောင်မြင်မှုတွေရနေတာ
လည်းငြင်းမရပါ ဥပမာ chess reasoning နဲ့ပါတ်သတ်ရင် Deep Blue က ကတ်စပါရော့ဗ်ကို
နိုင်ပြီးနောက်ပိုင်း ဒီအပိုင်းမှာတော့စက်က လူကို
ကျော်ခဲ့ပါပြီ

၁၉၅၆ မှာ AI ဆိုတဲ့နာမည်ကိုပေး ပြီးကတည်းက
အောင်မြင်မှုတွေထဲမှာ W Grey Walter ရဲ့ လိပ်
လည်းတခုအပါအဝင်ပါ သူ့ရဲ့ စက်ရုပ်ဟာ အခန့်အနှံ့
လျှောက်သွားနေပါတယ် တကယ်လို့ ဘက်ထရီကုန်
ခဲ့ရင်တော့ သူက အခန်းထဲက အနီးဆုံး ပလက်ခုံ
ဆီသွားပြီး သူဟာသူ အားဖြည့်ပါတယ် အားပြည့်ရင်
တော့ ပလက်ဖြုတ်သိမ်းပြီး အခန်းထဲလျှောက်သွား
ပြန်တာပေါ့ ဒီမော်ဒယ်ဟာ လူနဲ့ တိရိစ္ဆာန်တွေမှာ
မြင်ရတဲ့ hunger ဆာလောင်မှု ရဲ့စေ့ဆော်မှုမျိုးပါ
ဒါကို pain pleasure score တခု သတ်မှတ်ပြီး
battery level နဲ့ချိတ်ဆက်ပေးရင် လူတွေမှာ
တွေ့ရတတ်တဲ့ အလိုပြည့်မှု အလိုမကျမှုတွေကို
တုပဖန်တီးနိုင်မှာပါ

rationality သို့ intelligence ကို ပုံဖေါ်ရာမှာ
အဆင့်အများကြီးရှိပါတယ်

1.ပါတ်ဝန်းကျင်ကိုသိခြင်း ဒီမှာ speech recognition , facial recognition , image
recognition

2.  သတင်းအချက်လက်များကို အသုံးပြုပြီး
    တွေးတောကြံဆခြင်းreasoning အစီအမံ
    ပြုလုပ်ခြင်း planning

3. ရရှိသော အတွေ့အကြုံ မှ သင်ယူခြင်း
     learning

4. ပါတ်ဝန်းကျင်ကိုတုန့်ပြန်ခြင်း
     machine talking , fine movement

စသဖြင့်ပါပါတယ် တချို့နယ်ပယ်တွေမှာအောင်မြင်မှုရနေပါပြီ

အခြေခံအနေနဲ့အသုံးချတဲ့ သင်္ချာတွေတာကတော့
statistical method တွေ neural network
theory တွေ စသဖြင့်ရှိပါတယ်

AI နယ်ပယ်ဟာ တိုးတက်ဆဲဖြစ်ပြီး တိကျတဲ့
mathematical model of mind တခုရှိဖို့
စောင့်စားနေပါကြောင်း တင်ပြလိုက်ရပါတယ်

                                                             python

No comments:

Post a Comment