Big Bang
bang ကပေါက်ကွဲသံ ကို မြည်သံစွဲ ပေးထားတဲ့ အင်္ဂလိပ်စကားလုံးပါ big bang က တော့ လန်ဒန်မြို့က နာရီစင်ဖြစ်ပါတယ် နောက် တခုက
တော့ စကြာဝဠာဖြစ်တည်လာပုံကို သိပ္ပံနည်းကျ
တင်ပြထားတဲ့ theory ရဲ့နာမည်ပါ မဟာပေါက်
ကွဲမှုပေါ့ သီဝရီရဲ့ အတိကအကျ နာမည်ကတော့
Λ CDM model ဖြစ်ပါတယ်
စကြာဝဠာ သိနိုင်ကောင်းတဲ့အရာလို့ ရှေးလူကြီးတွေ
ကမထင်ခဲ့ကြပါဘူး နိုင်သလောက်လိုက်တွေးခေါ်
ခဲ့ကြသူတွေမှာ ရှေးခေတ် ဂရိလူမျိုးများပါတာပေါ့
ဒါပေမဲ့သူတို့အတွက်လည်း ဒါဟာသိပ်ကြီးလွန်းပါ
တယ် နောက်ဆုံးအကြမ်းဖျဉ်းကတော့ စကြာဝဠာ
သည် အဆုံးအစမဲ့ ကျယ်ဝန်းသော static တည်ငြိမ်နေ သည့်အရာအဖြစ်လက်ခံလိုက်ကြပါ
တယ်
၁၉၁၅ ခုမှာ အိုင်းစတိုင်းက general relativity
ကိုစတွေ့ပါတယ် ဒါကိုသုံးပြီး စကြာဝဠာကို စနစ်တကျလေ့လာလို့ရလာတဲ့နောက် cosmology
ဟာ သိပ္ပံဖြစ်လာပါတယ် အိုင်းစတိုင်း ညီမျှခြင်းမှာ
အဖြေ အတော်များများရှိပါတယ် အဲ့ထဲက equation တခုကို Friedman equation ခေါ်ပါ
တယ် လက်ရှိမော်ဒယ်လ် က ဒီညီမျှခြင်းကိုသုံးတာ
ပါ ဒီညီမျှခြင်းက စကြာဝဠာ ဟာ မတည်ငြိမ်ဘူးဆို
တာကို ခန့်မှန်းခဲ့ပါတယ်
ဒီနေရာမှာမတည်ငြိမ်ဘူးဆိုတာ ဂြိုဟ်တွေလှည့်ပါတ်
ရွေ့လျားနေတာကိုပြောချင်တာမဟုတ်ပါ cosmology ရှုထောင့်က ကြည့်ရင် အခြေခံယူနစ်
က galaxy တွေပါ ကျွန်တော်တို့ရဲ့ကမ္ဘာဟာ
milkyway galaxy ခေါ်တဲ့ နဂါးငွေ့တန်း ဂလက်ဆီမှာပါပါတယ် cosmology မှာတော့
galaxy တိုင်းကို point အနေနဲ့ပဲယူဆပါတယ်
ဒီတော့ ဒီ pointထဲမှာ ရွေ့လျားနေမှုတွေကိုပြော
တာမဟုတ်ပါဘူး ဒီ point အများကြီးတည်ရှိရာ
နေရာနဲ့အချိန်တွေရဲ့ တည်ငြိမ်မှုကိုဆိုချင်တာပါ
အရင်ကလူတွေက cosmos is static လို့ထင်ခဲ့ပါတယ် ဒီထဲမှာ အိုင်းစတိုင်းလဲပါပါတယ်
ဒီတော့သူကဖရိမင်း ညီမျှခြင်း ကို ထိန်းဖို့ သူ့
equation မှာΛ ဆိုတဲ့ကိန်းကိုထည့်ခဲ့တယ်
တကယ်လို့ စကြာဝဠာ ပြန့်ကားရင် Λ ကပြန်ဆွဲစု
မယ် စကြာဝဠာ က ကြုံ့ဝင်နေရင် Λက ပြန်ဆွဲဆန့်
မယ်ပေါ့ဒါဆို စကြာဝဠာ တည်ငြိမ်နေမှာပေါ့
နောက်တော့ အိုင်းတော့ကိုယ်တိုင် Λ ကို ထည့်သွင်း
ခဲ့တာဟာ သူ့ဘဝရဲ့အကြီးဆုံး အမှား biggest
blender of my life လို့ပြောခဲ့ပါတယ် ဒါပေမဲ့ပညာရှင်တွေရဲ့အမှား Λ ဟာ ခုချိန်မှာ dark
energy ဝါ vacuum energy အဖြစ်နဲ့ တဖန်ပြန်
အသက်ဝင်လာတာကတော့ အံ့ဖွယ်ပါ
အမေရိကန် နက္ခတပညာရှင် Hubble က hubble
law ကိုတွေ့ခဲ့ပါတယ် galaxy တွေရဲ့ redshift
ကိုလေ့လာရင်းပါ ဂလက်ဆီတွေဟာ တခုဆီကနေ
တခုက ဝေးရာကိုပြေးထွက်ပါတယ် သူတို့ ကထုတ်လွှတ်တဲ့ ရောင်စဉ်လှိုင်းတွေကို ကမ္ဘာ က
ဖမ်းယူတဲ့အခါ ကြိမ်းနှုန်းက အနီရောင်ကြိမ်နှုန်းဘက်
ရောက်တာကိုပြောတာပါ ဒါကိုအလွယ်ဆုံး ဥပမာ
နဲ့ပြောရရင် သင်ကလမ်းပေါ်မှာရပ်နေတယ်ဆိုပါစို့
မီသတ်ကားတစီးကသင့်ရှေ့က ဖြတ်ပြီး အဝေးကို
ထွက်သွားတယ် ဒါဆို သူ့ရဲ့ siren ကထွက်တဲ့အသံ
ဟာ တဖြေးဖြေး တိုးသွားမှာပါ frequency နဲသွား
တဲ့သဘောပေါ့ သင့်ဆီလာနေရင်တော့ အသံပိုကျယ်လာမှာပါ ကြိမ်နှုန်းများလာတာပေါ့
ဒီတော့အဝေးကိုပြေးထွက်တဲ့အရာတွေရဲ့ ရောင်စဉ်
မှာလဲ ကြိမ်နှုန်းနဲသွားတာကို redshift အနီဘက်ရွေ့ခြင်းလို့ခေါ်ပါတယ် အနီရောင်ရဲ့ ကြိမ်နှုန်းဟာ visible spectrum မြင်နိုင်ခွင်မှာ
အနိမ့်ဆုံးမို့ပါ ဟက်ဗယ် ရဲ့တွေ့ရှိချက်က ဂလက်ဆီ
များဟာ တခုစီတိုင်း ကတခုစီတိုင်းဆီက ဝေးရာပြေး
ထွက်နေကြတယ်ဆိုတာပါ သူတိ့မှာဗဟိုအနေနဲ့ယူဆ
ရမဲ့ galaxy ရယ်လို့မရှိပါဘူး ဒါမျိုးဖြစ်နိုင်ဖို့က အလွယ် ဆုံးဥပမာနဲ့ဆိုရင် 2 dimension ရှိတဲ့
surface တခုနဲ့ရှင်းပြမှပါ ဒါကတော့ ပူစီဖောင်းပါ
အဲပူစီဖေါင်းပေါ်မှာ အစက်ကလေးတွေရှိတယ်ဆိုပါ
တော့ သင်က ပူစီဖေါင်း ကို မှုတ်ခဲ့ရင် ဒါကကြီးပြီး
ပြန့်ကားလာမှာပါ အဲပူစီဖေါင်းပေါ်က အစက်ကလေး
များကလည်း တခု မှတခု ဝေကွာသွားမှာပါသူတို့ မှာ
ဗဟိုမရှိပါဘူး ကျွန်တော်တို့ခုစဉ်းစားနေတာက
ပူစီဖေါင်းမျက်နှာပြင်ကိုပါပဲ ပူစီဖေါင်း ရဲ့လေရှိတယ့်အတွင်းသားမပါပါဘူး
ခု ဟက်ဗယ်တွေ့ရှိတာလည်းဒီအတိုင်းပါ ဒါဟာ
ပထမဆုံး လက်တွေ့စမ်းသပ်မှုက စကြာဝဠာပြန့်ကား
ကြောင်းသက်သေပါ ပြီးတော့ ဒါကို ဖရိမင်း က
၁၀ နှစ်လောက်စောပြီး ဟောကိန်းထုတ်ခဲ့ပါတယ်
တစုံတခုကပြန့်ကားလာတယ်ဆိုတာရဲ့အဓိပ္ပါယ်
ကအဲဒီအရာဟာ အတိတ်တချိန်တုန်းက စုစည်းနေ
ခဲ့ရမှာပါ တနည်းပါက်ကွဲထွက်လာတယ်ပေါ့ ဒါကို
စပြောခဲ့တာ က လမီတာပါ သူနဲ့ ခေါတ်ပြိုင်က ဖရက်ဟွိုင်း ဖြစ်ပြီးသူကတော steady state theory ကိုပြောခဲ့ပါတယ် ဒီမှာ ဂလက်ဆီများဟာ
ဘာမှမရှိတဲ့ vacuum ကနေ ပေါ်ပေါက်လာပြီးပြန့်
ကားထွက်တယ်ပေါ့ ပြန့်ကားလို့ စောစောကနေရာမှာ
ဘာမှမကျန်ခဲ့ရင် ထပ်ပြီး ဂလက်ဆီတွေဖြစ်တယ်ပေါ့
ဟွိုင်းရဲ့သီဝရီနဲ့မတူတာက လမီတာရဲ့ big bang
မော်ဒယ်က cosmic microwave radiation
ကို ဟောကိန်းထုတ်တာပါ ဒါကိုနားလည်ဖို့က ပေါက်ကွဲမှုအကြောင်းပြောကြပါဆို့ ပေါက်ကွဲမှု
ဆိုတာ စုစည်းထားတဲ့အရာတွေပြန့်ကျဲထွက်တာပါ
ထုထည်အသေးကနေ ထုထည်ကြီးသွားတာပါ
ထုထည်ထဲမှာရှိတဲ့ စွမ်းအင်ကတော့ အတူတူပါပဲ
ဒီတော့ ထုထည် အသေးမှာ စွမ်းအင်သိပ်သည်းမှု
များပါတယ် ပေါက်ပြီးသွားတော့ ထုထည်ကြီးပြီး
စွမ်းအင်သိပ်သည်းမှု နဲသွားပါတယ် ဒီမှာတော့
စွမ်းအင်သိပ်သည်းမှုကို radiation ရဲ့ frequency နဲ့တိုင်းနိုင်ပါတယ် ဒီတော့ပေါက်ကွဲမှုကြောင့် ထွက်
လာတဲ့စကြာဝဠာရဲ့ အစဦးက ရောင်စဉ်တွေကိုအခု
တိုင်းနိုင်ပါတယ် ဒါပေမဲ့ကြာပြီဆိုတော့ ကြိမ်နှုန်းဖျော့
နေမှာပါ တွက်ချက်မှုအရ အပူချိန် 2.7 K မှာရှိတဲ့
microwave လှိုင်းလို့ အဖြေရပါတယ် ဒါကို
နောက်တော့အာနိုးနဲ့ ပန်းဆီးယပ်စ် ဆိုတဲ့ ပညာရှင်
၂ယောက်ကတွေ့ခဲ့ပြီး Nobel ဆုရခဲ့ပါတယ်
ဒါက ဘစ်ဘန် မှန်တယ်ဆိုတဲ့အထောက်အထားပါ
CMB ခေါ်တဲ့ ဒီလှိုင်းတွေကို သင်ရဲ့ အိမ်က တီဗွီချန်နယ်မှာလည်းတွေ့နိုင်ပါတယ် လိုင်းမမိချိန်
အပြောက်အြောက်ထနေတာက ဒီCMB ကြောင့်ပါ
တနည်း စကြာဝဠာဦးက အလင်းရောင်ပေါ့
ကျွန်တော်တို့စကြာဝဠာယခင်က ပင်အပ်ခေါင်းထက်တောင်သေးငယ်ခဲ့ပါတယ်
ဒီတုန်းက အချိန်ဆိုတာမရှိပါဘူး နေရာဆိုတာလည်း
မရှိပါဘူး ဒြပ်ဆိုတာလည်းမရှိပါဘူး ရုပ်ဆိုတာလည်း
မရှိပါဘူး စွမ်းအင်တခုသာရှိပါတယ် အားတောင်မရှိပါဘူး နောက်တော့ရုတ်တရက်ပေါက်ကွဲတယ် ပေါက်ကွဲမှု
နဲ့အတူ အချိန် နဲ့နေရာကိုဖန်တီးဖြစ်ပေါ်စေတယ်
ပြီးတော့ ပထမဆုံး အလင်း ကိုဖြစ်ပေါ်စေတယ်
အလင်းတွေ annihilate လုပ်ရာက electron နဲ့
positron ကိုဖြစ်ပေါ်စေတယ် နောက်တော့ quark
နဲ့ gluon များကို quark gluon plasma အဖြစ်ရှိစေတယ် သူတို့အား လုံး massless ပါ
အလေးချိန်မရှိဘူး နောက်တော့မှ spontaneous
symmetry breaking ဖြစ်ပြီး mass ရလာကြတယ် အား ၄ မျိုးဖြစ်ပေါ်လာတယ်
နောက်တော့ proton neutron တွေဖြစ် ဖုန်မှုန့်
တိမ်တိုက်တွေဖြစ် gravity အောက်မှာပြိုကျပြီး
galaxy တွေဖြစ်လာတယ်
ခုခါလေ့လာမှုအရတော့ ပြန့်ကားမှုဟာ အရှိန်မြင့်တက်နေပြီး ဒါဟာ dark energy
ကြောင့်လိုဆိုပါတယ်
No comments:
Post a Comment