Integration and measure
Integral နဲ့ differential ဆိုတာ two pillars
of calculus ပါ ကဲကုလပ်သင်္ချာရဲ့ ဒေါက်တိုင်ကြီး ၂ ခုပေါ့ သိပ္ပံ ပညာဆိုတာ စမ်းသပ်စစ်ဆေးခံနိုင်ဖို့လို
ပါတယ် တိုက်ဆိုင်စစ်ဆေးဖို့ဆိုတာ တိတိကျကျ
တိုင်းတာမှုလိုပါတယ် လောက မှာအရာရာကပြောင်း
လဲနေတဲ့အတွက် ပြောင်းလဲနှုန်း ကိုတိုင်းဖို့လိုပါတယ်
ဒါကို differential ကပြုလုပ်ပေးပါတယ် အရာရာမှာ
ပမာဏ အတိုင်းအတာ ရှိတယ် မြင်သာတာတွေက
တော့ length လို area ဧရိယာလို volume ထုထည်လိုပေါ့ ဒါတွေကို တိုင်းတာဖို့ integral ကပေးပါတယ် ဆိုပါစို့ စတုရန်း တခုရဲ့area ရှာ မယ်
ပေါ့ x က အလျား y က အနံဆိုရင် xy ရတယ်ပေါ့
ဒါပေမဲ့ ပုံသဏ္ဍာန်မမှန်တဲ့ ကွေးကောက်နေတဲ့ အဝန်း
အဝိုင်း တခုရဲ့ area ဆိုရင်ရော BC 370 လောက် က
Exodus ကတော့ method of exhaustion ဆိုတဲ့
နည်းနဲ့မောပန်းလောက်အောင်တွက်ခဲ့ရပါတယ် အိုင်ဒီယာက တိုင်းချင်တဲ့ area ကို လေးထောင့်အ
ပိုင်းလေးတွေအများကြီးစိတ်ပိုင်းပြီး ပေါင်းယူတာပါပဲ
rectangle တွေက xy ဆိုပြီးarea ကိုတိတိကျကျ
ရတာကိုး ဒါတွေအကုန်ပေါင်းရင် ရလာဒ် ကအနီးစပ်ဆုံးပေးတာပေါ့ ဒီနည်း ကို limit ဆိုတဲ့အယူအဆ infinitesimal ဆိုတဲ့အယူအဆ
တွေနဲ့ပေါင်းလိုက်တော့ နယူတန်နဲ့ လိုက်ဗနစ်က
integral ကိုသီးခြားစီတီထွင်နိုင်ခဲ့ကြပါတယ်
ပထမဆုံးသိဖို့လိုတာက function ပါ အကြမ်းဖျဉ်း
ပြောရင် input အနေနဲ့ real number တခု ကို
ထည့်ပေးတိုင်းမှာ function က output အဖြစ်
real number တခုကိုထုတ်ပေးတယ်
input ကို x လို့ပေးရင်
output က f(x) ပေါ့ f ကတော့ function ပေါ့
f(x) ဟာ x² ဖြစ်နိုင်သလို 2x သို့ sin(x) လည်းဖြစ်နိုင်
တယ် ဒါတွေကပြသနာပေါ်မူတည်တာပေါ့
အရေးပါတာက f(x) ကို graph ဆွဲလို့ ရတာပါပဲ
graph ဆိုတာကတော့ xy plane ပေါ်မှာ
ကွေ့ကောက်နေတဲ့ (တချို့လည်းဖြောင့်ပါတယ်)
မျဉ်းတကြောင်းပါပဲ x က မြေပြင်ညီမျဉ်းပေါ့
y က ဒေါင်လိုက်မျဉ်းဆိုရင် x ကိုပေးတိုင်းမှာ
y=f(x) အနေနဲ့ y အမှတ်ကိုရတယ် ဒီ၂ခု ဆုံရာ
မှာအမှတ်စက်ချ အမှတ်တွေအားလုံးပေါင်းတော့
curve တခုရတာပေါ့
integral က ဒီမျဉ်းကွေးအောက်က ဧရိယာ ကို
တွက်ပေးပါတယ် သူကမျဉ်းကွေအောက်မှာ ဒေါင်လိုက် rectangle လေးတွေအဖြစ်စိတ်ပိုင်း
လိုက်ပါတယ် rectangle ရဲ့ အခြေက dx ပေါ့
သူ့ရဲ့ အမြင့်ကို f(x) ကပေးတယ်လေ f(x) dx
ဆိုတော့ rectangle တခုရဲ့ ဧရိယာ ရတာပေါ့
rectangle တွေအားလုံးပေါင်းတော့ မျဉ်းကွေးအောက်က ဧရိယာ ကိုရပါပြီ ဒီဧရိယာက
အခြေ dx ကတိုလာလေ ပိုမှန်လေပေါ့ ဒါ က dx
tend to zero ဆိုတဲ့ limit သဘောတရားပါ
∫ f(x)dx
လို့ရေးပါတယ် တစုံတရာရဲ့ ဖန်ရှင်ကို ပေးတိုင်းမှာ
သူ့အောက်က ဧရိယာတိုင်းလို့ရတယ်
ဒီတော့ခုပြောတာတွေကို rigorously defined
လုပ်ခဲ့ တာက Riemann ပါ ဒါကြောင့် Riemann
integral လို့ခေါ်ပါတယ် ဒီintegral ရဲ့ လိုအပ်ချက်
က function ဟာ continuous ဖြစ်ရပါတယ်
continuous မဖြစ်တဲ့ function တွေဟာ ပြတ်တောင်း တဲ့ ရုတ်တရက်ချိုးကွေ့တဲ့ မချောမွေ့တဲ့ မျဉ်းကွေးတွေကိုပေးပါတယ်
နောက်တချက်ကတော့ တိုင်းတာခြင်းဆိုတဲ့ အယူအဆပါ measure ပေါ့ ခုလိုintegral
တခုအတွက်အရေးပါတာက dx ပါ တနည်း
x ဝင်ရိုးပေါ်က length ဆိုတဲ့အယူအဆပါ
သာမန်အားဖြင့် ကျွန်တော်တို့ဟာ တိုင်းတာမှု
တွေနေ့စဉ်ဘဝမှာ အမြဲတမ်းလုပ်လေ့ရှိတော့အရာ
ရာဟာတိုင်းလို့ရမယ်ထင်တက်ကြပါတယ် ငါက
ဘယ်နှစ်ပေမြင့်ပြီး ဒီတယောက်ရဲ့ အချစ်က ဟို
တယောက်ထက်ပိုတယ်ဆိုတာမျိုးပေါ့
ခုကိစ္စ ကိုစဉ်းစားကြည့်ပါ တစ်လက်မ ရှည်တဲ့မျဉ်း
တကြောင်းဆိုပါတော့ သူ့ကို ၃ ပိုင်းအညီမျှပိုင်း
အလယ်ပိုင်းကိုဖယ်လိုက် အစွန် ၂ ပိုင်း ကျန်မှာပေါ့
အစွန်တပိုင်းစီကိုလည်း အထက်ကနည်းအတိုင်း
အလယ်ပိုင်းကိုဖြုတ်လိုက်ဒါဆို ၄ ပိုင်းကျန်ခဲ့မယ်
ဒီနည်းနဲ့ဆက်ခါဆက်ခါ လုပ် infinitely အကြိမ်
အနန္တလုပ်ရင် ဘာကျန်ခဲ့မလဲ အလွန်သေးငယ်တဲ့
အမှတ်စက် point လေးတွေပေါ့ ဒါကို Cantor set
လို့ခေါ်ပါတယ် တွက်ကြည့်ရအောင်
ပထမ ဖယ်လိုက်တာက 1/3 ဆိုတော့ ကျန်ခဲ့တာက
2/3 ပေါ့ နောက်တခါဖယ်တော့ နောက်ထပ်2/3
စုစုပေါင်းက 2/3×2/3=(2/3)² = 4/9 ပေါ့ နောက်
ထပ်ဖယ်တော့ (2/3)³= 8/27 ပေါ့ ဒီလိုအကြိမ်အများ
ကြီးလုပ်ရပ် ကိန်းဟာသေးသေးလာပြီးနောက်ဆုံးမှာ
သုည ဖြစ်မှာပါ သင်္ချာက သုညလို့ပြောနေပေမဲ့ ပုံမှာ
တော့ အစက်ကလေးပေါင်း အနန္တနဲ့ပြည့်နေတယ်
တခုခုတော့လွဲပြီ ကျွန်တော်တို့ဖယ်ခဲ့တဲ့အပိုင်းတွေ
ကတော့အားလုံးပေါင်းရင် တစ်လက်မ ပြန်ရနေတယ်
ဘာဖြစ်တာလဲ တစ်လက်မမျဉ်းက နေတလက်မကိုဖယ်လိုက်တာ အစက်တွေ အများကြီးကျန်ခဲ့တယ်
အမှန်တော့ဒီပြသနာမှာအဓိက ဝိရောဓိက point
ပါ point ဆိုတာတကယ်တော့ no length ပါ
point တွေဆက်လို့ length တခုရတယ်ဆိုတာ
က approximate ယူဆထားတာပါ ဒီတော့ အဓိက
ပြောချင်တာက canter set လို function မျိုးက
continuous မဖြစ်ပဲ တိုင်းတာရခက်တာပါ zero
တွေ ကို အနန္တပေါင်းလည်း zero ပါပဲ
ဒီတော့ဒီကိစ္စမှာ တိုင်းတာမှုကိုချဲ့ထွင်ဖို့လိုပါတယ်
၂၀ ရာစုဆန်းမှာ ဘိုရယ် နဲ့ လက်ဘက်Lebesgue
တို့က measure theory ကိုစတင်ခဲ့ပါတယ်
ဒီတော့တိုင်းတာမှုဆိုတာဘာလဲ ဘာက ဘာထက်
ပိုကြီးတယ်ဆိုတာသိဖို့ သူတို့ရဲ့အရွယ်အစားကို
နှိုင်းယှဉ်ကြတာပါ ဒီမှာ သေချာတာကတော့ ဒါဟာ
1.real number တခုဖြစ်မှာပါ
2.နောက်တချက်ကempty set ဟာzero size
ဖြစ်မှာပါ
3.တတိယတချက်ကတော့
သင်္ချာမှာမရှိမဖြစ်တဲ့ set theory နဲ့ပြောရမှာပါ
တကယ်လို့ set A နဲ့ set B ရှိပြီးဒီ ၂ ခု မှာ
ဘုံတူတဲ့ အဖွဲ့ဝင်မရှိဘူးဆိုပါစို့ ဒါဆိုရင်
measure of ( A U B) ဟာ measure of A နဲ့
measure of B ပေါင်းတာနဲ့တူမှာပါ
ဒီမှာ သင်္ချာ notation နဲ့ ကျစ်လစ်အောင်ရေးမယ်
ဆိုရင် measure of( တခုခု) ကို μ ( တခုခု) ပေါ့ဒါ
ဆိုရင် အထက်က၃ခုကို
1. for any set A , μ ( A ) belong to real number
2. μ ( Φ) =0 , Φ က empty set ပါ
3. μ( A U B) =μ(A) + μ(B)
ပေါ့
ခုလိုလုပ်လိုက်တော့ဘာထူးသွားလဲ ထူးပါတယ်
အထက်ကပြောခဲ့တဲ့အတိုင်း Riemann integral
ဟာ continuous မဖြစ်တဲ့ function တွေမှာ
ပြာနာရှိပါတယ် Cantor set ဟာ အဲလိုဖန်ရှင်မျိုးပါ
ဒီ ဖန်ရှင်တွေရဲ့ ပြတ်တောင်းသွားတဲ့ပွိုင့်တွေဟာ
measure theory ရှုထောင့်က ကြည့်တော့
empty set တွေဖြစ်တဲ့အတွက် zero measure
ပါ ကျော်သွားနိုင်ပါတယ် သူက x axis ကို length
တခုလို့မယူဆပဲ set တခုလို့ယူဆပါတယ် Cantor
set က ကျန်ခဲ့တဲ့ အမှတ်တွေဟာ zero ဖြစ်တဲ့အတွက် တစ်လက်မထဲက တစ်လက်မနှုတ်လိုက်တာ empty set တွေကျန်ခဲ့
တယ်ပေါ့ ဒီမှာ measure theory ရဲ့အစွမ်း က
awkward function တွေရဲ့အောက်က ဧရိယာကိုပါ
ရှာနိုင်တာပါ ဒါကို Lebesgue integral လို့ခေါ်ပါ
တယ် အကြမ်းဖျဉ်းပြောရင် Riemann integral
က ဒေါင်လိုက် စိပ်တဲ့အချိန်မှာ Lebesgue
integral က area under curve ကို အလျားလိုက်
စိပ်ပါတယ်
အရာရာကခုထိတော့အဆင်ပြေသလိုပါပဲ
measure theory မှာလည်း သူ့အခက်အခဲရှိပါ
တယ် အဲဒါကတော့ unmeasurable set တွေတွေ့လာရတာပါ ဒါရဲ့ရလာဒ်ကတော့
Banach Tarski paradox ပါ အကြမ်းဖျဉ်းကတော့
သင့်ကို 2 cm cube ရှိတဲ့ စက်လုံးတလုံးရှိတယ်ဆိုပါ
တော့ ဒါကိုခွဲခြမ်းလိုက်ပါ ပြီးရင်ဟိုပြောင်းဒီလှည့်နဲ့
rearrange လုပ်ပြီးပြန်ဆက်လိုက်ရင် 2 cm cube
ရှိတဲ့ စက်လုံး၂လုံးရနိုင်တယ်လို့ ဒီဝိရောဓိကဆိုပါ
တယ် ဒါဟာလက်တွေ့ဘဝ မှာမဖြစ်နိုင်မှန်းလူတိုင်း
သိပါတယ် ဘာကြောင့်လဲဆို ရင် ကျွန်တော့်မှာ
ရွှေလုံးတလုံးရှိတာနဲ့ ဒီနည်းနဲ့ ၂ဆ ပွားပြီး ထိုင်
စားတော့မှာပေါ့ ဒါဆို paradox ကမှားလို့လား
သူကလည်း measure theory ရှုထောင့်က မမှာပါဘူး ဒါပေမဲ့လက်တွေ့ဘဝမှာ ဒီလိုလုပ်မရတဲ့
အကြောင်းအရင်းက သင်ဟာ non measurable
တိုင်းတာမရတဲ့ ၃ဘက်တိုင်း ပုံသဏ္ဍာန်ကို ဖန်တီး
မရလို့ပါ
အထက်ကပြောတဲ့ paradox ကိုအလွယ်ဆုံးရှင်းပြရရင် အစုတစုဆိုပါဆို့
သူ့မှာ သူ့မှာ အဖွဲ့ဝင် ၄ ခု ပါတယ် a ရယ် b ရယ်
a° b° ရယ်ပေါ့ အမှန်တော့ဒါက group တခုပါ
identity element တော့မပါပါဘူး a° က a ရဲ့ inverse ပေါ့ b က b° ရဲ့ inverse ပေါ့
ဒီ ၄ ခုက နေကြိုက်တဲ့ စကာစလုံးကို ဖန်တီးနိုင်ပါတယ်ဥပမာ
aabaa° bab°a°baa bba
စသဖြင့်ပေါ့ မရတာက aနဲ့a° ကပ်လို့မရဘူး
bနဲ့ b° ကပ်မရဘူး ကပ်ရင်ပျောက်သွားမယ်ပေါ့
ab°ba ဆိုရင် aa လို့ပဲရေးမယ်
ကဲဒါဆိုရင် G ဟာ ဒီ၎ ခုက တည်ဆောက်လို့
ရနိုင်သမျှ စကားစုတွေရဲ့အစုပေါ့
ဒါအစုက အထက်ကပြောတဲ့ စက်လုံးနဲ့တူပါတယ်
ဒီစက်လုံးကို ၄ ပိုင်းခွဲလိုက်မယ်
G₁={ a နဲ့စတဲ့ စကားစု အားလုံးပါတဲ့အစု}
G₂={ a° နဲ့စတဲ့ စကားစု အားလုံးပါတဲ့အစု}
G₃={ b နဲ့စတဲ့ စကားစု အားလုံးပါတဲ့အစု}
G₄={ b° နဲ့စတဲ့ စကားစု အားလုံးပါတဲ့အစု}
ခု a° ကို G₁ ရှေ့ မှာကပ်ပေးပါ ဒါကအထက်ကဥပမာ
မှာ အစိတ်အပိုင်းတွေ ကို rearrange လုပ်တာနဲ့တူ
ပါတယ် ဒါဆိုကျန်ခဲ့မှာက a ,b , b° နဲ့စတဲ့ စကားစု
တွေအားလုံးပါ a° နဲ့တော့ မစ နိုင်ဘူး ဘာလို့ဆို
စခဲ့ရင် G₁ မှာ နဂို က aa° မို့ ကျေမှာကိုး
ဒီတော့
a°G₁={ a , b, b° နဲ့စတဲ့ စကားစု အားလုံးပါတဲ့အစု}
ဒီလိုပဲ
b°G₃={ b , a , a° နဲ့စတဲ့ စကားစု အားလုံးပါတဲ့အစု}
ခု ပြန်ပြီး ဆက်ကြမယ်ပေါ့
a°G₁ U G₂ = { a , b, b° နဲ့စတဲ့ စကားစု အားလုံးပါတဲ့အစု} U G₂={ a° နဲ့စတဲ့ စကားစု အားလုံးပါတဲ့အစု} = G
b°G₃ U G₄ ={ b , a , a° နဲ့စတဲ့ စကားစု အားလုံးပါတဲ့အစု} U { b° နဲ့စတဲ့ စကားစု အားလုံးပါတဲ့အစု} = G
ကျွန်တော်တို့ G ကို နှစ်ခုပွားလိုက်နိုင်ပါပြီ
ဒါက အထက်ကပြောတဲ့ ဝိရောဓိပါ unmeasurable
set တွေရှိလို့ ဖြစ်ရတဲ့အရာပါ
အားလုံးချုပ်ရင်တော့ continuous မဖြစ်တဲ့ function တွေနဲ့ တိုင်းတာမှု သဘောတရား
တချို့ကြောင့် သင်္ချာဟာ measure theory လိုဟာ
မျိုးပေါ်လာပြီးကြွယ်ဝခဲ့ရသလို ဝိရောဓိကိုအသစ်
ကိုပါသယ်ဆောင်လာပါတယ် ဒါပေမဲ့ သင်္ချာနဲ့သိပ္ပံ
ဟာ ဝိရောဓိကိုဖြေရှင်းဖို့ကြိုးစားရင်းနောက်ထပ်
သီဝရီအသစ်များနဲ့ ကြွယ်ဝဦးမှာပါလို့တင်ပြလိုက်
ပါတယ် အောက်က ပထမပုံ Cantor set
ဒုတိယပုံ က Lebesgue integral
Andrew Davies ရဲ့ ဆောင်းပါးကို မှီးပါတယ်
Python
No comments:
Post a Comment