Riemann zeta function
ရာမန်နျူဂျန် ကို ၁၈၈၇ မှာ အိန္ဒိယမှာမွေးပါတယ်
formal education မရခဲ့ပါဘူး ကိုယ့်ဘာသာကိုယ်
လေ့လာပြီး သင်္ချာပါရမီပြခဲ့တဲ့သူဟာ ၁၉၁၄ မှာ
အင်္ဂလိပ် လူမျိုး သင်္ချာပညာရှင် G H Hardy နဲ့
မိတ်ဆွေဖြစ်ခဲ့ပြီးနောက် သင်္ချာလောကကို အကျိုး
ပြုတဲ့ တွေ့ရှိမှုပေါင်း ၃၉၀၀ ကျော်ကို တဦးထဲရှာဖွေပေးခဲ့ပါတယ် ဒီထဲမှာတချို့က အရင်
က ဥရောပမှာ ရှာတွေ့ပြီးသားဖြစ်ပြီး တချို့ကတော့
အသစ်တွေပါ ဒီထဲကတခုကတော့ arithmetic
series ဖြစ်တဲ့
1+2+3+4+……… ရဲ့ ပေါင်းလဒ်ပါ
သူ့ရဲ့ ရလဒ် က
1+2+3+4+……… = -1/12
ရ ပါတယ်တဲ့
သူ့စာအုပ်ထဲမှာဖေါ်ပြထားတဲ့ လွယ်ကူတဲ့နည်းက
တော့
c = 1 + 2 + 3 + 4 + 5 + 6 + ………
4c = 4 + 8 + 12+……… နှုတ်ရင်
-3c = 1 -2 + 3 - 4 + 5 - 6 +…………
ရပါတယ် ဒီကိန်းတန်းကအဖြေရှိပါတယ် ၁၈ ရာစုထဲကသိပြီးသားပါ
1 -2 + 3 - 4 + 5 -6+…… = 1/(1+1)²= 1/4 ပါ
ဒီတော့
- 3 c = 1/4
c = -1/12
ရခဲ့ပါတယ် ဒါကကျွန်တော်တို့သိတဲ့ သဘာဝကိန်း
တွေကို အဆုံးမဲ့ပေါင်းရင် အနန္တရတယ်ဆိုတာနဲ့လွဲနေပါတယ် သင်္ချာပညာရှင်တော်တော်များများကို အံ့သြစေပါ
တယ် ဒါကတကယ်ပဲဒီလိုလား ?
ဒီတော့ Series တွေအကြောင်း စပြောရအောင်ပါ
ခုပြောမှာက infinite series တွေပါ အဆုံးမရှိတဲ့
ကိန်းတန်းတွေကို ပေါင်းရင် ဖြစ်နိုင်ခြေ ၂ မျိုးရှိပါ
တယ် တခု က တန်ဖိုးတခု ဆီ ဦးတည်သွားပြီး
ဒါကို convergence ဖြစ်တယ်ခေါ်ပါတယ် နောက်
တမျိုးကတော့ ကိန်းတန်းတွေပေါင်းလေလေ
တန်ဖိုးကကြီးလာလေလေနဲ့ infinity ပေးတာပါ
ဒါကို divergence ဖြစ်တယ်လို့ခေါ်ပါတယ်
သင်္ချာအကျော်အမော် လီယိုနဒ် အိြုင္လာဟာ
အြိုင္လာ ဇီတာ ဖန်ရှင် Euler zeta function ကို တွေ့ခဲ့ပါတယ် အွိုင်လာဟာ တကယ်တော့
အသက်ငယ်ငယ်ရွယ်ရွယ် ၂၈ ဆိုတဲ့အသက်မှာ
သင်္ချာအကျော်အမော်တွေကြား Basel problem
ကိုရှင်းပြနိုင်ခဲ့လို့ ကျော်ကြားခဲ့တာပါ ဘေဆယ် ဟာ
အွိုင်လာ မွေးဖွားရာမြို့ဖြစ်ပါတယ် ဘာနျူလီ မိသားစု ဟာလဲ ဒီမြို့မှာနေထိုင်ခဲ့တဲ့ ရူပဗေဒနဲ့
သင်္ချာအကျော်အမော် မိသားစုဖြစ်ပါတယ် သူတို့က
ဘေဆယ်ပြသနာကိုဖြေရှင်းပေမဲ့မအောင်မြင်ခဲ့ပါဘူး
ဒီဟာကတော့
∑ 1/n² = 1/1² + 1/2²+1/3²+……
=1 +1/4 + 1/9+……
ကိုရှာခိုင်းတာပါ အွိုင်လာ က အဖြေဟာ
π²/6=1.644934 ဖြစ်ကြောင်းပြနိုင်ခဲ့ပါတယ်
ခုseries မှာ ပါဝါ 2 နေရာမှာ variable x ကိုထည့်ရင် Euler zeta function S(x) ကိုရပါတယ်
S(x) = ∑ 1/ n^x ပေါ့
ဒီဇီတာ ဖန်ရှင်မှာ x နေရာ ကို 1 ထည့်ခဲ့ရင်
S( 1) = 1+ 1/2+1/3+1/4+……
ဒါက ရှေ့ ကဟာမိုနစ် စီးရီးဖတ်ဖူးသူအနေနဲ့
သူ့ကို harmonic series ခေါ်ကြောင်းသိမှာပါ
သူက divergence ဖြစ်ပြီး ဖြစ်နှုန်းအရမ်းနှေးပါ
တယ် Euler zeta function ဟာ x >1 (x က တစ်
ထက်ကြီးသောဂဏန်းတိုင်းအတွက်) convergence
ဖြစ်ပါတယ် တန်ဖိုးတခုရပါတယ် အဖြေရှိတယ်ပေါ့
ဒါပေမဲ့ x < 1 အတွက်ဆိုရင်တော့ diverge ပါ
အဖြေ infinity ထွက်ပါတယ် ဥပမာ x= -1 ကို
သွင်းကြည့်ပါ
S(-1)= 1+2+3+4+…………
ဒါက ကျွန်တော်တို့ရဲ့ ပြသနာ ဖန်ရှင်ပါပဲ ပြောရရင်
အွိုင်လာ ဇီတာ ဖန်ရှင် ဟာ စီးရီး အတော်များများကို
စုစည်းလိုက်တဲ့ဖန်ရှင်ပါ ဒါပေမဲ့ သူက x > 1 အတွက်
ပဲ define လုပ်ထားတာပါ ဒီတော့ x တန်ဖိုး -1 မှာ
ရှိတဲ့ S(-1) ရဲု့တန်ဖိုး -1/12 ဟာ Justify ဖြစ်ရဲ့လား
ဒါကိုသိဖို့ဆိုရင် ကျွန်တော်တို့ နောက်ထပ် ဇာတ်လမ်း
တပုဒ်ကို နားထောင်ကြည့်သင့်ပါတယ် ဒါက တော့
prime number တွေပါ prime number တွေဟာ ကိန်းဂဏန်းတွေရဲ့ atom တွေပါ ဘယ်ကိန်းမဆိုကို
သုဒ္ဓကိန်း ၂ လုံး ပေါင်းခြင်းဖြင့်ရနိုင်ပါတယ်
ကိန်းရိုးရိုးတွေက ဆခွဲကိန်း ခွဲလို့ရပေမဲ့ prime တွေကမရပါဘူး prime တွေကိုသင်္ချာပညာရှင်အဆက်ဆက် ရှာဖွေခဲ့ရာ
မှာ ကိန်းတန်းရဲ့ဘယ် အချိန်မှာ ဘယ်နှစ်လုံးမြောက်
မှာပေါ်မယ်လို့ မှန်းမရခဲ့ပါဘူး ပထမဆုံး pattern တ
ခုဖော်နိုင်ခဲ့ သူကတော့ gauss ပါ ဂေါ့စ် ဟာ prime
တွေဟာ ကိန်းတန်းအရေအတွက်များလာလေ ရှားလာလေဖြစ်ကြောင်းတွေ့ခဲ့ပါတယ် ဒါက ပထမ
ဆုံး ပုံ စံတခုပါ ဂေါ့စ်ဟာ ဒီအချက်ကို သုံးပြီး
ဖန်ရှင်တခု ကို တွေ့ခဲ့ပါတယ် ဒီ ဖန်ရှင်ကပေးတဲ့
မျဉ်းကွေးဟာ သုဒ္ဓ ကိန်းတွေရဲ့ပျံနှ့ပုံကို ပြတဲ့မျဉ်းကွေးနဲ့ အနီးစပ်ဆုံး တူပါတယ် ထပ်တူတော့
မညီပါဘူး အောက်မှာပုံပြထားပါတယ် လှေခါးထစ်ပုံ
ကလက်တွေ့ပျံ့နှ့ပုံဖြစ်ပြီး အပေါ်ကမျဉ်းကွေးက ဂေါ့စ်ရဲ့ဖန်ရှင်မျဉ်းကွေးပါ
ဂေါ့စ်ရဲ့နောက်မှာ ဒီပြသနာကိုရှင်းတာက သူ့တပည့်
Riemann ရီးမင်းပါ ရီးမင်းဟာ ဂေါ့စ်ရဲ့မျဉ်းကွေးကို
လက်တွေ့လှေခါးထစ်မျဉ်းကွေးဖြစ်အောင်ပြောင်း
လဲပေးခဲ့ပါတယ် ဒီဖြစ်စဉ်မှာသူဟာ Riemann zeta
function ကိုတွေ့ခဲ့ပါတယ် တကယ်တော့ ရီးမင်းဇီတာ ဖန်ရှင်ဟာ အွိုင်လာ ဇီတာဖန်ရှင်ကို ချဲ့လိုက်တာပါ ခုအခါမှာ variable က real number x မဟုတ်တော့ပါ real number ဟာ
line တခုပေါ်က point တွေဖြစ်ပြီး complex number z ကတော့plane ပေါ်က point တွေပါ
complex number ကို ဒီလိုရေးပါတယ်
z= x + iy
x က real number ပါ
i=√(-1)က imaginary number ပါသူနဲ့မြှောက်
တဲ့ကိန်းမှန်သမျှ (ဒီမှာဆို iy ပေါ့) imaginary ဖြစ်
သွားတယ်
ဒီနှစ်ခုပေါင်းလို့ရတဲ့ z ကို complex number ကိန်း
ထွေခေါ်ပါတယ်
Riemann zeta function ဟာ အမှန်တော့ အွိုင်လာ ဇီတာဖန်ရှင်ကို analytic continuation
ကိုသုံးပြီး ရတာပါ သူ့ရဲ့ထူးခြားချက်က နဂို Euler
zeta function တုန်း က x < 1 ဆိုရင် diverge
ဖြစ်ပေမဲ့ Riemann zeta function မှာတော့
z < 1 ကော z > 1 ကော converge ဖြစ်ပြီး
finite result ကိုပေးတာပါ
ဒီတော့ Riemann zeta function ကိုဒီလိုရေးပါ
တယ်
ζ(z) =∑ 1/ n^z
z= -1 တန်ဖိုးအတွက်တွက်ကြည့်တဲ့အခါ
ζ(-1) =1+2+3+4+…= -1/12 ရပါတယ်တဲ့!!!!!
ဒီတော့ အထက်က ပြောတဲ့အချက်ဟာ အွိုင်လာ
ဇီတာဖန်ရှင်မှာ မှားပေမဲ့ ပိုကြီးတဲ့ complex
number argument နဲ့ ရီးမင်းဇီတာ ဖန်ရှင်မှာ
တော့မှန်ပါတယ်!!!!
ခုထိပြောသမျှက ဒီအံ့ဖွယ်ဆန်းကျယ် result ဟာ
လက်တွေ့နဲ့မဆိုင်လှပဲ သင်္ချာပညာရှင်တွေရဲ့ မျက်
လှည့်လို့ထင်ချင်စရာပါ ဒါပေမဲ့အံ့သြစရာက အဲလို
မဟုတ်တာပါ
ရှေးရိုးရူပဗေဒအရ လေဟာနယ် vacuum မှာစွမ်း
အင်မရှိပါဘူး ဒါပေမဲ့ ကွမ်တမ် မက်ကင်းနစ်အရ
လေဟာနယ်မှာစွမ်းအင်ရှိပါတယ် လေဟာနယ်မှာ
particle တွေဟာအလွန့်အလွန်တိုတောင်းတဲ့
အချိန်အတွင်းဖြစ်ပေါ်လာပြီးပြန်ပျောက်သွားပါတယ်
ဒါကို Casimir effect ကက်စီမီယာ အကျိုးနဲ့လေ့
လာနိုင်ပါတယ် သတ္ထု ပလိတ်ပြားနှစ်ခု ကို လေဟာ
နယ်မှာအပြိုင်ထောင်ထားရင်သူတို့ကြားမှာ စွမ်းအင်
မရှိတဲ့အတွက် အားမရှိပါဘူး ဒါက classical
mechanic အရပါ quantum အရတော့ particle
တွေကတွန်းတဲ့အတွက်အားရှိပါတယ် စွမ်းအင်ကို
တွက်လို့ရပါတယ် တွက်ချက်ကြည့်တော့
1+ 8 + 27 + 64+………
ဒီမဆုံးတဲ့စီးရီးဟာ တကယ်တော့ S(x) အွိုင်လာ
ဇီတာဖန်ရှင် x တန်ဖိုး -3 မှာရှိတဲ့ စီးရီးလဲဖြစ်ပါတယ်
S(-3)=1+ 2³+3³+4³+……=1+8+27+64+……
ဒါကြောင့် စွမ်းအင်ဟာ infinity ပါ
တကယ့်လက်တွေ့တိုင်းကြည့်တော့ ရတဲ့တန်ဖိုးက
1/120 ဖြစ်ပါတယ် ဒါက ရီးမင်း ဇီတာ ဖန်ရှင်
z တန်ဖိုး -3 မှာရတဲ့ result ပါ !!
ζ(-3 ) = 1+8+27+64+……= 1/120 !!!!!!
ဒီမှာ z တန်ဖိုး က -1 မဟုတ်ပဲ -3 ဖြစ်နေတာက
Casimir effect ဟာ 3 dimension မှာတိုင်း
လို့ပါ one dimension မှာ တိုင်းရင်တော့
ကျွန်တော်တို့ မိတ်ဆွေ စီးရီးရဲ့တန်ဖိုး -1/12 ကို
ရမှာပါ ဒါဟာ လက်တွေ့စမ်းသပ်ချက်က တနည်း
သဘာဝက ဒီအံ့ဖွယ် result ကို ထောက်ခံနေတဲ့ အချက်ပါ သဘာဝတရားက ကိန်းထွေ ဇီတာဖန်ရှင်
နဲ့လေဟာနယ်က စွမ်းအင်တွေဟာ တကယ်ပါလို့
ပြောနေတာပါ ဒီCasimir effect ကိုယခု အခါ
နာနို နည်းပညာမှာ အသုံးပြုနေပါကြောင်း
အောက်က ပထမပုံက ဂေါ့စ်ဖန်ရှင်နဲ့ လက်တွေ့
Prime ပျံနှံ့ပုံမျဉ်းကွေး
ဒုတိယက ကက်စီးမီယား အကျိုး
python
No comments:
Post a Comment