Sunday, August 23, 2015

Glia

Glia

စက်ဝိုင်းပုံ စားပွဲဝိုင်းရဲ့ အနားတလျှောက်မှာကြွက်
တကောင်စာ အဝိုင်းပေါက်လေးတွေရှိတယ် အဲဒီထဲက တခုကပဲ နင်းလိုက်ရင် ကြွက်လှောင်အိမ်
အဝနဲ့ တည့်တည့် ကို ရောက်မယ် ကျန်တာက
ကြမ်းပြင်ကို ပြုတ်ကျ သွားမှာ လှောင်အိမ်ထဲမှာစား
စရာနဲ့ ကြွက်ကလေးအတွက်နေစရာရှိတယ်ပေါ့
ဒါပေမဲ့ ဒီ နို့တိုက်သတ္တဝါအတွက်က အိမ်ပြန်လမ်း
ဘယ်အပေါက်ဆိုတာမ ခတ်ပါဘူး ဆိုက်ဆိုက်မြိုက်
မြိုက်ပဲပြန်နိုင်ခဲ့တယ် အပေါက်ရွေးမမှားခဲ့ဘူး
ဒါပေမဲ့ဒါကတိုက်ဆိုင်မှုထက်ပိုပါတယ် ဘာကြောင့်
ဆိုဒီကြွက်ရဲ့ ဦးနှောက်ထဲမှာ လူ့ဦးနှောက်က
glia cell( ဂလိုင်ယာ ဆဲလ်) တွေ ရှိနေလို့ပါ ဒါက
သင်ယူမှု learning နဲ့ မှတ်ဥာဏ် memory
အကြောင်းကို လေ့လာနေတဲ့ စမ်းသပ်ချက်
experiment ပါ

စိတ်မှာလေ့လာစရာတွေအများကြီးရှိပါတယ် ဗုဒ္ဓ
အယူအဆရတော့ ဘုံအမျိုးမျိုး ရှိပြီးပြောင်းလဲနေပေ
မဲ့ မပြောင်းလဲတဲ့အရာ က ခန္ဓာ ၅ ပါးပါ ဒီမှာရုပ်ခန္ဓာ
ကိုဖယ်ရင် ကျန်တဲ့ နာမ်ခန္ဓာ ၄ ပါး က သညာ
ဝေဒနာ ဝိဥာဏ နဲ့ သင်္ခါရ ပါ ဒီမှာ သင်္ခါရ ခန္ဓာ က
mental activity တွေမှာ ဆို processing လုပ်
တာကို ပြောချင်တာနဲ့တူပါတယ် computer တခု
ရဲ့ model မှာဆိုရင်တော့ ဒီကိစ္စကရှင်းပါတယ်
computer မှာ input , output , memory နဲ့
central processing unit CPU ဆိုရှိတယ်မဟုတ်
လား အဓိက တွက်ချက်မှုတွေကိုသူကပဲ လုပ်တာ
လေ ဒါကို processing လို့ခေါ်ပါတယ် ဦးနှောက်
brain မှာတော့ ဒါဟာ neuronal activity နဲ့အတော်တော့ သဘောသဘာဝတူပါတယ် အထူးသဖြင့်တော့ action potential processing
နဲ့ synapsesတွေရဲ့  plasticity ကို ပြောမယ်ဆိုရင်
ဆင်တူမယ်ထင်ပါတယ် နောက်တခုက ဝေဒနာ ခန္ဓာ
ပါ brain ရဲ့ emotional အပိုင်းနဲ့တူပါတယ် limbic
system မှာရှိပါတယ်
နောက်တခုက သညာခန္ဓာ ဒါကမှတ်ဥာဏ်ကိုပြော
တာပါ နောက်ဆုံးကတော့ ဝိဥာဏ ဒါက သိမှု
consciousness ကိုပြောချင်တာပါ brain မှာတော့
ဒါကို reticular activating system RAS ကစပြီး
ဦးနှောက်တခုလုံးပါပါတယ် ခုကတော့ ဆင်တူတာ
လေးတွေပြောတာပါ psychology မှာတော့ ဒါ့အပြင်
နောက်ထပ်အရေးကြီးတဲ့ phenomenon တခုကတော့ learning ပါ learning က သတ္တဝါတိုင်းမှာရှိပါတယ် life ဆိုတာကိုက ရှင်သန်
ဖို့ ပါတ်ဝင်းကျင်နဲ့လျော်ညီအောင်ပြောင်းဖို့ ကြိုးစား
နေမှုပါ ဒါက သင်ယူမှုမရှိရင် ဘယ်ပြောင်းနိုင်မှာလဲ
learning ဟာ memory မရှိရင်မရပါ ဒါကြောင့်
လဲသူတို့ ၂ ခု တူညီတဲ့ structure တွေမှာ ရှိကြပုံရပါ
တယ် နောက်ထက် အရေးပါတဲ့အရာကတော့
language နဲ့ motor cortex လို အရာတွေပါ
ပြီးတော့ perception အာရုံသိမှုနဲ့ attention
အာရုံစူးစိုက်မှုတွေပေါ့

ခု အထက်က စမ်းသပ်ချက်ကတော့ သင်ယူမှုနဲ့
မှတ်ဥာဏ်အကြောင်းလေ့လာခဲ့တာပါ ဒီ၂ခုကို
ဦးနှောက်တခုလုံးက လုပ်ပေမဲ့  အဓိကအပိုင်းတွေ
က limbic system ပါပဲ ၂၀ ရာစု တုန်းက ဒါကို
အဓိကအားဖြင့်လုပ်တာ neurone တွေလို့ထင်ခဲ့
ပါတယ် glia တွေနဲ့မဆိုင်ဘူးထင်ရာ က အထက်ပါ
စမ်းသပ်ချက်က မဟုတ်ဘူးဆိုတာပြနေပါတယ်

ဒီတော့ပထမဆုံးသိရမှာက brain မှာ အဓိက cell
၂ မျိုးရှိတာပါ တခုက ဦးနှောက်ရဲ့ သတင်းအချက်
အလက်တွေကို ပေးပို့တဲ့ ကလာပ်စည်း အမျိုးအစား
ပါ ဒါကို  နျူရွန်း neurone လို့ခေါ်ပါတယ် သူတို့မှာ
ဓါတ်ကြိုးများလို ရှည်လျားတဲ့ လက်ချောင်းတွေပါ
တယ် ဒီလက်ချောင်းတွေက သတင်းအချက်အလက်
ကို သယ်ပို့ပြီး အက်ဇွန် လို့ခေါ်ပါတယ်

နောက်တမျိုးကတော့ ဂလိုင်ရာ glia ပါ glue ကော်
ဆိုတဲ့ ဂရိစကားကလာပါတယ် သူက ယခင်ကတော့
neurone တွေကို support ထောက်ခံထားတဲ့
frame တခုအဖြစ်ပဲပညာရှင်တွေက ယူဆခဲ့တာပါ

၂၁ ရာစုမှာတော့ တဖြည်းဖြည်းသိလာရတာက
နျူရွန်းတွေရဲ့ အက်ဇွန်အချင်းချင်း ချိတ်ဆက်ရာမှာ
အဓိက ကူညီနေတာက သူတို့ဖြစ်ကြောင်းသိလာရ
ပါတယ်

ဦးနှောက်ဟာ cell အချင်းချင်းချိတ်ဆက်နေတဲ့
ကြီးမားတဲ့ network တခုနဲ့တူပါတယ် computer
အလုံးပေါင်းများစွာချိတ်ဆက်ထားတဲ့ internet
လိုပါ computer တလုံးချင်းက neurone နဲ့တူ
ပြီး ကြားက cable တွေက axon နဲ့တူပါတယ်
ချိတ်ဆက်မှုက axon တွေကြားက အဟ နေရာလေး
synapse နဲ့တူပါတယ် ချိတ်ဆက်မှုတွေက ပုံသေ
မဟုတ်ပါဘူး ပြောင်းလဲနေပါတယ် ဒါကို plasticity
ခေါ်ပါတယ် ဒီပြောင်းလဲမှုကပဲသင်ယူမှု နဲ့မှတ်ဥာဏ်ကိုဖြစ်ပေါ်စေတာပါ
ဒီ ချိတ်ဆက်မှုကိုကူညီပေးတာက glia cell တွေပါပဲ

အိုင်းစတိုင်းရဲ့ဦးနှောက်ကို သူသေတော့လေ့လာ
ကြည့်တဲ့အခါ ဦးနှောက်ရဲ့ left angular gyrus
မှာ glia တွေက neurone ထက်ပိုများကြောင်း
တွေ့ရပါတယ် ဒီအပိုင်းဟာ သင်္ချာနဲ့ ဘာသာစ
ကား ကို ဆောင်ရွက်တဲ့အပိုင်းပါနောက်ပိုင်းသိလာ
ရတာတော့ glia to neurone အချိုး များလေ
intelligence ရှိလေလို့ဆိုပါတယ် ဆိုလိုတာက
glia များလေ အသိဥာဏ်မြင့်လေပေါ့
cerebral cortex ရဲ့ ဒီ အချိုး က 3.72  ရှိပါတယ်

glia ဆဲလ် ၃ မျိုးရှိပြီး oligodendrocyte astrocyte နဲ့ microglia ပါ

oligodendrocyte တွေ မှာချွတ်ယွင်းချက်ရှိရင်  ALS ရောဂါ( စတီဖင်ဟောကင်ဖြစ်တဲ့ရောဂါပေါ့ဗျာ  ) multiple sclerosis ရောဂါ အယ်လ်ဇိုင်းမားရောဂါ(သူငယ်ပြန်) စသဖြင့် ဖြစ်နိုင်ပါတယ်

astrocyte အက်စထရိုဆိုက် တွေချို့ယွင်းတဲ့အခါ
epilepsy ဝက်ရူးပြန် လို schizophrenia ရူးတာ
လိုရောဂါများဖြစ်ပါတယ်

microglia တွေပျက်ရင်တော့ obsessive
compulsive ရောဂါလို အသန့်အလွန်ကြိုက်
စည်းကမ်း လွန်အောင်ကြီးတဲ့ ရောဂါမျိုးဖြစ်တယ်လို့
ဆိုပါတယ်

ပုံ ၁ / brain က ဆဲလ် အမျိုးအစား 6 မျိုး
ပုံ ၂/ neurone ကို glia တွေ ထောက်ကန်ပံပိုးမှု
ပုံ၃/ oligodendrocyte အိုလီဒဂိုဒန်ဒရိုဆိုက်
ပုံ ၄/  astrocyte
ပုံ၅/ microglia မိုက်ခရိုဂလိုင်ယာ

No comments:

Post a Comment