Friday, August 28, 2015

Dynamic of civilization

Dynamic of Civilization

Age of Emperor game  ကို ဆော့ ဖူးသူများအဖို့
civilization ဆိုတဲ့ စကားလုံးက စိမ်းမှာ မဟုတ်ပါ
ဘူး ကျောက်ခေတ်ကနေ စတဲ့ ဒီဂိမ်းမှာ ရှေးဦးလူ
သားတွေဟာ hunter-gatherer ဘဝကနေ တဖြည်းဖြည်းချင်းတိုးတက် တဲ့ လူမှုအဖွဲ့စည်း ကို
ထူထောင်လာကြပါတယ် ဒီလို ထူထောင်ရာမှာ
နယ်မြေချဲ့ထွင်မှုတွေ စစ်ပွဲတွေ လူဦးရေပွားစည်းမှု
တွေ စိုက်ပျိုးရေး ဘာသာရေး ကုန်သွယ်ရေး
နောက်ဆုံးနိုင်ငံရေးနဲ့ သိပ္ပံပညာတောင် ပါပါတယ်
သိပ္ပံဆိုတာ ကတော့ ဒီမှာ research တွေနဲ့ upgrade လုပ်တာက ကိုယ်စားပြုတာပေါ့ ထားပါ
ပြောချင်တာက game အကြောင်းထက် civilization ဆိုတာမှာ ဒီလိုများပြားတဲ့ အစိတ်အပိုင်းတွေပါဝင်တဲ့ အကြောင်းပါ

ဒီတော့ civilization ဆိုတာဘာလဲ?  civilization
မှာ လူတန်းစားအလွှာ stratification ပေါ်ပေါက်
လာ တာ မြို့ပြ အဖွဲ့အစည်းတွေဖြစ်လာတာ
လူတွေတိုးပွား စုစည်းလာတာ လူတွေကြားမှာ
ဆက်သွယ်ဖို့ စကားနဲ့စာပေတွေပေါ်လာတာ သဘာဝပါတ်ဝန်းကျင်ကို လွှမ်းမိုးပြုပြင် နိုင်လာတာ
ဘာသာတရားတွေစတင်ဖြစ်ပေါ်လာတာစသဖြင့် အများကြီးပါပါတယ်  Maya civilization လို
Babylonian civilization လို ရှေး မြို့ပြယဉ်ကျေး
မှုတွေဟာ သမိုင်းမှာတော့ အံ့သြစရာတွေပါ
mesoamerica မှာပေါ်ပေါက်ခဲ့တဲ့မာယာ တွေဟာ
သူတို့နဲ့အတူ စိုက်ပျိုးရေး ဆည်မြောင်းစနစ် နေနက္ခတ် တာရာ ကြည့်အတတ်ပညာတွေ အဆောက်အအုံတွေ ဘာသာတရားတွေ ယဉ်ကျေးမှု
နဲ့ ဘာသာစကားတွေကို ဖန်တီးခဲ့ကြပါတယ် ဒါပေမဲ့
သူတို့ ကမ္ဘာပေါ်က ပျောက်ကွယ်ခဲ့ရတယ် Fall of
Civilization ပေါ့ ဒီလို ကျဆုံးစေတဲ့ အကြောင်း
အရာဟာ ဘာကြောင့်လဲ natural resource တွေ
မလုံလောက်လို့လား နိုင်ငံရေး သဘောတရားမှားလို့
လား သိပ္ပံမှာနောက်ကျလို့လား စသဖြင့်လားပေါင်း
များစွာပါ ဒါကို archeologist တွေ သမိုင်းပညာရှင်
တွေနဲ့ သိပ္ပံ ပညာရှင်တွေက ခုထိလေ့လာ အဖြေထုတ်နေဆဲပါ အရေးကြီးလို့လား ကြီးပါတယ်
လူ့ အဖွဲ့အစည်းတခု ပြိုကွဲ ခြင်းဟာ လူတိုင်းပေါ်ရိုက်
ခတ်ပါတယ် ကျွန်ုပ်တို့ရှင်သန်ဖို့ လူ့အဖွဲ့အစည်း
civilization ကလည်းတည်မြဲရမှာပါ

ဒီတော့ civilization ရဲ့ dynamic ဟာ အရေးကြီး
လာပါပြီ ဒါကို သင်္ချာနည်းနဲ့ လေ့လာလို့ရလား
ရပါတယ် ဒါကို လေ့လာတဲ့ပညာကို sociology
ခေါ်ပြီး သူ့ရဲ့ first law ကတော့ Malthus growth
law မားသုစ် ကြီးထွားမှုနိယာမ ခေါ်ပါတယ်

ခုပြောမယ့် model က ရှုပ်ထွေးလှတဲ့လူ့အဖွဲ့အစည်း
ကို အရိုးရှင်းဆုံးပုံစံ နဲ့ simplified လုပ်ထားတာပါ
ပြောရင် ရင် frame ယူထားတာပေါ့

Malthus က 1700 ကျော်မှာ ဒါကိုတွေ့တာပါ သူ
စဉ်းစားတာက လူ့အဖွဲ့အစည်းမှာ အထက်ကပြော
သလို parameter တွေ များပေမဲ့လဲအဓိက က
တော့ လူဦးရေပါ civilization တခုရှိဖို့ လူ့အဖွဲ့
အစည်းတခုရှိဖို့ လူဦးရေရှိရမယ်လေ ဒါကြီးပြိုကွဲတယ်ဆိုတာ လူဦရေ သုည ဖြစ်သွား
တာပါ ဒါ ပွားစည်းဖွင့်ဖြိုးတယ်ဆိုတာ population
တိုးလာတာပေါ့ ဒါပေမဲ့ population က အဆုံးမဲ့
တော့မတိုးနိုင်ဘူးလေ ဒီတော့ သူ့ကိုကန့်သတ်ထား
တဲ့ limiting factor တွေရှိရမှာပါ စားရေရိက္ခာ
စစ်ပွဲ ရောဂါဘယ သဘာဝအန္တရာယ်စသဖြင့်ပေါ့

မားသုစ် က population growth rate လူဦးရေတိုးနှုန်းကိုတွက် ကြည့်တဲ့အခါ ဒါဟာ
လက်ရှိ လူဦးရေနဲ့ တိုက်ရိုက်အချိုးကျကြောင်း
တွေ့ရတယ် ကဲ let's take a little maths

population က p ဆိုရင် population တိုးနှုန်း
ဝါ   လျော့နှုန်း က dp/dt ပေါ့

သူက p နဲ့ တိုက်ရိုက်အချိုးကျမယ်ပေါ့ ဒါဆို

dp/dt  varies with p   

ဒီမှာ  varies with ကို ညီမျှခြင်းနဲ့ အစားထိုးရင် p
ကို constant of proportionality တခုနဲ့မြှောက်
ရပါတယ် k ဆိုပါစို့ ဒါပေမဲ့လူဦးရေဟာ factor ၄ ခု
ပေါ်မှာ တည်ပါတယ် အဲဒါတွေက မွေးနှုန်း သေနှုန်း
immigration နယ်မြေက ထွက်သွားနှုန်း နဲ့
emigration ဝင်လာနှုန်းပါ ရိုးရှင်းအောင်
မွေးနှုန်း s နဲ့ သေနှုန်း u ကိုပဲစဉ်းစားမယ်ဆိုရင်

       k= s-u ပါ

ဒီတော့ equation က

dp/dt = (s-u)p

ဒီလိုညီမျှခြင်းကိုရှင်းရင် အဖြေဟာ exponential
function ရပါတယ်

    p= p° e^(s-u)t

p°က စဦး Population ပါ e က euler number
ပေါ့

ဒီ function ကို graph ဆွဲရင် အချိန်ကြာလာတာနဲ့
အမျှ လူဦးရေဟာ အဆုံးမဲ့ပါ ဒီတော့ ဒါကလက်တွေ့
မှာ မဟုတ်ပါဘူး ဘာတွေကကန့်သတ်ထားလဲ

ပထမဦးဆုံးက စားရေရိက္ခာ ပါ
ခြုံပြောရင်တော့ natural resource ပေါ့ ဒီမှာ
စိုက်ပျိုးရေး သစ် ရေနံ စသဖြင့် အားလုံးပါပါတယ်
ဒါကို တိုင်းနိုင်မဲ့ parameter က အကျယ်အဝန်းပါ
A ပေါ့ Aများရင် resource ပေါမယ် Aနဲရင်
သယံဇာတ ရှားမယ် ဒါနဲ့တော့မလုံလောက်သေးပါ
ဘူး Aချင်း အတူတူ တချို့ က သယံဇာတ ပေါပြီး
တချို့က ရှားတယ် ဒီတော့ သယံဇာတ resource
ကို ကိုယ်စားပြုတဲ့ မြှောက်ဖော်ကိန်း r ကို Aရှေ့ မှာ
ကပ်ပေးဖို့ လိုပါတယ် ဒီတော့ rA ပေါ့

rA များရင် မွေးနှုန်းများမှာပါ လူတွေအဆင်ပြေတယ်
လေ များများမွေးမှာပေါ့ ဒီတော့

   s= rA

ဒါပေမဲ့သယံဇာတ ကိုလူတွေက အမြဲတမ်း အသက်ရှင် ဖို့ပဲမသုံးဘူး ဇိမ်ခံဖို့ တခြားဟာတွေလုပ်ဖို့ သုံးတယ် ဒီသုံးနှုန်းကလူဦးရေ pနဲ့ အချိုးကျတယ်
ဆိုလိုတာက လူများလေ ဇိမ်ခံတာများလေ လူ့အဖွဲ့အစည်းပေါ်တော့မူတည်တယ် ဥပမာ စည်း
ကမ်းရှိတဲ့လူမျိုးက စနစ်တကျသုံးမယ် ဇိမ်ခံတာနည်း
မယ်  စည်းကမ်းမရှိတဲ့လူမျိုးက လက်လွတ်စံပယ် ဖြုန်းမယ်
ဒါက c ဆိုရင် cp ပေါ့ cp များရင် မွေးနှုန်းကျမယ်

ဒီတော့ s=-cp   ပေါင်းတော့

      s =  (rA  -  cp)

မူလညီမျှခြင်းမှာ သွင်းတော့

      dp/dt = (rA - cp ) p - up

ဒီတော့ ဒါကို ဖြည့်တွက်ပြီး graph ဆွဲရင် သယံဇာ
တ အကန့်အသတ် တခုထိ လူဦးရေဟာ တိုးမယ်
civilization ဟာ ဖွံဖြိုးမယ် ဒီအကန့်အသတ်ကို
Ps saturation of population ပေါ့ သူ့ကို

                 Ps = rA - u / c နဲ့တွက်နိုင်ပါတယ်

population ဟာ Ps ကို ကျော်ရင် လူဦးရေပြန်ကျသွားမယ် ကျော်တာမြန်လေ ကျနှုန်း
မြန်လေ civilization ပျက်နှုန်းမြန်လေပေါ့

နောက်တခု ကတော့ လူတွေဟာ civilization ဖွံဖြိုး
လာတာနဲ့အမျှ လူဦးရေပွားမယ် အစားအစာရှားမယ်
ဘယ်အချိန်ထိလဲ သူတို့နေတဲ့ နယ်မြေ A က
population p ကို လက်ခံနိုင်တဲ့ပမာ ဏ p/A ကို
မကျော်ခင်ထိတော့ အေးဆေးပါ ကျော်လာရင်တော့
နယ်မြေချဲ့ရတော့မယ် ရှေးဦးကာလ ကမ္ဘာ မှာ
နယ်မြေများပြီး civilization နဲချိန်မှာတော့ ရိုးရိုးချဲ့ယုံပေါ့ civilizationတခုမကရှိတဲ့ကာလ (ဥပမာ အင်္ဂလိပ်နဲ့စပိန်စကာသဖြင့်)မှာတော့
စစ်ပွဲတွေပါလာပြီပေါ့ ဒါကို colonization ခေါ်ပါ
တယ်  ဒီတော့ A° = dA/dt နယ်မြေဧရိယာ ပြောင်း
လဲ နှုန်းဆိုရင်

         A° = 2k ( p/A- m) √A

m က migration threshold ပါ ဒီပမာဏ လွန်ရင်
လူတွေ ပြည်တွင်းမှာနေလို့ အဆင်မပြေတော့ဘူး
ပြည်ပ ထွက်ရတော့မယ် နောက်တခုက နယ်နိမိတ်
√A  ကျယ်လေ နယ်မြေချဲ့နှုန်းမြန်လေပေါ့

နယ်မြေချဲ့မှု ဟာ ဟိုတုန်းကတော့ နယ်မြေသစ်ရှာဖွေ
မှု နောက်တော့ စစ်ပွဲပုံစံတွေနဲ့ ခုခေတ်မှာ တော့
emigration အနေနဲ့တွေ့ရပါတယ် ဒါကြောင့် စစ်
ပွဲ တွေ ဟာ မကြာခဏတွေ့ရပြီးသူတို့ ကို
ညီမျှခြင်းချနိုင်ပေမဲ့ ရှုပ်ထွေးတဲ့ အတွက် မဖော်ပြ
တော့ပါဘူး war ရဲ့ အဓိ က အခြေခံ က resource
တိုးဖို့ နယ်မြေချဲ့ ခြင်း A° ကို တိုးခြင်းပါ ဒါကို နယ်မြေ
မချဲ့ပဲ နောက်တနည်းလုပ်နိုင်တာက trading ကုန်
သွယ်မှုပါ trading ဟာ colonization လုပ်စရာ
မလိုပဲနဲ့ ကိုယ်လိုတဲ့ သယံဇာတ ကို ရစေပါတယ်
ဒါဟာ colonialism ကျဆုံးရခြင်းနောက်က သင်္ချာ
ပါ အိန္ဒိယ ရဲ့ခေါင်း ဆောင် ဂန္ဒီ ဟာ ဒီအချက်ကို
သိခဲ့လို့ အင်္ဂလိပ်ကို စစ်ရေးအရ မတော်လှန်ဘဲ
trading ကို ဆန့်ကျင်ပြီး သူ့ရဲ့ အကြမ်းမဖတ်နည်း
ကိုဖော်ထုတ်ခဲ့တာပါ ဒါဟာ ပညာရဲ့ ကြီးကျယ်မှုပါ

စစ်ပွဲဟာ အစပိုင်း မှာ rA သယံဇာတ ကို တိုးနိုင်စေ
ပေမဲ့နောက်ပိုင်းမှာ နည်းပညာမြင့်မှုနဲ့အတူ ၂ဦး ၂
ဖက်လုံးကို ဆုံးရှုံးမှုများစေပါတယ် တနည်းအားဖြင့်
ဒီequation မှာ war အတွက် limiting factor
ရှိပြီး technology နဲ့ တိုက်ရိုက်အချိုးကျပါတယ်
ဒီlimit အလွန်မှာ war ကိုအတွေ့ရနည်းပြီး
technological ပြိုင်ဆိုင်မှုတွေမြင်ရမှာပါ ဥပမာ
အားဖြင့် coldwar စစ်အေးဟာ ဒီပုံစံပါ

နောက်တခုက rA ကို ချဲ့ထွင်ရာမှာ A ကိုမချဲ့ဘဲ r
သို့မဟုတ် resource ထုတ်ယူနိုင်စွမ်းကိုမြှင့်တင်တာ
ပါ ဒါက သိပ္ပံနဲ့နည်းပညာ ကိုတိုးတက်အောင်လုပ်
ဆောင်မှုဖြစ်ပြီး လူတွေ မျိုးဆက်တခုထက်တခု
အသိဥာဏ်တိုးတက်လာမှုနောက် က driving force ပါ ပညာဟာ ဒါကြောင့်အရေးပါတာပါ
ပညာကို ဖွံဖြိုးစေတဲ့ နိုင်ငံရေးစနစ်တွေ ဥပမာ
democracy လို politic အယူအဆတွေ ကမ္ဘာမှာ
ပြန့်ပွားလာရခြင်း ရဲ့နောက် က drive ပါ

နောက်တခုကတော့ culture strategy တွေပါ
ယဉ်ကျေးမှုဆိုတာ civilization တခုရှင်သန်ကြီး
ထွားမှုနောက်က နည်းနာပုံစံပါ ထမင်းစားတဲ့အခါ
လက်နဲ့စားသူ ဇွန်းနဲ့စားသူ တူနဲ့စားသူ စသဖြင့်
ကိုယ့် နည်းလမ်း ကိုယ့် strategy နဲ့ ကိုယ်ရှိပေမဲ့
တချို့ နည်းလမ်း တွေကတချို့ ထက်ပိုကောင်းပါ
တယ် နည်းလမ်းတခုကိုတီထွင်တာထက် ပိုကောင်း
တဲ့နည်းလမ်းကိုကူးယူတာက ပိုလွယ်ပါတယ် ဒီတော့
spread of culture ယဉ်ကျေးမှုပြန့်ပွားခြင်းဟာ
မလွှဲမရှောင်သာဖြစ်မဲ့အရာပါ globalization နောက် က Driving force ဟာ ဒါပါပဲ

ဒီမှာ culture changing rate ယဉ်ကျေးမှု ပြောင်း
နှုန်းက cultural distance ယဉ်ကျေးမှု အကွာအဝေးနဲ့ပြောင်းပြန်အချိုးကျပါတယ်
နောက်တခုက cultural resistance ယဉ်ကျေးမှုခုခံအားနဲ့လည်းအချိုးကျပါတယ်
cultural resistance ကိုတော့ ဒီ society မှာ
ရှိပြီးသား religion language culture နဲ့
education က ပြဌာန်းပါတယ် ဒီတော့ ဘာသာ
ရေးအစွန်းမရောက်ဖို့ ပညာတတ်ပေါဖို့ flexible
ဖြစ်ဖို့ဟာ တိုးတက်မှုအတွက်လိုပါတယ်

ခုပြောခဲ့တာတွေရဲ့နောက်မှာ ညီမျှခြင်းတွေရှိပေမဲ့
ရှုပ်ထွေးလို့မဖော်ပြတော့ပါ သို့သော်အခြေခံကတော့
အထက်ကပြောတဲ့ မားသုစ် ကြီးထွားနှုန်းညီမျှခြင်း
ကို generalised လုပ်ထားတာပါ

အရေးကြီးတဲ့အချက်တခုက civilization ဟာ ဖြစ်လာလိုက်ပျက်သွားလိုက်နဲ့ cycle လည်နေလား
ဆိုတဲ့မေးခွန်းပါ မာယာ ယဉ်ကျေးမှုပြုပျက်ခြင်းလို
ဖြစ်စဉ်ဟာ ပညာရှင်တွေကို ဒီအဖြေရှာစေပါတယ်
အာနိုးတွိုင်းဘီလို သမိုင်းပညာရှင်တွေကတော့
cycle တွေကိုမျှော်လင့်ခဲ့ပါတယ် ဒါပေမဲ့ လက်ရှိ
ညီမျှခြင်းရဲ့ ပုံစံ အရတော့  rA ကို ချဲ့နိုင်သမျှ( u
သေနှုန်းချတာလည်းပါတာပေါ့ ဆေးပညာတိုးတက်
လာတာနဲ့အမျှ u လည်းကျလာပါတယ် ဒါပေမဲ့ zero
တော့မဖြစ်နိုင်လို့ ဒီညီမျှခြင်းမှာ s မွေးနှုန်းကပိုအရေး
ပါပါတယ်) cycle တွေဖြစ်ဖို့ ကအခွင့်အလမ်းနည်းပါ
တယ် ဥပမာ ခုခေတ်မှာ နည်းပညာ trading နဲ့
နယ်မြေများဆက်စပ်နေမှုကြောင့် နိုင်ငံတနိုင်ငံဟာ
ဘယ်လောက်ဆင်းရဲဆင်းရဲ ကမ္ဘာ့မြေပုံပေါ်က
ပျောက်လောက်အောင်ဖြစ်ဖို့တော့ခက်ခဲပါတယ်

ဒါပေမဲ့ ပညာရေးကိုအားမပေးပဲ luxuary ဇိမ်ခံမှုများနေသော စီမံခန့်ခွဲမှုလွဲ နေသော တနည်း
အားဖြင့် c များနေသော နိုင်ငံများမှာတော့( ဥပမာ
ကျွန်တော်တို့နိုင်ငံပေါ့ဗျာ) တခြားကအကူအညီကြောင့် ရှင်သန်နေလဲ Ps အရမ်းနိမ့်တဲ့အတွက် မပျက်စီးယုံ တမယ် ဆင်းရဲ
ဒုက္ခများနေမည်ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်

No comments:

Post a Comment