Harmonic series
series ဆိုတာက ဂဏာန်း အစဉ်လိုက် ပေါင်းတာပါ
ဒီမှာ အစဉ်ရဲ့ တိုးပုံပေါ်မူတည်ပြီး arithmetic series နဲ့ geometric series ဆိုပြီးရှိပါတယ်
နောက်တခုကတော့ သူတို့လိုပဲ အခြေခံကျတဲ့
harmonic series ပါ
arithmetic series ကဒီလိုပုံစံပါ
A= 1+ 2+3+4+……+n
အဆုံးမရှိပေါင်းလို့ရသလို ကိုယ်လိုချင်တဲ့ကိန်းnထိ
လည်းပေါင်းနိုင်ပါတယ် ခုပြောမှာတော့ infinite
series အဆုံးမရှိပေါင်းမှာပါ
နောက်တခုက geometric series သူကတိုးပုံမြန်ပါတယ်
G = 1 + 2+ 2² +2³+………
Harmonic series ကတော့ arithmetic ရဲ့ပြောင်း
ပြန်ပါ
H = 1+ 1/2 + 1/3 + 1/4+……………+1/n
ပါ
Harmonic series လို့နာမည်ပေးရတာကတော့
ဂရိတွေကစပါတယ် ပိုင်သာဂိုရပ်စ် ဟာ ပထမဆုံး
ဂီတတူရိယာတွေရဲ့ ဟာမိုနီဖြစ်မှု သံစဉ်ညီညွတ်
သာယာမှုအကြောင်းကို တွေ့ရှိခဲ့ပါတယ်
အသံတသံဟာဘာလို့သာယာလည်း ဘယ်လို
တည်ဆောက်ရင် musical note တွေက သာယာမလဲ ဂီတာတီးဖူးသူတွေအနေနဲ့ chord
တခု ဘယ်လိုကိုင်ရလည်းသိကြမှာပါ ဒီမှာ အဓိက
note ၃ ခု သို့ ၅ ခုပါပါတယ် အခြေခံကတော့ ၃
ခုပေါ့ ၁ သံ ဒို ၃ သံ မီ နဲ့ ၅ သံ ဆို တို့ကို အတူတူ
ဖိခြင်းအားဖြင့် ဒီအသံတွေဟာတပြိုင်တည်းတီးခတ်
ချိန်မှာ လှိုင်းထပ်ပြီး standing wave ဖြစ်ပြီး
သာယာသံကိုဖြစ်စေပါတယ်
ဥပမာ အလယ် C သံဆိုပါတော့ သူ့ကိုဖြစ်စေတဲ့
အရာက ကြိုးရဲ့ အလျားပါ ဒါကို ၁လို့ယူဆရင်
ဒီအလျားရဲ့ ၃ ပုံပုံ ၂ ပုံ က 2/3 ပေါ့ အဲအလျားမှာ
မြည်တဲ့အသံက ၅ သံ ဖြစ်ပါတယ် G note ပေါ့
ပြီးတော့တကယ်လို့ ကြိုးတဝက်မှာ တီးခဲ့ရင် 1/2
ဒါက အမြင့် C သံ one octave တက်သွားပါတယ်
ဒို ရေမီဖါဆိုလာဒီ ဒို မှာ အောက်ဒို ကနေ အထက်ဒိုထိအကွာအဝေးကို one octave ခေါ်ပါ
တယ် ခုပြောတဲ့ string length တွေရဲ့ အချိုးနဲ့
အသံရဲ့ Harmony ဖြစ်မှုကိုပထမဆုံး ရှာတွေ့ခဲ့တာ
က ပိုင်သာဂိုရပ်စ်ပါ ဒါရဲ့နောက်ဆက်တွဲကတော့
diatonic major scale လို ဂီတသီဝရီတွေနဲ့
အနောကိတိုင်းဂီတပေါ့
ထားပါ ခုပြောချင်တာက ခုပြောတဲ့ ကိန်းတွေရဲ့
တိုးပုံ progression က ဆက်ရေးသွားရင်
1,2/3=1/1.5 , 1/2 ,……စသဖြင့် အထက်က
Series နဲ့တူတာပါ ဒါကြောင့်သူ့ကို harmonic
series လို့ခေါ်ပါတယ်
infinite series တွေကိုပေါင်းတယ်ဆိုတာ လက်တွေ့တော့မကျလှဘူး အဆုံးအစမဲ့ပေါင်းမှ
တော့ အနန္တပဲရမှာပေါ့ မဟုတ်ပါဘူး တချို့ series
တွေဟာပေါင်းကြည့်ရင် တန်ဖိုးတခုရတာကို
intuitive နည်းနဲ့သိနိုင်တယ်လေ ဒီလိုအလုပ်ကို
စနစ်တကျလုပ်တတ်တာက သင်္ချာပညာရှင်တွေ
ပေါ့ သူတို့က ဒါကို analytic method လို့ အမည်
ပေးလိုက်တယ် ဥပမာဆိုရင် ဒီseries လိုပေါ့
S = 1/2+ 1/4 + 1/8 +…………………
ဒါကို ပေါင်းကြည့်ရင်ရုတ်တရက်တော့ မဆုံးတဲ့ဂဏန်းရမယ်ထင်ရတယ် ဒါပေမဲ့ သူ့ရဲ့
တန်ဖိုးက ၁ ပါ စာရွက်တရွက်ကိုစဉ်းစားကြည့်ပါ
သူ့တခြမ်းက 1/2 ပေါ့ ကျန်တခြမ်းရဲ့ တခြမ်း
က 1/4 ပေါ့ ကျန်တခြမ်းရဲ့တခြမ်းရဲ့တခြမ်း က
1/8 စသဖြင့် ပေါင်းရင်နောက်ဆုံးတော့ ဒီစာရွက်ပဲ
ပြန်ရမှာလေ ဒီတော့ 1 ပေါ့
ခုလို infinite series တွေကို အဆုံးမဲ့ပေါင်းရင်းနဲ့
တိကျတဲ့ တန်ဖိုးတခုရတာကို converge ဖြစ်တယ်
လို့ခေါ်ပါတယ် တန်ဖိုးတခုဆီဦးတည်စုစည်းတာကို
ဆိုချင်တာပါ
series တခုမြင်ရင် သူ့တန်ဖိုးက converge ဖြစ်လား diverge ဖြစ်လာသိဖို့ ပညာရှင်တွေက
ကြိုးစားပါတယ် diverge ဆိုတာက ပေါင်းရင်
တန်ဖိုးတခုမရပဲ infinite ဖြစ်နေတာကိုဆိုချင်
တာပါ
ကဲခုဟာမိုနစ်စီးရီးကကော
သူ့ကို ရုတ်တရက်ကြည့်ရင် converge ဖြစ်မယ်ထင်စရာပါ နောက်လာမဲ့ကိန်းတွေက အပိုင်း
ကိန်တွေစားရင် အလွန်ငယ်တဲ့ကိန်းသေးတွေပဲရတာကိုး
ဒါပေမဲ့ ဟာမိုနစ်ဟာ diverge ဖြစ်ကြောင်းကို
၁၄ ရာစုမှာ Nicole Oresme ကသက်သေပြခဲ့ပါတယ်
သူ့နည်းက ဒီseries ထဲကကိန်းတချို့ကိုပြန်ပေါင်းပြီး
H = 1+1/2+1/3+1/4+1/5+1/6+1/7……
= 1+ 1/2 +(1/4+1/4)+(1/8+1/8+1/8+1/8)+…
= 1+1/2+1/2+1/2+…………
ဒီလိုသာပေါင်းရင် 1/2 တွေမဆုံးပါ ဒါတွေအားလုံး
ပေါင်းဟာ infinite အနန္တ ပါ
harmonic စီးရီးဟာ အဆုံးအစမဲ့ပေါင်းရင် diverge
ဖြစ်ပေမဲ့ diverge ဖြစ်တဲ့နှုန်းက အရမ်းနှေးပါတယ်
ဥပမာ ပေါင်းလဒ် 100 ရဖို့ ကိန်းစုစုပေါင်း
15092688622113788323693563264538101
449857497 လုံးမြောက်ထိ ပေါင်းမှရပါတယ်
ဒီအချက်ကသူ့ရဲ့ထူးခြားတဲ့ဝိသေသပါ
ဆိုပါစို့ ကျွန်တော်တို့ကအူစိန်ဘော့ရဲ့ အပြေးစံချိန်
ကို ဘယ်သူထပ်ချိုးမလဲ စံချိန်တွေဟာ အဆုံးကောရှိရဲ့လားလို့စဉ်းစားတယ်ဆိုပါတော့
သေချာတာကတော့ လူတယောက်ဟာ မီတာတရာ
ကို 9 စက္ကန့်ကျော်နဲ့ပြေးနိုင်တယ် တချိန်ချိန်မှာ ၈ စက္ကန့် ဖြစ်လာနိုင်တယ် ပေါ့ ဒါပေမဲ့ လူကကုန်းနေ
သတ္တဝါထဲမှာ အမြန်ဆုံးဖြစ်တဲ့ ချီတာရဲ့ပြေးနိုင်ထက်
နှုန်းတော့မကျော်လောက်ပါဘူး ဒီတော့ limit ရှိမယ်
ကန့်သက် ပြေးနှုန်းတခုရှိမယ် ဒီနှုန်းကျော်ပြီးမပြေးနိုင်လောက်ဘူးလို့ထင်ကြမှာပါ
ဒါပေမဲ့ ဒီလို စံချိန်တွေအကြောင်းပြောရင် ဟာမိုနစ်
စီးရီးကအသုံးဝင်ပါတယ် ဟာမိုနစ်ကပြောပြနေတာ
ကစံချိန်တွေဟာ diverge ဖြစ်တဲ့အတွက် limit
မရှိဘူးဆိုတာပါပဲ ဆိုလိုချင်တာကသင်ဟာတချိန်မှာ
ခုခေတ်ချီတာတွေထက်မြန်အောင်ပြေးချင်ပြေးနိုင်
ပါလိမ့်မယ် တခုပဲရှိတာကတော့ အဲအချိန်ရောက်ဖို့ကြာချိန်က အထက်က ကိန်းတန်း
လိုပဲစကြာဝဠာမကကြာမှတော့ဖြစ်မှာပါ အဲအချိန်မှာ
ဒါဝင်သီဝရီအရလူတွေက စူပါလူသားတွေဖြစ်ချင်
ဖြစ်နေမှာပါ
ဒီတော့ စံချိန်တွေမှာဘာကြောင့် ဟာမိုနစ်စီးရီးကို
သုံးလို့ရတာလဲ ?ဆိုပါတော့ မိုးရေချိန် ၃ နှစ်အတွက်
စံချိန်စုစုပေါင်းကိုတွက်မယ်ဆိုပါစို့
ပထမနှစ်က သေချာတယ် စံချိန်ပဲ ဒီတော့ သူ့
ဖြစ်တန်စွမ်းက 1 ပါ နောက်နှစ် မှာက ပထမနှစ်ရဲ့
စံချိန်ကိုချိုးမှသူကစံချိန်ဖြစ်မှာလေ မချိုးခဲ့ရင်မဖြစ်
ဘူး ဒီတော့ သူ့ဖြစ်တန်စွမ်းက 1/2 နောက် 3 နှစ်
မြောက်က 1/3 တကယ်လို့သာနှစ်တရာ ဆိုရင်
H= 1 +1/2+1/3+………+1/100 =5.19 ပေါ့
ဆိုလိုတာက နှစ်တရာအတွင်းမှာ မိုးရေချိန်
စံချိန်တင် မှာအများဆုံး ၅ ချိန် နဲ့ ၆ ကြိမ် ကြားပဲရှိမယ်လို့ပြောတာပါ
ဒီလိုပါပဲ စံချိန်တင်မိုးရေချိန်လက်မ နှစ်တရာအတွင်း
ဘယ်နှာခါဖြစ်မလဲ လို့မေးရင်လည်းဟာမိုးနစ်စီးရီးက
အသုံးဝင်မှာပါ
No comments:
Post a Comment