ပညာ
ပညာဆိုတာဘာလဲ? ကျွန်တော်တို့ အူဝဲ ဆိုပြီး
မွေးလာတဲ့အခါဘာမှ သိမလာပါဘူး သိလာရင်
လည်း ပညာဆိုတာလိုတော့မှာမဟုတ်ဘူးလေ
ကျွန်တော်တို့က ဘာကိုမသိတာလဲ ?အား လုံး
ပါပဲကျွန်တော်တို့ပါတ်ဝန်းကျင် သဘာဝလောက
မှာဘာတွေဖြစ်နေလဲ ကျွန်တော်တို့မသိဘူး
ကျွန်တော်တို့ကိုယ်ထဲမှာဘာဖြစ်နေလဲ ကျွန်တော်
တို့မသိဘူး သိလာအောင် ဘယ်လိုလုပ်ရမလဲ
ကျွန်တော်တို့မသိဘူး
ကိုယ့်ပါတ်ဝန်းကျင် လောက သဘာဝ မှာ ဖြစ်ပျက်
နေတာကို အရှိကို အရှိအတိုင်း အမှန်ကို အမှန်တိုင်း
သိတဲ့အခြေအနေ state ကို ပညာလို့ခေါ်တာပါ
သဘာဝ မှာ အမှန်တရား ဆိုတာရှိပြီး ဒီအမှန်တရား
ဆီကိုယ်ကရောက်တာကို ပညာလို့ ခေါ်တာပါ
ရောက်ဖို့ သွားတာ ကိုအားထုတ်တာကို
သင်ယူမှု ဝါ လေ့လာမှုပေါ့ ဒီမှာ ဥပမာနဲ့တင်စာတာဖြစ်ပြီး
လူက သွားတာထက် ဥာဏ် က အမှန်တရား ဆီ
ရွက်လွှင့်တာလို့ ပြောရင် ပိုနီးစပ်မယ်ထင်ပါတယ်
အမှန်တရားဆိုတဲ့ဆိပ် ကမ်းကို ကပ်တဲ့နေ့က ပညာ
ရှိတဲ့နေ့ပေါ့ ဒီတော့ မွေးကတည်းက ဘာမှ နားမလည် တဲ့ လူဟာ နားလည်ဖို့ဆိုရင် အသိဥာဏ်
ကိုရွက်လွှင့်ရမှာပါ ထိုင်နေလို့တော့ သင့်ဆီကို
အမှန်တရားဆိုတဲ့ ဆိပ်ကမ်း ကြီး အတောင်ပေါက်ပြီး
ရောက်မလာပါဘူး သင်ကအားထုတ် ရွက်လွှင့်မှ
သာ သဘာဝမှာ ဘာတွေဖြစ်နေတယ်ဆိုတာ သိ
လာမှာပါ သင့်ရင့် mindset ကို ပြင်မှ open
minded ဖြစ်မှ သိလာမှာပါ " အများနားလည်မဲ့"
ဆိုတဲ့ နမ်စား ဟာ မမှန်ပါဘူး ကိုယ်နားလည်ဖို့
ကိုယ့်ဘာသာ တဦးချင်း ကြိုးစားမှပဲရပါတယ်
ကျွန်တော်စာတွေရေးတယ်ဆိုတာ အမှန်တရား
ဆိုတဲ့ဆိပ်ကမ်းကိုသွားဖို့ သင်တို့ကို လှေတစီးငှား
တာပါ အလကားငှားတာပါ ဒါပေမဲ့ လှေကလှေပဲဖြစ်
ပြီး တက်စီးဖို့တာဝန်က ပညာလိုချင်သူရဲ့ကိစ္စ ပါ
လှေဖြစ်တဲ့အတွက်ကုန်းပေါ်ကိုတက်ပြီး မြင်းလိုခေါ်လို့မရပါ ပြောချင်တာက ပညာရပ်တ
ခုခုအကြောင်းပြောတဲ့အခါ limit တခုထက်လျော့
ပြီး ရေးလို့မရပါ အများနားလည်အောင်ရေးလေ
အများနားမလည်တော့လေပါပဲ ဒါကိုသိစေချင်ပါ
တယ်
နောက်တခု က သဘာဝကအပြောကျယ်ပါတယ်
ဆိပ်ကမ်းတွေအများကြီးပါ ပညာရွက်လွှင့်တဲ့ဂျစီတွေကလွဲရင်
သင်က ဆိပ်ကမ်းတိုင်းကိုကပ်ချင်မှာမဟုတ်ပါ
သင်သွားချင်တဲ့ဆိပ်ကမ်းကို သွားမဲ့လှေ ကိုစောင့်
ပါ ပညာရှာရာမှာစိတ်ရှည်ဖို့လိုပါတယ် သည်းခံတတ်ဖို့ လိုပါတယ်
ပလေတိုကို တခါက သူကောင်းသားတပည့်တ
ယောက်ကမေးတယ် ဆရာဒါကိုသိရင် ဘာရ လဲ
လို့ မေးပါတယ် ဒီတော့ ပလေတိုက သူ့ရဲ့အစေခံကို
ခေါ်ပြီးပြောပါတယ် မင်းဒီသူငယ် ကို အကြွေစေ့
တချို့ပေးပြီး ပြန်လွှတ်လိုက်ပါတဲ့ သူလိုချင်တာ
ကအကျိုးအမြတ်ကိုး အကျိုးအမြတ်လိုချင်လို့
ပညာကိုလေ့လာတယ်ဆိုရင်ဒါဟာ နေရာမှားနေပါ
ပြီ ပညာဟာသိလိုသူတွေအတွက်နေရာပါ စာတပုဒ်ဖတ်တဲ့အခါ ဘယ်မှာသုံးလည်းလို့မမေးပါနဲ့
မိုက်ကယ် ဖာရာဒေးကို အစိုးရအမှုထမ်း လူကြီးလူ
ကောင်းက မေးဖူးတယ် ခင်ဗျာပစ္စည်းက
ဘယ်နေရာမှာ သုံးလို့ရသလဲပေါ့ ဖာရာဒေးက ပြန်
ပြောတယ် ဘာမှာသုံးလို့ရမလဲတော့မသိဘူး
တချိန်မှာလူကြီးမင်းတို့က ပြည်သူတွေဆီက ဒါကို
အကြောင်းပြပြီး အခွန်ကောက်လိမ့်မယ်တဲ့
ပညာဟာ သုံးစရာနေရာ တနေရာ သူ့အလိုလိုပေါ်
လာလိမ့်မယ် ပေါ်ချိန်မှာ ကိုယ့်လက်ထဲရှိထားဖို့ပါပဲ
နောက်ဆုံးဒါမျိုးစာတွေကိုကြိုက်တတ်ရင်သင် ဟာ
ပညာလိုလားသူပါ ဖတ်စမှာနားလည်မှာ ဟုတ်ပါဘူး
ဖတ်တာနဲ့တခါထဲနားလည်ပြီဆိုရင်တော့ တခုခုမှား
နေလို့ပါ နားမလည်မှုဆိုတာ က mindset ကိုပြင်
ဖို့ကိုယ့်ရဲ့တွေးပုံ ကိုပြင်ဖို့ စိတ်ကို ရွက်လွှင့်ဖို့ အချက်
ပေးနေတာပါ ဒီလိုစာမျိုးကတခါထဲဖတ်လို့မရပါ
တခုထဲဖတ်လို့မရပါ သိချင်စိတ် လေ့လာချင်စိတ်ကို
မွေးထားပြီး ဆက်လေ့လာဖို့ပါ အများနားလည်မဲ့စာ
ကိုတောင့်တနေမှာထက် ဒီစာကို ငါနားလည်အောင်
ဆိုတဲ့စိတ်က ပိုအရေးပါပါတယ်
ပညာဆိုတဲ့ဆိပ်ကမ်းကို အရောက်လှမ်းနိုင်ကြပါစေ
လို့တွေးမိတွေးရာလေးတွေပါ
No comments:
Post a Comment