Monday, August 17, 2015

submarine

submarine

ရေငုပ်သင်္ဘော အမျိုးမျိုးရှိပါတယ် ခုပို့စ်မှာတော့စစ်
အေးကာလအတွင်းက strategically သုံးခဲ့တဲ့ စစ်
သုံးရေငုပ်သင်္ဘောတွေအကြောင်းပြောပြချင်တာပါ
ရေငုပ်သင်္ဘော ကိုလူတွေတီထွင်ဖို့ကြိုးစားတာ
တော့ ရောမခေတ်ထဲကဆိုပါတယ် ပထမဆုံး
လက်တွေ့ကျတဲ့ ရေငုပ်သင်္ဘော sub က ၁၇၉၇
မှာအမေရိကန်တီထွင်သူ ရောဘတ် ဖူလ်တန်
တီထွင်ခဲ့တဲ့ နော့တီလပ်စ်ပါ ဒုတိယ ကမ္ဘာစစ်မှာ
ဂျာမန်တွေရဲ့ ယူဘုတ်နဲ့အတူ ပိုထင်ပေါ်လာခဲ့ပါတယ်
ဒီတုန်းက ဒီဇယ် အင်ဂျင်ပါ

စစ်သုံးsub ၃ မျိုးရှိပါတယ် hunter-killer ခေါ်တဲ့
sub အချင်းချင် တော်ပီဒို နဲ့ပစ်ခတ်နှစ်မြှုပ်တဲ့ အ
တန်းအစား cruise missile sub ကတော့ ခရုဒုံး
သုံးပြီး ရေပေါ်က တိုက်သင်္ဘောတွေ ကုန်းပေါ်က
long range target တွေ ကိုတိုက်ခိုက်ဖို့နဲ့ တတိယ
အမျိုးအစားကတော့ နျူကလီးယားစစ်ပွဲအတွက်
second strike capability ရှိတဲ့ SLBM
သယ်ဆောင်နိုင်တဲ့ nuclear sub ပါ

စစ်အေးကာလအတွင်းမှာ နျူကလီးယားအင်အား
ကြီး ၂နိုင်ငံအတွက် အရေးကြီးလိုအပ်ချက်က
nuclear deterrence ပါ နျူစစ်ပွဲကို ဟန့်တားနိုင်ဖို့
ပါ nuclear first strike ဆိုတာက တနိုင်ငံက
တခြားနိုင်ငံမှာရှိတဲ့ nuclear arm သုံးခုနဲ့ command and control center အပါအဝင်
target တွေအကုန်လုံးကို နျူ လက်နက်နဲ့ တြိုပိုင်
ထဲပစ်ခတ် ဖြိုခွင်းတာပါ ဒါဆို အဖြိုခံရတဲ့နိုင်ငံက
လက်တုန့်ပြန်ခွင့်ရမှာမဟုတ်ပါဘူး ဒါကြောင့် second strike ကလိုပါတယ် second strike
ဆိုတာက စအပစ်ခံရတဲ့နိုင်ငံအနေနဲ့ ပြန်လည်တိုက်
ခိုက်နိုင်စွမ်းပါ

ဒီမှာ nuclear triad ၃ ခု ကိုသိရပါမယ် ပထမ  arm
က long range strategic bomber တွေနဲ့ nuclear bomb ကိုကြဲတာပါ B 59 လို B 3 လို
လေယာဉ်တွေပါ သူတို့က လေယာဉ်မှုးတိုင်းက
target ကို စစ်မဖြစ်ခင်ကတည်းကရပြီးသားပါ
DEFCON ၂ ဆိုတာနဲ့ လေထဲဝဲပြီးသား လေယာဉ်ကွင်းကိုပြန်မဆင်းတော့ပါဘူး ဒက်ဖ်ကွန်
က defense condition ကိုခေါ်တာဖြစ်ပြီး
defcon 1 က စစ်ဖြစ်ပြီလို့ဆိုလိုပါတယ်

နောက်arm တခုကတော့ မြေပြင် ဆိုင်လို silo
တွေကနေပစ်ခက်တဲ့ Inter continental
ballistic missile ICBM ပါ နျူထိပ်ဖူးတပ်
တိုက်ချင်းပစ်ဒုံးတွေပါ ဆိုင်လိုတွေက မြေကြီးထဲက
ဒုံးလွှတ်စင်ပါ ခုပြောခဲ့တဲ့ arm ၂ ခုက first strike
ကို prone ဖြစ်ပါတယ် မခံနိုင်ဘူးပေါ့ သူတို့က
တည်ငြိမ်ပစ်မှတ်တွေ အတိအကျနေရာတွေသိနေ
ရတာကိုး

ဒီတော့ ဒါမျိုးမဖြစ်တဲ့ first strike ကို ကျော်လွှား
နိုင်ပြီး second strike ကိုစတင်နိုင်တဲ့ နျူလက်နက်
ကတော့ ခု submarine launch ballistic missile
SLBM ရေငုပ်သင်္ဘောမှပစ်လွှတ်သော တိုက်ချင်းပစ်
ဒုံးများကို သယ်ဆောင်နိုင်တဲ့ nuclear sub ပါပဲ
ဒါက nuclear triad ရဲ့ တတိယမြောက် arm ပေါ့

ဒီရေငုပ်သင်္ဘောတွေရဲ့အဓိက လိုအပ်ချက် သူတို့ကို
ဘယ်သူမှမတွေ့ဖို့ပါပဲ ရေအောက်မှာအကြာကြီး ငုပ်နိုင်စွမ်းရှိရပါမယ် သူတို့အင်ဂျင်ဟာ နျူ လောင်စာ
သုံးတဲ့အတွက် ဒါကလွယ်ပါတယ် ကန့်သတ်ချက်က
သင်္ဘောသားတွေအတွက်စားရေရိက္ခာပါ ဒါကြောင့်
သူတို့တခါငုပ်ရင် ၆လ ကြာပါတယ် radio silence
ဖြစ်ပြီးအပြင်နဲ့ဆက်သွယ်ခွင့်မရှိပါ sub တွေကို
ထောက်လှမ်းနိုင်တဲ့တခုတည်းသော နည်းက
sonar ပါ sound navigation and ranging
အသံနဲ့ထောက်လှမ်းခြင်းပေါ့ အသံဟာ ရေမှာ
လေထက် conduction ပိုကောင်းပါတယ်sonar
ဆိုနာမှာ Passive နဲ့active sonar ဆိုပြီး ၂ မျိုးရှိပါ
တယ် passive က sub ကထွက်လာတဲ့အင်ဂျင်သံနဲ့
ရွေ့လျားသံကို နားထောင်တာပါ active ကတော့
လင်းပိုင်များလုပ်သလို အသံကို လွှတ်လိုက်ပြီး
ပြန်ကန်လာတဲ့အသံနဲ့ရှာတာပါ ဒီတော့ နျူဆပ်
ကြီးတွေဟာ anechoic tile ခေါ်တဲ့ အသံစုပ် တုံး
များကိုယ်ပေါ်မှာက ပ်ထားပါတယ် ဒီနည်းနဲ့ stealth
ဖြစ်အောင်ကြိုးစားပါတယ် အမေရိကန်တွေရဲ့
နျူဆပ် အမျိုးအစားက ohio class ပါ ယခင်က
polaris ဒုံးပျံကိုသယ်ဆောင်ပြီး ယခုအခါ
Poseidon နဲ့ trident ဒုံးတွေသယ်ပါတယ် ကီလိုမီတာ ၄၆၀၀ ကျော်ပစ်နိုင်ပါတယ် ထိပ်ဖူး
တခုမှာ target ခု ၂၀ လောက်ခွဲပစ်နိုင်ပါတယ်
နျူဆပ်မှာ ဒုံးခု၂၀ ဆယ် ကိုယ်ထည် အလယ်ပိုင်းမှာ
ဆယ်ခု ၂တန်းထောင်ထားပါတယ် ယခင်က ဒုံးပစ်ချင်ရင် ရေပေါ်ဖေါ်ရပါတယ် ခုတော့ ရေအောက်ကနေ pressurized air နဲ့ကန်ထုတ်ပြီး
ရေပေါ်ရောက်မှဒုံးအင်ဂျင်ပွင့်ပါတယ်

ဆိုဗီယက်လုပ်နျူဆပ်ကတော့ Typhoon class
ဖြစ်ပါတယ် ကမ္ဘာပေါ်မှာအကြီးဆုံးရေငုပ်သင်္ဘောအမျိုးအစား
ပါကုန်းပေါ်မှာတင်ထားရင် ဘိုးအင်း ၇၄၇ ထ က်
၎ဆကြီးပါတယ် အကောင်ကြီးသလိုအကုန်အကျ
လည်းများပါတယ်သူ့တည်ဆောက်စရိတ်ကြီး
မားမှုက ဆိုဗီယက်ယူနီယံကြီးပြိုကွဲရခြင်းတွေထဲ
ကတခုလို့ဆိုပါတယ်

ရေငုပ်သင်္ဘောတွေ ဟာ positivဖော့ကုန်ရှိပါတယ်
ငုပ်ဖို့အတွက်ဆို negative buoyant ဖြစ်အောင်
အလေးချိန်တိုးရပါတယ် ဒါကို ဝမ်းဗိုက်မှာရှိတဲ့
ရေကန်တွေထဲရေဖြည့်ပြီးငုပ်ပါတယ် ရေပေါ်ဖော်
ဖို့ကတော့ ကန်ထဲကရေကို pressurised air
နဲ့ကန်ထုတ်ပစ်ပါတယ် ဒီ ရေကန်ဆတွကို
ballast tank ခေါ်ပါတယ် trim tank ကတော့
ရေအနက်ထိန်းညှိဖို့ သုံးပါတယ်

အောက်ကပုံတွေက တစ် က nautilus
နှစ် ကနျူဆပ်
သုံးက ballast tank ပါ

No comments:

Post a Comment