Evolution
အီဗော်လူးရှင်း ကို ဒီမှာတော့ ဆင့်ကဲပြောင်းလဲ မှု
လို့ခေါ်ပါတယ် Evolution ကို သူတို့ ပေးထားတဲ့
definition ကတော့ descent with modification ပါတဲ့ descent ဆိုတာ ဆင်းသက်
ပေါက်ဖွားတာ modification ကတော့ ပြုပြင်မွမ်း
မံတာပါ ပြုပြင်မွမ်းမံမှုနဲ့အတူ ဆင်းသက်ပေါက်ဖွား
တာ ဒီလိုလား ဒီတော့စကားလုံးတွေကတော့ စကား
လုံးတွေပါ တကယ့် reality မှာ ဘာဖြစ်နေလဲသိဖို့
လိုမှာပါ ဒီသီဝရီ ကို စတင်ခဲ့တဲ့သူအဖြစ် ချားလ်စ်
ဒါဝင်ကို အသိအမှတ်ပြုကြပါတယ် ဒါပေမဲ့ သူ့မတိုင်ခင် ကတင် ဒီidea ကို လမ်းဘက် နဲ့ သူနဲ့
အပြိုင်ဆိုရင် အဲလ်ဖရက် ရက်ဆဲ ဝေါလေ့စ် တို့က
တင်ပြခဲ့ပါတယ် ဒါဝင် က ပိုပြီး scientific community မှာ influential ဖြစ်ပါတယ်
ဒါကြောင့် သူ့ရဲ့ origin of species က ၁၉ ရာစု အ
လယ်မှာ အသိ ဥာဏ်အပြောင်းအလဲတခုဖြစ်စေခဲ့ပါ
တယ်
ဒါဝင်က တောင်အမေရိကတိုက်မှာရှိတဲ့ ဂလာပါဂို့စ်
ကျွန်းတန်းတွေကို ၃ နှစ်ကျော်လေ့လာခဲ့ပါတယ်
ဒီမှာ သတ္တဝါတွေဟာ တဖြည်းဖြည်းခြင်းပြောင်းလဲ
တယ်ဆိုတဲ့ အထောက်အထားအတော်များများကို
စုဆောင်းမိပါတယ် သူ့ပထမဆုံး စာအုပ်မှာ ဥပမာ
အနေနဲ့ ကုန်းနေ နို့တိုက်သတ္တဝါ ဖြစ်တဲ့ ဝက်ဝံက
ရေနို့တိုက်သတ္တဝါ ဝေလငါးအဖြစ်ပြောင်းလဲပုံကို
ဖော်ပြခဲ့ပါတယ် ဒါမေဲ့ဒီ ကိစ္စ မှာ idea မှန်ပေမဲ့
ရွေးထားတဲ့ တိရိစ္ဆာန် မှားပါတယ် တကယ်တော့
ရေမြင်းလိုကောင်မျိုးက ပိုနီးစပ်တယ်လို့ အထောက်
အထားတွေကဆိုပါတယ်
ဒါဝင်က ဂလာပါဂို့စ်က အပြန်မှာ ချက်ခြင်းတော့
မထုတ်ဝေခဲ့ပါဘူး ဘာကြောင့်လဲဆိုတော့ evolution
ကို ဖြစ်စေတဲ့ အနောက်က driving force မောင်း
နှင်အား ကို စဉ်းစားမရလို့ပါ နောက်မှ သူငယ်ချင်း
သင်္ချာပညာရှင်တယောက်ရဲ့ population dynamic အကြောင်း(ရှေ့ ကdynamic of
civilization ကိုဖတ်ဖူးသူတွေအနေနဲ့ အဲ့ က
equation တွေက ခုပြောတာနဲ့တူပါတယ် )
ရေးထားတာကိုဖတ်မိရင်း natural selection
အကြောင်းကို တွေးမိတယ်ဆိုပါတယ် ဒီမှာ သူ့
ရဲ့ fittest must survive ဆိုတဲ့အယူအဆ ပေါ်လာပြီး origin of species ကိုရေးနိုင်ခဲ့ပါတယ်
ဒါက သမိုင်းကြောင်း ပေါ့ ဘာတွေဖြစ်နေတာလဲ
အဓိပ္ပါယ်ကဘာလဲ
ဒါဝင်ဆိုလိုချင်တာက ကမ္ဘာပေါ်မှာ ခုမြင်တွေ့ရသမျှ
သတ္တဝါ အားလုံးဟာ common ancestor ခေါ်တဲ့
ဘိုးဘေးသက်ရှိ တခု ထဲကဆင်းသက်လာတာပါ
ဆိုလိုတာက ဝမ်းကွဲမောင်နှမတွေမှာ တူညီတဲ့ အဘိုး
အဘွားရှိသလိုပေါ့ ကမ္ဘာ့ ရဲ့ အစ မှာ ဒီ ancestor
ဆိုတာကတော့ unicellular organism ပါ ဆဲလ်တခုပါ သတ္တဝါ ပေါ့ ကမ္ဘာ့ ရဲ့သက်တမ်းဟာ
radio dating method အရ 4.5 billion years
ရှိပါတယ် 3.5 billion years မှာ life စတင်ဖြစ်ပေါ်ပါတယ် ဒါကို abiogenesis လို့ ခေါ်
ပါတယ် ဒီနောက်ပိုင်းတော့ သတ္တဝါတွေ ဟာ ကိုယ့်
ပါတ်ဝန်းကျင်မှာ ရှင်သန်ဖို့ကြိုးစားရင်း ပါတ်ဝန်း
ကျင်နဲ့လိုက်ပြီးပြောင်းလဲလာပါတယ် မျိုးဆက်ပေါင်း
များစွာကြာတဲ့ အခါ ပါတ်ဝန်းကျင်မတူတဲ့ သတ္တဝါ ၂ ကောင် ဟာ လုံးဝမတူတော့ပါ ရေထဲမှာနေတဲ့ငါးဟာ
ဆူးတောင် ရှိလာပြီး လေထဲက ငှက်က တောင်ပံရှိ
လာတယ် ကုန်းပေါ်ကသတ္တဝါ က ခြေပေါက်လာ
တယ် ဒါက ပါတ်ဝန်းကျင်နဲ့ သင့်တင့်အောင်နေလို့
ကွဲပြားလာတဲ့ပုံစံပါ fittest must survive ဆိုတာ
ဒါပါပဲ ဒီမှာ fittest ဆိုတာ သန်မာတာ အားကြီးတာ
ကိုဆိုလိုတာမဟုတ်ပါ ပါတ်ဝန်းကျင်မှာ အံဝင်အောင်
နေနိုင်ခြင်းကို ဆိုလိုတာပါ အဲလိုနေနိုင်တဲ့ သတ္တဝါက
survive ဖြစ်တယ် ရှင်သန်တယ်ပေါ့ survive
ဆိုတာက ဒီမှာရှင်သန်မှု တခုထဲမဟုတ်ပဲ နောက်မျိုး
ဆက်ပြန့်ပွားပေးနိုင်တာ reproduction လဲပါပါ
တယ် ခုပြောနေတာက သတ္တဝါ တကောင်ခြင်း
အနေနဲ့မဟုတ်ဘဲ species တခု အနေနဲ့ပြောနေတာ
ကိုး natural selection ဆိုတာကတော့ ဒီနေရာမှာ
စောစောကပြောတဲ့ ပါတ်ဝန်းကျင်ဆိုတာကို nature
လို့ပြောတာပါ ပတ်ဝန်းကျင်က ရွေးချယ်တယ်ပေါ့
ဘာကိုရွေးတာလဲဆိုတော့ fittest species ကို
ရွေးတာပါ သူရွေးတဲ့ species က survive ဖြစ်တယ်
ပေါ့ fittest မဖြစ်တဲ့ species ကတော့ မျိုးသုဉ်း
extinction ဖြစ်သွားတာပေါ့ ဒါက ဒါဝင်ရဲ့ idea ပါ
ဒီတော့ ကမ္ဘာပေါ်မှာ ရှိသမျှ သတ္တဝါ မျိုးစိတ်တိုင်း
ဟာ ဝမ်းကွဲတော်ကြတာကြီးပါပဲ ဝေးတာနဲ့ နီးတာနဲ့
ဒါပဲကွာပါတယ် ချန်ပန်ဇီ နဲ့ လူဟာ တဝမ်းကွဲ တော်
ပါတယ် လူနဲ့ ငှက်နဲ့ဆိုရင်တော့ ဝမ်းကွဲ အတော်ဝေးဝေး တော်မှာပေါ့ လိုရင်းကတော့ သတ္တဝါ
အားလုံးဟာ အစတခုထဲက စပြီး ပါတ်ဝန်းကျင်ပေါ်
လိုက်လို့ ပြောင်းလဲရာက လုံးဝမတူကြတော့တာပါ
ဒါပေမဲ့ အမျိုးတော့တော်တယ် ဒါကို graphical
representation နဲ့ ဆွေမျိုး ဇယား ဆွဲပြီး ဒီဟာက
သစ်ပင်ပုံနဲ့တူလို့ tree of life လို့ခေါ်ပါတယ် သိပ္ပံ
နည်းကျနာမည်က cladogram ဝါ phylogenetic
tree လို့ခေါ်ပါတယ်
အထက်ကပြောတဲ့အယူအဆ က ဒါဝင် ရဲ့ idea ပါ
ဒါဝင်က ဒါကို သတ္တဝါ တွေရဲ့အပြင်ပန်း ပုံသဏ္ဍာန်
morphology ဝါ phenotype ကိုကြည့်ပြီး ခန့်မှန်း
ခဲ့ရတာပါ ဥပမာ အရိုး နာရွက် အရေပြား အရောင်
စသဖြင့်ပေါ့ ဒါဝင်လက်ထက်က မျိုးးဗီဇ gene ကို
DNA က သယ်ဆောင်မှန်းမသိသေးပါဘူး
သက်ရှိရဲ့ အဓိက လက္ခဏာ တခုက မျိုးဆက်ပွား
ခြင်းဖြစ်ပြီး ဒီအခါမှာ မိဘက သားသမီးဆီကို သူတို့
ဗီဇတွေပေးပါတယ် ဒီဗီဇကို DNA မော်လီကျူးက
သယ်တာပါ ဒီမော်လီကျူး က အထက်က ပြောတဲ့
အပြင်ပန်း ပုံစံ ကို တည်ဆောက်ပေးမဲ့ protein
တွေရဲ့ ဖွဲ့စည်းပုံ ကို code လုပ်ထားတဲ့ information တွေကို သယ်ဆောင်ပေးပါတယ်
ခုခါမှာ evolution ရဲ့ တိကျမှုကို gene frequency
အားဖြင့်လေ့လာတာပါ ဒီအခါမှာ ဒါဝင်တုန်းက
မတွေ့ခဲ့တဲ့ causes of evolution တွေကိုသိလာပါတယ် ဒါတွေကတော့
၁ mutation ဗီဇပြောင်းခြင်း
ဗီဇပြောင်းတယ်ဆိုတာက DNA ရဲ့ မျိုးဗီဇစကားစု
မှာ စကားလုံးစီ ပုံ ပြောင်းလဲသွားတာပါ by chance
အရဖြစ်ပါတယ် ကင်ဆာလိုအရာမျိုးက ဒါကြောင့် ဖြစ်တာပါ အများအားဖြင့် mutation ကမကောင်း
ပေမဲ့တခါတလေ ရှားရှားပါးပါး ပြောင်းလဲသွားတဲ့ဗီဇ
ဟာ ပါတ်ဝန်းကျင်နဲ့ အံဝင်တဲ့ ဗီဇ ဖြစ်တတ်ပါတယ်
ဒီအခါ မှာ species အသစ်အဖြစ် survive ဖြစ်ကျန်
မှာပါ ခုပြောနေတာတွေက generation သုံးလေး ငါးခု မှာ ဖြစ်တဲ့ဖြစ်စဉ်ပါ
၂ migration ဒါ က မျိုးစိပ် တခု ရဲ့ population
ထဲကို သူတို့နဲ့မတူတဲ့ gene အသစ်ပါတဲ့ မျိုးစိပ်တွေ
ဝင်လာတာကိုခေါ်တာပါ သူ့ကို gene flow လဲခေါ်ပါ
တယ် ( စကားမစပ် အမေရိကန် ရဲ့ green card
DV lottery နောက် က Idea က ဒီ gene flow
ပါပဲဗျာ ကျွန်တော်တို့ဆီမှာတော့ မျိုးချစ် ဆိုပြီး
အော်လို့ကောင်းတုန်း )
၃ genetic drift
ဆိုပါစို့ အစိမ်းရောင် ပိုး ၃ ကောင်နဲ့ အဝါရောင် ပိုး
၃ ကောင်ရှိတယ် လူတယောက်က တက်နင်းလိုက်
တာ အစိမ်း ၂ ကောင်သေသွားတယ် ဒီတော့ အဝါတွေ က ဆက်ပွားပေမဲ့ အစိမ်းကတော့ ကြာလေ
ရှားလေ ဖြစ်လာမယ် ဒါက genetic drift ကိုနားလည်အောင် ဥပမာပေးတာပါ တက်နင်းတယ်
ဆိုတာက အစိမ်းနင်းမိသလို အဝါလည်းနင်းမိနိုင်ပါ
တယ်ဒါက random ပါ ဒါပေမဲ့ အဲrandom ကပဲ
ဘယ်သူရှင်သန်မယ်ဆိုတာ ဆုံးဖြတ်ပါတယ်
၎ natural selection
ဒါကတော့ ဒါဝင် idea ပါ ပိုးကောင် အစိမ်း နဲ့ အဝါ
နေရာမှာ ငှက်တွေရှိတဟ်ဆိုပါစို့ ငှက် က အစိမ်း
ကိုမြင်လွယ်တယ် ပိုးကောင်အစိမ်းကိုစားတယ်
ဒါဟာ ဒီပတ်ဝန်းကျင်မှာတော့ ပိုးအဝါ ကို
nature ကရွေးပါတယ် သူရှင်ကျန်ဖို့ အခွင့်များ
တယ်ပေါ့
ခုအထက်ကပြောတဲ့ အချက်လေးခုက မျိုးစိတ်တွေ
ကိုပြုပြင်မွမ်းမံပြောင်းလဲစေ ပြီး ကြာလာ တာနဲ့အမျှ
မျိုးစိပ်အသစ်တွေပေါ်ထွန်းလာစေပါတယ် ရေမြင်း
လိုရှေး ကုန်းသတ္တဝါက ဝေလငါးဖြစ်လာတယ်
ရှေးမျောက်မျိုးကနေ homo erectus ဖြစ်လာတယ်
တွားသွားသတ္တဝါ lizard ကနေ ခြေတိုဝင်ပြီး မြွေဖြစ်
လာတယ် ဒိုင်နိုဆော တွေက နေ ငှက်ဖြစ်လာတယ်
ဒီသီဝရီမှန်ကြောင်းဘာတွေနဲ့သက်သေပြလဲ
အများကြီးပါ ခုခါမှာတော့ အဓိက က gene study
ပါ ကျောက်ဖြစ်ရုပ်ကြွင်း တွေကလည်း အထောက်အထား ရပါတယ် ဥပမာဆို ရှေးရေမြင်း
ကနေ ဝေလငါးဖြစ်ဖို့ရာ ကြားထဲက အဆင့်တွေရှိပါ
တယ် ဒီကြားက အကောင်တွေရဲ့ fossil ကိုရှာတွေ့
တယ် နောက် gene mapping တွေရဲ့ တကောင်
နဲ့တကောင် ကြားက ဆင်တူမှုရာနှုန်း ကိုစစ်ဆေး
တယ်စသဖြင့်ပေါ့
တကယ်တော့ ကမ္ဘာပေါ် မှာ homo ဆိုတဲ့ genus
စပေါ်တာ 2.8 million years ပဲရှိပါသေးတယ်
ဒီထဲကမှ homo erectus လိုဟာမျိုးက မျိုးသုဉ်း
ခဲ့ပါပြီ ခုခေတ်လူသားတွေဟာ homo sapiens
အနွယ်ဖြစ်ပြီးသက်တမ်း ကတော့ နှစ် ၂၀၀ ၀၀၀
ကနေ နှစ် ၁၀၀ ၀၀၀ ကြားမှာ အာဖရိက ကနေ စ
တယ်လို့ ဆိုပါတယ်
evolution နဲ့ ပါတ်သတ်ပြီး တချို့ misconception အယူအဆအမှားတွေ ကတော့
ဒါဟာ မျိုးစိတ်တွေကို ပိုကောင်းလာအောင်လုပ်ပေး
တယ်ထင်တာပါ တကယ်တော့ လူသား ဟာ ကံကောင်းထောက်မ စွာ ဒီလို အသိဥာဏ်မြင့်တဲ့
အခြေအနေကို ရတာပါ nature နဲ့ အံမဝင်တဲ့
တချိန် ပျက်သုဉ်းရမှာပါ
ဒီဘာသာရပ် တကယ်တော့ ပညာရပ်အတော်များ
များပါဝင်ပါတယ် ခုကတော့ အနီးစပ်ဆုံးရှင်း ရသ
လောက်ရှင်းပြတာပါ နားလည်မယ်လို့ယူဆပါတယ်
python
No comments:
Post a Comment