Wednesday, August 19, 2015

polynomial and group theory

polynomial and group theory

poly ဆိုတာက အများ nomial ဆိုတာက ကိန်းတန်းterms တွေကိုပြောတာပါ ကိန်းတန်း
အများ ကိုစုပေါင်းထားတာပေါ့
ဥပမာ  

   ax⁴  +  bx³  +  cx²  +  dx + e  

ဆိုပါတော့
ဒါက degree 4 ရှိတဲ့ polynomial ရဲ့ general
ပုံစံပါ degree ဆိုတာက ဒီကိန်းတန်းမှာ အမြင့်ဆုံး
ပါဝါကို ယူတာပါ ဒီမှာ power 4 ကအမြင့်ဆုံးဆို
တော့ ဒီဂရီ 4 ပေါ့ ယေဘူယျတော့ power တွေကို
n နဲ့ကိုယ်စားပြုတယ်

polynomial တခုမှာ ၃ ပိုင်းပါတယ် x က variable
ပေါ့ a b c d စသဖြင့်ကမြှောက်ဖော်ကိန်းတွေပါ
n ကပါဝါပေါ့

သူတို့ကဘာလို့အရေးပါတာလဲ ဥပမာဆိုပါစို့
သင် ကဈေးသွားဝယ်တယ် ဆန် ၃ လုံး ချဉ်ပေါင်
၂ စည်း နဲ့ ငါးတကောင် ကို ၃၈ ကျပ်ကျတယ်ဒါကို
polynomial နဲ့ဒီလိုရေးလို့ရတယ်

             3x+2y+z= 38

ဆိုပြီး x က ဆန် y က ချဉ်ပေါင် z
က ငါးဆိုတာပြောဖို့မလိုပါဘူး

ဘေဘီလုံနီယန်တွေခေတ်က လယ်မြေကိစ္စတွေ
အတွက်ဒီလိုပြောတယ်ဆိုပါတော့

"စတုရန်းပုံလယ်ကွက်ကို သူ့အနား ရဲ့နှစ်ဆ ပေါင်း
ထည့်လိုက်တာ 48 ရတယ် ကဲအနား ဘယ်လောက်
ကျယ်သလဲ"   ဒီစကားကို သင်္ချာပြောင်းတော့

       x² + 2x = 48

ပေါ့ဒါက ၄၈ ကိုတဖက်ရွှေ့ရင်

   x² + 2x - 48=0

ညီမျှခြင်း ဘယ်ခြမ်း ဟာ ဒီဂရီ
2 ရှိတဲ့ polynomial ပါ quadratic လို့ခေါ်ပါတယ်
ဒီဂရီ 3 ဆို Cubic , 4 ဆို quartic , 5 ဆို quintic
စသဖြင့်ပေါ့

ပိုလီနိုမီရယ် တွေကိုအဖြေရှာတာကို root ရှာတယ်
လို့ခေါ်ပါတယ် ဘာလို့ဆို နောက်ဆုံး မှာအဖြေက
square root ,cube root , 4th root စသဖြင့်
root တခုခု အောက်ရောက်လို့ပါ

ဥပမာ quadratic equation

  ax² + bx + c =0

ရဲ့အဖြေက

x = -b ±√(b²-4ac)/2a

ဒါကကျောင်းတုန်းကသင်ဖူးတော့သိမှာပါ ဒီ result
ကို ဘေဘီလုံးနီးယန်း ခေတ်ထဲက သိခဲ့ပါတယ် ဒီမှာ
x ရဲ့တန်ဖိုးကို root သို့မဟုတ် general solution ယေဘူယျအဖြေ လို့ခေါ်ပါတယ် n ဒီဂရီ polynomial မှာ n root ရှိပါတယ်
ဆိုလိုတာက 2 ဒီဂရီ မှာ အဖြေ ၂ ခု
၃ဒီဂရီ မှာ အဖြေ ၃ ခု
၎ ဒီဂရီ မှာ အဖြေ ၄ ခု စသဖြင့်ပါ

ဒီအဖြေတွေကို ရှာတဲ့ general solution ကို
cubic equation

   ax³  +  bx²  + cx  +  d =  0

အတွက် ၁၆ ရာစုမှာတွေ့ပါတယ်သူကအရမ်း
ရှုပ်တယ်
quartic အတွက် ကပိုတောင်ရှုပ်သေးတယ် ဒါပေမဲ့
အဖြေတော့ရှိသေးတယ်ပေါ့  Abel က ဒီဂရီ ၅
အတွက် general solution ကိုမရှိကြောင်းသက်သေပြခဲ့ပါတယ်ဒီထက်ပိုတာ
တွေအတွက်ကော ဒီအချိန်မှာ သင်္ချာလောကကို
တခေတ်ဆန်းစေမယ့်  ဂါးလွ ပေါ်ပေါက်လာပါတယ်
ဂါးလွဟာ ပိုလီနိုမီယယ်တွေကိုလေ့လာတဲ့လမ်းခရီး
မှာထိုးထွင်းသိမြင်မှုအသစ်နဲ့ group theory ကို
စတင်ခဲ့သူပါ

ဆိုပါတော့       x²- 2 = 0

သူရဲ့အဖြေက x =√ 2          နဲ့

                     x= - √ 2

ပေါ့ ဒီနှစ်ခု က ရှေ့ က အပေါင်း နဲ့အနှုတ်လက္ခဏာ ကလွဲရင်အတူတူပဲလေ ဆင်ဆင်တူနေတယ် ဒီတော့
ဒီနေရာမှာ group theory အကြောင်းလေးနဲနဲပြော
ပါမယ် group က symmetry တွေကိုလေ့လာတဲ့
ပညာပါ symmetry ဆိုတာဘက်ညီမှုပေါ့ ဥပမာ
လိပ်ပြာလေးတကောင်ရဲ့ ဘယ်ခြမ်းနဲ့ ညာခြမ်း  ဟာ
တူပါတယ် ဒါကြောင့်လှနေတာပေါ့ စတုရန်းတခုကို
90° ,180° , 270° ,360° လှည့်ကြည့်ပါ မပြောင်း
လဲတာတွေ့ရမယ် ဒီတော့ symmetry ဆိုတာ
immune to change ပေါ့ အပြောင်းအလဲကို
ခံနိုင်ရည်ရှိနေတာမျိုးပေါ့ ဒီမှာ 90° လှည့်တာ
ပြောင်းလဲခြင်းပါ ဒါကို operation လို့ခေါ်ပါတယ်
ဒီoperation ရဲ့အောက်မှာ မပြောင်းလဲတာက
တော့ စတုရန်း ပေါ့ စတုရန်းကို ပုံစံမပြောင်းစေတဲ့
operation တွေကိုစုပြီး အုပ်စုဖွဲ့လို့ရပါတယ်
အထက်က rotation ၄ ခု နဲ့ reflection ၄ ခု
ပေါင်းရင် member ၈ ခု ရှိတဲ့ အုပ်စု group ကိုရပါတယ် ဒါက အကြမ်းဖျဉ်းပေါ့

ပိုလိုနိုမီရယ်ဘက်ပြန်ဆက်ရရင်

x⁴= 2       quartic equation ဆိုပါစို့ သူ့အဖြေ
၎ ခုရှိပါတယ်
  
α =  ⁴√2,   β = ¡⁴√2  , γ = - ⁴√2   , δ =  -¡⁴√2

ဒီroot ၄ ခု က satisfied ဖြစ်တတဲ့ root တွေရဲ့
relation က ဒါပေါ့

α+ γ= 0 , αβγδ= -2 ,αβ-γδ= 0

ဒီမှာတကယ်လို့သာα  နဲ့  γ ကိုနေရာချိန်းလိုက်ရင်
လဲ relation တွေက ဒီပုံစံပါပဲ

γ+α=0 ,γβσδ= -2 ,  γβ- αδ =0

ခုလို
α >>>  β  >>>   γ >>>  δ >>>  α  ချိန်းရင်ရော

β+δ=0 , δγβα= -2 , βγ -δα= 0     ,အတူတူပါပဲ

ဒီတော့ root တခု က root တခုပြောင်းတဲ့အောက်
မှာ root တွေရဲ့ relation ကမပြောင်းပါဘူး ဒီrelation တွေက အထက်က group ဥပမာက
စတုရန်းနဲ့တူပြီး root တခုက တခု ပြောင်းခြင်း
permutation က operation ပါ ဒီoperation
တွေစုပေါင်းတာကို group လို့ခေါ်ပြီး ဒါကို
x ⁴=2 equation ရဲ့ Galois group လို့ခေါ်ပါတယ်

ဂါးလွဟာ ဒီဂရု တွေကိုလေ့လာခဲ့ရာမှာ group
တခုထဲမှာ သူ့ထက်ငယ်တဲ့ subgroup ရှိကြောင်း
တွေ့ခဲ့ပါတယ် ဒီsubgroup မှာလဲနောက်ထပ်
subgroup ရှိပြီး ဒီလိုနဲ့ group member ကzero
ဖြစ်တဲ့ထိ ဆက်သွားပါတယ် ဒီမှာ member
အရေအတွက်ကို order လို့ ခေါ်ပြီး group order
ကို subgroup order နဲ့ စားတာကို indices ခေါ်ပါတယ် ဒီ index တွေကို အစဉ်လိုက်ရေးရင်
sequence တခုရပါတယ် အောက်က ဟာက
n degree polynomial တွေအတွက် တွက်လို့ရတဲ့
indices sequence ပါ

n          composition indices
2           2
3           2,3
4           2,3,2,2
5           2,60
6           2,360
7           2,2520

ဂါးလွ ကသက်သေပြခဲ့တက n degree polynomial တွေမှာ အဖြေရှိမရှိ သိချင်ရင်
သူ့ရဲ့ဂါးလွ ဂရု မှာ အဖြေရှိမရှိကြည့်ပါတဲ့
ဂါးလွဂရုက အဖြေရှိရင် n degree polynomial
မှာ အဖြေရှိမယ်ပေါ့ ဂါးလွဂရုက အဖြေရှိဖို့ကိုတော့
indices တွေကြည့်လိုက်လို့ အားလုံးဟာ prime
number သုဒ္ဓကိန်းတွေပဲဖြစ်မယ်ဆိုရင် အဖြေရှိပါတယ်တဲ့ နို့မဟုတ်ရင်တော့ မရှိပါ
ခု5 degree ဆို 2 နဲ့ 60 ပါပြီး ၆၀ က prime
မဟုတ်တဲ့အတွက် general solution မရှိပါ
ဒါကြောင့် polynomial တွေဟာ 4th degree
ထိသာ general solution ရှိပါတယ်

ဂါးလွ ရဲ့အားထုတ်မှုကြောင့် group theory ပေါ်ပေါက်ခဲ့ပါတယ် အိုင်းစတိုင်းရဲ့ special နဲ့
general relativity ကိုနားလည်ဖို့ group
theory လိုပါတယ် ဥပမာအားဖြင့် Minkowski
spacetime ဟာ Lorentz group အောက်မှာ
မပြောင်းလဲပါဘူး  လျှပ်စစ်သံလိုက်လှိုင်းများဟာ
guage group အောက်မှာ မပြောင်းလဲပါဘူး
snowflake နှင်းပွင့်လေးများလှနေရတာကို
တိုင်းတာဖို့ group တခုရှိသလို crystal ပုံဆောင်
ခဲတွေ ကို လေ့လာရာမှာ လည်း group ကအရေးပါပါတယ် ကမ္ဘာပေါ်မှာအမာဆုံးဖြစ်တဲ့
စိန်ထက်ပိုမာတဲ့ buckyball ဆိုတဲ့ C 60 အက်တမ်
ကို လည်း ဒီနည်းနဲ့ခန့်မှန်းခဲ့တာပါ weak force
နဲ့ strong force particle ဖြစ်တဲ့ W and Z boson နဲ့ gluon များကိုလည်း group theory နဲ့မှန်းခဲ့တာ
ပါ Rubik cube ရဲ့ လှည့် နည်း များ ဟာ group
concept ပင်ဖြစ်ပါကြောင်း

                                       python

No comments:

Post a Comment