Tuesday, September 8, 2015
မြေကမ္ဘာ့သမိုင်း
မြေကမ္ဘာ့ သမိုင်း
အစရဲ့နိဒါန်း
========
ခု ရေးမှာ ကမြေ ကမ္ဘာ ရဲ့ ဖြစ် စဉ် အကျဉ်းပါ
အင်္ဂလိပ်လို name တွေကို စာရှည်မှာဆိုး လို့
မပြန်တော့ ပါ သူတို့ကို keyword အနေနဲ့ အင်တာ
နက်မှာ ရှာဖို့ သုံးနိုင်ပါတယ် န က္ခတ ဗေဒ နဲ့
ဘူမိဗေဒ အထောက်အထားများအရ စကြာဝဠာသက်တမ်းဟာ အကြမ်းဖျဉ်း 13,820 million years ရှိ ပါတယ် ကျွန်တော်တို့ နေ အဖွဲ့အစည်း
သက်တမ်းက 4,567 million years ရှိပါတယ်
လ က လွန်ခဲ့သောနှစ်ပေါင်း 4,450 ကဖြစ်ပေါ်လာပါတယ် ကမ္ဘာ ဖြစ်ပြီး နှစ် 50 million မှာပါ  Apollo အာကာသ ယာဉ်က ရရှိတဲ့ကျောက် နမူနာ နဲ့ ကမ္ဘာ့
ကျောက်တွေက ဖွဲ့စည်းပုံတူပါတယ် အဓိပ္ပါယ်က
လဟာ ကမ္ဘာ နဲ့ သီယာ ဂြိုဟ်သိမ်တို့တိုက်မိပြီးနောက် ပဲ့ထွက်လာတဲ့အရာပါ
ကမ္ဘာနဲ့ လပေါ်ကိုဥက္ကာခဲ များ အဆက်မပြတ်ကျရောက်ခြင်းဟာ (the Late Heavy Bombardment)လွန်ခဲ့သောနှစ်ပေါင်း  3,900 million ကဖြစ်ပေါ်ခဲ့ပါတယ် ဒီက နေ ရေ ပါလာ တယ်လို့လဲယူဆကြပါတယ်
4,000 million years ago(Mya=million years ago )
ကမ္ဘာ မြေသားဟာ ကျောက်ရည်တွေဘဝက အေးခဲပြီး ပထမဆုံး စူပါတိုက်ကြီး(တိုက်တခုထဲ)  Rodinia ကိုဖြစ်ပေါ်စေပါတယ်
1100 Mya
စူပါတိုက်ကြီးကနေ တိုက်ငယ်တွေကွဲထွက်သွားပါ
တယ်
600 Mya
တိုက်ငယ်များပြန်စုပြီး စူပါတိုက်ကြီး  (supercontinent)  Pannotia ကိုဖြစ်စေပါတယ်
550Mya
Pannotia က  Laurasia နဲ့ Gondwana အဖြစ် ကွဲထွက်တယ်. Laurasia မှာNorth America, Europe, Siberia, and Greenland တို့ပါဝင်ပါတယ် Gondwanaမှာ  India, Africa, South America, and Antarctica တို့ပါပါတယ်. 
275 Mya မှာ ဒီ၂ခု ပြန်ပေါင်းပြီး Pangea ဖြစ်လာပါတယ် ဒါ က ခုသိတဲ့ တိုက်ကြီး ၇ တိုက်
ရဲ့ မိခင် စူပါတိုက်ကြီးပါ အရင်ကကုန်းမြေ တဆက်တည်းပေါ့ အာဖရိက ခြမ်းနဲ့ အမေရိက တို့
ကွဲ ထွက်ရာမှာ ကြားထဲကနေ   Atlantic Ocean
ဖြစ်ပေါ်စေပါတယ် ဒီ dynamic အောက်က အကြောင်းအရင်း က မာရီရားနား ချောက်ထဲက hydrothermal vent တွေကြောင့်ပါ သူတို့ကထွက်လာတဲ့ ချော်တွေကမာပြီး မြေသား
ဖြစ်တဲ့အခါ တွန်းလို့ရွေ့တာပါ
…………………………………………………………………
ရာဇဝင်ထဲက ကမ္ဘာ
=============
Precambrian Time  (4567 to 542 mya)
Hadean Eon (4567 to 4000 mya)
4650 mya
chondrite ခေါ် ဂြိုဟ်များမပေါ်ခင်က
ပင်ရှိနေသော အာကာသထဲမှာကျောက်များ  Solar Nebula မှာဖြစ်ပေါ်လာပါပြီ
4567 mya
နေပေါ်လာပါပြီ အမှန်တော့ ပိုကြီးတဲ့ နေသေဆုံးရာက ဖြစ်လာတာပါ နေက ခုလက်ရှိရဲ့ 70% % ပဲလင်းပါတယ်
4500 mya
ကမ္ဘာဖြစ်လာပြီ
4450 mya
လ ဟာ ကမ္ဘာနဲ့ သီယာ တို့ တိုက်ရာကဖြစ်ပေါ်လာပါတယ် လ က ကမ္ဘာ ကနေ 64,000 km ဝေးပါတယ် ခုထက်နီးတာပေါ့ ကမ္ဘာ့ ရဲ့  တနေ့ ဟာ အဲ့တုန်းက ၇ နာရီပဲရှိပါတယ်
ကမ္ဘာ့ ပထမဆုံးလေထုက hydrogen နဲ့ helium ပါဝင် ပြီးပေါ့လွန်းတော့ လွတ်ပြီး လေထုမရှိတော့ပါ
4280 mya
ရေက အရည်အနေနဲ့စတင်ဖြစ်ပေါ်ပါတယ်
3900 mya
ဥက္ကာခဲ အဆက်မပြတ်ကျရောက်မှု late heavy
bombardment  ဖြစ်ပေါ်ပါတယ် လ က ကမ္ဘာ ကနေ 282,000 km ကွာလာပါတယ်
တနေ့မှာ 14.4 နာရီရှိပါတယ် ကမ္ဘာ့လေထုမှာ
carbon dioxide, water vapor,
methane, and ammonia တို့ပါရှိလာပါပြီ
လေထုက ကာဗွန်ကိုယူပြီး ကာဗွန်သတ္ထု တွေလုပ်ခြင်းဖြင့် လေထုကို ဓါတ်လျော့ပါတယ်
…………………………………………………………………
Archean Eon (4000 to 2500 mya)
Archean Eon  Eoarchean Era (4000 to 3600 mya)
  ကမ္ဘာကြီးအရမ်းပူပါတယ်
4000 mya
ကမ္ဘာ့ကျောက်လွှာတွေ အရည်ဘဝက ခဲလာပါပြီ
ကုန်းမြေ စပေါ်တာပေါ့ လေထုဖိအား က
100 to 10 bar ရှိပါတယ် တနေ့မှာ
15 hours ရှိပါတယ်
…………………………………………………………………
Paleoarchean Era (3600 to 3200 mya)
3600 mya
စူပါတိုက်ကြီး Vaalbara ဖြစ်လာတယ်
3500 mya
ဆဲတခုပါ သတ္တဝါ (Prokaryotes) ဖြစ်လာပါပြီ
အောက်ဆီဂျင်ထုတ်ပေးတဲ့ ရေနေ
Cyanobacteria တွေက အလင်းနဲ့ အစာချက်ပါတယ် သူတို့ က stromatolites
ကျောက်တွေဖြစ်စေပါတယ်
သက်တမ်းအရင့်ဆုံး မိုက်ခရိုကျောက်ဖြစ်ရုပ်ကြွင်း
ဟာဒီကာလမှာတွေ့ရတာပါ
…………………………………………………………………
Mesoarchean Era (3200 to 2800 mya)
3000 mya
လေထုက 75% nitrogen,
    15% carbon dioxide ပါရှိပါတယ်
နေက ခုရဲ့  ၈၀ % လင်းလာပါပြီ
2900 mya
Pongola ရေခဲခေတ်စပါတယ်
…………………………………………………………………
Neoarchean Era (2800 to 2500 mya)
2800 mya
Vaalbara
တိုက်ကွဲထွက်ပါတယ် ကမ္ဘာ့ အစောဆုံး ကမ္ဘာ့သံလိုက်စက်ကွင်းရဲ့  အထောက်အထားတွေကျောက်လွှာ
မှာတွေ့ပါတယ်.
2700 mya
စူပါတိုက်ကြီး Kenorland ဖြစ်ပေါ်လာပါသည်
အလင်းဖြင့် အစာချက်သော organism များပေါများလာသည်
…………………………………………………………………
Proterozoic Eon (2500 to 542 mya)
Siderian Period (2500 to 2300 mya)
ပထမဆုံး တည်ငြိမ်တဲ့ တိုက်များဖြစ်ပေါ်လာပါတယ်
2500 mya
သမုဒ္ဒရာနှင့်လေထုတွင် ပထမဆုံး အောက်ဆီဂျင်
၏ ခြေရာကို သံကျောက်လွှာများတွင် သံအောက်ဆိုက်အဖြစ်တွေ့ရသည်
2400 mya
Great Oxidation Event ဖြစ်ပေါ်
လာပါတယ် အောက်ဆီဂျင်တွေပေါများလို့ anaerobe အောက်ဆီဂျင်မရှိပဲနေနိုင်တဲ့
သတ္တဝါတွေ မျိုးသုဉ်းကုန်ပါတယ်
…………………………………………………………………
2400 mya
Huronian ice age စတင်ပါတယ်
2200 mya
သက်ရှိတွေမှာ mitochondria စတင်ဖြစ်ပေါ်လာပါပြီ ဒါက စွမ်းအင်ထုတ်ယူတဲ့
အရာပါ
2100 mya
Intensive orogeny တောင်တန်း   တွေဖြစ်ပေါ်လာပါပြီ
  2023 mya
ဥက္ကာခဲနဲ့ ထိတိုက်မှု ကြောင့် 300 km ကျယ်သော
ချိုင့်ဝှမ်း  Vredefort, South Africa မှာဖြစ်ပေါ်ပါတယ်
2000 mya
နေရဲ့တောက်ပမှုဟာ ခုရဲ့  85% ရှိပါတယ်
Oxygen တွေ လေထုမှာများလာပါပြီ
1850 mya
ဥက္ကာခဲ ကျရောက်မှုကြောင့် 250 km ရှိတဲ့ချိုင့်ဝှမ်း ဟာ  Sudbury, Ontario, Canada မှာဖြစ်ပေါ်တယ်
Statherian Period (1800 to 1600 mya)
ဆဲလ်တခုပါ သက်ရှိတွေဟာ ပိုရှုပ်ထွေးလာပါပြီ
  bacteria နဲ့ archaeans တွေများလာပြီ
…………………………………………………………………
Mesoproterozoic Era (1600 to 1000 mya)
Calymmian Period (1600 to 1400 mya)
အလင်းနဲ့အစာချက်တဲ့ သက်ရှိတွေများ
လာတယ် အောက်ဆီဂျင်လေထုထဲမှာ 10% ရှိ
လာပါပြီ
ozone  လွှာ ဖြစ်ပေါ်လာပြီး UV ရောင်ခြည်ကို
တားဆီးပေးတယ်
1600 mya
Eukaryotic (nucleated)  ယူကဲရော့တစ်ခေါ်တဲ့ မျိုးဗီဇကို အခွံ နဲ့အုပ်တဲ့ ဆဲလ်တခုပါ သက်ရှိဖြစ်ပေါ်လာပါပြီ သူက သတ္တဝါ အပင် နဲ့ မှို
တို့ရဲ့ ဘိုးဘေးပေါ့
Ectasian Period (1400 to 1200 mya)
Green (Chlorobionta) နဲ့ red (Rhodophyta) အယ်လ်ဂျေး (ရေမှော်) တွေများ
လာပြီ
Stenian Period (1200 to 1000 mya)
1200 mya
ယခင်က လိင်မဲ့ မျိုးပွားရာကနေ Spore/gamete လို အရာမျိုးကိုတွေ့လာရပြီး ဒါဟာ လိင်
( ဖို/ မကွဲပြားလာတာ ) ပေါ်လာတာကို ပြသနေပါတယ်
1100 mya
စူပါတိုက်ကြီး Rodinia ဖြစ်ပေါ်လာတယ်
…………………………………………………………………
Neoproterozoic Era (1000 to 542 mya)
Tonian Period (1000 to 850 mya)
1000 mya
ဆဲလ် အများပါ သက်ရှိဖြစ်လာပါပြီ
950 mya
Stuartian-Varangian ရေခဲခေတ်
900 mya
တနေ့မှာ  18 နာရီရှိလာပါပြီ
လ က ကမ္ဘာကနေ 350,000 km ကွာလာပါပြီ
Cryogenian Period (850 to 630 mya)
        Pannotia စူပါတိုက်ကြီး ဖြစ်တဲ့ခေတ်ပါ
  750 mya: Breakup of Rodinia ကွဲထွက်ပြီး  Pannotia ပြန်ဖြစ်လာတယ်
750 mya
magnetic reversal ခေါ်တဲ့ ကမ္ဘာ့သံလိုက်ဝန်
ရိုးစွန်းပြောင်းပြန်ဖြစ်မှု အဆုံးသတ်သွားပါပြီ
650 mya
ရေနေအပင် 70% အစုလိုက်အပြုန်လိုက် မျိုးသုဉ်းတဲ့ကာလပါ ဘာကြောင့်လဲဆိုတော့ တကမ္ဘာလုံး ရေခဲသွား လို့ပါ snowball ယူဆချက် ခေါ်ပါတယ်
လ က ကမ္ဘာ ကနေ 357,000 km ဝေးပါတယ်
Ediacaran (Vendian) Period (630 to 542 mya)
600 mya
တနေ့မှာ 20.7 နာရီကြာပါတယ်
590 mya
ဥက္ကာခဲကျမှုကြောင့် 90 km ကျယ်တဲ့ ချိုင့်ဝှမ်း Acraman, South Australia မှာဖြစ်ပေါ်ပါတယ်
580 mya
ခန္ဓာပျော့တဲ့ သက်ရှိတွေ ဥပမာ  Jellyfish, Tribrachidium, စသဖြင့်ပေါ်ပေါက်လာတယ်
570 mya
Stuartian-Varangian ရေခဲခေတ်ကုန်ပြီ
အခွံပါကျောရိုးမဲ့သက်ရှိ ဥပမာ ခရု ပေါ်လာပါပြီ
550 mya: Pannotia တိုက်ကြီး  Laurasia နဲ့ Gondwana အဖြစ်ကွဲသွားပါတယ်
…………………………………………………………………
Phanerozoic Eon (542 mya to present)
Paleozoic Era (542 to 251 mya)
Cambrian Period (542 to 488.3 mya)
သတ္တဝါ တွေ အများစု ဖြစ်ပေါ်တဲ့ကာလပါ
Tommotian Stage (534 to 530 mya)
510 mya
သမုဒ္ဒရာ ထဲမှာ ကျောရိုးရှိ သက်ရှိဖြစ်လာပါပြီ
နေရဲ့ တောက်ပမှုက ခုထက် 6% ပဲလျော့ပါတယ်
Ordovician Period (488.3 to 443.7 mya)
    Trilobites တွေပေါ်လာပြီ
အစိမ်းရောင်ရှိ အပင်နဲ့ မှိုတွေကုန်း ပေါ်မှာ ရှိနေပြီ
လေထုမှာ ကာဗွန်ဒိုင်အောက်ဆိုက် ပမာဏ ကျလာပြီ
450 mya
Andean-Saharan ရေခဲခေတ် စတင်တယ်
443 mya: Glaciation of Gondwana မှာ ရေတွေခဲကုန်တယ်  ကျောရိုး မဲ့ ရေနေသက်ရှိတွေ အများကြီး မျိုးသုဉ်း ကုန်တယ် ဒုတိယအကြီးဆုံး mass extinction event ပါ
    49% လောက်ပျောက်သွားတယ်
Silurian Period (443.7 to 416 mya)
    Dartmuthia ဟာ ရှေ့ဦး မေးရိုးမပါ ငါးပါ Silurian Period မှာနေခဲ့ပါတယ်
420 mya
Andean-Saharan ရေခဲခေတ်ကုန်ဆုံးပြီ
ကမ္ဘာ့ ရာသီဥတု က တည်ငြိမ်လာတယ်
ကုန်းအပင်နဲ့ ရေထဲမှာ သန္တာတွေ ပ်ါလာပါပြီ
သန္တာ ဟာ တကယ်တော့ အကောင်ပါ မေးရိုးပါ ပထမဆုံးငါးတွေဖြစ်လာပြီ ငါးမန်းပေါ့ ကုန်းပေါ်မှာ အင်းဆက်တွေ ဥပမာ ပင့်ကူ ကင်းခြေများ တွေ
ဖြစ်လာပြီ
Devonian Period (416 to 359.2 mya)
    Ferns ကျောက်ခတ်ပန်းတွေပေါ်လာပြီ အစေ့ပါတဲ့ အပင်တွေလဲရှိလာပြီ သစ်တောတွေရှိလာပြီ တနေ့မှာ 21.8 နာရီကြာပါတယ်
  400 mya
အတောင်မပါတဲ့ အင်းဆက်တွေ ရှိပြီ
375 mya
ကျောရိုးပါ ခြေလက်ရှိ တဲ့ Tiktaalik တွေပေါ်လာပြီ
Hynerpeton ကအသားစား ခြေ ၄ ချောင်းပါ
သတ္တဝါပါ လေထုမှာ အောက်ဆီဂျင် က 16% ရှိနေပြီ
374 mya
ရေနေ သက်ရှိ 70% မျိုးသုဉ်းသွားတယ်ဒီကာလမှာ မျိုးသုဉ်းတဲ့ ကာလက နှစ်သန်းပေါင်း ၂၀ လောက်ကြာတယ် ကမ္ဘာ ကအေးလာ တယ် မျက်နှာပြင် အပူချိန်က 34°C ကနေ 26° C ထိ ကျလာတယ်of marine species.
370 mya
ပထမဆုံး trees တွေပေါ်လာတယ်
359 mya
ဥက္ကာခဲကျလို့ 40 km ကျယ်တဲ့ ချိုင့်ဝှမ်းcrater ဟာ
Woodleigh, Australia မှာဖြစ်တယ်
………………………………………………………………
Carboniferous Period (359.2 to 299 mya)
Mississippian Epoch (359.2 to 318.1 mya)
    (Lower Carboniferous)
350 mya
Karoo ရေခဲခေတ် စပြီ
    Meganeura ဟာ ဒီခေတ်ရဲ့ အလွန်ကြီးတဲ့ အင်း
ဆက်ပါ သူက ဒီခေတ်က ပုစဉ်း နဲ့တူပါတယ် အကောင်ကတော့ ငှက်တကောင် လောက်ကြီးပါ
တယ် ပထမဆုံး လေထဲပျံ သက်ရှိပေါ့
  324 mya
နို့တိုက်သတ္တဝါတို့ရဲ့ဘိုးဘေး Synapsid တွေဖြစ်လာပြီ ရေမြွှာ နဲ့ဥဥတဲ့ သက်ရှိဖြစ်လာပြီ
Pennsylvanian Epoch (318.1 to 299 mya)
    (Upper Carboniferous)
300 mya
ပထမဆုံး တွားသွားသတ္တဝါ reptiles ပေါ်လာပြီ(diapsids)  သူတို့က crocodiles, dinosaurs and pterosaurs တွေရဲ့ဘိုး ဘေးပါ
လေထုအောက်ဆီဂျင်က 30% ရောက်ပြီ
တနေ့မှာ 22.4 နာရီရှိပါတယ်လ က ကမ္ဘာ ကနေ 375,000 km ဝေးပါတယ် Upper carboniferous ကာလ မှာ ကင်းခြေများနဲ့ ရထား တွေရဲ့ အနွယ် အလွန်ကြီးတဲ့ Arthropleura  တွေနေခဲ့တယ်
ပင်လယ်တွေက ရေခဲမှုကြောင့် ကျယ်လိုက်ကျဉ်းလိုက် ဖြစ်နေတယ် Europe, Asia,
နဲ့ မြောက် America မှာ ကျောက်မီးသွေး အနယ်ကျမှုတွေဖြစ်ပြီ
Permian Period (299 to 251 mya)
  Pangea ဖြစ်လာတဲ့ကာလ
275 mya
ကုန်းမြေတခုထဲရှိတဲ့ စူပါတိုက်ကြီး Pangea ဖြစ်လာပြီ Conifers and cycads လို အပင်တွေပေါ်လာပြီ ကမ္ဘာက ခြောက်သွေ့အေးခဲ လာတယ် Edaphosaurus လို အပင်စား ကျောရိုးရှိ သက်ရှိတွေ ကုန်းပေါ်မှာရှိနေပြီ ဆူးတောင်ပါ synapsids တွေ ဥပမာ Edaphosaurus နဲ့ Dimetrodon ရှိလာပြီ
260 mya
Karoo ရေခဲခေတ်ကုန်ပြီ
251 mya
ဒီခေတ်မှာ ဆိုက်ဘေးရီးယားက မီးတောင်ပေါက်ကွဲမှုကြောင့် ရေနေ ၉၀% နဲ့ ကုန်းနေ ၇၀ % မျိုးသုဉ်းသွားတယ် လေထုမှာ မီးတောင်ကထွက်တဲ့ မီသိန်း ဟိုက်ဒရိုဂျင် ဆာလဖိုက်နဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် တွေကလေထုထဲများနေပြီ အောက်ဆီဂျင် က30% ကနေ 12% ကိုကျသွားတယ် ကုန်းပေါ်မှာ အပူချိန် 60°C ရှိတယ်
…………………………………………………………………
Mesozoic Era (251 to 65.5 mya)
Triassic Period (251 to 199.6 mya)
Pangea က ကွဲထွက်လာပြီ မျိုးသုဉ်းမှုက လွတ်မြောက်တဲ့ သက်ရှိတွေ ပြန်ပွားလာတယ်
240 mya
Sea urchins (Arkarua) ပေါ်လာပြီ
235 mya
dinosaurs နဲ့ lizards ကွဲပြီ
Giant marine ichthyosaurs နဲ့ plesiosaurs
ပင်လယ်မှာစိုးမိုးချိန်ပေါ့ ပထမဆုံး ဒိုင်နိုဆော အသေး မျိုးဖြစ်တဲ့ coelophysis တွေရှိပြီ
214 mya
ဥက္ကာ ခဲ ကျရောက်100 km crater ကို
    Manicouagan, Quebec, Canada မှာဖြစ်စေခဲ့
205 mya
ပထမဆုံးနို့တိုက်သတ္တဝါ
- 201 mya
Central Atlantic
မှာ ရေအောက် မီးတောင်ပေါက်ကွဲမှုကြောင့် 20% ရေနေ သက်ရှိမျိုးသုဉ်း
Jurassic Period (199.6 to 145.5 mya)
ကမ္ဘာကပူနွေးလာပြီ ဝန်ရိုးစွန်းမှာရေခဲမရှိဘူး-
Cycads, conifers and ginkgoes တွေက အဓိကလသစ်ပင် ဒိုင်နိုဆောတွေရဲ့ခေတ်ပေါ့
ပျံသန်းနိုင်တဲ့ reptiles (Pterosaurs) တွေပေါ်လာပြီ
180 mya
North America က Africa ကနေ စကွဲထွက်ပြီ
167 mya
ဥက္ကာခဲကျ 80 km crater ဖြစ်တယ်
    Puchezh-Katunki, Russia မှာ
166 mya
Archaeopteryx က အစောဆုံး ငှက်ပါ
148 mya
    marsupial နဲ့ eutherian mammals တွေကြား ကွဲထွက်ပြီ
145 mya
Morokweng, South Africa မှာ ဥက္ကာခဲကျ
70 km ချိုင့်ဖြစ်
Cretaceous Period (145.5 to 65.5 mya)
ဒီကာလ မှာ တိုက်ကြီးများကွဲ ရွေ့မှုဖြစ်တယ်
133 mya
Tookoonooka, Australia မှာဥက္ကာခဲကျ 55
km ကျယ်
125 mya
Africa နဲ့ India က Antarctica
ကခွဲထွက်  Archaeanthus က အစောဆုံး ပန်းပွင့်တဲ့အပင်ပါ North Americaမှာ ပွင့်တယ် တံတိုင်းမွှေးပွင့်နဲ့တူပါတယ်တဲ့
120 mya
Global warming စတင်တယ် Carbon dioxide levels ဟာ550 to 590 ppm ရှိပါတယ်
116 mya
ပထမဆုံး သွားမပါပဲနှုတ်သီးရှိတဲ့ငှက် ပေါ်လာပြီ
110 mya
မိချာင်းပေါ်လာပြီ မြွေလည်း တွားသွားကနေဖြစ်လာပြီ
105 mya
South America က  Africa ကနေကွဲထွက်ပြီ
- Formation of the Atlantic Oceanဖြစ်ပေါ်လာပြီ ဝန်ရိုးစွန်း ရေခဲ မရှိဘူး အချင်းပါ တဲ့ နို့တိုက်သတ္တဝါဖြစ်လာပြီ
100 mya
Earth's magnetic field ဟာ ခုထက် ၃ ဆ ပိုပြင်း
တယ် ပထမဆုံးပုရွက်ဆိတ် ဖြစ်ပြီ
90 mya
Global warming ဆုံးသွားပြီevent ends
- Western Interior Seaway  က North America ကို Laramidia (west) နဲ့ Appalachia (east) အဖြစ် ပိုင်းလိုက်တယ်
85 mya
Australia နဲ့ Antarctica ကွဲသွားပြီ
70 mya
ဥက္ကာခဲကျ 65 km crater ဖြစမ
    Kara, Russia မှာ
    Tyrannosaurus rex  ဖြစ်လာပြီ အသားစား Cretaceous Period က ဒိုင်နိုဆော
68 mya
Tyrannosaurus rex တွေများလာ
67.5 mya
Deccan Traps volcanic eruptions start in India မှာမီးတောင်ပေါက် ချော်ရည်နဲ့ ဓါတ်ငွေ့များ
အများကြီးထွက် ဥက္ကာခဲကျ
65.5 mya
ဥက္ကာခဲကျ170 km crater ဖြစ်တယ် Chicxulub, Yucatan, Mexico မှာရေနေ 80-90%  ဒိုင်နိုဆောအပါအဝင် ကုန်းနေ 85% မျိုးသုဉ်း သွားတယ်
…………………………………………………………………
Cenozoic Era (65.5 mya to today)
Paleogene Period (65.5 to 23.03 mya)
Paleocene Epoch (65.5 to 55.8 mya)
63 mya
India မှာ မီးတောင်ပေါက်မှုရပ်ပြီ ပန်းပွင့် ပွင့်တဲ့
အပင်တွေပေါလာပြီ နှစ် ငါးသန်းအတွင်း ငှက်မျိုးစိတ်သစ် ၇၀ % လောက် အသစ်ဖြစ်လာ
တယ် Social insects တွေ များလာတယ်
60 mya
တောင်တန်းတွေဖြစ်ပေါ်လာပြီ အစောဆုံးခွာပါတဲ့
နို့တိုက်သတ္တဝါတွေရှိပြီ
55.8 mya
Major global warming ကာလ ပါ
      North Pole မှာ အပူချိန် 23°C (73.4°F) ထိရှိတယ် CO2 concentration က 2000 ppm
Eocene Epoch (55.8 to 33.9 mya)
50 mya
India က Asia နဲ့ ပေါင်းပြီး တိုက်မိရာက
Himalayas ဟိမဝန္တာ တောင်တန်းကိုဖြစ်စေ
တယ်
45 mya
Earth day က တနေ့မှာ 24 နာရီရှိတယ်
  လ က ကမ္ဘာက နေ378,000 km ကွာတယ်
  Modern mammals  ခုခေတ် နို့တိုက်သတ္တဝါ ဖြစ်လာပြီ လူက နို့တိုက်သတ္တဝါပါ
35.6 mya
ဥက္ကာခဲကျလို့ Chesapeake Bay, Virginia, USA နဲ့ Popigai, Russia မှာ 90 နဲ့100 km ရှိ ချိုင့်
တွေဖြစ်  Eocene ကာလ မှာ အပူချိန်က 10°C
ထိကျတယ်
34 mya
Global cooling ကြောင့် Antarctic ice sheet ရေခဲလွှာတွေဖြစ်ပေါ်လာ ပါတယ်
Oligocene Epoch (33.9 to 23.03 mya)
30 mya
Australia နဲ့ South America က Antarctica
ကနေကွဲထွက်တယ် မြက်တွေပေါ်လာပြီ ပထမဆုံး အစွယ်နဲ့ဆင် ပေါ်လာပြီ
27.8 mya
La Garita, Colorado မှာမီးတောင်ပေါက်
Neogene Period (23.03 mya to today)
Miocene Epoch (23.03 to 5.3 mya)
   - African-Arabian ပြတ်ရွေ့ပြား က Asia နဲ့ပေါင်းပါတယ်
21 to 14 mya
Miocene ပူနွေးသောကာလ
14 mya
Circum-polar ocean circulation က  Antarctic ice cap ကိုဖြစ်စေတယ်
14 to 6 mya
ကမ္ဘာ့ အပူချိန် 4°C သို့ကျသွားပြီ raccoons တွေပေါ်လာပြီ တိုက်ကြီးများ အလယ်ကခြောက်သွေ့ လာပါတယ် မြတ်ခင်းလွင်ပြင်တွေဖြစ်လာပြီ
6 mya
မတ်တပ်ရပ် လမ်းလျှောက်တဲ့ hominins တွေပေါ်လာပြီ
Pliocene Epoch (5.3 to 2.58 mya)
4.4 mya
ပထမဆုံး hominin ဖြစ်တဲ့ Ardipithecus ပေါ်လာပြီ
4 mya
North နဲ့ South America က Isthmus of Panama  မှာပေါင်းတယ်Australopithecus afarensis ဟာ လမ်းလျှောက်တဲ့  bipedal hominid ပါ
ပြီ
3 mya
Arctic ရေခဲပြင်ပေါ်လာပြီ ဝန်ရိုးစွန်းမှာရေ ခဲတွေစုမိလာတယ် Climate က အေးပြီးခြောက်သွေ့လာတယ်  Spread of grasslands နဲ့ savannas တွေ ကျယ်ပြန့်လာတယ်
ခြေတံရှည် မြတ်စားကောင်တွေပေါ်လာတယ်
Quaternary Period (2.58 mya to today)
Pleistocene Epoch (2.58 mya to 11,400 yrs ago)
    Homo Habilis ဟာ homo genus ရဲ့ ပထမဆုံး ပါ သူတို့ပေါ်လာပြီ
2.1 mya
Yellowstoneမီးတောင်ပေါက်ကွဲမှု
2 mya
လက်နက်လုပ်တဲ့ humanoids တွေဖြစ်လာပြီ
ကျောက်ခေတ်အစ ပါ
1.7 mya
Homo erectusတွေ အာဖရိက ကနေ ထွက်ပြီ
1.3 mya to 820,000 yrs ago
Sherwin ရေခဲခြင်းကာလ
ငှက်နဲ့ ကုန်းနေ နို့တိုက်သတ္တဝါတွေပေါများလာပြီ
790,000 yrs ago
  hominids တွေ မီး သုံးတတ်ပြီ
700,000 yrs ago
Human နဲ့ Neanderthal  မျိုးဗီဇ စကွဲပြီ
680,000 to 620,000 yrs ago
Günz/Nebraskan glacial period
640,000 yrs ago
Yellowstone supervolcanic eruption
530,000 yrs ago
Development of speech in Homo Heidelbergensis မှာ စကားစပြောတတ်ပြီ
455,000 to 300,000 yrs ago
Mindel/Kansan glacial period
400,000 yrs ago
Hominidsတွေ သစ်သားလှံ ကျောက်သွား တွေ
နဲ့ အမဲလိုက်တတ်ပြီ
370,000 yrs ago
လူ့ဘိုးဘေးနဲ့ Neanderthals ကလုံးဝကွဲပြားပြီ
မီးကိုခေတ်လူမပေါ်မီ နှစ်တသိန်းကျော်ထဲက စသုံးနေ ပြီ
300,000 yrs ago
Hominids တွေမီးကို ပုံမှန်အသုံးပြုတယ်
230,000 yrs ago: Neanderthal တွေ ဥရောပ မှာပြန့်နေပြီ
200,000 to 130,000 yrs ago
Riss/Illinoian glacial period
160,000 yrs ago
Homo sapiens ပေါ်လာပါပြီ ဟိုမို ဆေပီယံ ဟာ
ခန္ဓာဗေဒအရ ခုခေတ်လူပါပဲ ကျန်တာက ဥပမာ
နိယန်ဒါသဲလို ဟာမျိုးက လူ့ရဲ့ မျိုးကွဲတွေပါ ပြီး
တော့ သူတို့က မျိုးသုဉ်းခဲ့ပါပြီ ဟိုမို ဆေပီယန်တွေ
သာဆက်ရှင်တာပါ
ဒီအချိန်မှာပဲ mitochondrial eve ခေါ်တဲ့ မိုက်တို
ခွန်ဒရိယ ဧဝ ဟာ အာဖရိက အရှေ့ဘက်မှာပေါ်ခဲ့
တယ်လို့ယူဆပါတယ် လူ့ဆဲလ်မှာပါတဲ့ မိုက်တိုခွန်ဒရိယ ဟာ စွမ်းအင်ထုတ်ပေးတဲ့ ဗီဇပါ
သူ့ကို အမေဆီကတိုက်ရိုက်ရပါတယ် ဒါကြောင့်
ခုခေါတ်လူအား လုံးဟာ အမျိုးစပ်မယ်ဆိုရင် ဒီ
မိုက်တိုခွန်ဒရိယ တူတဲ့ ဧဝ လို့ မှန်းဆနာမည်ပေး
ထားတဲ့ အမ ဆီက ဆင်းသက်လာတာပါ
125,000 yrs ago
  Riss/Würm interglacial period
   110,000 yrs ago
Würm/Wisconsin glacial period
  105,000 yrs ago
ကျောက်ခေတ်လူက ပြောင်းမျိုးနှံစားပင်တွေကို မြင်းစာနွားစာ ရှာဖွေတတ်လာပြီ
  80,000 yrs ago
Non-African humans  တွေ ဟာ Neanderthals နဲ့မျိုးစပ်ကြတယ်
74,000 yrs ago
Toba volcanic eruption
71,000 yrs ago
လေးနဲ့မြှားကို တီထွင်ပြီ
70,000 yrs ago
Canada နဲ့ northern  US
ကို ရေခဲဖုန်းတယ်
55,000 yrs ago
Humans တွေ Australia ကိုရောက်ရှိ
46,000 yrs ago
Australiaဟာခြောက်သွေ့လာပါတယ်တော
မီးကြောင့် megafauna တွေသေဆုံးကုန်ပါတယ် megafauna ဆိုတာကလူထက်ကြီးတဲ့ တောရိုင်းကောင်တွေကိုပြောတာပါ
ဥပမာ ဆင်လိုဟာမျိုးပါ Cro-Magnon ဟာ European Upper Paleolithic ကာလ မှာ
ပေါ်တဲ့ Homo sapiens ပါ
40,000 yrs ago
Cro-Magnon man တွေ Europe မှာပေါ်လာပါ
ပြီ
28,000 yrs ago
Neanderthals တွေ ပျောက်ကွယ်သွားပြီ fossil record တွေ မတွေ့ရတော့ပါ
26,500 yrs ago
  New Zealand မှာ မီးတောင်ပေါက်ကွဲ
22,000 yrs ago
Tioga ရေခဲခြင်းကြောင့် ပင်လယ်ရေမျက်နှာပြင်ဟာ  ယနေ့ထက်130 meters ပိုနိမ့်ပါတယ်
20,000 yrs ago
ကြွေအိုးကြွေထည်တွေပြုလုပ်
19,000 yrs ago
Antarcticရေခဲများအရည်ပျော်
15,000 yrs ago
Alaska နဲ့ Siberia ကြားက ကုန်းမြှောင်ကြောင့် လူတွေ America ကို ရောက်ရှိ
12,900 yrs ago
Comet impact by Great Lakes မှာ ကြယ်တခွန်
တိုက်မိ ၍ American မှာ megafauna ဥပမာ  mammoth( အမွှေးရှည်ဆင်) တွေ sabretooth cat ( အစွယ်ရှည်ကျား)တွေ မျိုးသုဉ်း Clovis culture အဆုံးသတ်
11,400 yrs ago
Würm/Wisconsin glacial period ရေခဲကာလ အဆုံးသတ်ပင်လယ်ရေမျက်နှာပြင်  91 meters (300 ft)ထိမြင့်တက်
Holocene Epoch (11,400 years ago to today)
စိုက်ပျိုးရေးပေါ်ထွန်း မွေးမြူရေးပေါ်ထွန်း
9,000 yrs ago
သတ္ထု အရေကြို တတ်လာ
5,500 yrs ago
ဘီး စထွင်
5,300 yrs ago
ကြေးခေတ်
5,000 yrs ago
စာ   အရေးအသားပေါ်လာ ဂီဇာ ပိရမစ်ကို ဘီစီ
2560 မှာတည်ဆောက်
3,300 yrs ago
သံခေတ်
2,240 yrs ago
အာခီးမီးဒီးစ် က စက်လုံးရဲ့ ဖော်မြူလာကို ဖော်ထုတ်
2015 yrs ago
Common Era (CE) ၏ အစ
1760 CE
စက်မှုတော်လှန်းရေး
1945 CE
အဏုမြူခေတ် ပထမဆုံးနျူကလီယား ဗုံး
1957 CE
အာကသခေတ် စပွတ်နစ်ဂြိုဟ်တုလွှတ်
1969 CE
လပေါ်မှာလူလမ်းလျှောက်
ကမ္ဘာကြီးရဲ့ နေ့သစ်များ
================
ခုရေးမှာက နောက်ဖြစ်လာမဲ့ အရာပါ climatology
cosmology astrophysics စတဲ့ ပညာရပ်တွေသုံးတာပေါ့
+200 years
လူလုပ်ကာဗွန်ဒိုင်အောက်ဆိုဒ်ကြောင့် ကမ္ဘာကြီးပူ
နွေးလာ
+1500 my ( my = million years)
နေ ဟာ  6000 million years လောက်သက်တမ်းရှိပြီဖြစ်ပြီး ယနေ့ထက် 15% ပို တောက်ပမည်
+2000 my
ကျွန်တော်တို့ နေအဖွဲ့အစည်းရှိရာ မစ်ကီးဝေး ဂလက်
ဆီဟာ  အန်ဒရိုမီးဒါး ဂလက်ဆီနဲ့စတင်တိုက်မိပါမယ်
+3000 my
တိုက်မိမှုကြောင့်ဂလက်ဆီ အသစ်ပေါ်လာပြီး ဒါကို
မစ်ကိုမီးဒါးလို အမည်ပေးပါတယ် နေအဖွဲ့အစည်းဟာ
မစ်ကိုမီးဒါးထဲမှာပါဝင်ပါတော့မယ်
+4000 my
နေဟာခုထက် နှစ်ဆ ပိုတောက်ပပြီးသူ့အချင်းဝက် က 40% ပိုကြီးပါမယ် နေဟာ
သူ့ရဲ့လောင်စာ ဟိုက်ဒရိုဂျင် ကုန် တော့ပါမည်
+5000 my
နေဟာ ကြယ်နီဘီလူး  red giant star ဖြစ်သွား
ပြီး ခုလက်ရှိထက် ၃ ဆဖြစ်ခါ ကမ္ဘာကို ဝါးမြိုပါမယ် ဒီအချိန်ကမ္ဘာဟာ မီးရှို့ခံရတဲ့ ပန်းသီးလိုလောက်ကျွမ်းပြီး ပျောက်သွားမှာပါ
+10000 my
ကြယ်နီဘီလူးက ပြန်ကြုံ့ပြီး ကြယ်ဖြူပု white
dwarf ဖြစ်မှာပါ
+20000 my
ကြယ်ဖြူပုကနေ တွင်းနက် black hole ဖြစ်သွားပါမယ်
3 comments:
  1. အွန်း ခုတောင် Black hole
    ရှိနေတာပဲ မဟုတ်ဘူးလား :3
    ReplyDelete
  2. အွန်း ခုတောင် Black hole
    ရှိနေတာပဲ မဟုတ်ဘူးလား :3
    ReplyDelete
  3. ​သေချာဖတ်​ကြည့်​ပြီး ​ဗဟုသုတ​အဖြစ်​ မှတ်​သားထားပါတယ်​ ကျမ်းကိုးစာရင်းနဲ့ ခိုင်​လုံတဲ့ အ​ထောက်​အထား​တွေပါ
    ReplyDelete