Monday, September 14, 2015

အင်စပတ်တာမြဝေနှင့် အဲနစ်ဂ်မာ မရှင်း

အင်စပတ်တာမြဝေ နှင့် အဲနစ်ဂ်မာ မရှင်း

အချိန်က ည ၈ နာရီခန့်ဖြစ်သည် ရာသီဥတုမှာ အတော်အိုက်စပ်သောကာလဖြစ်၍ အပြင်တွင်လူ
အများ လမ်းမီးရောင်အောက် ဈေးတန်းများဖြင့်
စည်ကားနေချိန်ဖြစ်သည် ကြားရက်ဖြစ်၍ ပရီးမီး
ယား လိဂ် ဘောလုံးပွဲများလည်းမရှိ ရာ ကျွန်ုပ် နှင့်
ကို မြဝေ တို့ မှာပျင်းရိလျက်ရှိလေသည် ကိုမြဝေ မှာ လက်ဖက်ရည် ကျကျ ကြိုက်တတ်သူဖြစ်ရာ လက်
ဖက်ရည်တငုံ ငုံ လိုက် mild seven တလိပ်ဖွာ
လိုက်ဖြင့်ဇိမ်ကျနေရာမှ

" အိုင်ဆေး ကိုပိုင်သွန် ဆိုက်ဖာတွေ အကြောင်း
ဟိုနေ့က စကားပြတ်သွားလို့ ခုလိုအချိန်မှာ ဆက်
လင်း ပါဦးဗျ"

ကျွန်ုပ်လည်း လက်ထဲမှ ဂျာနယ် ကို စာပွဲပေါ်တင်
လိုက်ရင်း

" ဒီလို ဗျ ကိုမြဝေရဲ့ ဆီဇာ ရဲ့ ဆိုက်ဖာ က stream
cipher  ထဲမှာပါတယ်ပေါ့ဗျာ ဒီထဲက နောက်တမျိုး
က substitution cipher လို့ ခေါ်တယ် သူက
ဥပမာ

message က ABCDEFGHIJKLMNOPQRST ဆို
key က           DHLOMENTIUJSPWYRAFZB

စသဖြင့် အပေါ်တလုံးကို အောက်တလုံးနဲ့ အစားထိုး
တာပေါ့ဗျာ ဆီဇာ ဆိုက်ဖာ က key ၂ ၆ လုံး ပဲရှိပေ
မဲ့ substituition ( အစားထိုး) ဆိုက်ဖာ ကတော့
permutation ဖြစ်တဲ့ အတွက် 26! =4.03.10^ 26
=10^ 88 ရှိ တယ်ဗျ

" အိုင်ဆေး ကိုပိုင်သွန် permutation ဆိုတာက အောက်က ဗျည်းတန်းကို  မွှေပြီး နေရာ ဖလှယ်တာကိုပြောတာမဟုတ်လား"

" ဟုတ်တယ် ကိုမြဝေ ဖဲရိုက်တဲ့ အခါ ဖဲကို ကုလာဖန်ထိုးတယ်ဆိုတာ permute လုပ်တာပါ
ပဲဗျာ ဒီလိုလုပ်တဲ့အခါမှာ အရာဝတ္ထု n ရှိ ရင်
ပြောင်းလဲ စီစဉ်နိုင်တဲ့ အရေအတွက် (permutation) က n! ( n factorial ) ရှိတယ်ဗျ
n ဖတ်တိုရီရယ် ဆိုတာက n နဲ့ n နောက်ကသူ့
ထပ်သေးတဲ့ ကိန်းတွေမြှောက်တာပေါ့ ဥပမာ
  6!= 6×5×4×3×2×1= 720 ပေါ့
  3!=3×2×1=6 ပေါ့

ဒီတော့ နီ ဝါ ပြာ ပစ္စည်း သုံးမျိုးကို စီစဉ်ရင် အစီအစဉ် ပေါင်း 3!= 6 မျိုးရတာပေါ့ ဒီလိုလေ

နီဝါပြာ  ပြာနီဝါ  ဝါပြာနီ   ဝါနီပြာ  ပြာဝါနီ   နီပြာဝါ

ပိုကာ ဖဲရိုက်လို့ ကုလားဖန်ထိုးရင် ဖြစ်နိုင်တဲ့ အစီအစဉ်ပေါင်း 108! တောင်ရှိတယ် ဗျ"

" ဝိုး ဒါကြောင့် လဲ ကုလားဖန်နှံ့ အောင်ထိုး ဖို့ လို
တာကိုးဗျ အိုင်ဆေး ကိုပိုင် သွန်  နို့ ခင်ဗျား ဒါတွေ
ကျ သိပြီး ဖဲရိုက် ရင်ဘာလို့ ရှုံး တာတုန်း ဗျ"

" ကုလားဖန်မနှံ့ လို့နေမှာ ပေါ့ ကိုမြဝေ ဖဲသမား များ
ဆိုတာ နှဲသမား ပါး လို ပိန်လိုက်ဖေါင်းလိုက် မဟုတ်
လား ဗျ ဟားဟား"

" ခုန စကားထပ် ဆက်ရရင် substitution cipher
က ခုခေတ်ကွန်ပြူတာတွေနဲ့တောင် key ဖော် ဖို့
ဆိုရင် ဖြစ်နိုင်ခြေ များတဲ့အတွက် အတော် အချိန်ယူရ တဲ့ ကိစ္စ ပါ ဒါပေမဲ့ ဘာသာစကား တွေ က random မဟုတ်ဘူးဗျ "

" random ဆိုတာ ကကျုပ်နားလည်တာတော့ ကျပမ်းပဲ ကိုပိုင်သွန် အံစာခေါက်တာလို ၂လုံး ထိုး
တာလို ကိစ္စမျိုးတွေ မှာ ကျပမ်း ဖြစ်တာဆိုတော့ကာ
လူတွေစကားပြောတဲ့ အခါ ရည်ရွယ်ချက်ရှိတယ် မ
ဟုတ်လား"

" မှန်ပါတယ် ကိုမြဝေ သို့သော် ခုဟာက လူတွေရဲ့
ခံစားချက်တွေ ရည်ရွယ် ချက်တွေထက် ဒါတွေကို
ပုံဖော်ဖို့ တည်ဆောက်ထားတဲ့ စကားလုံးတွေ
(words) ကို တည်ဆောက်ပေးတဲ့ alphabet ဗျည်း
တွေ အကြောင်းပြောနေတာလေ ဒီတော့ ဒါတွေ က
သာမန်ဆို random ဖြစ်သင့်တာပေါ့ ဒါပေမဲ့ ဗျည်း
ဟာ သရ နဲ့တွဲမှ အသံထွက်မှာဖြစ်လေတော့
ဆိုပါတော့ b*t ဆို ရင် b နောက် က * ဟာ သရ
a e i o u တလုံးလုံး ဖြစ်ဖို့ chance က များပြီလေ"

" အိုးအိုင်ဆီး အိုင်ဆီး ကိုပိုင်သွန် သတ်စ် ဝမ်းဒါးဖူး"

" ဒါကို conditional probability လို့ခေါ် တယ်
ကိုမြဝေ ဒီတော့ အင်္ဂလိပ်စာမှာ ပဲဖြစ်ဖြစ် ဘယ် language မှာဖြစ်ဖြစ် ဗျည်းသရတွေမှာ ဖြစ်နိုင်ခြေ
frequency တခုနဲ့တခုမတူဘူးပေါ့ဗျာ ဥပမာ E ရဲ့
frequency ဝါ probability က အများဆုံး ပဲ
ဆိုလိုတာက E ဟာ ခဏခဏ ပါတယ် ဒီလို
လေ့လာတာ ကို frequency analysis လို့ခေါ်တာ
ပေါ့"

"အိုင်ဆီး ကိုပိုင်သွန် ဂလို ဆို ဒီအချက်ကို သုံးပြီး
ဝှက်စာ မှာ frequency မြင့်တာတွေကို ရှာရာ ကနေ
တိုက်ကြည့်ပြီး မှန်းလို့ရတာပေါ့ ထပ်သရီး!! ကြွေပြီ လေ ဒီနည်းကို"

ဟုတ်ပ ကိုမြင့်ဝေ ဒါကြောင့်လည်း ဒီနည်းက စိတ်မချရပြန်ဘူးဗျ ဒါကြောင့် သူတို့က block
method ကို  ထွင်ခဲ့တယ်

အင်းဆိုပါဦး ကိုပိုင်သွန်

"block method ဆိုတာက ဆိုပါတော့

I will come to you ဆိုတာကို ၅လုံးစီ စုရင်

Iwill comet oyou ဖြစ်သွားရော block တွေပေါ့
ဒီblock တွေထဲမှာ permute လုပ်ရင်

wlili omcte yuoo စသဖြင့် ပြုတာပေါ့ဗျာ"

"1920 နောက်ပိုင်းကျတော့ ဆိုက်ဖာကို လူနဲ့ဝှက်တာထက် ဝှက်တဲ့စက် ထွင်လာကြပြီ သူကပိုမြန်တယ်ပို ခက်တယ် ပိုတွင်ကျယ်တယ် ပေါ့ဗျာ ဒုတိယ ကမ္ဘာ စစ် မှာ ဂျာမန်တွေ သုံးတဲ့
Enigma အဲနစ်ဂ်မာ machine ဟာ နာမည်ကျော်
ပေါ့ ဗျာ ဒီစက် က  shifting တလှည့် substitution
တလည့် နဲ့ လုပ်ပြီး sub လုပ်မဲ့ ဟာတွေကို rotor
အဝိုင်းပြား ၅ ခု မှာ random ၃ ခု ပေါ် ကsub ၃ မျိုး
နဲ့ ဝှက်တာဗျ"

"အာားး ဒါဆို အိုင်ဆေး ကိုပိုင်သွန် ဒါဟာ ခက်လွန်း
ထင်ရပ ဗျ"

" ဟုတ်ပေတာပေါ့ ကိုမြဝေ ဒါကြောင့်လဲ ပိုလန် နဲ့
အင်္ဂလိပ် ထောက်လှမ်းရေးက ဒီစက်ကို ဖော်နိုင်ဖို့
ဒီစက်ရဲ့ ဖွဲ့ စည်းပုံကို အသည်းအသန်လိုချင်ခဲ့တာပေါ့
ဗျာ"

" နောက်တော့ အောင်မြင်ရောလား "

" အင်းပေါ့ဗျာ အင်္ဂလိပ်လူမျိုး ကွန်ပြူတာဖခင် လို့
ဆိုနိုင်တဲ့ အလန် တူရင် က အဲနစ်ဂ်မာ ကို ဖော်နိုင်
တဲ့ ဘွန်ဘီ ဆိုတဲ့စက်ကို ထွင်နိုင်ခဲ့တယ် ဒုတိယ
ကမ္ဘာ စစ်မှာ မဟာမိတ်တွေ စစ်နိုင်ရခြင်းအဓိက
အကြောင်းတွေကတချက်ပေါ့ဗျာ"

အိမ်း ပညာ ဟာ တယ်စကားပြောပေတာပဲကိုပိုင်သွန်

"ဟုတ်ပ ကိုမြဝေ အဓိကကတော့ သိပ္ပံ သင်္ချာ နဲ့
ရူပဗေဒ ပါ့ဗျာ လူတွေ သိဖို့ လိုတယ် ကိုမြဝေ
ဒါမှ နိုင်ငံ တိုးတက်မှာလေ"

အင်း ဒါနဲ့ စောစောက တူရင် အကြောင်းလေး ပြောပါ
ဦး

အင်းသူက တူရင် စက်ဆိုတဲ့  ကွန်ပြူတာရဲ့  prototype ဖြစ်တဲ့ hypothetical machine
တခုကို သင်္ချာနည်း အရ ပြုစုပြီး စာတမ်းရေးခဲ့
တယ်ဗျ ဒါက ကွန်ပြူတာလောင်း ပေါ့ ဗျာ

"သြော် ဂလိုကို ဒါနဲ့ ချားလ် ဘာဘေ့ ခ်ျ တို့ကျတော့
ကောဗျ "

"သူတို့ထွင်တာတွေ က caculator ရဲ့ prototype
တွေပေါ့ဗျာ "

"ဒါလောက်ကောင်းတဲ့ Enigma လိုစက်မှာ ချို့ ယွင်းချက်ရှိပ မလားဗျ"

ရှိတာပေါ့ ကိုမြဝေ ဒီစက် ဘယ်လောက်ကောင်း
ကောင်း ဒါကို ဝှက်ဖို့ ဖော်ဖို့ ဆိုတာ ဝှက်သူ နဲ့ ဖော်သူ
ကြားမှာ တူတဲ့ key ရှိ မှ ရတာလေ ဒီတော့ ဒီသော့
ကို ဒီနေရာမှာ သော့ ဆိုတာ number တခုကို ပြော
တာနော် သံနဲ့လုပ်ထားတဲ့ သော့ မဟုတ်ဘူး အဲ့သော့
ကို ဝှက်သူက ဖော်သူထံပို့ ပေးဖို့လို တယ် ဒါကလည်း
ကြားက ဖြတ်လု နိုင်လို့ အရေးကြီးတယ်လေ ဂျာမန်တွေ ဆို ဝှက်စာ ပါတဲ့ U 571 ပါသွားလို့ ဒုက္ခ
ရောက်ကုန်တာလေ ဗျာ U 571 ဆို တဲ့ ဗွန်ဂျိုဘီ
ပါတဲ့ရေငုပ်သင်္ဘောကား ကြည့်ဖူးတယ် မလား ဗျ

အားး ကြည့်ဖူး တာပေါ့  ဒီလို ဆက်စပ်နေမှန်းတော့
မထင်ခဲ့မိဘူး

အင်း ဒီတော့ ဆက်ပြောရင် ဒီစက်တွေရဲ့ အားနဲချက်
က သော့ ဖြစ်ပြီး သော့ အန္တရာယ်ကင်းကင်းနဲ့ ပို့နိုင်
ဖို့ ကြံစည်တဲ့ပြသနာ ကို key distribution
problem လို့ ခေါ်တာပေါ့ ဗျာ ဒါ က number
theory ,modular  arithmetic နဲ့ prime
number  တွေ နဲ့ ဆက်စပ်နေတယ် ဗျ

ဝိုးးး ကျယ်ပါပေ့ ကို သစ္စာ အဲ့လေ ယောင်လို့ ကို
ပိုင်သွန် အားရထှာ ဗျာ

အင်းနေဦး ကိုမြဝေ ဒီနေ့ အဖို့တော့ ဒါလောက်နဲ့
တော် ဦး ခု မှ ကိစ္စ တခု သတိ ရလို့ ဗျာ ရပ်ကွက်
ရုံးသွားလိုက်ဦးမယ်

ဘာကိစ္စ တုန်း အိုင်ဆေး ကိုပိုင်သွန်

ဟုတ်ပါဘူးဗျာ မဲစာရင်း ထဲကျုပ်မပါဘူးပြောလို့
သွားစစ်လိုက်ဦးမယ် ခင်ဗျားလည်းစစ်ဦးဗျ
မဲစာရင်း ကို ရွေးကော်က အာမ မခံနိုင်ဘူးဆိုလား
ဘာလားဗျာ တိုးတတ်ဦးမဲ့တိုင်းပြည်ပါ

ဒီလူတွေ ဆက် အုပ်ချုပ်လို့ကတော့ ဖင်ပါပေါင်ရမယ် ဂယ်ပါပဲ ကိုမြဝေ…………………………………

1 comment:

  1. Gambling in Nevada - Casinos, Games and More - JTM Hub
    You can play slots, table games, live dealer, and poker. Learn more about gambling 용인 출장안마 and 남양주 출장마사지 enjoy 화성 출장안마 it in our 시흥 출장마사지 interactive casino reviews! 충청북도 출장마사지

    ReplyDelete