Tuesday, September 1, 2015

fossil

Fossil

evolution ဖြစ်စဉ် ကို လေ့လာတဲ့ အခါ မှာ အဓိက
အထောက်အထားတွေက ကျောက်ဖြစ်ရုပ်ကြွင်းများ
ဖြစ်ပါတယ် လွန်ခဲ့သော နှစ်ပေါင်း ၁ သောင်း နဲ့အထက် ကာလတွေမှာ ရှင်သန်ခဲ့တဲ့ သက်ရှိတွေ
ရဲ့ ရုပ်ကြွင်းများကိုလေ့လာတဲ့ပညာရပ်ကို
paleontology လို့ခေါ်ပါတယ် fossil တွေဟာ
ကမ္ဘာမြေကြီး ကျောက်လွှာတွေမှာ ရှိနေပါတယ်
ကျောက်လွှာ များဟာ ခေတ် တခေတ်နဲ့ တခေတ်မ
တူ ပါ အလျားလိုက်အများအားဖြင့်တည်ရှိပြီး
ဒါကို strata လို့ ခေါ်ပါတယ် ကျောက်လွှာများဟာ
အပေါ်လွှာထက် အောက်လွှာ ကသက်တမ်း ပိုရင့်ပါ
တယ် ဒီတော့ fossil များဟာ လည်း အောက်လွှာ
ရောက်လေ သက်တမ်း ပိုကြာခဲ့လေပါ ဒီလို ဘယ်
အလွှာ မှာရှိရင် fossil က ဘယ်ကာလမှာရှိမယ်
စသဖြင့်မှန်းတဲ့ ပညာကို stratigraphy လို့ ခေါ်ပါ
တယ်

နောက်တခုကတော့ biostratigraphy ပါ ဒါကတော့ တွေ့ရှိတဲ့ ကျောက်လွှာတိုင်း ဟာ
တဆက်တည်းမဟုတ်ပါ ဆိုပါစို့ ကျောက်လွှာ
တခုက အမေရိက မှာရှိမယ်ဆို နောက်တလွှာ
က အာရှ မှာရှိတယ်ပေါ့ ဒီ၂ လွှာ သက်တမ်း
တူမတူ ဘယ်လို သိနိုင်မလဲ ဒီကိစ္စ မှာ တော့
ကျောက်လွှာ ထဲမှာ ရှိတဲ့ သက်တမ်းသိပြီးသား
fossil တွေကိုရှာရပါတယ် ဥပမာ trilobite ပေါ့
အထက်က ကျောက်လွှာ ၂ ခု လုံးမှာ trilobite
ရုပ်ကြွင်း ကိုတွေ့ရင် ဒီနှစ်လွှာက ကာလတူတယ်
ပေါ့ ဒီနှစ်လွှာမှာရှိနေတဲ့ တခြားfossil ကိုတွေ့ခဲ့
ရင်သူတို့သက်တမ်း ကtrilobite တွေရှိခဲ့တဲ့ကာလ
ပေါ့ ဒီနည်းကို biostratigraphy ခေါ်ပါတယ်

fossil တွေရပြီဆိုရင် သူတို့ဟာ တိုက်ရိုက်
အထောက်အထားပါ သူတို့ ရဲ့ပုံပန်းသွင်ပြင်
ကနေ သတင်းအချက်အလက် အများကြီးရပါတယ်
comparative anatomy , anatomy စသဖြင့်
ပညာရပ်တွေသုံးပြီး လေ့လာပါတယ်

fossil တွေကို light microscopy
electron microscope
x ray နည်းပညာ
CT နည်းပညာ စတာတွေနဲ့စစ် ဆေးနိုင်ပါတယ်

သွားတွေမှာကပ်ကျန်တဲ့ အရာကိုကြည့်ပြီး ဘာစား
တယ်မှန်းနိုင်ပါတယ်

pollen ဝတ်မှုန်ရုပ်ကြွင်း ကို ကြည့်ပြီး climate
ကို မှန်းနိုင်ပါတယ်

နောက် နည်းတခုကတော့ molecular phylogenetic ပါ fossil ရဲ့ DNA  sequence
ကို တိုက်စစ်ပြီး ဘာ ကောင် ဆိုတာ မှန်းလို့ရပါတယ်

နောက်တခုကတော့ DNA တွေ ဟာ mutation
ဖြစ်ပါတယ် မျိုးဗီဇပြောင်းလဲနှုန်း ကိုကြည့်ပြီး
အချိန်ကာလ တွက်လို့ရပါတယ် ဒါကို molecular
clock နည်းလို့ခေါ်ပါတယ်

နောက်ထပ် အချိန်ကာလ မှန်းတာကတော့
radiometry dating ခေါ်တဲ့ ရေဒီယိုသတ္တိကြွမှုသုံး
ပြီး အချိန်မှန်းတဲ့နည်းပါ ကမ္ဘာ့ သက်တမ်း တွက်တဲ့
အခါ ဒီနည်းကိုသုံးပြီးမှန်းတာပါ ကမ္ဘာပေါ်မှာ ကမ္ဘာ
ဦးထဲကရှိတဲ့ကျောက်တွေဟာ တိုက်ကြီးများရဲ့
အလယ်မှာအဓိက ရှိပါတယ် ဒီကျောက်တွေရဲ့သက်
တမ်းကိုမှန်းနိုင်ရင် ဒါဟာ ကမ္ဘာ့ သက်တမ်းနဲ့ အနီး
စပ်ဆုံးတူတာပေါ့ လက်ရှိ သက်တမ်းအရင့်ဆုံး
ကျောက်က 4.5 billion years ပါ

ဒီနည်းမှာ radiocarbon နည်း potassium argon
နည်းနဲ့ uranium lead dating နည်း ၃ မျိုးကို
အဓိက သုံးပါတယ် atom တွေဟာ အမျိုးအစား
တူရင် proton အရေအတွက်တူပါတယ်
neutron အရေအတွက်တော့ကွဲပါတယ် ဒါကို
isotope ခေါ်ပါတယ် isotope တွေက သူတို့မှာ
ရှိတဲ့ neutron အရေအတွက်ကို radiation
အဖြစ် ထုတ်လွှတ်လျော့ချပါတယ် ဒီအခါ မှာ
တဝက် လျော့ချဖို့ ကြာချိန်ကို half life ခေါ်ပြီး
year နဲ့ တွက်ပါတယ် potassium ဆိုရင်လျော့
ရင်းနဲ့ argon ဖြစ်သွားပါတယ် potassium ထဲမှာ
argon ဘယ်လောက်ပါလဲ ကြည့်ပြီး ဒါရဲ့သက်တမ်း
half life ဘယ်လောက်ရှိလဲတွက်နိုင်ပါတယ်

ခုပြောတဲ့နည်းလမ်းတွေနဲ့ကျောက်ဖြစ်ရုပ်ကြွင်း
တွေဟာ evolution ရဲ့ခိုင်မာတဲ့အထောက်အထား
တွေပါ human evolution မှာဆိုရင်လည်း
homo sapiens Neanderthal homo erectus
စသည်စသည်ဖြင့်ဟာ တူးဖော်တွေ့ရှိထားတဲ့
ရုပ်ကြွင်းတွေအားဖြင့်ပြောတာပါ  ဒီတော့ ဒါဟာ
ခိုင်မာပါတယ် ဒါလောက်ခိုင်လုံတာကိုမှ မယုံကြည်
ရင် ကျွန်တော်တို့ ဘာကိုယုံကြည်ကြမှာလဲ?

No comments:

Post a Comment