Friday, September 11, 2015

Gout

Gout

ဂေါက် ရောဂါဟာ အရိုးအဆစ် ရောင်ရမ်း နာကျင်
စေတဲ့ရောဂါပါ လူတွေမှာ အဖြစ်များတဲ့ရောဂါဖြစ်ပြီး
သက်လက်ပိုင်းနဲ့သက်ကြီး ပိုင်းမှာပိုအဖြစ်များပါတယ်
အမျိုးသားတွေက အမျိုးသမီးထက်ပိုဖြစ်ပါတယ်

ဒီရောဂါက uric acid ယူရစ် အက်ဆစ်များ လို့ဖြစ်
တဲ့ရောဂါပါ ကျွန်တော်တို့ ခန္ဓာ ကိုယ်မှာ DNA ခေါ်
တဲ့ မျိုးဗီဇ မော်လီကျူး ရှိပါတယ် ဒါရဲ့ အစိတ်အပိုင်း
တခုက ပြူရင်း purine လို့ခေါ်တဲ့ compound ပါ
ဒါကိုဖြိုခွဲတာရဲ့ နောက်ဆုံး ပစ္စ ည်း ကတော့ လူနဲ့
primate တွေမှာ ယူရစ် အက်ဆစ်ဖြစ်ပါတယ်

တခြားကမ္ဘာပေါ်က သတ္တဝါတွေအကုန်လုံး နီးပါးမှာ
ဘက်တီးရီးယား ကနေ နို့တိုက်သတ္တဝါအထိ အားလုံး
မှာ urate oxidase ယူရိတ် အောက်ဆီးဒေ့စ် ဆိုတဲ့
အင်ဇိုင်းရှိပါတယ် သူ့ကို ယူရီကေ့စ်uricase လို့လဲ
ခေါ်ပါတယ် သူက ယူရစ်အက်ဆစ်ကို ခြေဖြတ်ပြီး
allantoin ဆိုတဲ့ compound အဖြစ်ပြောင်းပေးတဲ့
ဓါတ်ကူပစ္စည်းပါ ဒါပေမဲ့ evolution ဆင့်ကဲပြောင်း
လဲမှုအရ လူနဲ့ primate တွေမှာ ဒီ ယူရီကေ့စ် မရှိတော့ပါဘူး ဗီဇ gene တော့ရှိတယ် ပရိုတင်း
အဖြစ်မပြောင်းတော့တာပါ ဒါကဘာကြောင့်လဲဆို
တော့ ယူရစ် အက်ဆစ်က antioxident ဓါတ်တိုးမှု
ကာကွယ်တဲ့ပစ္စည်းဖြစ်လို့ အသက်ပိုရှည်စေလို့လို့
ပညာရှင်တွေကယူဆပါတယ် ကျွန်တော်တို့ အိုမင်း
ရင့်ရော်လာတာ အသက်ကြီးရင် ပါးရေနားရေ တွန့်လာတာဟာ oxidation ခေါ်တဲ့ဓါတ်တိုးမှုဖြစ်စဉ်
က ဆဲလ်တွေရဲ့အခွံကို ဖျက်ဆီးပစ်လို့ပါ ဒါကို
antioxident တွေကကာကွယ်နိုင်ပါတယ်

ဒီဆင့်ကဲဖြစ်စဉ်ရဲ့ ဘေးထွက်ဆိုးကျိုးကတော့ လူနဲ့
primate တွေမှာ ယူရစ် အက်ဆစ်များပြီး ဂေါက်ရောဂါဖြစ်စေတာပါပဲ ယူရစ်အက်ဆစ် တွေဟာ ရေမှာပျော်ဝင်နိုင်စွမ်းနည်းတယ် သူတို့ကများလာတဲ့
အခါမှာ monosodium urate monohydrate
အဖြစ်အနည်ကျပါတယ် ဒါတွေပုံဆောင်ခဲလေး
တွေဖြစ်ပြီး အပ် သေးသေးလေးတွေနဲ့သဏ္ဍာန်တူပါ
တယ် သူတို့တွေ အရိုး အဆစ်မှာ စုပုံတဲ့အခါ နာကျင်စေပါတယ် အများအားဖြင့် ခြေမ လက်မ
အဆစ်တွေမှာ အဖြစ်များပါတယ် အရမ်းနာတယ်
ခြေမမှာ ဖြစ်ရင် podagra ပိုဒါဂရာ လို့ခေါ်ပါတယ်
တခါတခါ tophi ခေါ်တဲ့ ဖြူဖြူ အဖတ်လေးတွေ အဆစ်မှာ မြင်ရတတ်တယ်

ဒီရောဂါနဲ့ ပါတ်သတ်ပြီး အစားအသောက်ရှောင်ရ
တာတွေရှိတတ်ပါတယ် ယခင်ကတော့ မြေမှာဥ တဲ့
သစ်ဥသစ်ဖုတွေရှောင်ခိုင်းလေ့ရှိပါတယ် 2010
နောက်ပိုင်း သုတေသန တွေရဲ့ အဆိုအရတော့
ဒါကမဟုတ်ဘူးလို့ဆိုပါတယ် ပဲ ပဲနီလေး မြေပဲ
ပဲတောင့်ရှည် ပဲနို့ စသဖြင့် ယခင်က purine များ
တယ်လို့ယူဆရတာတွေ ကို ရှောင်ခိုင်းခဲ့တာပါ
ခုတို့ သုတေသန ရလာဒ်တွေအရ

- အသား red meat လျော့စားရပါမယ် သူ့အစား
အသားဓါတ်ပါတဲ့ ပဲ မြေပဲတို့ကိုစားနိုင်ပါတယ်
- seafood ပင်လယ်စာရှောင်ပါ
-offal ခေါ်တဲ့ အတွင်း အင်္ဂါ ကလီစာတွေရှောင်ပါ
သူတို့မှာ purine များပါတယ် offal ဆိုတာက
အသားနဲ့အရိုးက လွဲရင်ကျန်တာပါ အသဲ နှလုံး ဦးနှောက်စသဖြင့်ပါ
- အရက်နဲ့ ဘီယာ ကိုရှောင်ရပါမယ် သူတို့က uric acid ကိုတိုးစေပါတယ် အထူးသဖြင့် ဘီယာမှာ
purine နဲ့ fructose ခေါ်တဲ့ သစ်သီးသကြားမျိုး
တွေ ပေါပါတယ်ဒါတွေက ယူရစ် အက်ဆစ်ကို
တတ်စေပါတယ်
- fructose sweetened soft drinks အချိုရည်တွေရှောင်ရပါမယ် fructose ပါတဲ့ အသီးတွေရှောင်ရပါမယ်
- အဆီ နဲ့ ဆီးချိုတတ်စေမဲ့ အစာမျိုးရှောင်ရပါမယ်
- အဝလွန်တာကိုကာကွယ်ရပါမယ်
- နို့နဲ့ နို့ထွက်ပစ္စည်း ဒိန်ခဲဒိန်ချည်တွေက ယူရစ်အက်
ဆစ်ကိုကျစေလို့ စားပေးရပါမယ်
- vitamin C က ယူရစ်အက်ဆစ်ကျစေ လို့စားပေးရပါမယ် တနေ့ ကို vit C 1500 mg နေ့စဉ် သောက်သုံးခြင်းက gout ဖြစ်ပွားခြင်းမှ 45% ထိ
လျော့ချပေးပါတယ်
vit C ပါတဲ့ချဉ်တဲ့အသီးတွေစားသင့်ပါတယ်
- ရေများများသောက်ပေးပါ ရေက uric acid အနည်ကျမှု ကို နဲစေပါတယ်
- ပဲ မြေပဲ ကြက်ဥ တို့ကိုစားနိုင်ပါတယ်
- လေ့ကျင့်ခန်း cardiac exercise ဥပမာ ပြေးခြင်း
လုပ်တာက ကောင်းပါတယ်
- coffee သောက်ရင် uric acid ကျပါတယ် လက်ဖက်ရည်တော့ မကျပါဘူး ဒါက caffeine ဓါတ်ကြောင့် မဟုတ်ပဲ ကော်ဖီထဲပါတဲ့ တခြားဓါတ်ကြောင့် လို့ယူဆပါတယ်
- ယခင်က ထင်သလို purine ပေါများတဲ့  ပဲတောင့် ပဲနီကလေး ပဲလုံး ဟင်းနုနွယ်စသည်တို့ကို အတန်
အသင့်စား သုံးခြင်း က ဂေါက်ဖြစ်စေနိုင်တယ်ဆိုတာ
မှားပါတယ်

ဆေးတွေထဲမှာတော့ အမေရိကမှာ အသိအမှတ်ပြုထားတဲ့ pegloticase ဟာ အစောက
ပြောတဲ့ uricase enzyme ပါ သူ့ကို သွေးကင်ဆာ
သမားတွေကို chemo ဆေးသွင်းကုသလို့ဖြစ်တဲ့
ဂေါက်ရောဂါ ကုသရာမှာသုံးပါတယ် ခန္ဓာ ကိုယ်တွင်း
မှာမရှိတဲ့ အရာမို့ ခုခံအားဓါတ်မတည့်မှုဖြစ်နိုင်ပါ
တယ်

ဒါကတော့ ဂေါက်ရောဂါနဲ့ပါတ်သတ်လို့ အသစ်
ကလေးတွေပါ

ပထမပုံ က ခြေမ အရိုးပါ စားသွားတဲ့ podagra
ပါ ဒုတိယက uric acid crystal ကို တွေ့ရတာပါ

                                                         python

No comments:

Post a Comment