Tuesday, September 15, 2015

အင်စပတ်တာမြဝေ နှင့် သော့ပေးပို့ခြင်းပြသနာ

အင်စပတ်တာမြဝေ နှင့် သော့ပေးပို့ခြင်းပြသနာ

အချိန်က မှောင်ရီပျိုးစ ညီအကိုမမူးတမူး အချိန်
တည်း လေပွေတချက်ဝေ့ဝိုက်၍ ဘုံ ကျောင်း
တဝိုက် တိုက်ခတ်သွား သည် နီယွန် မီးရောင် တချို့
အောက်မှာ ဆွဲထားသော တရုတ်မီးပုံး တချို့ လှုပ်ယိမ်း သွား၏ ဘုန်း ကျောင်းရှေ့ ဝယ် သူတောင်စားအို ကြီးတယောက်ခေါင်းပေါင်းဖြင့်
ငိုက်နေ လေသည် ထို အခိုက်ဝယ် ခန္ဓာ ကိုယ် ခပ်
တောင့်တောင့် ရုပ်ခပ်မာမာ စပို့ရှပ်လက်တို ကို ဝတ်ထား သော သက်လက်ပိုင်းတယောက် အတက်ချီ ကေ့စ် တခုကို ဆွဲ ၍ လျှောက်လာလေ
သည် ၎င်း က သူတောင်းစား အိုကြီး ရှေ့ရောက်လျင် ခဏ မျှ ရပ်လိုက်ပြီး အိတ်ထဲမှ ပိုက်ဆံ တရွက် ကို
ပစ်ချ ပေးလိုက် သည် ထို့နောက် ဘေး ဘီ သို့ ခဏ မျှ ကြည့်ပြီးနောက် ဆက်ထွက်လာခဲ့ပြီး လမ်းထောင့်
ဓါတ်တိုင်အောက်ဝယ် အိတ်တွင်းမှ စီးကရက် တလိပ်ထုတ်ပြီး မီးညှိ ဖွာရှိုက်လိုက်လေသည်
ထို စဉ် တဖက်လမ်း မှ သူ့ကဲ့သို့ ဝတ်ဆင်ထား သော
မျက်မှန်နက်နှင့် တယောက် လမ်းတဖက်မှ ကူးလာပြီးနောက် ဘေး မှဖြတ်သွားလေရာ စီးကရက်သောက်နေသူက သူ့လက်ထဲမှ အတက်ချီကေ့စ်ကို လှမ်း ပေးလိုက် လေ သည်
မျက်မှန်နှင့်လူ လည်း ကေ့စ်ကို ယူရင်း ဆက်
လျှောက်သွားလေရာ လမ်း ထောင့်ချိုသို့ ရောက်သောအခါ  မှောင်နေသော လမ်းထဲ သို့ ကွေ့ ဝင်ခဲ့လေသည် ထို အခိုက် ညဥ့် ငှက်တကောင်က
ခပ်စူးစူးအော် ရင်း တိုက်များပေါ်က ဖြတ်ပျံသွား
သည် ညလေးအေး က စိမ့်ခနဲတချက်မျှသုတ်သွား
လေ၏ မျက်မှန်နက်သည် ရှောက်လက်စ ခြေ လမ်း
များကို တိခနဲရပ်လိုက်ရင်း နားတချက်စွင့်လိုက်သည်
သူသည် ဝင့်ချမ် သိုင်းပညာကိုတတ်မြောက်သော
တိုက်ခိုက်ရေးသ မား တဦးပင်တည်း

ခေါင်းကို ဆတ်ခနဲယိမ်း၍ ကိုယ်သိမ်းအလှည့် ဝယ်
ရိပ်ခနဲ ခေါင်းပေါ်မှ ကျော် သွားသောလက်တဖက်
သူက ရန်သူကို ပြန်လည် တိုက်ခိုက်ရန် principle
of centerline အရ လက်နှစ်ဖတ်နှင့်ညာခြေ ကို ပြင်ဆင်လိုက်စဉ် မှာ ပင် အရိပ်ပမာတိုက်ခိုက် လာသော လက်များအောက်တွင် ဝင်းခနဲ ပွင့်သွား
ပြီး လမ်းမပေါ်သို့ ပစ်ကျသွား လေသည်

သူနောက်ဆုံး သတိမလစ်ခင်မြင်လိုက် ရသည်မှာ
မြေပေါ်ကျနေသော အတက်ချီကေ့စ်ကို ကောက်
ကိုင်လိုက်သော ခေါင်းပေါင်းနှင့် သူတောင်းစာအို
၏ မသဲကွဲသော မျက်နှာပင်တည်း
…………………………………………………………………

"အိုင်ဆေး ကိုမြဝေ ခင်ဗျား ကြည့်ရတာ စိတ်အိုက်နေသလိုပဲဗျာ အလို ဘေး မှာလည်း အဝတ်စားစုတ်တွေ ခေါင်းပေါင်းတွေ နဲ့ပါလား ဗျ ဘာတွေဖြစ်သတုန်း"

ကျွန်ုပ် သည် စားပွဲပေါ်မှ အတက်ချီကေ့စ် ကို စိတ်
ပျက်လက်ပျက် ထိုင်ကြည့်ရင်း အတွေးခေါင်နေဟန်
တူသော အင်စပတ်တာ မြဝေ အား နှုတ်ဆတ်ရင်း
ထိုင်ခုံ၌ ဝင်ထိုင်လိုက်၏ ကိုမြဝေ လည်း ပခုံးတွန့်
လိုက်ရင်း အနားမှ ပရုတ်ဆီ ဘူး ကိုဖွင့်ကာ ညာလက်
ဖမိုးကို လူးလိုက်လေ၏ ကိုမြဝေ က မချိပြုံး ပြုံးရင်း

" ဂလို အိုင်ဆေး ကိုပိုင်သွန် ဒီနေ့ သတင်းရ လို့
သံသယ ရှိသူ တယောက်နောက်ကို ရုပ်ဖျက်ရင်း
လိုက်ခဲ့တယ် ဗျာ ဒီ အတက်ချီကေ့စ် ကို ရတယ်
ဗျ သတင်းအရတော့ ဒါကို ဖွင့်လို့မဖြစ်ဘူး သူတို့က
ဒီထဲ မှာ အရေးကြီး သတင်း ကို ထည့်ထားပေ မဲ့
  ၃ ကြိမ်လဲ ဖို့ အစည်အစဉ်ရှိ တယ်လို့ သိရသဗျာ
ဒီကြားထဲ လွဲခဲ့ရင် အစီအစဉ်ပြောင်းဖို့လဲ အစီအစဉ်ရှိ
တယ်လို့ သိရတယ် နို့ပေမဲ့ တခုခုတော့ သတင်းရလို့
ရငြား ကျုပ်လဲဖြတ်သုတ်ခဲ့ တယ် ကိုပိုင်သွန် သူတို့
ဘာတွေစီစဉ်နေလဲ ဆို တာ စဉ်းစားမရလို့ စိတ်အိုက်
နေတာပဲဗျ

သူတို့ဆိုတာ တရစ်ခိုးသုတ် တို့ အဖွဲ့လား ဗျ

ဟုတ်ပ ကိုပိုင်သွန် ကြံစမ်းပါဦးဗျ

နို့နေပါဦး သူတို့ကနောက် ၂ ကြိမ် ဒီဟာကိုပဲ လဲ မှာတဲ့လားဗျာ

ဟုတ်ပ ဗျာ ကေ့စ်ကို ဖွင့်ဖို့ကလည်းအစီအ စဉ်
ပြောင်းသွားမှာကြောက်ရသေးတယ် သော့ ခလောက်
ခတ်ဖို့ သော့မောင်း ၂ ခု နဲ့ဗျ သော့ ခလောက်က
တော့ တခု ပဲခတ်ထားတယ်

နေပါဦး ကျုပ်ကြံပါဦးမယ် ဗျ ကိုမြဝေ ဟုတ်ပြီဗျာ
ထင်တာမလွဲလို့ တည့်ရိုးဆို ဒါဟာ ကျုပ်ပြောတဲ့
key distribution ပဲဗျ

ဟာလုပ်စမ်းပါဦး အိုင်ဆေး ကိုပိုင်သွန် လင်းစမ်းပါ
ဦး အချိန်ရှိတုန်းလေး

ဒီလိုဗျ ကိုမြဝေ ကိုမြဝေ ကို ပြောခဲ့သလိုပဲ ဝှက်စာ
ဖေါ်ရာမှာ အဓိက ကတော့ သော့ ပို့တဲ့ပြသနာပဲ
ရှေး အခါက စစ်တိုက်တဲ့အခါ ဝှက်စာ ပို့ရာမှာ
စာပို့ခို ဆက်သား သူလျှို စသဖြင့် သုံးခဲ့ပေမဲ့ ပြသနာ
က ကြားကဖြတ်ယူသွားနိုင်တာပဲ ခု အိုင်ပီ လုပ်ခဲ့သလိုပေါ့ဗျာ
ဝှက်စာ တစောင်ကို ဝှက်ပြီဆို တူညီတဲ့သော့နဲ့ ဒီဘက်က ဝှက်သလို ဟိုဘက်ကလည်း ဒီသော့နဲ့ ပဲ
ပြန်ဖော်တယ် ဒီတော့ သော့မပို့ ပဲဖွင့်လို့မရဘူးလား
ဒါကိုရှာခဲ့တာဗျ ၁၉၇၀ ကျော်မှ ဒီပြသနာ ကို
ဒဲလ်ဖီ နဲ့ ဟေးမင်း တို့ အဖြေရှာနိုင်ခဲ့တယ် ဒီနောက်
တော့ အင်တာနက်မှာ လူတိုင်း amazon လိုနေရာ
မျိုးမှာ ကိုယ်ကြိုက်တဲ့ပစ္စည်း ကိုယ့် ဘဏ် အကောင့်
ခရက်ဒစ်ကတ် ပြပြီး online shopping ထွက်လို့ရ
တယ်ပေါ့ဗျာ ဒါက e commerce ခေါ်တဲ့ အီလက်
ထရွန်းနစ်စီးပွားရေးရဲ့ အစ အခြေခံနှင့် လုံခြုံမှု
လည်းဖြစ်တယ်ပေါ့ဗျာ ကျုပ်တို့နိုင်ငံတော့ မပါသေး
ဘူးပေါ့ဗျာ"

" ဒီမိုကရေစီခိုင်မာလာ ရင်တော့ဒါတွေ  ဖြစ်လာမှာ
ပေါ့ အိုင်ဆေး ကိုပိုင်သွန်"

မှန်တာပေါ့ ကိုမြဝေ မှန်တာပေါ့ ဒီသော့ပို့တဲ့နည်း ကို
ကိုမြဝေ နားလည်အောင်ပြောပြရရင် ရန်ကုန်က
မန္တလေး ကို သော့မပို့ ပဲ သေတ္တာ ပို့ချင်တယ် ဆိုပါစို့
ရန်ကုန်က မောင်ကောင်းက သေတ္တာ ထဲ စာထည့်
သော့ခတ်လိုက်ပြီး မန္တလာက ကိုချစ်စီ သေတ္တာ ပို့လိုက်တယ် သူ့သော့ကို သူသိမ်းထားတယ်

မန္တလာ က ကိုချစ်က သူ့ဆီရောက်တဲ့ သေတ္တာ ကို
ဖွင့်ဖို့ သော့ မရှိဘူး ဒီတော့ သော့ရှိတဲ့ နောက်သော့
ခလောက်ကို သေတ္တာ မှာထပ်ခတ်လိုက်တယ် သော့
ခလောက်၂ လုံးနဲ့ သေတ္တာ ကို ရန်ကုန်ပြန်ပို့လိုက်
တယ် ကိုချစ်က သူ့သော့ကိုတော့ သူသိမ်းထားတယ်

ရန်ကုန်က မောင်ကောင်းက သူ့ဆီရောက်တဲ့ သော့
ခလောက် ၂ လုံးနဲ့ သေတ္တာ ကို လက်ခံရရှိတဲ့ အခါ
သူ့သော့နဲ့ သော့ခလောက် တခုကိုဖြုတ်လိုက်တယ်
ပြီးတော့မှ သော့ခလောက်တခု နဲ့ သေတ္တာ ကိုမန္တ
လေး ပြန်ပို့လိုက်တယ်

ဒီတော့မှ မန္တလေး ကကိုချစ်က သူ့သော့နဲ့ ကျန်တဲ့
သော့ခလောက်ကိုဖွင့် အထဲကစာကိုဖတ်တာပေါ့ ဗျာ

ဒီနည်းနဲ့ သော့ပို့ စရာ မလိုဘဲ ဝှက်စာ ပို့နိုင်ခဲ့တာ
ပေါ့ကွာ

" ထပ်သရီး ယူရေးကား ဒါ အိုင် ရှာနေတဲ့ link ပဲ
အိုင်ဆေး ကိုပိုင်သွန် ဂလို ဆို ဒီဘက် က လက်ဝေ
ခံ မောင်ပြင်းရှောင် ဒီအတက်ချီကေ့စ် ကို မရခင်
ကျုပ်ဖြတ်လုတာ မှန်သွားပြီဗျ"

လင်းစမ်းပါဦး ကိုမြဝေ

"ဂလိုလေ ဗျာ ကျုပ်က ခု မောင်ပြင်းရှောင်အစား
သော့ခတ်ပြီးပြန်ပို့ လိုက်မယ် လုကုန်ကူး ဟာ
ဧကန်ပဲ သူ့သော့ဖြုတ်ပြီးကျုပ်ဆီပြန်ပို့မှာ ပဲ
ဒါဆို သူတို့လဲမရိပ်မိလို့ အစီစဉ် မပြောင်းတော့
ဘူး ကျုပ်လည်း ဝှက်စာဖော်နိုင် သူတို့ရဲဆတ်သား
လဲကျုပ်မိထားတယ် ဗျ သူ့ကို ကေ့စ်ချိန်းတဲ့နေရာမှာ
ပြန်သုံး ရမယ် ဟုတ်ပြီဗျို့ သန့်ခ်ကျူး ကိုပိုင်သွန်"

ကောင်းလိုက်လေ ကိုမြဝေ ခင်ဗျား က ဥာဏ်နီ
ဥာဏ်နက်တော့ တယ်ထွက်တာပဲကလား

ဒါပေါ့ဗျာ ကဲအချိန်မရှိဘူး ကိုပိုင်သွန် ကျုပ်တို့ လုပ်စ
ရာရှိတာ အမြန်လုပ်ကြစို့ …………………………………

No comments:

Post a Comment