အမှားအမှန် အကောင်းအဆိုး relativity နှင့် group theory
ရူပဗေဒမှာဖြစ်ဖြစ် လူမှုရေးနိုင်ငံရေးမှာဖြစ်ဖြစ် ကျွန်တော်တို့ အတွက်အမှားအမှန် အကောင်းအဆိုးကို ခွဲခြားသိဖို့ လိုပါတယ်
အမှားအမှန်မှ မသိရင် အကောင်းအဆိုးမှ မခွဲခြားနိုင်ရင် သက်ရှိ
ဆိုတာလဲ အဓိပ္ပါယ်ရှိမှာမဟုတ်ပါဘူး အမှန်တရားကိုရှာဖွေရင်း
အမှန်တရားရှာဖွေခဲ့သူတွေနဲ့ လူ့ သမိုင်ဟာချီတက်ခဲ့ပြီးပြီ အတော်လည်း ခရီးရောက်ခဲ့ပါတယ် အကောင်းအဆိုးကိုလဲအမှားအမှန်ပေါ်မူတည်ပြီး culture
ကဆုံးဖြတ်ပေးနေတယ် ဒါပေမဲ့လူတွေကြားမှာ အမှားအမှန်ဟာ
အမြဲတစေ ထပ်တူညီလေ့မရှိပါဘူး အကောင်းအဆိုးဟာ အမြဲ
တူလေ့မရှိပါဘူး ရလာဒ်က လူ၂ယောက်စုံရင်ငြင်းခုံကြမယ်
ပညာရှိတဲ့လူကတော့ discussionပေါ့ စိတ်လွယ်တဲ့ လူတွေကတော့ ငြင်းတာပါ့ လူ၂ယောက်ကနေ လူ၂စုဖြစ်လာတော့
ပဋိပက္ခပေါ့ ၂နိုင်ငံဖြစ်လာတော့ စစ်ပွဲပေါ့
ဒါကဘာပြလဲဆိုရင်အမှန်တရား ဝါ အမှန်အမှားဟာ အများအားဖြင့် လူ၂ယောက်ကြားမှာ မတူညီတတ်ဘူးဆိုတာ
ပြောပြနေတာပါ ပိုပြီး loose ဖြစ်တဲ့ အကောင်းအဆိုးလို
concept မျိုးဆိုရင် လူ၂ယောက်ကြားမှာပိုကွဲပြားပါတယ်
မေးခွန်းက အမှန်တရားဖြစ်ရဲ့ သားနဲ့ ဘာလို့ လူ၂ဦး ကြားမှာ
ကွဲပြားနေရတာလဲ အကောင်းအဆိုးဟာတယောက်နဲ့ 
တယောက် သတ်မှတ်ပုံခြင်းမတူရတာလဲ နောက်ဆုံးတော့
အမှန်တရားဆိုတာကမ္ဘာတည်သ၍မပြောင်းလဲ သင့်တဲ့ အရာမဟုတ်ဘူးလားကျွန်တော်ငယ်ငယ်ကလည်းဒီလိုပဲထင်
ခဲ့တယ် ဒါပေမဲ့အမှန်တရား ရဲ့ defination က ၁၉၀၅ နောက်ပိုင်း မှာ ပြောင်းလည်းခဲ့ပါပြီ
လောက ကို သဘာဝကိုကြည့် ရင် အရေးကြီးဆုံး အခြေခံအချက် ၂ခုရှိပါတယ်
၁ က လောကမှာဘယ်အရာမှတခုထဲမရှိဘူး
၂ က အရာရာဟာပြောင်းလဲနေတယ် ဆိုတာပါ
လောကမှာ အမှုန်တခုပဲရှိမယ်ဆိုရင်ဘယ်လိုနေမလဲလို့  ဂယ်လီလီယိုကစဉ်းစားခဲ့ ဘူးတယ် သူတခုထဲရှိရင်ရပ်နေမလား
ရွေ့ နေမလား တကယ်တော့ အမှုန်တခုထဲရှိတဲ့စကြာဝဋ္ဌာဟာ
meaningless ပါ ဒါကြောင့်ဒီမှာmeaningful
answer လဲမရှိပါဘူး
၂ကလည်း ၁ ပေါ်မှီခိုရတာပါ တခုခုပြောင်းလဲနေတာဟာ
သူပြောင်းလဲနေကြောင်း နှိုင်းယှဉ်ကြည့်နိုင်တဲ့  နောက်ခံ တခြား
အရာတွေကြောင့် ပါ လောကမှာ a b c d e ဆိုပြီး ငါးခုရှိတယ်
ဆိုပါစို့  သင်က a ကို focus လုပ်ပြီး အာရုံစိုက်ပြီး ကြည့် မယ်
ဆိုရင် b c d e ဟာ a အတွက်တော့ နောက်ခံပါ a ဟာ
b c d e နဲ့ နှိုင်းယှဉ်ရင် ရွေ့ နေတယ် သို့ မဟုတ် ရပ်နေတယ်
လို့ meaningfully ပြောလို့ ရပါတယ် a တခုထဲ ရှိတဲ့  လောကမှာတော့ ဒါဟာ သဘာဝမကျလှပါ
ပြောင်းလဲခြင်းဟာ အများရှိလို့ ဖြစ်လာရတာပါ အမှန်တရား ဆိုတာ (ဒီမှာအများစုက အမှန်တရားဆိုတာကို a အကြောင်း
ပြောရင် aရဲ့  မှန်ခြင်းမှားခြင်း ကောင်းခြင်းဆိုးခြင်းပေါ့ဗျာ)
ပြောကြရင်အများစုက နောက်ခံ ကားချပ် ဇာတ်ပို့ ဇာတ်ရံ( ဒီမှာ
တော့  b c d e ပေါ့ )ကိုထည့်တွက်လေ့ မရှိကြပါ တကယ်
တော့ မှားမှန်ကောင်းဆိုးဟာ နောက်ခံ background သို့ 
context ပေါ်မူတည်ပြောင်းနေတာပါ ဘာလို့ လဲဆိုတော့ 
b c d e တို့ ကိုယ်တိုင်ကလည်း (ပမာ b ပေါ့ ဗျာ သူလည်း
a c d e နဲ့ ယှဉ်ပြီးပြောင်းနေမှာကို မြန်မာတွေကတော့ 
မြန်မာကားတွေအကြည့်များလို့ ဇာတ်လမ်းဆို မင်းသား
မင်းသမီးပဲမြင်တော့ တယ် ဇာတ်ပို့ ဇာတ်ရံလဲလူပဲဆိုတာ
မေ့ မေ့သွားတယ်)ပြောင်းနေတကိုး
တကယ်တော့ လောကမှာ absolute truth လုံးဝမှန်တဲ့
အမှန်တရားဆိုတာ မရှိပါ relative truth နောက်ခံနဲ့ 
နှိုင်းယှဉ်ကြည့်ပြီးမှန်တဲ့  အမှန်တရားသာရှိပါတယ် နောက်ခံက
အမြဲပြောင်းနေတဲ့ အတွက် ( ကျွန်တော်တို့ သိတဲ့  )absolute truth က အမြဲ ပြောင်း နေမှာပါ relative truth ကတော့ 
အမြဲဒီတိုင်းပါပဲ ဒါက ၁၉၀၅ ခုနှစ်မှာ special relativity
နဲ့ အတူ အိုင်းစတိုင်းသယ်ဆောင်လာခဲ့ တဲ့ အမှန်တရားရဲ့ 
defination ပါ ဒါကို သင်္ချာနဲ့ ရေးတော့  ဒီသင်္ချာ ကို
group theory လို့ ခေါ်ပါတယ်
လောကကိုနှိုင်းယှဉ်ကြည့်နိုင်စွမ်းမှသာ အမှန်အမှားဟာပေါ်မှာပါ
အမှန်တရားဆိုတာဘာလဲ သဘာဝအကျဆုံး အဆိုတခုကတော့
မှန်တာဆိုတာ right time and right place ရှိတာလို့ 
ပြောလေ့ ရှိပါတယ် a ဟာ b c d e တို့ နဲ့ ယှဉ်ရင် အချိန်မှန်နေရာမှန်ရှိဖို့ လိုတာပါ တကယ်တော့လောကမှာ မှန်တာက နည်းပြီးမှားတာများနေတာဒါကြောင့်ပါ အချိန်နေရာဆိုတဲ့  ကားချပ်နောက်ခံမှာ အချိန်မှန်နေရာမှန်
ဟာ တခုသာရှိနိုင်ပြီး ကျန်တာအားလုံးက အချိန်မှားနေရာမှား
တွေပါ ဒါကြောင့် လည်း အက်ဒီဆင်ဟာ အမှားတထောင်
ပြည့်မှအမှန် တခု ရခဲ့ တာပါ ဘယ်သူမှအက်ဒီဆင် အမှန်တ
ထောင်ပြည့် မှ အမှားတခုလုပ်တယ်လို့ မကြားဘူးပါဘူး
နောက်ခံပြောင်းရင် တရားသေဆုပ်ကိုင်ထားတဲ့ absolute
truth ဟာ လည်း ပြောင်းသွားမှာပါ ဆိုပါစို့  a နဲ့  b ရဲ့  c
အပေါ်အမြင်ဆိုပါစို့  a ဘက်က ကြည့်ရင် c ကို b d eရဲ့ 
နောက်ခံမှာမြင်ရမှာပါ b ဘက်ကကြည့်တော့  c ကို a d e
ရဲ့ နောက်ခံမှာမြင်ရတာပါ အမြင်တွေကို တရားသေအမှန်တရား
နဲ့ ကြည့်ရင် ထပ်တူမညီ နိုင်တော့ပါဘူး ဒါမေဲ့ relative truth
relative value ကတော့  a နဲ့ b ကြားမှာ ပြောင်းလဲ
မှုကိုထည့်တွက်တဲ့ အတွက် အမြဲမှန်နေ ထပ်တူညီနေမှာ
ပါ
ဒါက အမှန်အမှား အကြောင်းပါ အကောင်းအဆိုး ကောင်းခြင်းဆိုခြင်းလည်းအမှန်တော့ထိုနည်း၎င်းပါပဲ တခုကွာ
တာက ကောင်းခြင်းဆိုးခြင်းက ပိုပြီး Subjective ကျနေတာ
ပါ ဒီလိုအကြောင်းတွေကိုလူ၂ ယောက်ကြားငြင်း ကြမယ်ဆို
အရေးကြီးဆုံးက အဓိပ္ပါယ်သတ်မှတ်ချက်ပါ နောက်တခုက
relative truth ပါ ဒါမရှိလို့ ကတော့ နောက်ဆုံးမှာ conflict
နဲ့ ပဲအဆုံးသက်မှာပါ
evolution သီဝရီဟာ biology ရဲ့  TOE ပါ သူ့ ရဲ့ အနှစ်ချုပ်က fittest must survive ပါ အင်အားအကြီးဆုံး
အလျင်မြန်ဆုံး အရပ်အရှည်ဆုံး လို့ မပြောပါဘူး လိုက်လျော
ညီထွေအနေတတ်ဆုံး လို့ ပြောတာပါ
နိုင်ငံရေးမှာလည်း မက္ခရာဗေလီက The End justify The
Mean လို့ ပြောခဲ့တော့ အားလုံးဝိုင်းဆဲကြပါတယ် အဆုံးသက်က အမှားအမှန်ကို အဆုံးအဖြတ်ပေးတယ်ပြောတာ
ကိုး ဒါပေမဲ့နောက်တော့ အားလုံးအဲလိုပဲလုပ်နေကြတာပါ
ကြည့်ရတာလောကမှာပိုလည်တဲ့လူက ပိုပြီး flexible ဖြစ်ပုံရ
ပါတယ်တရားသေ အမှန်တရားတခုထဲနဲ့ တော့ နိုင်ငံရေးမှာ ရလာဒ်မကောင်းနိုင်ဟုထင်ပါကြောင်း
မှတ်ချက် ညစ်ဖို့  လိမ်ဖို့ ဆိုလိုခြင်းမဟုတ်ပါ
No comments:
Post a Comment