Tuesday, July 28, 2015

cannabis

#cannabis

cannabis ဆိုတာကတော့ ဆေးခြောက်ပင်ပါ စိတ်ကိုပြောင်းလဲစေတတ်တဲ့ ဓါတုဗေဒဓါတ်ပေါင်းတွေထုတ်ပေးတဲ့
အဓိက အပင် ၂မျိုးကတော့ cannabis sativa နဲ့ 
cannabis indica တို့ ပါ  cannabis ကို marijurana
လို့  လဲခေါ်ပါတယ် pot ,weed စသဖြင့်လည်းသုံးပါတယ်
cannabis မှာpsychoactive compound ပေါင်း ၃၀၀
ကျော်ပါပြီး ၈၀ လောက်က cannabinoid ဒြပ်ပေါင်းအုပ်စုပါ
ဒီအထဲမှာမှအဓိက သူ့ အာနိသင်ကိုပေးတာက
tetrahydrocannabinol (THC) ဆိုတဲ့ဒြပ်ပေါင်းပါ
နောက်တမျိုးကတော့ cannabidiol ဆိုတဲ့ဒြပ်ပေါင်းပါ
သူတို့ ဟာအပင်ကထုတ်တဲ့အတွက် phytocannabinoid
လို့ လဲခေါ်ပါတယ်

သတ္တဝါက ထုတ်တဲ့ဟာကိုတော့ endocannabinoid လို့ခေါ်ပါတယ် mammalion body ဥပမာလူကလဲ အနည်းငယ်ထုတ်ပါတယ် ဒီcannabinoidတွေဟာ
လူ့ ဦးနှောက်ထဲရောက်ရင် brain cell ဦးနှောက်ကလာပ်စည်း
ရဲ့မျက်နှာပြင်ပေါ်မှာရှိတဲ့ cannabinoid receptor CB
receptorပေါ့ ကိုသွားပေါင်းပါတယ် သော့တံကသော့ခလောက်
ကိုဖွင့်သလိုပါ ဒီအခါ ကျွန်တော်တို့သိတဲ့ ဆေးခြောက်ရဲ့အာနိသင်
များကို ဖြစ်ပေါ်စေပါတယ်

ဆေးခြောက်ဟာ သုံးစွဲသူကို ပါဝင်တဲ့ဓါတ်ပေါင်းပေါ်မူတည်ပြီး
အာနိသင်ဖြစ်စေပါတယ် ပမာဏအနည်းအများနဲ့လည်းဆိုင်ပါ
တယ် stress ကိုနည်းစေတယ် စိုးရိမ်ပူပန်မှုကိုများစေပြီး
အတွေးကိုတန့်ရပ်စေတယ် ထင်ယောင်ထင်မှားဖြစ်စေတယ်
ကြွက်သားများကိုပြေလျော့စေပါတယ် ဖန်တီးမှုကိုအား
ကောင်းစေတယ် ခံစားမှုကိုအားကောင်းစေတယ် အစာစားချင်
စိတ်ကိုဖြစ်စေပါတယ် ရေရှည်မှာတော့စွဲစေနိုင်ပါတယ်

အမေရိကန်မှာတော့ဆေးအဖြစ်သုံးဖို့ကို လေ့လာဆဲအဆင့်မှာ
ပဲရှိပြီး ထောက်ခံသူနဲ့ ကန့်ကွက်သူ၂ ဖက်လုံးမှာရှိပါတယ်
ဆေးခြောက်ကိုဆေးလိပ်ထဲထည့်ရှုတာကိုတော့လုံးဝတားမြစ်
ထားပါတယ် သိပ်မကြာသေးခင်ကတော့ Alziemer ရောဂါ
နဲ့  ကင်ဆာတွေကို နိုင်တဲ့အထောက်အထားတချို့တော့
တွေ့ ပါတယ် ယတိပြတ်တော့မပြောနိုင်သေးပါဘူး

အမေရိကမှာဆေးအဖြစ်လက်ခံထားတဲ့ ဆေး၂မျိုးတော့ရှိပါတယ်
တခုက dronabinol ဖြစ်ပါတယ် သူက လူကထုတ်လုပ်ထားတဲ့
THC ပါ နောက်တမျိုးက nabilone ဖြစ်ပြီး synthetic
cannabinoid ပါ  ၂ ခုလုံးကို ကင်ဆာရောဂါမှာဓါတ်ကင်ခြင်း
ကြောင့် တအားအန်တဲ့သူတွေမှာပေးပါတယ် ဥရောပမှာတော့
nabiximol ဆိုတဲ့ပက်ဖြန်းဆေးရည်ကို အာရုံကြောနာကျင်မှု
နဲ့  ကြွက်သားတောင့်တင်းမှုမှာအသုံးပြုဖို့လိုင်စင်ပေးပါတယ်

synaptic plasticity ခေါ်တဲ့မှတ်ဥာဏ်တည်
ဆောက်မှုမှာ cannabinoid တွေက ပြုပြင်နိုင်တာကြောင့်
Alziemerလိုရောဂါမှာလေ့လာနေပြီး ရေတိုမှတ်ဥာဏ်ကိုတော့
လျော့နဲစေတယ်လို့သိရပါတယ်

No comments:

Post a Comment