#သီဝရီရူပဗေဒ
ဒါကတော့ လက်ရှိ သီဝရီရူပဗေဒပညာ theorectical
physics ရဲ့  ဖွဲ့ စည်းပုံနဲ့  အဓိကသီဝရီတွေပါ
နယူတန်မကင်းနစ် classical mechanic
နဲ့  နယူတန်ဒြပ်ဆွဲ Newtonian gravitational theory သီဝရီကို အိုင်ဇက်နယူတန်ကတွေ့ ခဲ့ ပါတယ်
special relativity အထူးနှိုင်းယျသီဝရီ နဲ့  General relativity ယေဘူယျ နှိုင်းယျသီဝရီကို အိုင်းစတိုင်းကတွေ့ ခဲ့ ပါတယ်
ကွမ်တမ်သီဝရီ quantum mechanic ကို ပလန့်  အိုင်းစတိုင်း ဒီဗရွိင်း ရှရိုဒင်းဂါး
ဟိုက်ဇင်ဘက် ဒီရက် ပေါ်လီ တို့ က ရှာခဲ့ ပါတယ်
ကွမ်တမ်စက်ကွင်းသီဝရီ quantum field theory ကိုတော့  ဖိုင်းမင်း ဆာလမ် ဝိုင်းဘက်
ဂဲလ်မင်း ပီတာဟစ်ဂ် တို့ က ရှာဖွေခဲ့ ပါတယ်
QFT မှာ ၃ပိုင်းပါပြီး အဲဒါတွေကတော့ 
1.quantum electrodynamic ကွမ်တမ်အီလက်ထရိုဒိုင်းနမစ် ( ကွမ်တမ်လျှပ်စစ်ဒိုင်းနမစ်)
2.electroweak theory အီလက်ထရိုဝိခ် သီဝရီ
( လျှပ်စစ်အားပျော့သီဝရီ)
3.quantum chromodynamic ကွမ်တမ်ခရိုမိုဒိုင်းနမစ်
(ကွမ်တမ်ရောင်စဉ်ဒိုင်နမစ် )
တို့ ဖြစ်ပါတယ်
မက်စ်ဝဲလ်ရဲ့  လျှပ်စစ်သံလိုက် ညီမျှခြင်း ၄ ခု က ဒီရက်
ရဲ့ ညီမျှခြင်းနဲ့ ပေါင်းပြီး QED ခေါ် ကွမ်တမ်လျှပ်စစ်ဒိုင်းနမစ်ထဲ
ပါသွားပါတယ်
အထက်ပါသီဝရီတွေက လက်တွေ့ စမ်းသပ်မှုက ထောက်ခံပြီး
ဖြစ်ပါတယ်
ကွမ်တမ်ဒြပ်ဆွဲသီဝရီ Quantum Gravity ကတော့ ရှာဖွေဆဲပါ အဓိက proponent မှန်နိုင်တယ်လို့ အများက ယူဆထားတဲ့  သီဝရီ ၂ခု ကတော့  String theory နဲ့ 
loop quantum gravity ပါ
တခြားသီဝရီအသေးလေးတွေက causal dynamic
triangulation, causal set theory , twister
theory စသဖြင့် ပါ
နောက်ဆုံးအားလုံးပေါင်းရင် theory of everything
ပါ
ဒီပုံမှာတွေ့ ရတဲ့  G h နဲ့  c က natural constant
သဘာဝ ကိန်းသေတွေပါ သီဝရီ တခုမှတခု အပြောင်းဟာ
သဘာဝကိန်းသေ ကို လူသားတွေရဲ့  ယူနစ်ယူပုံပေါ်မူတည်
ပါတယ် ဘယ်scaleမှာမဆို မှန်ဖို့  ကတော့ အရာရာတိုင်း
ရဲ့ သီဝရီပါ သူ့ မှာ G h နဲ့  c ၃ မျိုးလုံးပါရပါမယ်
G ကဒြပ်ဆွဲ ကိန်းသေပါ
h က ပလန့် ကိန်းသေပါ
c က အလင်းအလျင်ပါ
အောက်ပုံမှာ ဥပမာ ကွမ်တမ်စက်ကွင်းသီဝရီဆို h နဲ့  c ပါရပါမယ် စသဖြင့်
No comments:
Post a Comment