Tuesday, July 28, 2015

တွင်းနက် နှင့် Information paradox

တွင်းနက် နှင့် information paradox

၁၉၁၅ခုနှစ်တွင် General relativity ကို အိုင်းစတိုင်းတွေ့ရှိပြီး သိပ်မကြာခင် ရှဝက်ရှီး သည် ယင်း၏ အဖြေတခုကို ဖော်ထုတ်နိုင်ခဲ့သည် ၎င်းအဖြေမှ သိပ်သည်းမှုအလွန်များသော ဒြပ်ထုများအကြောင်းကိုသိရှိခဲ့ရသည်
general relativity အရ space time ၏ ကွေးညွှတ်မှုမှာ ဒြပ်ထုဖြင့်တိုက်ရိုက်အချိုးကျပါသည် သိပ်သည်းသောဒြပ်ထုများ၏ဝန်းကျင် တွင်space time ၏ ကွေးညွှတ်မှုမှာပြင်းလွန်းသောကြောင့် အလင်းပင် မလွတ်မြောက်နိုင်ပါ ထိုကဲ့သို့အရာဝတ္ထုများမှာ ပြင်ပမှမမြင်နိုင်ပဲမည်သည့်အရာမှမလွတ်မြောက်နိုင်သဖြင့် ၎င်းတို့ကိုတွင်းနက်ဟုခေါ်ပါသည် John archibal  wheeler မှblackhole ဟုနာမည်ပေးခဲ့ခြင်းဖြစ်ပါသည်

တွင်းနက်များမှာ နေ၏ ဒြပ်ထုထက်၈ဆပိုကြီးသော ကြယ်များလောင်စာကုန်ဆုံးချိန်တွင် ဖြစ်ပေါ်သည် စကြာဝဠာတွင်အလင်းမှာအမြန်ဆုံးဖြစ် ပြီး တွင်းနက်တခုတွင် ဗဟိုမှအကွာအဝေးတခု၌အလင်းများ ပြေးထွက်ရန်ကြိုးစားရင်းမလွတ်မြောက်ပဲ ရှိနေသော မျက်နှာပြင်ကို ဖြစ်ရပ်မိုးကုတ်စက်ဝိုင်းဟုခေါ်သည် အတွင်းပိုင်းဗဟို၌မူ singularity ဟုခေါ်သော နေရာရှိပြီး ၎င်း၏သဘောသဘာဝကိုလက်ရှိ သီဝရီကပြောပြနိုင်စွမ်းမရှိသဖြင့် ယင်းသို့ခေါ်ခြင်းဖြစ်သည်

တွင်းနက်များ၏အကြောင်းကို သိနိုင်ရန်မှာယေဘူယျနှိုင်းရသီဝရီတခုတည်းဖြင့်မရပါ အခြားသောအရေးကြီးသည့် သဘာဝကိုပြောပြသော သီဝရီမှာ ကွမ်တမ်စက်ကွင်းသီဝရီဖြစ်သည် ၎င်း၂ ခုပူးပေါင်းသော သီဝရီမှသာတွင်းနက်များကိုရှင်းပြနိုင်ပါသည် သို့ရာတွင်၎င်း၂ခုမှာယခုအချိန်ထိပေါင်းစပ်နိုင်ခြင်းမရှိသေးပါ ၎င်း၂ခုကိုသုံး၍အနီးစပ်ဆုံးတွင်းနက်များအကြောင်းတွက်ထုတ်နိုင်ခဲ့သူမှာဟောကင်ဖြစ်ပါသည် တွင်းနက်များ၏သမိုင်းကြောင်းနှင့်ပါတ်သက်၍နောက်ပို့စ်တွင်ဆက်လက်ဖော်ပြပါမည်

တွင်းနက် နှင့် information paradox ၂

ကွမ်တမ်သီဝရီဟာအခုလက်ရှိမှာ သဘာဝမှရုပ်ဖြစ်စဉ်အားလုံးကိုရှင်းပြတဲ့သင်္ချာပါ သူ့ကိုဘိာုဖြစ်မယ်ဆိုတာအတိအကျ ဟောကိန်းထုတ်ဖို့အသုံးမပြုနိုင်ပါဘူး တချို့သောကိစ္စတွေရဲ့ ဖြစ်တန်စွမ်းကိုသာ တွက်ထုတ်ပါတယ် ဖြစ်တန်စွမ်း probability ဟာ ဖြစ်နိုင်ခြေရှိတဲ့အရာအားလုံးရဲ့ ဖြစ်တန်စွမ်းကိုအကုန်ပေါင်းရင် ၁ ရမှ အဓိပ္ပာယ်ရှိတာပါ ဥပမာ အံစာတုန်းခေါက်တယ်ဆိုပါတော့ ဖြစ်နိုင်ခြေရှိတဲ့အရာတွေက ၁ ၂ ၃ ၄ ၅ ၆ ပါ ၆ ခုရှိပါတယ် တခုချင်းရဲ့ ဖြစ်တန်စွမ်းက ၁/ ၆ ပါဒီအပိုင်းကိန်းဟာ အမြဲတန်းသုညထက်ကြီးပြီး ၁ထက်ငယ်မှာပါ ၆ခုလုံးရဲ့ဖြစ်တန်စွမ်းကတော့သေချာတဲ့အရာဖြစ်ပြီးအပိုင်းကိန်းအားလုံးကိုပေါင်းရင် တစ်ရမှာပါ တစ်က ဖြစ်တန်စွမ်းမှာတော့ ဖြစ်ကိုဖြစ်ရမယ်ဆိုတာကိုကိုယ်စားပြုပြီး သုညကတော့လုံးဝမဖြစ်ခြင်းကိုဆိုလိုပါတယ် ဖြစ်တန်စွမ်းအားလုံးပေါင်းလို့တစ်မရတဲ့ကွမ်တမ်သီဝရီဟာအဓိပ္ပာယ်မရှိပါ
ဒါရဲ့အရေးကြီးတဲ့အကျိုးဆက်ကတော့ ကွမ်တမ်သီဝရီမှာ သတင်းအချက်အလက်က ဘယ်တော့မှမပျောက်ဆုံး နိုင်သလို ထပ်ပွားယူလို့လဲမရပါ

ရှေးရိုးရူပဗေဒမှာစွမ်းအင်တည်မြဲသလို ကွမ်တမ်မှာ ဖြစ်တန်စွမ်းဟာတည်မြဲပါတယ်ဒီတော့ သတင်းအချက်အလက်လဲတည်မြဲပါတယ် ဒီမှာသတင်းအချက်အလက်information ဆိုတာက ရုပ်အခြေအနေ state ကိုဆိုလိုတာပါ ရူပဗေဒ ဟာ စဦးအခြေအနေ ကိုပေးထားရင် နောင်တချိန် ဘယ်အခြေအနေကိုရောက်မယ်ဆိုတာပြောပြနိုင်ပါတယ် ရှေရိုးရူပဗေဒမှာတော့ state ဆိုတာ တည်နေရာနဲ့အလျင်ကိုဆိုလိုတာဖြစ်ပြီး ကွမ်တမ်မှာတော့ လှိုင်းဖန်ရှင် psi ကိုဆိုလိုတာပါ
ဒီတော့ ကျွန်တော်တို့ဟာ              စဦးအခြေအနေရဲ့သတင်းအချက်အလက်ကိုသိရင် အဆုံးရဲ့သတင်းအချက်အလက်ကိုတည်ဆောက်ယူလို့ရပါတယ် ပြောင်းပြန်လဲလုပ်လို့ရပါတယ်
ဥပမာအားဖြင့်အောက်မှာ အမှုန် ၂ခု တိုက်လွင့်မှုဖြစ်စဉ်ကိုပြထားပါတယ်
ဆိုပါဆို့ ပရိုတွန် ပရိုတွန်ခြင်းပစ်တိုက်တယ်ပေါ့
တိုက်မိပြီးနောက်မှာ အမှုန်တွေအများကြီးထွက်လာပါတယ်
ဒိအမှုန်အားလုံးရဲ့သတင်းအချက်အလက်သာရရင် စဦးအခြေအနေကို ကျွန်တော်တို့သေချာသိပါတယ်
ဒါဟာ ကွမ်တမ်နဲ့ သတင်းချက်လက်တို့ရဲ့ ဆက်သွယ်မှုပါ
(ရူပဗေဒပညာရှင် Matt Strassler ရဲ့ ဆောင်းပါးကိုမှိငြမ်းပါတယ် ဆက်လက်ဖော်ပြပါမည်)

တွင်းနက်နှင့် Information paradox ၃

ယေဘူယျနှိုင်းရသီဝရီဟာ အိုင်းစတိုင်းရဲ့ဒြပ်ဆွဲအားသီဝရီဖြစ်ပါတယ် ဒီသီဝရီကဒြပ်ဆွဲအားကို အချိန်နှင့်နေရာကွေးညွှတ်ခြင်းအနေ ဖြစ်ပုံဖော်ပါတယ် ကွေးညွှတ်တဲ့အချိန်နှင့်နေရာမှာသွားလာနေတဲ့ဘယ်အရာမဆိုရဲ့လမ်းကြောင်းဟာကွေးကောက်နေမှာပါ အချိန်ကွေးတယ်ဆိုတာဘာလဲ အချိန်ပိုကြာလာတာကိုပြောတာပါနေရာလဲထိုနည်း၎င်းပါ  သူက ကွမ်တမ်သီဝရီမဟုတ်ပါဘူးဆိုလိုတာက
ဖြစ်တန်စွမ်းကိုမသုံးပါဘူး သူကဘာဖြစ်မယ်ဆိုတာကိုအတိအကျတွက်ထုတ်နိုင်ပါတယ်
၁၉၁၅ မှ၁၉၅၈အတွင်းတဖြည်းဖြည်းသိလာတာက သိပ်သည်းပြီးဒြပ်ထုကြီးမားတဲ့အရာများဟာတွင်းနက်ဖြစ်လာတယ်ဆိုတာပါ
တွင်းနက်ရဲ့အနီးတဝိုက်မှာအချိန်နေရာဟာကွေးလွန်းတဲ့အတွက်ဖြစ်ရပ်မိုးကုတ်စက်ဝိုင်းကိုကျော်ပြီးအတွင်း ဝင်သွားတဲ့အရာမှန်သမျှပြန်မထွက်နိုင်တော့ပါ
အောက်မှာပုံပြထားပြီး ရုပ်အခွံ ၂ခု ဟာ အချိန်နေရာကွေးညွှတ်မှုအောက်မှာပြိုကျပြီး ဖြစ်ရပ်မိုးကုတ်စက်ဝိုင်းကို ကျော်လွန်တာနဲ့ပြန်မထွက်နိုင်တော့ပါ
အပြင်မှာရှိသူအနေနဲရုပ်အခွံ၂ခုရဲ့ သတင်းအချက်အလက်ဟာထာဝရ ပျောက်ဆုံးသွားမှာပါ

( Matt Strassler ရဲ့ဆောင်းပါးကိုမှီငြမ်းပါတယ် ဆက်လက်ဖော်ပြပါမည်)

တွင်းနက်နှင့် Information paradox ၎

ဖြစ်ရပ်မိုးကုတ်စက်ဝိုင်းဟာအရာ  ဝတ္ထုတခုမဟုတ်ပါဘူး နေရာတခုသာဖြစ်ပါတယ်၎င်းနေရာမှ ကျော်လွန်ရင်ဘယ်အရာမှမပြန်နိုင်တော့
ပါဘူးဥပမာအနေနဲ့သင်္ဘောတစီးရေတံခွန်ကိုဦးတည်နေသလိုပါ ရေစီးနှုန်းဟာ
တိုးတိုးပြီးမြန်လာတဲ့ အခါ စိတ်မှန်းနဲ့ဆွဲထားတဲ့ပြန်လှည့်မရတဲ့မျဉ်းကွေး ကိုမကျော်ခင်ထိတော့ ပြန်ကွေ့လို့ရနိုင်ပါသေးတယ် ကျော်ပြီးတဲ့နောက်မှာတော့ အင်ဂျင်ဘယ်လောက်ကောင်းကောင်း နောက်ဆုံးမှာရေတံခွန်ထဲပြုတ်ကျသွားမှာပါ သင်္ဘောကပ်ပတိန်ဟာဒီမျဉ်းကွေးကိုဖြတ်တဲ့အချိန်မှာ ထူးထူးခြားခြားဘာကိုမှသတိပြုမိမှာမဟုတ်ပါဘူး သူကလဲမြစ်ရဲ့သာမန်အစိတ်အပိုင်းတခုမို့ပါ သူ့ရဲ့ထူးခြားချက်ကိုသတိပြုမိတဲ့အချိန်မှာတော့ ရေတံခွန်ထဲပြုတ်မကျအောင်ရုန်းကန်နေရပါပြီ
ဒီလိုပါပဲ တွင်းနက်ရဲ့ မိုးကုတ်စက်ဝိုင်းကိုကျော်လွန်ချိန်မှာဘာမှမထူးခြားပါ ရုန်းမရတော့မှသာသတိပြုမိပြီးဒီအချိန်ဆိုရင်တော့ Singularity နဲ့သိပ်ကပ်လွန်းနေပါပြီ
အောက်မှာပုံပါပါတယ်

(Matt strassler ကိုမှီးပါသည် ဆက်လက်ဖော်ပြပါမည်)

တွင်းနက်နှင့် Information paradox ၅

ဝိရောဓိတွေဟာ သိပ္ပံအတွက်တော့အားဆေးပါ
ဝိရောဓိများကိုဖြေရှင်းဖို့ကြိုးစားရင်းသီဝရီသစ်တွေပေါ်ထွက်လာရတာပါ
သတင်းအချက်အလက်ဝိရောဓိကို၁၉၇၄-၁၉၇၅ မှာ ဟောကင်းကတွေ့ရှိခဲ့တာပါ ကွမ်တမ်စက်ကွင်းသီဝရီရဲ့အယူအဆကိုထည့်သွင်းတွက်ချက်တဲ့အခါ တွင်းနက်ရဲ့ပါတ်ဝန်းကျင်မှာ ဖြာထွက်ရောင်ခြည်များဖြစ်ပေါ်ပြီး တွင်းနက်ဟာတဖြည်းဖြည်းသေးငယ်ပြီး
နောက်ဆုံးမှာပျောက်သွားမှာပါ
ပုံ ၂ မှာ ရုပ်အခွံ ၂ ခုဟာ တွင်းနက်ရဲ့အထဲမှာဖိသိပ်ခံရပါတယ် ပုံ ၄မှာ တွင်းနက်မရှိတော့ပါ ၎င်းနှင့်အတူသတင်းအချက်လက်များဘယ်ရာက်သွားပါသလဲ၎င်းပျောက်သွား ခြင်းမှာကွမ်တမ်သီဝရီနှင့်မကိုက်ညီကြောင်းပြသနေပါသည်

တွင်းနက်နှင့် information paradox ၆

သတင်းအချက်အလက်များက ဟောကင် ဖြာထွက်ရောင်ခြည်များနှင့်အတူပြန်ထွက်သွားပါသလား ပြသနာမှာ တွင်းနက်ထဲရှိသတင်းအချက်အလက်များမှာအပြင်သို့ပြန်မထွက်နိုင်ပါ တခုတည်းသောနည်းလမ်းမှာသတင်းအချက်အလက်ကို ဖြာထွက်ရောင်ခြည်များပေါ်သို့  copy ကူးခြင်းပင်ဖြစ်သည်ဤသို့ဖြစ်ခြင်းကိုလဲကွမ်တမ်သီဝရီက ခွင့်မပြုပါ probability မတည်မြဲသောကြောင့်ဖြစ်သည်

ဤသည်မှာကွမ်တမ်သီဝရီကမပြည့်စုံ သောကြောင့်ဖြစ်ချင်ဖြစ်ပါမည် တွင်းနက်ရူပဗေဒသည် နယူတန်သီဝရီကို အိုင်းစတိုင်းကတိုးချဲ့သကဲ့သို့ တိုးချဲ့ရန် ဖိအားပေးနေသလော ဟောကင်က နှစ်၃၀ နည်းပါးဤသို့ပင် ယုံကြည်ခဲ့ပါသည်

( Matt Strassler ကိုမှီးပါသည် ဆက်လက်ဖော်ပြပါမည်)

တွင်းနက်နှင့်Information paradox ၇

ကွမ်တမ်သီဝရီကိုပြောင်းလဲရန်လိုပါသလားသို့သော်အ ခြားသူများကမူ ပြောင်းလဲဖို့လိုသည်မှာယေဘူယျနှိုင်းရသီဝရီဟုယူဆကြသည် ၁၉၉၂တွင်ဆက်စ်ကိုင်း ကcomplementarity ဆိုသောအယူအဆကိုတင်ပြလာသည်
၎င်းအယူအဆရ သတင်းအချက်အလက်မှာတွင်းနက်၏အပြင်ကောအတွင်းတွင်ပါကွမ်တမ်သီဝရီကိုမဖျက်ဆီးပဲတပြိုင်နက်ရှိ နေသည်
တွင်းနက်၏အပြင်တွင်ရှိနေသောသူသည်သတင်းအချက်အလက်မှာ တွင်းနက်၏ဖြစ်ရပ်မိုးကုတ်စက်ဝိုင်းပေါ်တွင်ရှိနေပြီးဟောကင်ဖြာထွက်ရောင် ခြည်အဖြစ်ပြန့်ထွက်သွားသည်ဟုမြင်ရမည်ဖြစ်ပြီး တွင်းနက်၏အတွင်းတွင်ရှိသူကမူသတင်းအချက်အလက်များအတွင်းတွင်စုရုန်းနေသည်ကိုမြင်ရမည်ဖြစ်ပါသည်
တွင်းနက်အပြင်နှင့်အတွင်းမှလူ၂ဦးမှာဆက်သွယ်နိုင်ခြင်းမရှိသဖြင့် ဝိရောဓိလည်းမရှိတော့ပါ ၂ဦးလုံးကိုယ့်ရှုထောင့်၌ကိုယ်မှန်နေမည် ဖြစ်သည်ဤအတိုင်းသာမှန်လျင်ပြင်ရမည့်သီဝရီမှာယေဘူယျနှိုင်းယျသီဝရီပင် ဖြစ်ပါသည်
အောက်တွင်ပုံပြထားပါသည်

(Matt Stressler ကိုမှီးပါသည် ဆက်လက်ဖော်ပြပါမည်)

တွင်းနက်နှင့် Information paradox ၈

Complementarity မှန်ဖို့ကလဲ လိုအပ်ချက်တချို့ပေါ်မူတည်ပါတယ် အဲဒါက ဂရက်ဟုဖ် စခဲ့ပြီးဆက်စ်ကိုင်းမွမ်းမံခဲ့တဲ့ hologram ဆိုတဲ့ idea ပါ ထုထည်ရှိတဲ့ဒြပ်ဆွဲအားရှိတဲ့ တွင်းနက်လိုအရာများကို ဒြပ်ဆွဲအားမရှိတဲ့ဖြစ်ရပ်မိုးကုတ်စက်ဝိုင်းလိုမျက်နှာပြင်မှာဖော်ပြသိုလှောင်ထားတယ်ဆိုတဲ့idea ပါ ခုဒီidea က conjecture အဆင့်ရှိပါသေးတယ် conjecture ဆိုတာက ပညာရှင်တွေအားလုံးကမှန်တယ်ဆိုတာသိနေပေမဲ့သက်သေမပြနိုင်သေးတဲ့အ ဆင့်ပါ ဒ်ီidea ဆိုလိုချင်တာက ကျွန်တော်တို့ရဲ့လောကဟာ ဟီုလိုဂရမ်များလို 3D ပုံစံမြင်ရဖို့သတင်းအချက်အလက်များကို 2D သာရှိတဲ့ CD ချပ်ပြားမှာရေးထားတယ်လို့ဆိုလိုခြင်းပါ
ဒီဥပမာနဲ့ complementarity ဖြည့်ဖက် အယူအဆကို ရှင်းရလျင် တွင်းနက်အပြင်မှလူက CD ချပ်ပြားကိုတွေ့နေပြီး အတင်းမှလူ က 3D hologram ထဲရောက်နေသလို ကိုယ့်အမြင်နှင့်ကိုယ်မှန်နေကြခြင်းပင်
အဘယ့်ကြောင့်ဆိုသော်၂ခုလုံးအတူတူပင်ဖြစ်၍ဖြစ်ပါသည်

နောက်ပိုင်းခုနှစ်များတွင်၎င်းအယူအဆမှန်နိုင်ဖွယ်ရာသက်သေအချို့ပေါ်ပေါက်လာပြီး (သို့ရာတွင်ဤပြဿနာမှာယခုချိန်ထိမ ပြတ်သားသေးပါ)စတီဖင်ဟောကင်ကိုယ်တိုင်သူငယ်ချင်းတဦးနှင့်ပြုလုပ်သောအလောင်းအစားကိုအရှုးံပေးခဲ့သည်  သတင်းအချက်အလက်တည်မြဲသည်ဟူ၍ ဤအတိုင်းသာဆိုပါက GR မှာပြုပြင်ရန်လိုပါမည်

(Matt strassler ကိုမှီးပါသည် ဆက်လက်ဖော်ပြပါမည်)ွ

တွင်းနက်နှင့် information paradox ၉

ဖြည့်ဖက်အယူအဆမှာလည်းဂယ်ပေါက်တချို့ရှိနေသည် တွင်းနက်များဖြာထွက်ရောင်ခြည်ထုတ်လွှတ်၍အငွေ့ပျံပျောက်ကွယ်ခြင်းမှာသိမ်မွေ့လွန်း၍ကွမ်တမ်ညီမျှခြင်းမရှိပါ၎င်းကိုရှာဖွေရန်ကြိုးစားရာမှာပိုချင်စကီးသည် Firewall ကိုတွေ့ခဲ့သည်  ၎င်းideaမှာ အကြမ်းဖျဉ်းအားဖြင့်ဤသို့ဖြစ်သည်

တွင်းနက်မျက်နှာပြင်မှဟောကင် radiation များဖြာထွက်၍တဝက်ခန့်အရောက် တွင်တွင်းနက်၏အတွင်းပိုင်းကိုဖော်ပြရန် သိုလှောင်ထားသောinformation များမှာကုန်လုနီးပါးဖြစ်၍ တွင်းနက်အတွင်းကျဆင်းသောသူမှာ အတွင်းပိုင်းကိုမတွေ့ရတော့ပါ သူသည် horizon ကိုရောက်ရုံနှင့်စွမ်းအားမြင့်အမှုန်များရှိသောမီးနံရံနှင့်တိုက်မီကာအငွေ့ပျံသွားပေမည် ဤသည်မှာ GR နှင့်ဆိုးဆိုးရွားရွားလွဲချော်နေပါသည်
နဂိုက GR ကိုသာမန်သာပြင်ရန်လိုသော်လဲ ယခုအခါ ခွဲစိတ်ဖို့ပင်လိုအပ်နေပေသည်

(Matt strassler ကိုမှီးပါသည် ဆက်လက်ဖော်ပြပါမည်)

့်


တွင်းနက်နှင့် Information paradox ၁၀


ဝိရောဓိကိုဖြေရှင်းရန်ကြိုးစားရင်း နောက်ဆုံးတွင်ဝိရောဓိသို့တပါတ်ပြန်လည်လာခဲ့ပါပြီ

ယေဘူယျနှိုင်းရသီဝရီ မှာ equivalence principal ခေါ် တူညီမှုနိယာမပေါ်အခြေခံပါသည်၎င်းနိယာမက

လုံလောက်အောင်သေးငယ်သောဝန်းကျင်သည် ဗလာနယ်( inertial frame / minkowski space)  နှင့်တူသည်ယူဆထားပါသည် ၎င်း၏အကျိုးဆက်အရ ဖြစ်ရပ်မိုးကုတ်စက်ဝိုင်းမှာ သာမန်ဗလာနယ်သာဖြစ်ရမည်ဖြစ်သော်လည်းယခုအခါစွမ်းအင်အပြည့်နှင့်firewall တခုဖြစ်နေပါသည်( ဗလာနယ်တွင်စွမ်းအင်အနိမ့်ဆုံးရှိရပါမည် သို့မှသာ ကွေးကောက်မှုမရှိသော inertial frame ဖြစ်နိုင်ပါသည် event horizon မှာသေးငယ်သောဝန်းကျင်၌ inertial frame ဖြစ်သော်လည်း firewall ကိုလက်ခံလျင်မှုဤသို့မဖြစ်နိုင်တော့ပါ)


ယခုအခါအားလုံးရှုပ်ထွေးလျက်ရှိပါသည် တခုခု လွဲချော်နေမှန်းသိသော်လည်း ဘယ်တခုမှန်းမသိပါ လက်ရှိတွင် အဖြေတော်တော်များများရှိသော်လည်း သဘောတူညီမှုမရသေးပါ ၎င်းတို့အထဲမှတခုမှာဟောကင်၏အယူအဆဖြစ်ပါသည်

သင်သည်ဤအကြောင်းကိုကြားဖူးနိုင်သော်လည်း၎င်းမှာဟောကင်ကနာမည်ကြီးတယောက်ဖြစ်နေခြင်း ကြောင့်ဖြစ်ပြီးမှန်ကန်၍ဟုမဆိုနိုင်သေးပါ


ဤ paradox သည်အရေးကြီးပါသလော ကြီးပါသည်အလင်းအလျင်ဝိရောဓိကြောင့် relativity ကိုတွေ့ခဲ့ပါသည် blackbody radiation ပြသနာကြောင့် quantum theory ကိုရခဲ့ပါသည် ယခု တွင်းနက်နှင့်information paradox ကိုသာရှင်းနိုင်ပါက အပြည့်စုံဆုံးသာဝလောက၏နိယာမကိုတွေ့ရှိပါလိမ့်မည် ယခုအခါ ဝိရောဓိကို ဖြေရှင်းမည့်ပေးမည့် genius တဦးအားစောင့်ကြိုလျက်ရှိပါကြောင်းတင်ပြရင်းအဆုံးးသတ်လိုက်ရပါသည် (ဟောကင်း၏proposal မှာ မရှင်းလင်းသေးသဖြင့်ချန်လှပ်ခဲ့ပါသည် Matt strassler ၏ ဆောင်းပါးကိုမှီငြမ်း၍ သင့်လျော်အောင်ရေးပါသည်)     

No comments:

Post a Comment