Tuesday, July 28, 2015

Quantum foam

quantum foam

ကွမ်တမ်အမြှုပ်ပေါ့ ၁၉၅၅ ခု မှ ဂျွန်အာချီဘော ဝှီးလား ကစတွေး
ခဲ့တာပါ ဒီခေါတ်က ကွမ်တမ် ခေတ် အဓိပ္ပါယ်ဖော်ရခတ်ပြီး
လက်တွေ့ နဲ့ ကိုက်ညီနေတဲ့ ခေါတ်မို့  ရူပဗေဒပညာရှင်တွေက
shut up and calculate age " ပါးစပ်ပိတ် တွက်စရာ
ရှိတာတွက်" ဆိုတဲ့ခေါတ်ပါ ဝှီးလားကတော့ မတွက်ပဲထိုင်တွေး
ခဲ့ပုံရပါတယ် ကွမ်တမ်အမြှုပ်တွေအကြောင်းတွေးမိခဲ့တယ်
ခုချိန်ထိ ရှေ့ နောက်ညီတဲ့ ကွမ်တမ်နဲ့  အိုင်းစတိုင်း GR ကို
ပေါင်းစပ်နိုင်သော ကွမ်တမ်ဒြပ်ဆွဲသီဝရီမရသေးပါဘူး

ဒါပေမဲ့  ဝှီးလားရဲ့အလိုအရတော့ ကွမ်တမ်ဒြပ်ဆွဲသီဝရီရဲ့ အသွင်အပြင် က အမြှုပ်တွေ သေးငယ်သောပူစီဖေါင်းလေတွေနဲ့ 
ပြည့်နေမှာပါ သူတို့ ဟာ ဖြစ်လာလိုက်ပျောက်သွားလိုက်နဲ့ 
အချိန်နေရာကို ဖန်တီး နေမှာပါ

ကွမ်တမ်ရဲ့ အဓိက ဝိသေသက မသေချာမှုနိယာမပါ ဒီအရ အရမ်း
တိုတောင်းတဲ့အချိန်ကာလမှာ အရမ်းကြီးတဲ့စွမ်းအင်ရှိပါတယ်
စွမ်းအင်ရှိတိုင်းမှာဒီကနေ particle- antiparticle
အမှုန်စုံတွဲဖြစ်ပေါ်လာမှာပါ ဒါပေမဲ့ စွမ်းအင် သိပ်ကြီးလွန်းတော့
အကြာကြီးမရှိနိုင်ပါဘူး ချကိချင်းပဲပြန်ပျောက်သွားမှာပါ ဒီလို
နည်း နဲ့ ဗလာနယ်လို့ ကျွန်တော်တို့ သိနေတဲ့ နေရာဟာ အမှုန်
စုံတွဲများ ဖြစ်လာလိုက်ပျောက်သွားလိုက်နဲ့ နေရာတခုပါ ဒါက
ကွမ်တမ်အရပါ

General Relativity အရတော့ စွမ်းအင်များလေ သူ့ ပါတ်ဝန်းကျင်ရဲ့ အချိန်နေရာ space-time continum
ဟာ ကွေးညွှတ်လေ တွင်းနက်ဖြစ်လေပေါ့ ဒီတော့သိပ်သေး
ငယ်တဲ့ ဗလာနယ်ဟာ ကျွန်တော်တို့ ခုသိတဲ့ အချိန် နဲ့ နေရာ
လို ချောမွေ့ မနေပဲ အမြဲပြောင်းလဲကွေးကောက်နေတဲ့ တွင်းနက်ကလေးများ နဲ ပြည့်နေရာ နေရာတခုပါ

ဒီသီဝရီ ၂ ခုကိုပေါင်းစပ်ခဲ့ ရင် ခုပြောသလို အမြဲပြောင်းလဲနေ
သော မချောမွေ့  သော ပူစီပေါင်းကဲ့သို့  အမြှုပ်များကိုသာ
အလွန်သေးငယ်တဲ့ အချိန် နဲ့ နေရာ ပါတ်ဝန်းကျင်မှာတွေ့ ရမှာ
ဖြစ်ပြီး အက်တမ်တွေရဲ့ အရွယ်အစားရောက်တဲ့ အခါမှသာ
ချောမွေ့ သော အချိန် နဲ့ နေရာကို ပြန်တွေ့ ရမှာပါ
ခုပြောတဲ့နေရာရဲ့ အရွယ်အစားက 10^ -33 cm မှာပါ
ဒါက ကွမ်တမ် ဒြပ်ဆွဲ သီဝရီမှာတွေ့ ရနိုင်တဲ့ အသွင်အပြင်ပါ

ဒါကို သင်္ချာနဲ့ ရေးရင် spin foam လို့ ခေါ်ပြီး ရော်ဂျာပန်ရို့ စ်
တီထွင်ခဲ့ တဲ့ spin network သင်္ချာ ကို သုံးပါတယ်

quantum foam တွေသာတကယ်ရှိခဲ့ ရင် အလွန်ဝေးတဲ့ 
ကွေဆာတွေက လာတဲ့ စွမ်းအင်မြင့် gamma ray burst
GRB  ၂ လုံး ဟာ ကမ္ဘာကို ရောက်ချိန်မှာပြိုင်တူ မရောက်နိုင်
ပါဘူး သူတို့ ဖြတ်သန်းရာအချိန်နေရာ က မချောမွေ့ လို့ တခုက
တခုထက်နောက်ကျမှာပါ ခုချိန်ထိတွေ့ ရှိချက်အရတော့
severe constraint and limits တွေရှိပါတယ်

လက်ရှိ ကွမ်တမ်ဒြပ်ဆွဲသီဝရီ တွေထဲမှာ ကွမ်တမ်အမြှုပ်တွေကို
ရှိမယ်လို့ ဟောကိန်းထုတ်တာကတော့ loop quantum
gravity ပါ

ကျွန်တ်ာတို့ သိတဲ့ လောကဟာ ထင်တာထက်အံ့သြဖို့ 
ကောင်းပါကြောင်း

No comments:

Post a Comment