Shock wave
အသံထက်မြန်သော ဂျက်လေယာဉ် များ ပျံသန်း
သောအခါ မှာ sonic boom ခေါ်သည့် ကျယ်လောင်သော အသံနှင့် တုန်ခါမှုများဖြစ်ပေါ်
လေ့ရှိသည် ၎င်း sonic boom မှာ လေယာဉ်မှ ဖြစ်
ပေါ်လာသော shock wave ကြောင့် ဖြစ်ပေါ်ခြင်း
ဖြစ်ပါသည်
သင်္ဘောများ ရေပြင်ပေါ်တွင်သွား သောအခါ သင်္ဘော ဦး ထိပ်မှ ရေလှိုင်း ၂ဖြာ ခွဲထွက်၍
တဖက်တချက်စီ ဖြာထွက်သည်ကိုမြင်ဖူးကြပါမည်
ယင်း လှိုင်းကို bow wave ဟုခေါ်ပါသည် shock
wave မှာ bow wave ပင်ဖြစ်ပြီး ကွာသည်မှာ
၎င်း wave ကိုထုတ်လွှတ်သော အရာ၏ velocity
မှာ အသံထက်မြန်ခြင်းပင်ဖြစ်ပါသည်
အသံ၏ velocity မှာ ၎င်းဖြတ်သန်းသွားသော
ကြားခံနယ်၏သိပ်သည်းမှု အပူချိန် နှင့်ဖိအား
ပေါ်မူတည်ပါသည် အကယ် ၍၎င်းကြားခံနယ်တွင်
အသံထက်မြန်သော velocity ဖြင့် အရာတခုက
ရွေ့လျားသော အခါ အောက်တွင်ပြထားသော
ပုံ အတိုင်း ဖြစ်ပေါ်ပါသည်
ဆိုပါစို့ အသံထက်မြန်သော( ဥပမာလေယာဉ် )ထိုအရာမှာ
x₁ တွင်ရှိပြီးကြားခံနယ် ( လေထု )ကိုတိုးဝှေ့ရွေ့လျား
၍ အသံဖြစ်ပေါ်လာသည် အသံ ကလှိုင်းဖြစ်၍ ပါတ်
လည်ကို စက်ဝိုင်းအသွင်ပြန့်ထွက်သည် သဘောက
ရေကန်ထဲခဲပစ်ချသောအခါ ရေပွက်စက်ဝိုင်းလေး
များတွေ့ရသလိုပင်
လေယာဉ်က x₂ အမှတ်သို့ရောက်သောအခါ x₁ ကို
ဗဟိုပြုသောအသံလှိုင်းမှာ r₁ သို့ရောက်နေပါပြီ
လေယာဉ်၏ velocity မှာ အသံလှိုင်း၏ velocity
ထက်များသဖြင့် x₁x₂အကွာအဝေးမှာ r₁ ၏ အကွာအ
ဝေးထက်ပိုပါသည်
ထိုအချိန်တွင်လေယာဉ်ကြောင့် x₂ ကိုဗဟိုပြု၍
နောက်ထပ်အသံလှိုင်းဖြစ်ပေါ်သည်
လေယာဉ် x₃ သို့ရောက်သောအခါ x₁ ကိုဗဟိုပြုသော
အသံက r₃ သို့ရောက်ပြီး x₂ ကိုဗဟိုပြုသော အသံလှိုင်း က r₂ သို့ရောက်သည် r₂ ကော r₃ ပါ အရွယ်မတူသော်လည်း တူညီသော tangent
မျဉ်းရှိကြပါသည်
x ဝင်ရိုးနှင့် tangent မျဉ်းဆုံရာ ထောင့်ကို θ ဟု
ခေါ်ပါ
စက်ဝိုင်း၏ အချင်းဝက် ဖြစ်သော r₃ နှင့် tangent
ဆုံရာထောင့်မှာ အမြဲတန်း ထောင့်မှန်ကျပါသည်
ထို့ကြောင့် တြီဂိုအရ θ ၏ တန်ဖိုး ကိုရှာနိုင်သည်
x₃ - x₁ မှာ လေယာဉ်၏velocity နှင့်အချိုးကျပြီး
r₃ မှာ အသံ၏ velocity နှင့် အချိုးကျပါသည်
ဆိုင်းတန်ဖိုး မှာ မျက်နှာချင်းဆိုင်အနားကို ထောင့်
မှန်ခံအနားဖြင့် စားခြင်းဖြစ်ရာ
sin θ = v (sound) / v(object)
v (object) / v ( sound) ကို Mach number ဟု ခေါ်ပြီး
အသံထက် မြန်သောအလျင်ကို တိုင်းသော
ဂဏန်း ဖြစ်ပါသည် သြစတြေးလျ ရူပဗေဒပညာရှင်
Ernst Mach ကိုဂုဏ်ပြုမှည့်ခေါ်ခြင်းဖြစ်ပါသည်
Mach 1 မှာ အသံ၏အလျင် ဝါ အသံလောက်မြန်
သောအလျင်ဖြစ်ပါသည် Mach 2 မှာ အသံထက်
၂ ဆ မြန်သည်စသဖြင့်
ဤနေရာတွင် တန်းဂျင့်မျဉ်းတလျောက် ရှိသော
အသံ၏ wavefront လှိုင်းထိပ်များကို shock wave
ဟုခေါ်ပါသည် ၎င်းမှာ sound wave ဖြစ်ပြီး
sonic boom များကိုဖြစ်ပေါ် စေပါသည်
အထက်ပါညီမျှခြင်းအရ θ ၏ တန်ဖိုးကို သိယုံဖြင့်
ထိုအရာ၏ အလျင်ကိုသိနိုင်ပါသည် ယခု ပုံမှာ
2 dimension တွင်ဖြစ်ပြီး တကယ့် 3 dimension
တွင်မှု cone ပုံရှိပါသည်
အဏုမြူဗုံးကွဲရာတွင်၎င်း ငလျင်လှုပ်ရာတွင်၎င်း
ဖြစ်ပေါ်သောလှိုင်းများမှာ သိမ့်လှိုင်းများဖြစ်ကြသည်
လျှပ်စီးလက်ရာတွင်အတန်ကြာသောအခါ ဖြစ်ပေါ်
သော မိုးကြိုးသံမှာ လည်း shock wave ပင်ဖြစ်ပါ
သည်
ကမ္ဘာမြေကြီးအတွင်းပိုင်းဖွဲ့စည်းပုံကို လေ့လာရာတွင်
ဤသိမ့်လှိုင်း ဝါ ငလျင်လှိုင်းများကို စောင့်ကြည့်ခြင်းဖြင့် အတွင်းပိုင်းတွင်အရည်လွှာများ
ရှိကြောင်းတွေ့ရှိခဲ့သည်
အောက်ကဒုတိယပုံမှာသိမ့်လှိုင်းလာပုံ
တတိယမှာ subsonic မှ supersonic သို့ အပြောင်း shock wave
၎ ပုံ မြောက်မှာလျှပ်စစ်မိုးကြိုးများကိုဖြစ်စေသော
cumulonimbus တိမ်အမျိုးအစားပုံဖြစ်ပါသည်
No comments:
Post a Comment