Tuesday, July 28, 2015

Game theory

#ဂိမ်းသီဝရီ

ဂိမ်းသီဝရီကိုကမ္ဘာက သိအောင်တည်ဆောက်ပြနိုင်ခဲ့တဲ့
ဂျွန် ဖို့ နက်ရှ် ဂျူနီယာကတော့ သိပ်မကြာခင်ကဆုံးပါးသွားခဲ့
ပါတယ် နိုဗဲလ်ဆုရခဲ့သူ  A beautiful mind ဆိုတဲ့  ရက်ဆဲလ်ခရိုးပါဝင်သရုပ်ဆောင်တဲ့ကားက သူ့ အကြောင်းပါ

ဂိမ်းသီဝရီဟာ decision making process အတွက်
အရေးပါတဲ့ သီဝရီတခုပါ စီးပွားရေး စစ်ရေး နိုင်ငံရေး
social behavior စသဖြင့် နယ်ပယ်တွေမှာ အသုံးချနိုင်တဲ့ 
အတွက် အရေးပါပါတယ် တကယ်တော့ လူ့ ဘဝ ဆိုတာ
ဆုံးဖြတ်ချက်တခုပြီးတခု ချနေရတဲ့ sequence of decision တခုပါ သင် မနက်အိပ်ယာက ထလို့  ကျောင်းသွား
မှာလား ဒါမှမဟုတ် ဆက်အိပ်မှာလားဆိုတာ မိုးရာသီမှာ အိမ်
ပြင်ထွက်ရင် ထီးယူမလား မယူဘူးလားဆိုတာ ဆုံးဖြတ်ချက်တွေပါ
ဂိမ်းသီဝရီကို စတင်ခဲ့ သူက ဂျွန် ဗွန် နျူးမင်း ပါ ကွမ်တမ်ရဲ့ ဖခင်
ကွန်ပြူတာတွေရဲ့ ဖခင် တဦးပေါ့  ဒါပေမဲ့ နျူးမင်းက zero-sum
game လို့ ခေါ်တဲ့  အခြေခံ သီဝရီကို သက်သေပြခဲ့တာပါ

လူ့အဖွဲ့ အစည်းက တယောက်ထဲမဟုတ်ပါဘူး အများနဲ့ ပါ
အရိုးရှင်း ဆုံးပုံစံက  ၂  ယောက်ထဲပါတဲ့ ဖြစ်စဉ်ပေါ့ ၂ ယောက်
ပါတဲ့ အတွက် decision ဆုံးဖြတ်ချက်ကလည်း ၂ မျိုးပါ
decision ၂ခု ရဲ့  ဝိရောဓိမှာ ရလာဒ်က လည်းအမျိုးမျိုးပါ
ဖြစ်နိုင်သမျှရလာဒ်တွေထဲ ကမှ အဖြစ်များဆုံးရလာဒ်ကဘာလဲ
ဒါကို equilibrum လို့ ခေါ်ပါတယ် ဒါကိုရှာတာကို game
theory က လုပ်ပါတယ် ဒီ equilibrum ရှိကြောင်းပြပါတယ်

နျူးမင်းရဲ့ သီဝရီက zero sum game အတွက်ပါ ဒါက လူ ၂
ဦးပါတဲ့ ဂိမ်းအမျိုးအစားမှာ ရလာဒ်ဟာ ပေါင်းရင် သုညရ
နေတာမျိုးပါ ဥပမာ chess လို စစ်ပွဲ တခုလိုမျိုးပါ တယောက်နိုင်
ရင်တယောက်ရှုံးမှာပါ နိုင်သူကို တစ်မှတ်ပေးရင် ရှုံး သူကို တမှတ်
နှုတ်ရမှာပါ ၂ယောက်လုံးပေါင်းတော့ သုညပေါ့ ဘောလုံးပွဲ လို
လောင်းကစားလို ကိစ္စ တွေပါမယ်ထင်ပါတယ် ဒါပေမဲ့ လောကမှာ
zero sum game တခုတည်းမဟုတ်ပါဘူး decision
တွေချပြီးတဲ့ အခါ ၂ ဦး ၂ဖက်လုံးနိုင်တာ win-win နဲ့  ၂ ဦး၂ဖက် လုံး ရှုံး တာ lose-lose game  တွေလဲရှိပါတယ်
သူတို့ က ပါဝင်သူ player တွေရဲ့  ရလာဒ် payoff  ကိုပေါင်းတဲ့ အခါ Non zero သုည မဟုတ်တဲ့ ရလာဒ်ကို
ပေးပါတယ် ဒါကြောင့် non zero-sum game လို့ခေါ်ပါ
တယ် ဒါကပိုယေဘူယျကျပြီး ဒီgame ရဲ့  Equalibrum
ကိုရှာတွေ့  သက်သေပြနိုင်ခဲ့ သူက နက်ရှ်ပါ ဒါကို
နက်ရှ်မျှခြေ  Nash equilibrum လို့ ခေါ်ပါတယ်

ဂိမ်းဟာသချာင်္ပစ္စည်းတခုပါ သူ့ မှာ အစိတ်အပိုင်း၃ခုပါပါတယ်
player ကစားသမား payoff ရလာဒ် နဲ့ decision ဆုံးဖြတ်
ချက်တိုပါ player က ၂ဦးနဲ့  ၂ဦးအထက်ကြိုက်သလောက်
ဖြစ်နိုင်ပါတယ် ဆုံးဖြတ်ချက်ကလည်း ကြိုက်တာကို ကြိုက်သလောက်အရေအတွက်ပါ payoff လဲဒီလိုပါပဲ
ဒါတွေကို matrix ပုံစံနဲ့ ကိုယ်စားပြုနိုင်ပါတယ်

နာမည်ကြီးတဲ့ game တခုကတော့ prisoner's dilemma
ဆိုတဲ့ gameပါ အကျဉ်းသားကြံရာပါ ၂ ယောက်ကိုဖမ်းမိတယ်
အကျဉ်းခန်းမှာ တယောက်တခန်း ခွဲထားတယ် တယောက်ဘာ
ဆုံးဖြတ်မယ်ဆိုတာ တယောက်မသိနိုင်ဘူး ဆုံးဖြတ်ချက်က ၂ခု
ထဲပါ ပြစ်မှုကိုဖော်ကောင်လုပ်မလား နှုတ်ပိတ်နေမလား
ရလာဒ်က ဒီလို

1.မောင်၁ ကော မောင် ၂ ပါ နှုတ်ပိတ်နေရင် ထောင် ၁နှစ်စီပဲကျမယ်

2.မောင် ၁ ကဖော်ပြီး မောင် ၂ က နှုတ်ပိတ်ရင် မောင် ၁ ကလွတ်မယ် မောင် ၂ က ၂၀ နှစ်ကြမယ် (ပြောင်းပြန်လဲဒီအတိုင်း )

3.မောင် ၁ ကော မောင် ၂ ပါ ဖော်ရင် တယောက် ၅ နှစ်စီကျမယ်

ဒါဆိုအဖြစ်နိုင်ဆုံးဖြစ်စဉ်ကဘာလဲ?
3ပါ  ဒါဟာ နက်ရှ် မျှခြေပါ ၂ ယောက်လုံးဖော်ကောင်သာဂဒိုး
လုပ်ကြမှာပါ

သင်္ချာအရတော့  matrix နဲ့ တွက်နိုင်ပါတယ် ဒီပုံစံမှာ မိုးရာသီထီးယူ မယူပြသာနာလည်းထည့်တွက်နိုင်ပါတယ်
မောင် ၁ က မိုးရွာ မောင် ၂ က မိုးမရွာ
decision ၁ က ထီးယူ ၂ က မယူပေါ့

ဒီပုံစံကိုသုံးပြီး လူတွေရဲ့ ယုံကြည်မှု တခုမှားကြောင်းသက်သေ
ပြထားတာရှိပါတယ် အဲဒီယုံကြည်မှုက

လူတိုင်းလူတိုင်းသာကောင်းရင်လိမ္မာရင် လူ့ ပါတ်ဝန်းကျင်ဟာ အကောင်း ဆုံးနေရာတခုဖြစ်လိမ့် မယ်ဆိုတာပါ

ဒါမဖြစ်နိုင်ကြောင်းကိုgame သီဝရီနဲ့  prove လုပ်ခဲ့ပါတယ်

နောက်တချက်က အရမ်းအတ္တကြီးတတ်တဲ့  လူသားတွေဟာ
လည်းနက်ရှ် မျှခြေမှာ ကိုယ်ကျိုးစွန့် တတ်တဲ့လူသားတွေ ဖြစ်လာ
ကြောင်း သက်သေပြချက်ရှိပါတယ် ပြောချင်တာက evolution
ရဲ့ အစ မှာ လူဟာကိုယ့်အတွက်ကိုယ်ပဲကြည့်ပေမဲ့  society
ဆိုတဲ့ game ကိုထပ်ခါထပ်ခါ ကစားပြီးတဲ့ အခါမှာ နက်ရှ်မျှခြေ
အရောက် ကိုယ်ကျိုးစွန့်တက်တဲ့ ဗီဇအချို့ ပေါက်ဖွားလာပါကြောင်း

No comments:

Post a Comment