Tuesday, July 28, 2015

အောလ်ဘားဝိရောဓိ

အောလ်ဘား ဝိရောဓိ

ဂျာမာန် နက္ခတ္တပညာရှင် ဟိန်းရစ်ခ်ျ ဝီလ်ဟမ် အောလ်ဘားရဲ့
ဝိရောဓိပါ ၁၉ ရာစု မှာပေါ်ပေါက်ခဲ့တာဖြစ်ပြီး ယခုအခါမှာတော့
အဖြေရနေပါပြီ အပျင်းပြေညဏ်စမ်းခေါင်းစားကြည့်ရအောင်ပါ

သူကဘာပြောလဲဆိုတော့ 

"ညဘက်ကောင်းကင်ဟာဘာလို့ မှောင်
မည်းနေရတာလဲတဲ့"

ညပဲကွာမှောင်မှာပေါ့  အဲလိုတော့ မဟုတ်ပါဘူး ၁၉ ရာစု ရဲ့
သိပ္ပံ ပညာအရ ကောင်းကင်မှာမြောက်များလှတဲ့ ကြယ်တွေရှိကြောင်းသိပါ တယ်လူတယောက်ကကြိုက်တဲ့နေရာ ကို
ကြည့် line of sight ဟာ ကြယ်တစင်းပေါ်တော့ ကျရောက်မှာပါ
ဒီတော့ကောင်းကင်ဟာတောက်ပလင်းလက်နေမှာပါ

ဖြစ်နိုင်ဖွယ်ရှိတဲ့ ဖြေရှင်းချက် ၅ ခု ကိုအောက်မှာပေးထားပါတယ်
ဒီထဲက ၂ ခုမှန်ပါတယ် ဘယ်၂ ခုဖြစ်မလဲဆိုတာ ထင်တာနဲ့အတူ
အပျင်းပြေမန့် ခဲ့ နိုင်ပါတယ်

၁   အဝေးကကြယ်တွေကို ဖုန်မှုန့် များက ပိတ်ဆို့ ထားလို့ 

၂  စကြာဝဠာမှာ ကြယ် အရေအတွက် အနန္တ ( infinite)မရှိလို့ 

၃  ကြယ်များရဲ့ ပျံ့ နှံ့ မှုကရပ်ဆယ်မျက်နှာ တသမတ်တည်းမရှိလို့ 
    ဆိုလိုတာက ကြယ်အရေအတွက်အနန္တ ရှိမယ် ဒါပေမဲ့        
    တလုံးနဲ့  တလုံး ထပ်နေလို့ တချို့ direction တွေမှာ တော့
    ရှားသွားတယ်

၎  စကြာဝဠာပြန့် ကားနေလို့ အဝေးကကြယ်တွေရဲ့အလင်းဟာ
    မှိန်သွားတယ်

၅  စကြာဝဠာဟာငယ်သေးတယ် အဝေးကြယ်တွေရဲ့ အလင်းရောင်
    ကမ္ဘာဆီကိုမရောက်သေးဘူး

ကဲ think twice before u answer

No comments:

Post a Comment