အထွေထွေနှိုင်းယျသီဝရီ
ခုပို့ စ်က ဒေါက်တာ ဒေးဗစ်တန် ရဲ့  GR နှစ်တရာ ပြည့် ဟောပြောပွဲက အိုင်းစတိုင်းရဲ့ဒြပ်ဆွဲသီဝရီအကြောင်း သာမန်လူနား
လည်အောင်ရှင်းပြထားတာလေးပါ 1915 မှာပေါ် ခဲ့တဲ့ GR
ဟာ ခု 2015 မှာ နှစ်တရာပြည့် ပါပြီ plus mag ကပါအတိအ
ကျမဟုတ်ပဲကျောရိုးကိုယူထားပါတယ်
GR ( general relativity )ဟာ ဒြပ်ဆွဲအား အကြောင်းရှင်း
ပြတဲ့ သီဝရီ ပါ ဒါပေမဲ့ ဒါဟာပထမဆုံး သီဝရီ မဟုတ်ပါဘူး
၁၆၈၆ မှာ နယူတန်ဟာ inverse square law နဲ့  ဒြပ်ဆွဲ
အားကိုပထမဆုံးရှင်းပြခဲ့ ပါတယ် ဒီသီဝရီက ပန်းသီးဘာလို့ 
မြေပေါ်ကျလဲ လ ဘာလို့ ကမ္ဘာကို ပါတ်လည်း ကိုရှင်းပါတယ်
ဒါပေမဲ့ အကွာအဝေး သိပ်ဝေးလွန်းရင် သို့  ဒြပ်ထု သိပ်ကြီးလွန်း
ရင်လိုအပ်ချက်တွေရှိလာပါတယ် ဒါပေမဲ့ သူက အိုင်းစတိုင်းသီဝရီ
နဲ့ ယှဉ်ရင် လွယ်ကူပါတယ်
ဆိုပါစို့  သင့်မှာ အရာ ၂ ခု နေ နဲ့ကမ္ဘာပေါ့ ရှိတယ်ဆိုပါတော့
ဒြပ်ထုက m₁ နဲ့ m₂ အသီးသီး ဖြစ်တယ်ပေါ့ ဒါဆိုသူတို့ ၂ ခုကြား
ကအားကို
F = G m₁ m₂ / r²
ပေါ့ ဆိုလိုတာက ပိုဝေးလေ ဆွဲအား နဲလေ ဒြပ်ထု ပိုကြီးလေ ဆွဲ
အားကြီးလေပေါ့ G ကတော့ဒြပ်ဆွဲအားကိန်းသေပါ
၁၇၈၅ မှာ ချားလ်အော်ဂတ်စတင်ဒီကိုလောင်း က နောက်ထပ်
နှစ်ထပ်ကိန်းပြောင်းပြန် နိယာမတခု ကို တည်ငြိမ်လျှပ်စစ်အား
အတွက်တင်ပြခဲ့ပါတယ်
F = 1/4πε . Q₁Q₂ / r²
ε က လျှပ်စစ်အားရဲ့ပမာဏကိုပြတဲ့ကိန်းသေပေါ့ G လိုမျိုးပါပဲ
သူ့ မှာ နာမည်ရှိပါတယ် permittivity of free space တဲ့
နယူတန့် သီဝရီမှာ ပြသနာတခုရှိပါတယ် ဆိုပါတော့ ကမ္ဘာ က နေ
ကို လှည့်နေတယ် ဒီအချိန်မှာ နေကို ရုတ်တရက် ဖယ်လိုက်မယ်
ဘာဖြစ်မလဲ နယူတန် အရတော့ ကမ္ဘာ ပေါ်သက်ရောက်နေတဲ့ 
နေရဲ့ ဆွဲအားဟာ ရုတ်တရက် ပျောက်သွားပြီး ကမ္ဘာက လွင့်စင်
သွားမှာပါ ဒါပေမဲ့  1905 မှာတွေ့ တဲ့ SR အရတော့ စကြာဝဠာ
မှာ ဘယ်အရာမှ အလင်းအလျင်ထက်ပိုမမြန်ပါ ဒီအထဲမှာ တခုကို
တခု ဆွဲနေတဲ့ သက်ရောက်မှုတွေလဲပါပါတယ် ဆိုလိုတာက ရုတ်ချဉ်း ဆိုတာ ရုတ်တရက်ဆိုတာ မရှိပါ
ဒါကြောင့် လည်း ရှေးရိုးရူပဗေဒ ကို ဒီနေရာမှာပြင်ဖို့ လိုပါတယ်
အားဆိုတဲ့သဘောတရားကိုပြင်ဖို့ လိုနေပါတယ် အရာ တခု နဲ့ 
တခုကြားမှာ အားကိုသယ်ဆောင်ပေးမဲ့ တခုခု လိုအပ်နေပါတယ်
အဲအရာရဲ့အလျင်က အလင်းထက်မမြန်ရဘူးပေါ့ ဒါကို စက်ကွင်း
လို့ ခေါ်ပါတယ် ဒီကြီးကျယ်တဲ့ပံ့ပိုးမှုကတော့ မိုက်ကယ် ဖါရာဒေး
ကြောင့်ပါ ဖါရာဒေးက အရာတခုနဲ့  တခုကြားမှာ အားကိုသယ်
ဆောင်ပေးတဲ့တခုခုရှိတယ် ဥပမာအားဖြင့် လျှပ်စစ်စက်ကွင်း
သံလိုက်စက်ကွင်းပေါ့
ငြိမ်နေတဲ့ charge ရှိတဲ့ အရာ တခု ရှိမယ် သူ့ ပါတ်ဝန်းကျင်မှာ
စက်ကွင်းတခုရှိမယ် ဒီစက်ကွင်းထဲက တခြား အရာ တခုပေါ်ကို
သက်ရောက်တာကို အားလို့ ခေါ်မယ် ဒါဆိုရင် အားဟာ
primary concept မဟုတ်တော့ဘူး စက်ကွင်းကြောင့်ဖြစ်
လာတဲ့ အရာပါ
တကယ်လို့ အရာတခုကိုရုတ်တရက်အဝေးကိုဖယ်ထုတ်လိုက်ရင်
သူ့ ရဲ့စက်ကွင်းမှာလှိုင်းထသွားမယ် ဒီလှိုင်းက အလင်းအလျင်နဲ့ 
ပြေးပြီး ကျန်တဲ့ အရာ ပေါ်မှာသက်ရောက်ပါတယ် ဒီတော့ အား
သက်ရောက်မှုဟာ အရမ်းတော့မြန်မယ် ဒါပေမဲ့ ချက်ခြင်းတော့
မဟုတ်ဘူးပေါ့ charge particle ၂ ခုကြား ကအားကို အလင်း
ဖြစ်ကြောင်းတွေ့ ရှိခဲ့ပါတယ်
လက်တွေ့ စက်ကွင်းသီဝရီ တခုဖြစ်လာဖို့ အချိန်အများကြီးယူခဲ့ရ
ပါတယ် ဂျိမ်း ကလက် မက်စ်ဝဲလ် ကနောက်ဆုံး မှာအောင်မြင်ခဲ့
ပြီး ကိုလောင်း ညီမျှခြင်းကို ညီမျှခြင်း ၄ ခုပါတဲ့  လျှပ်စစ်သံလိုက်
ညီမျှခြင်းနဲ့ အစားထိုးနိုင်ခဲ့ပါတယ် ဒီညီမျှခြင်းများကအစွမ်းအလွန်
ထက်ပါတယ် အီလက်ထရွန်းနစ်ခေတ်ဟာ ဒါကြောင့်ဖြစ်လာတာ
ပါ မော်တာ ပန်ကာ ကအစ လျှပ်စစ်ပစ္စည်းအစုံစုံဟာ ဒါမရှိရင်
ဖြစ်မလာပါ
ဒါဆိုရင် gravitational charge ဖြစ်တဲ့ mass ဒြပ်ထု ရှိတဲ့
အရာ ၂ ခု ကြားက အားကကော အိုင်းစတိုင်းရဲ့ဥာဏ်ပညာက
ဒြပ်ဆွဲအားကိုသယ်ဆောင်တဲ့စက်ကွင်းကို လူတွေ ရင်းနှီးပြီးသား
အရာနဲ့ ပြုလုပ်ထားကြောင်းသိမြင်ခဲ့တာပါ အဲဒါကတော့ အချိန်
နဲ့ နေရာပါ
နေကိုစဉ်းစားကြည့်ပါ နေရဲ့ဘေးက space နေရာ ဝါ အာကာသ
ဟာ ဒီတိုင်းရပ်မနေပါ သူဟာ နေရဲ့ဒြပ်ထုကြောင့် ကွေးခွက်သွားပါ
တယ် ဒီထဲကို ကမ္ဘာ ဝင်ရောက်လာတဲ့ အခါ အဲဒီအခွက်တိုင်းလည်
ရင်း နေကို ပါတ်နေသလို ထင်ရပါတယ် အရမ်းနှေးရင်တော့ နေကို
တည့်တည့်ဝင်တိုက်မိမှာပါ
နောက်တချက်ကတော့ အချိန်နဲ့ နေရာဟာသီးသန့် မဟုတ်ပဲ ရော
ယှက်နေတဲ့အတွက် အချိန်လည်း massive object ဘေးမှာ
နှေးလာတာပါ ဒါကြောင့် ကွေးတာဟာ spacetime ပါ အချိန် နဲ့ နေရာက ပေါင်းသွားတယ်ပေါ့
ပြီးတော့ ဒြပ်ထု နဲ့ စွမ်းအင်ကလည်း ပေါင်းပါတယ် ဒီတော့
mass-energy ပေါ့
သူ့ အီကွေးရှင်းကရှင်းပါတယ်
R - ¹/₂ R g = G/8πc⁴ T
μν μν μν
ဒီညီမျှခြင်းက ဒြပ်ထုစွမ်းအင်တခု ကကြီးလေ သူ့ ဘေး က
အချိန်နေရာကကွေးလေ ကိုဖော်ပြတာပါ
ညီမျှခြင်းရဲ့ ဘယ်ဘက်ခြမ်းက
R - ¹/₂ Rg
μν μν
အချိန်နေရာ ရဲ့ ကွေးညွှတ်မှု curvature ကိုဖော်ပြထားတာပါ
ကျွန်တော်တို့ ကသူ့ ရဲ့ အကျိုး သက်ရောက်မှုကို ဒြပ်ဆွဲအားအနေ
နဲ့ မြင်ရပါတယ် ဒီ ကိန်းတန်းက နယူတန် သီဝရီ ဘယ်ဘက်ခြမ်း
မှာရှိတဲ့ F နဲ့  သဘောသဘာဝတူပါတယ်
ညာဘက်ခြမ်းက
T
μν
ကတော့ mass-energy ဒြပ်ထုစွမ်းအင် ကို ကိုယ်စားပြုပါ
တယ် သူက စွမ်းအင် ဒြပ်ထု အဟုန် ဖိအားစသဖြင့် အားလုံး
ပါပါတယ် သူက နယူတန် ညီမျှခြင်းက m₁m₂ နဲ့  သဘောသဘာ
ဝဆင်ပါတယ် သူ့ ရဲ့  သဘာဝကို သိရင် အချိန်နေရာ အကြောင်း
သိနိုင်ပြီပေါ့ ဒါပေမဲ့သူက နယူတန် m₁m₂ ထက်ပိုရှုပ်ပါတယ်
Gကတော့ ဒြပ်ဆွဲပြင်းအားကိုဖော်ပြတဲ့ကိန်းသေ ပါ c က အလင်း
အလျင်ပေါ့သူလည်းကိန်းသေပါပဲ
ဒါဆိုဂရိ စာလုံး μν တွေကဘာလဲ သူ တို့ ကို subscripts
အောက်ဆွဲ အနေ နဲ့ ရေးထားပါတယ် ဘာကိုရည်ညွှန်း ချင်တာလဲ
ဒါကိုနားလည်ဖို့ ဆိုရင် အချိန်နေရာ မှာ dimension ၄ ခု ရှိကြောင်းသိဖို့ လိုပါတယ် နေရာက ၃ ခု အလျား အနံ အမြင့်ပေါ့
အချိန်ကတခု သင်ကရွေ့ နေတဲ့ ဒြပ်ထုက သူ့ ဘေးက အချိန်နေ
ရာ ကိုဘယ်လိုသက်ရောက်လဲသိဖို့ ဆိုရင် နေရာတခုချင်းစီနဲ့ 
အချိန်ကို ဘယ်လို အသီးသီးသက်ရောက်လည်း သူတို့ ရောယှက်
ထားတာကိုကောဘယ်လိုသက်ရောက်လည်းသိဖို့ လိုပါတယ်
ဒါကို ဂရိ အက္ခရာတွေက dummy indice အနေနဲ့ ပြုလုပ်
ပေးပါတယ်
ဆင်တူဥပမာအနေနဲ့ ပြောရင် နယူတန်သီဝရီအရ မျဉ်းဖြောင့်
အတိုင်းသွားနေတဲ့ အရာတခု ကို ဖော်ပြဖို့ ဆိုရင် ဦးတည်ရာ
direction နဲ့ အမြန်နှုန်း speed တို့ ကို လိုပါတယ်
direction မှာ x y z ဆိုပြီး ၃ ပိုင်းပါတယ် speed အတွက်က
အချိန်တခုမှာ သွားတဲ့ အကွာအဝေးဆိုတော့ time t တခုလိုပါ
တယ် ဒီတော့ ရွေ့ လျားမှု motion ကို ဖော်ပြဖို့  အချက်အလက်
၎ ခုလိုပါတယ် ဒီမှာလည်း အဲအတိုင်းပါပဲ
ဒီတော့ ဒီ equation မှာ μν ကlabel တွေဖြစ်ပြီး တခုစီက
1,2, 3,4 စသဖြင့် တန်ဖိုးတခုခုကိုယူပါတယ် သင်သာသဘော
ကျမယ်ဆိုရင် t=1 ,x=2 , y=3 , z =4 လို့ ယူဆနိုင်ပါတယ်
ဒီတော့ ဒီညီမျှခြင်းက ν နဲ့ μ တို့  ဆောင်တဲ့ တန်ဖိုးအတိုင်း ညီမျှခြင်းများအားလုံးကို တကြိမ်ထဲနဲ့ ကိုယ်စားပြုထားတာပါ
Tensor equation ပေါ့
R₁₁ - ¹/₂ R g₁₁ = G/8πc⁴ T₁₁
R₁₂ - ¹/₂ R g₁₂ = G/8πc⁴ T₁₂
R₂₂ - ¹/₂ R g₂₂ = G/ 8πc⁴ T₂₂
စသဖြင့်
ဒီမှာ 1 က အချိန် ကိုကိုယ်စားပြုပြီး 234 က နေရာ x y z direction တွေကို ကိုယ်စားပြုပါတယ်
ညီမျှခြင်း
R₁₂ - ¹/₂ R g₁₂ = G/8πc⁴ T₁₂
ကဒါကြောင့် အချိန် နဲ့  x direction အတိုင်းရွေ့ လျားမှုကို
ဆက်စပ်ပါတယ် equation ညာခြမ်းက T₁₂ က x direction
အတိုင်းရွေ့ နေတဲ့  အဟုန်( ဒြပ်ထု နဲ့  အမြန်နှုန်း )ကိုဖော်ပြပါ
တယ် ဒီအဟုန်ကြောင့် အချိန်နဲ့  x ဝင်ရိုးတို့ ပေါင်းစပ်သွားပုံကို
ညီမျှခြင်း ဘယ်ဘက်ခြမ်းက ပြောပြပါတယ် ဒါက y နဲ့ z အတွက်
လည်းအတူတူပါ
တကယ်လို့ ညီမျှခြင်းမှာ 2 , 3 , 4 ပဲပါရင် ဒါက space
x y z တို့ အချင်းချင်းဆက်သွယ်မှုကိုပြတာပါ
R₂₂ - ¹/₂ R g₂₂ = G/8πc⁴ T₂₂
ဒီမှာ ညာခြမ်းက T₂₂ က ဒါဆို ဆိုင်ရာ direction အတိုင်း
သက်ရောက်တဲ့ ဖိအား pressure ကို ဖော်ပြပါတယ်
ဒီဖိအားကြောင့် ဘယ်ဘက်ကR₂₂ term က x y z အတိုင်း
stretch ဆန့် ထွက်လာတဲ့ နေရာ space ကိုဖော်ပြပါတယ်
တကယ်လို့ uv ဟာ 1 ပဲ တန်ဖိုးဆောင်ရင် အချိန်အချိန်ခြင်းဆက်
သွယ်တာပါ
R₁₁ - ¹/₂ R g₁₁ = G/8πc⁴ T₁₁
ညာခြမ်းကT₁₁က စွမ်းအင်ကို ကိုယ်စားပြုပါတယ် ဒါကဘယ်ခြမ်းက R₁₁ ပါတဲ့  term ကို နှေးစေ မြန်စေတာပါ
ဘယ်ခြမ်းက flow of time အချိန်ရဲ့ စီးဆင်းမှုကို ကိုယ်စားပြု
ပါတယ်
ဒီမှာ ညီမျှခြင်းက စုစုပေါင်း 4×4=16 ကြောင်းပါ ဒါပေမဲ့ ဒီမှာ
တူတာတွေဖယ်ရင် 10 ကြောင်း ကျန်ပါတယ်
တကယ်တော့ အိုင်းစတိုင်းညီမျှခြင်းဟာ ရှုပ်ထွေးတဲ့  Tensor
ညီမျှခြင်း ၁၀ ကြောင်းကို တကြောင်းထဲ ပေါင်းရေးထားတာပါ
သီအိုရီအရတော့ ဒီညီမျှခြင်း များဟာ ဂြိုဟ် ကြယ် ဂလက်ဆီ
တွင်းနက်များက သူတို့ ပါတ်ဝန်းကျင်ရှိ အချိန်နေရာပေါ်ဘယ်လို
အကျိုးသက်ရောက်တယ်ဆိုတာကိုအသေးစိတ်တွက်နိုင်ပါတယ်
ဒါပေမဲ့ လက်တွေ့ မှာတော့ ဒါဟာ ခက်ခဲတဲ့ကိစ္စပါ ဒီညီမျှခြင်းတွေ
ဟာဖြေရှင်းဖို့ အလွန်ခက်ပါတယ် စူပါကွန်ပြူတာတွေကိုသုံးပြီးရှင်း
ရပါတယ် သူ့ ရဲ့ အဖြေအသစ်ရဖို့ ကလက်ရှိ theorectical
physics ရဲ့  အာရုံစိုက်မှုပါ အထူးသဖြင့် တွင်းနက် ၂ ခု တိုက်
မိရင် ဘေးကအချိန်နေရာဘာဖြစ်သွားမလဲဆိုတာက စိန်ခေါ်မှု
တခုပါ
ဒီသီဝရီမှန်ကြောင်းဘယ်လိုသိမလဲ?? သီဝရီဟာ ခုချိန်ထိ စမ်းသပ်
သမျှ စမ်းသပ်မှုတွေကို ကျော်လွှားနိုင်ခဲ့ပါပြီ နောက်ဆုံးကျန်တာက
ဒြပ်ဆွဲလှိုင်း စမ်းသပ်ချက်ပါ ယနေ့ သုံးနေတဲ့ GPS နဲ့ ကားတွေ
မှာတပ်တဲ့ Satnav ဟာ ဒီသီဝရီရဲ့ အသုံးချပစ္စည်းများပါ
ဘာပဲဖြစ်ဖြစ် GR ဟာ သိပ္ပံရဲ့ သမိုင်းမှာ ကြီးမားတဲ့အောင်မြင်မှု
တခုဖြစ်ပါတယ်
No comments:
Post a Comment