လူအများစုကသင်္ချာဟာပျင်းစရာကောင်းတယ်လို့ယူဆကြပါတယ် စိတ်လှုပ်ရှားစရာမရှိတဲ့ ပုံသဏာန်တွေ အတွေးအခေါ်တွေနဲ့ဖွဲ့စည်းထားတယ်ဒီလိုထင်ကြပါတယ် ဒါပေမဲ့ ဒီလိုမထင်တဲ့သူတွေလည်းရှိပါတယ်သင်္ချာဟာ Truth ပေါ်အခြေခံတာပါ သို့သော် truth နဲ့ beauty ဟာ သဘာဝမှာနက်နဲစွာဆက်စပ်နေပါတယ် ဒါကိုလက်တွေ့သက်သေပြခဲ့သူတွေရှိပါတယ် ဥပမာ ဂျက်ဆင်ပေါလော့ခ် လိုအနုပညာသမား chaos ရဲ့ fractal လို image တွေ ခုတခါတော့ သင်္ချာနဲ့ဖန်တီးထားတဲ့ အနုပညာကိုမှခုံမင်ခဲ့သူပန်းချီဆရာတယောက်နဲ့မိတ်ဆက်ပေးချင်ပါတယ် သူကတော့ မော်ရစ်ကော်နဲလစ် အက်စ်ရှာပါ အမ်စီ အက်စ်ရှာပေါ့ ဒက်ခ်ျ လူမျိုး ပန်းချီဆရာ ပန်းပုဆရာ သစ်ထွင်းသမား သင်္ချာပညာရှင် နဲ့ သင်္ချာလက်တွေ့စမ်းသပ်သူ ဖြစ်ပါတယ်
သူဟာသူ့ရဲ့နာမည်ကျော်လက်ရာများ ဖြစ်တဲ့ Relativity ; circle of limits စသည့်အနုပညာလက်ရာများဖြင့်ကျော်ကြားပါတယ် ၁၈၉၈ ကနေ ၁၉၇၂ ခုနှစ်ထိနေထိုင်သွားပြီးအနုပညာလက်ရာများစွာကိုဖန်တီးခဲ့သူပါ အောက်မှာပုံတွေနဲ့အတူသူ့လက်ရာတ ချို့ကိုတင်ပြလိုက်ပါတယ်
circle of limit ဒါကသစ်ထွင်းပန်းချီပါ hyperbolic geometry ကို ပြင်ညီမျက်နှာပြင် Euclidean space နဲ့ ကိုယ်စားပြုဖော်ပြထားတာပါ hyperbolic geometry ဆိုတာကတော့ အပေါင်းကွေး အနှုတ်ကွေး ၂မျိုးလုံးပါဝင်နေတဲ့ သေးငယ်တဲ့ဝန်းကျင်မှာဆိုမြင်းကုန်းနှီးနဲ့တူတဲ့မျက်နှာပြင်ပါ ကျွန်တော်တို့နေထိုင်ရာကမ္ဘာကြီးက ကိုယ်နေထိုင်ရာဝန်းကျင်အနီးနားပဲကြည့်မယ်ဆိုရင် ပြင်ညီနဲ့တူပါတယ် ဒါကို euclidean space လို့ခေါ်တယ် ကျွန်တော်တို့နဲ့ရင်းနှီးလွန်းတော့ ကျန်တဲ့ space တွေရှိနေမှန်းတောင် ကျွန်တော်တို့ သတိမပြုမိပါဘူး တကယ်တော့စကြာဝဠာဟာပြင်ညီမဟုတ်ပါဘူး ဒါပေမဲ့ကျွန်တော်တို့ဒါကိုမမြင်ရဘူး
အက်စ်ရှာကတော့လက်မလျော့ပါဘူး hyperbolic surface ကို ကျွန်တော်တို့သိတဲ့ပြင်ညီပေါ်တင်ဖို့ကြိုးစားခဲ့တာ ရလာဒ်ကတော့ circles of limits series များပါ အောက်မှာ ၄ပုံတင်ပေးထားပါတယ်
နောက်တခုက အဆင်းနဲ့အတက်ပါ
အမြင်အာရုံကိုလှည့်စားထားတဲ့ဒီပုံက ပန်ရို့စ်လှေကားကိုအခြေခံပြီးဖန်တီးခဲ့တာပါ သာမိုဒိုင်းနမစ်နဲ့ကားနော့cycle ကိုပြန်မြင်ယောင်စေတဲ့ရဲတိုက်ပေါ်ကလူတွေ အဆင်းအတက်မဲ့သံသရာလှေကားမှာလျောက်လှမ်းနေပုံပေါ့အာရုံသိရဲ့စိတ်မချရပုံကိုပြနေသလိုပါ
နောက်တပုံကကောင်းကင်နဲ့ရေ
ပျံသန်းနေတဲ့ ဘဲငန်း နဲ့ကူးနေတဲ့ငါးတွေ ကိုစီရရီစဉ်ပြီးဆွဲထားတာပါ သင်္ချာအရတော့ periodic tiling ပုံမှန်စီခြင်းလို့ခေါ်ပါတယ် ဒါဟာပြင်ညီနဲ့ ပါဝင်တဲ့အရာတွေ (ဒီမှာဆိုငါးနဲ့ငှက်) ရဲ့ ဘက်ညီမှု symmetry ရှိမှသာဖန်တီးလို့ရတဲ့အရာပါခုပုံမှာပါတဲ့ tiling ကတော့ translational symmetry အောက်မှာ တည်မြဲပါတယ်
relativity ကတော့ နှိုင်းယှဉ်မှုနဲ့သာဖော်ပြနိုင်တဲလှေကားနဲ့လူတွေအကြောင်း
ရေတံခွန်ကတော့အဆောက်အအုံကိုပါတ်စီးနေတဲ့ရေစီးကြောင်း
ပန်ရို့စ်တြိဂံ
ပုံဆွဲနေသောလက်များ
နောက်ဆုံးတခုက သက်ငြိမ်နဲ့လမ်း
အနုပညာရဲ့အလှတရားကရှင်းပြရခက်ပါတယ်
သင်္ချာရဲ့အလှတရားကတော့သိမ်မွေ့ပါတယ်လို့ ပြောရင်း
့
့
့
့
No comments:
Post a Comment