#trefoil_knot
trefoil knot ဆိုတာက အရွက် ၃ ခု ရှိတဲ့ clover leaf သို့ trefoil leaf ( မြန်မာလိုတော့ မရှိဘူးထင်ပါတယ် ရှိရင်လည်းပြော
ကြပါ မရှိရင်တော့ နွားတွေစားတယ်ဆိုတော့ နွားစာရွက်လို့ ကွကို
ပေးလိုက်တယ် ) နဲ့ တူလို့ ပေးထားတဲ့ ကြိုးထုံးပါ
အမယ်ဘုတ်ကဲ့သူ့ ချည်ခင် ဆိုတဲ့စကားကိုကျွန်တော်တို့ ကြားဖူး
ကြပါတယ် ရှင်းမရအောင် ရှုပ်လွန်းလို့ ပါ သပွတ်အူ တို့ စာဘူး
တောင်းတို့ လည်းအဲအထဲမှာပါပါတယ် ချည်မျှင်တို့ ကြိုးမျှင်တို့ 
ရဲ့သဘောသဘာဝ က ဘယ်လောက်ရှင်းအောင်ထားထား အချိန်
တန်ရင် ရှုပ်လာတတ်တဲ့ အမျိုးပါ ကျွန်တ်ာငယ်ငယ်ကတော့ 
မင်းသိင်္ခရဲ့ မာလိန်မှုးထူးစိန်စာအုပ်ဖတ်ပြီး သင်္ဘောသားကြိုးချည်နည်း
တွေကိုသဘောကျခဲ့ဘူးပါတယ် ကြိုးချည်နည်းက ခွဲစိတ်ဆရာဝန်တွေ
အတွက်လည်းအရေးပါပါတယ် ဒီမှာ ကျွန်တော်တို့ နဲ့အများဆုံး
ရင်းနှီးတာက မိန်းမချည်ခေါ်တဲ့ နည်းပါ အင်္ဂလိပ်တွေကတော့ overhand knot လို့ ခေါ်ပါတယ် ဒီနည်းနဲ့ချည်ထားတဲ့ ကြိုးထုံး
ရဲ့ အစွန်း ၂ ဖက်ကို ဆက်လိုက်ရင် ရတဲ့ knot အထုံး ကို
trefoil knot လို့ ခေါ်ပါတယ် အောက်မှာပြထားပါတယ်
knot theory ဟာ topology ရဲ့ဘာသာရပ်ခွဲတခုပါ
topology ဆိုတာကတော့  geomety လို အတိုင်းအတာနဲ့ 
အကွာအဝေးတွေကိုလစ်လျူရှုထားပြီး တဆက်တည်းဖြစ်မှု
သဘော continuity ကိုပဲလေ့လာတဲ့ဘာသာရပ်ပါ ဒါကြောင့်
တိုပိုလော်ဂျီအရတော့ ကိုင်းပါတဲ့မတ်ခွက်နဲ့  ဂျေဒိုးနတ်မုန့် ( မြန်မာ
မုန့် ကတော့ မုန့် လက်ကောက်ကွင်းပါ) က အတူတူပါပဲ သူတို့  ၂ ခုရဲ့ တဆက်ထဲဖြစ်နေတဲ့ အစိတ်အပိုင်းတွေ ရဲ့ shape က ပုံပြောင်းခြင်း
continuous deformation အောက်မှာ အတူတူပဲဖြစ်လို့ ပါ
knot သီအိုရီကလည်း ဒါမျိုးကိုလေ့လာပါတယ် ကြိုးမျှင်တွေအ
ကြောင်းကို အထူးပြုပြီးတော့ပေါ့ ဒီမှာကြိုးချည်နည်းနဲ့မတူတာက
အစွန်း ၂ ဖက်ကို လွှတ်မထား ပဲဆက်ပေးလိုက်တာပါ ဘာလို့ ဆက်လဲဆိုရင် လွှတ်ထားတဲ့အခါ ကြိုးကို ကတ်ကျေးလိုအရာမျိုး
နဲ့မဖြတ်ပဲအထုံးကိုဖြည်လို့ ရလို့ ပါ ဒီအခါ ဘယ်ထုံး နည်းမဆို အတူ
တူဖြစ်နေမှာပေါ့ ထုံးနည်းတိုင်းဟာ နောက်ဆုံး ဖြောင့်တဲ့ မချည်ထား
တဲ့ ကြိုးမျှင်နဲ့တူနေမှာပါ
မချည်ထားတဲ့ကြိုးရဲ့ အစွန်း ၂ ဆကို ဆက်လိုက်ပါ စက်ဝိုင်း ဝါ
ကွင်းတခု ဖြစ်သွားပါမယ် ဒါကို unknot လို့ ခေါ်ပါတယ်
ကွင်းက ဝိုင်းဝိုင်း လေးလဲဖြစ်နိုင်တယ် ဘဲဥပုံလည်း ဖြစ်နိုင်တယ်
လိမ်လိုက်ရင် figure 8 လဲဖြစ်နိုင်ပါတယ် ဂဲသြမေထရီက ပုံ
ပြောင်းသွာရင်မတူဘူးလို့ သတ်မှတ်ပေမဲ့ တိုပိုလိုဂျီကတော့ 
figure 8 နဲ့  ကွင်းနဲ့  ကအတူတူပါ ဒါတွေအားလုံးကို knot
သီဝရီမှာ unknot လို့ ခေါ်ပါတယ်
မိန်းမချည်ရဲ့ အစွန်း ၂ ဆကို ဆက်လိုက်ရင် ရတဲ့ပုံက trefoil ပါ
သူ့ ကိုလည်းကြိုက်သလို deform လုပ်လို့ ရပါတယ် ဒါပေမဲ့ ရတဲ့ပုံမှန်သမျှကို trefoil ပုံပြန်ရအောင် ဖြတ်မပစ်ပဲနဲ့ ပြန်လုပ်လို့ ရပါတယ် ဒါကြောင့်  trefoil ဟာ unknot မဟုတ်ပါဘူး
တကယ်တော့ trefoil က အဆုံးမရှိတဲ့ infinite knot
တွေထဲကပထမဆုံး knot ပါပဲ
trefoil က လက်ယာရစ်နဲ့လက်ဝဲရစ် ၂ မျိုးရှိပါတယ်
symmetrical ဖြစ်တယ်ပေါ့  trefoil knot ကို untie
ဖြစ်အောင် ဆိုလိုတာက အလိမ်ပြေအောင် တနည်း unknot
နဲ့ တူအောင် ဘယ် Reidemeister move ကမှမလုပ်နိုင်ပါဘူး
ဒီmove က ၃ မျိုးရှိပြီး ဒီ move ထပ်ခါထပ်ခါလုပ်မှုအောက်မှာ
တူညီတဲ့ isomorphic knot ၂ ခုဟာ တခုကတခုကိုပြောင်းလို့ ရပါတယ် မတူရင်တော့ ပြောင်းမရဘူးပေါ့ 
knot theory ကို lord Kelvin ကမျိုးစေ့ချပေးခဲ့တာပါ
သူကမတူညီတဲ့ အက်တမ်တွေဟာ မတူညီတဲ့ knot လို့ ယူဆ
ခဲ့ပါတယ် ဒီအချက်မှားခဲ့ပေမဲ့ သင်္ချာပညာရှင်တွေအတွက်တော့ 
လေ့လာစရာဘာသာရပ်တိုးခဲ့ပါတယ် ခုအခါ string theory
လိုဘာသာ ပေါ်လာတဲ့ အချိန်မှာ stringsတွေရဲ့ နှောင်ဖွဲ့ မှုနဲ့ အတူ
knot သီဝရီက တခေါတ်ပြန်ဆန်းခဲ့ပါပြီ
haemophilus influenzae ရဲ့ Protein အသားဓါတ်မော်လီကျူး တမျိုးရဲ့ protein folding က
trefoil shape ပါ
မှတ်ချက်။ ။
ဒီမှာရေးတာက နာမည်အသံထွက်တွေမှားနိုင်ပါတယ် မှားခဲ့ရင်သည်း
ခံပါ အင်္ဂလိပ်လို ပါတာတွေက keyword ပါ အင်တာနက်မှာ
ထပ်သိချင်ရင် ရှာဖို့ ပါ တချို့ အချက်တွေမှားနိုင်ပါတယ် တခြားသူတွေရေးထားတာကိုလည်းရှာဖတ်ပါ common ဖြစ်တဲ့
concept က မှန်ဖို့ များပါတယ်
No comments:
Post a Comment