#ignorence
ခုတလောအရမ်းပူပါတယ် ခုရေးနေတဲ့အချိန်မှာတောင်
ခေါင်းတွေခဲလာပါတယ် 31-39 ဆိုတဲ့အပူချိန်မှာ သက်ကြီး
ရွယ်အိုနဲ့ကလေးများအတွက်ဒုက္ခပါ မြန်မာပြည်သူအများစု
ကတော့ နေပူထဲလုပ်စားနေရသူတွေအဖို့  ရှောင်လွှဲမရနိုင်လို့ 
ဒီအပူကို ရင်ဆိုင်ရမှာပါ ပူလွန်းတော့ အတွေးတွေက
ကမ္ဘာ့ အပူချိန်မြင့်မားလာရခြင်းရဲ့တရားခံနဲ့ လက်သည်တွေကို
တွေးမိတယ်
ပညာရှင်တွေအကြိမ်ကြိမ်လေ့လာပြီးသဘောတူညီမှုရထားတာ
က green house gas နဲ့  human activity ကြောင့်ပါ
ဆိုလိုတာကဒါ သဘာဝအလျောက်ဖြစ်တာမဟုတ်ဘဲ လူလုပ်လို့ 
ပါ green house gas ဆိုတာက ဖန်လုံအိမ်အာနိသင် ဓါတ်ငွေ့  အထူးသဖြင့် ကာဗွန်ဒိုင်အောက်ဆိုက်လို
ဓါတ်ငွေ့ မျိုးကြောင့်ပါ ဒီမှာအဓိကကျတာက deforestation
သစ်တောများပြုန်းတီးခြင်းနဲ့  မီးခိုးငွေ့ များထုတ်လွှတ်ခြင်း
ကြောင့်ပါ မီးခိုးထဲမှာကာဗွန်ဒိုင်အောက်ဆိုက်ပါတယ်လေ
စက်ရုံအလုပ်ရုံ ကားဆိုင်ကယ် တောင်ယာမီးရှို့  အားလုံးပါပါတယ်
မြန်မာနိုင်ငံမှာ သစ်တောတွေမရှိတော့ဘူး ဘယ်သူ့ကြောင့်လဲ
ဘယ်သူကခွင့်ပြုလဲ ကာယကံရှင်တွေတော့သိမှာပါ မြန်မာအများစု
ကရိုးကြတယ် ကောင်းတာလုပ်သူထံကောင်းတာလာမှာပါ
မကောင်းတဲ့လူဆီမကောင်းကျိုးသွားလိမ့်မယ်ဆိုတဲ့ ယုံကြည်မှု
နဲ့ တချို့အရာတွေကို မဆန်းစစ်တော့ပါဘူး သူ့ရှေးကကုသိုလ်
ကြောင့်ချမ်းသာတာပေါ့ ငါ့ရှေးကမကောင်းခဲ့လို့ ဆင်းရဲရတာ
ဒီလိုများတွေးနေကြလား တကယ်တော့အရာရာမှာ causes ရှိပါတယ် ဒါပေမဲ့ မြန်မာပြည်မှာချမ်းသာနေသူတချို့ ကတော့
ရှေးကုသိုလ်နဲ့မဆိုင်လောက်ပါဘူး ရာသီဥတုပူနွေးရတာလဲ
ရှေးကုသိုလ်နဲ့မဆိုင်ပါဘူး သူက deforestation တွေ အလွန်အကျွန်လုပ်လို့ ပါ သူတို့ချမ်းသာသွားကြတယ် ထားစရာမရှိအောင် မကောင်းခြင်းက ချက်ခြင်းပြန်လာပါတယ်
ပြင်းထန်တဲ့အပူချိန်နဲ့အတူ ဒါပေမဲ့ခဏလေး ဘယ်သူ့ဆီလည်း
ခုချိန်မှာဘယ်သွားသွား အဲကွန်းနဲ့ညိမ့်နေသူတွေဆီတော့
မဟုတ်လောက်ပါ ဘာမှန်းမသိတဲ့ဆင်းရဲသားပြည်သူ လူအများ
ဆီကိုပေါ့ ဘယ်သူကလုပ်ပြီး ဘယ်သူကခံရတာလည်း
ပြန်ဆန်းစစ်ဖို့တားဆီးဖို့လိုပါပြီ ကိုယ်နဲ့မဆိုင်ဘူးလို့ထင်သူတွေ
မုန်လာဥတွေလဲရှိပါတယ် သူတို့ အမေအိုကြီးအိုမ Heat stroke အပူသင်ဓုန်းဖြတ်တဲ့အခါ နိုင်ငံရေးဟာ ပါတ်ဝန်းကျင်
အရေးဟာ အမှားအမှန်ဟာ ငါနဲ့ဆိုင်ပါလားလို့  သိသွားပါလိမ့်မယ်
မချမ်းသာသင့်တဲ့နည်းနဲ့မချမ်းသာအောင် ပါတ်ဝန်းကျင်ကို
ထိန်းသိမ်းအောင် ဒါတွေဟာစနစ်နဲ့ဆိုင်တာပါ စနစ်ကောင်းမှ
နိုင်ငံရေးစနစ်ကောင်းမှ အရွေးမှန်မှ ခံသာပါမယ်
အရွေးမှန်ဖို့စစ်မှန်တဲ့အသိ cause and effect ဘာကြောင့်
ဘာဖြစ်တယ်ဆိုတာကို ရှေးရိုးအသိမဟုတ်ဘဲ လက်တွေ့ 
သိပ္ပံနည်းကျ သိဖို့ပြန့်ပွား ဖို့  ထိန်းသိမ်းဖို့လိုပါတယ် deforestation နဲ့  green house gas ကြောင့်
global warming ဖြစ်တယ်ဆိုတာ ထင်ရာမြင်ရာမဟုတ်
ပါ တိကျတဲ့သိပ္ပံ အချက်အလက်တခုပါ လုပ်နေတာက လူသား
တွေ ကျွန်တော်တို့နိုင်ငံမှာဆို လူတချို့ပေါ့  ဒါကိုဘယ်လိုထိန်းသိမ်း
မလဲ လူအများစုပညာမတတ်ရင် မတွေးရင် မလေ့လာရင်
ယုံကြည်တဲ့အတိုင်း မရပ်တည်ရဲရင် ကျွန်တော်တို့နေရာ
ဟာ သေချာပါတယ် တချိန်မှာငရဲပြည်နဲ့မှားလောက်အောင်ပူလာပါ
လိမ့်မယ် ရှေးရိုးစွဲအယူတွေရပ်လို့  အခြေနေမှန်ကိုမြင်နိုင်မှ
မအမှခံသာမယ်လို့ တွေးမိပါတယ်
No comments:
Post a Comment