Wednesday, July 29, 2015

Scientific method

အနောက်နဲ့ အရှေ့ အရမ်းကွာပါတယ် ကျွန်တော့်
မိတ်ဆွေ တဦးပြောသလို ပြောရရင် လူနဲ့ ခွေး ကွာ သလိုပါပဲ ကွာခြားမှုရဲ့ အဖြေက တခွန်းတည်း ပြော
ရင် science မှာပါ ပညာဆိုတာ education ဖြစ်ပြီး
education ဆိုတာ science ပါပဲ သမိုင်းလည်း
science ပဲ politic လဲscience ပါပဲ art တောင်
science ပါပဲ realism painting ရဲ့နောက်မှာ
projective geometry ရှိတယ် cubism ရဲ့နောက်
မှာ fourth dimension ရှိတယ် သီချင်းသံစဉ်တွေ
ရဲ့နောက်မှာ fourier series တွေရှိတယ်
existentialism ဆိုတာ absurdism ကို ခေါ် တာပါ အဲဒီခေါတ်မတိုင်ခင်ကတည်းက abstract
algebra တွေ ပေါ် နေခဲ့ပါပြီ

ပြောချင်တာက science ဟာ သင့်အနေနဲ့သိ လို့
ပဲဖြစ်စေ မသိလို့ပဲဖြစ်စေ သင့်ဘဝရဲ့ထောင့်တိုင်း
မှာ ရှိနေကြပါတယ် ဒီ အရာဘယ်လိုပေါ်လာသလဲ
ဒါက ဘာလို့လိုအပ်နေတာလဲ ဒါကို ဓမ္မဓိဌာန် ကျကျ
ဘယ်လို define လုပ်မလဲ ဒီမေးခွန်းတွေ အတွက်
ကျွန်တော်သိသလောက် share တာပါ

သမိုင်းမတင်ခင်ခေါတ် ကစပြီးလူတွေ ဟာ သူတို့
မသိတဲ့ လောကမှာ နေလာခဲ့ရတယ် အပြောကျယ်
တဲ့ လောက နားမလည်တဲ့လောက မှာပေါ့ ဒါတွေ
ကို အဖြေရှာတော့ အဖြေပေးမဲ့သူမရှိဘူး အဖြေရှာ
ဖို့လိုလားဆိုရင်လိုပါတယ် မုန်တိုင်း အကြောင်းကိုမသိရင် မုန်တိုင်းဟာ ကြောက်စရာပါ
မုန်တိုင်းရဲ့ဖြစ်စဉ်ကိုသိရင်တော့ ဘယ်အချိန်မှာဘယ်
နေရာကို ရှောင် ရမယ်ဆိုတာ သိသွားမှာပါ ကြောက်
စရာ မကောင်းတော့ပါ တကယ်တော့ ဘဝ ဆိုတာ
ရွေးချယ်မှု တွေပါ မှန်ကန်တဲ့ choice ရဖို့
knowledge က အရေးပါပါတယ် ပြသနာက မှန်ကန်တဲ့ knowlege ကို ဘယ်က ရမလဲ ရှေးဦးလူ
သားတွေက ဒါကို ဘာသာတရားထံက တောင်းဆိုခဲ့
ပါတယ် ဘာသာတရား က ယုံကြည်မှု လိုတယ်
တချို့သော သူတွေကတော့ ဒီနည်းကိုလက်မခံဘူး
သူတို့က သံသယ ထားတဲ့နည်းကိုပိုကြိုက်ခဲ့ကြတယ်
bc 600 စု မှာဒီနည်းကို စတင်ဖို့ အတွက် ဂရိမှာပညာ
ရှင်တွေပေါ်ခဲ့ပြီ သူတို့က science ဆိုတဲ့အပင်ကို
ပျိုးတာတော့ မဟုတ်ပါဘူး ဒီအပင်စိုက်ဖို့မြေမှာ ပေါက်နေတဲ့ ပေါင်းတွေကိုနှုတ်ပေးခဲ့တာပါ ဒီတော့
သူတို့ကအရေးပါပါတယ် နောက်ပိုင်း လူတွေက
သူတို့ကြောင့် science ဆိုတဲ့အပင်ကို စိုက်ပေးခဲ့နိုင်
တယ် ရှင်သန်စေခဲ့တယ်

ဒါဖြင့် science ဆိုတာဘာလဲ ပေါ့

လောကမှာ တကယ်ဖြစ်နေသမျှ phenomenon
မှန်သမျှ ကို ရှင်းပြနိုင်ဖို့ knowledge ကိုရှာဖွေတဲ့
ဖြစ်စဉ်ပါ

ဘယ်လိုရှာလဲ

trial and error နည်းပါ
လုပ်ကြည့်လိုက် မှားရင် ပြင်လိုက် မှန်ရင်လက်ခံ

ဒီနည်းက အဖြစ်အပျက်တခုဟာ ဒါကြောင့်ဖြစ်နေ
တာပါလို့ ဘယ်လိုလူမျိုးကလာပြောပြောအလွယ်
တကူ ယုံကြည်လက်ခံမှာမဟုတ်ပါဘူး
သံသယထားပါတယ် ဒီတော့သူက အရင်ဆုံး
မှန်ကန်တဲ့ မေးခွန်းကို မေးပါတယ် relevant ဖြစ်တဲ့
question ပေါ့ ဒီ question ကို ဖြေနိုင်တဲ့ အဖြေတွေ အများကြီးရှိလိမ့်မယ် answer 1 answer 2 စသဖြင့်

ဒီထဲကမှ ဘယ်အဖြေမှန်သလဲကို ဘယ်လိုရွေးမလဲ
ထိုင်ငြင်းနေလို့မရပါ စမ်းသပ်လုပ်ကိုင်စစ်ဆေးကြည့်မှ ရပါတယ် ဒါကို
တိုင်ချိုဗဂေး ကစခဲ့တယ် ဂယ်လီလီယိုကပံ့ပိုးတယ်
ပြီးတော့ မှားရင်ပယ်တယ် မှားတဲ့ answer တွေကို
ပစ်ပယ်ပါတယ်

နောက်ဆုံးမှာ မှန်တဲ့ အဖြေတခု ဥပမာ answer 1
ဆိုပါစို့ ကျန်ခဲ့တယ် ကိစ္စပြီးပြီလား မပြီးသေးပါဘူး
ကျွန်တော်တို့ မေးခွန်းရဲ့မလုံလောက်မှုကြောင့်ဖြစ်
စေ ကျွန်တော်တို့ မေးခွန်းမေး   တဲ့ဖြစ်စဉ်ကို တိုင်း
တာ မှုမှာ လိုအပ်မှုကြောင့်ဖြစ်စေ ဒီ answer 1
ဟာ တချိန်မှာ ( အဲအချိန်မှာ တိုင်းတာမှုဟာ တိုးတက်ပြီး သေးငယ်တဲ့ အမှားတွေ ကိုတောင်
detectလုပ်နိုင်တဲ့အချိန်  ) မှားသွားနိုင်ပါတယ်
ဒီအခါမှာ answer ဟာ မှားတာတော့မဟုတ်ဘူး
မလုံလောက်တာပါ သူ့ကို extend လုပ်ဖို့ ချဲ့ထွင်ဖို့လိုပါပြီ ဒါကို ထပ်မံစစ်ဆေး မှားရင်ပယ်
မှန်ရင်လက်ခံပေါ့ ဒီနည်းနဲ့လည်နေတဲ့ဖြစ်စဉ်
trial and error method ကို scientific method
လို့ခေါ်ပါတယ်

terminology လေးတွေနည်းနည်းပြောပြပါမယ်

relevant questionကို scientific problem
answer ကို hypothesis
စစ်ဆေးမှု ကို experiment
accepted answer ကို theory
စသဖြင့်ခေါ်ပါတယ်

ဒီဖြစ်စဉ်မှာ question and answer အပိုင်းကို
လူတယောက်နဲ့တယောက်ကြား ဒွိဟမဖြစ်ဖို့ အရေးကြီးပါတယ် စကားဆိုတာ စတာနဲ့ကားပါတယ်
စကားတခွန်းကို တယောက်ဆီက နောက်တ
ယောက်ဆီ လက်ဆင့်ကမ်းပြောသွားရင် အယောက်
တရာလောက် ရောက်တော့ ဒီစကားဟာ နဂိုစကား
နဲ့လားလားမှမဆိုင်တော့ပါ သိပ္ပံ မှာ ဒါမျိုး အဖြစ်မခံနိုင်ပါ ဒါကြောင့် scientific problem
နဲ့ hypothesis တွေ( ဆိုလိုတာက question and answerတွေ ) ကိုဖန်တီးရာမှာ တိကျဖို့လိုပါတယ်
ပညာရှင်တွေကြားမှာ အဓိပ္ပါယ် နှစ်ခွ မထွက်ဖို့ လုပ်
ရပါတယ် ဒါကို formalised လုပ်တယ်ခေါ်ပါတယ်
ဒီလိုလုပ်ရာမှာအကောင်းဆုံး language က
သင်္ချာပါ ဒီတော့ သင်္ချာဟာ ကိုယ်၌တော့ သိပ္ပံ မဟုတ်ပေမဲ့ သိပ္ပံ ဆိုတဲ့အစု Set ထဲမှာပါပါတယ်

philosophy လို အရာမျိုးကတော့ relevant ဖြစ်တဲ့
question မေးခွန်းထုတ်ရာမှာ အဓိကပါပါတယ်

သိပ္ပံနဲ့ပါတ်သတ်လို့ လက်ရှိ အများစုက လက်ခံထား
တဲ့ philosopher ကတော့ ကားလ်ပိုပါ ပါ သူက
science မှန်သမျှဟာ falsifiable ဖြစ်ရမယ်လို့
ပြောခဲ့ပါတယ်

falsifiable ဆိုတာ မှားကြောင်းသက်သေပြလို့ ရနိုင်
ရမယ်လို့ဆိုတာပါ ဒါဘာကြောင့်လဲဆိုတော့

သင်က မှန်တယ်လို့ပြောတဲ့ အရာဟာ နောက်တချိန်ချိန်မှာ မှားသွာနိုင်ပါသေးတယ်
ဒီတော့ ခုအချိန်မှာမှန်ကြောင်းသက်သေပြနိုင်ယုံနဲ့
မလုံလောက်ပါဘူး

ဒါပေမဲ့ သင်က မှားကြောင်းသက်သေပြနိုင်ခဲ့ရင်တော့ ဒီအရာဟာ မမှန်တော့ပါဘူး

ဒီတော့ သိပ္ပံနည်းကျတဲ့ အဖြေ hypothesis တွေဟာ မှားကြောင်းသက်သေပြနိုင်ဖွယ်ရာရှိတဲ့
experiment တခုတလေ ရှိကြောင်းပြနိုင်တာနဲ့
သိပ္ပံလို့ ခေါ်နိုင်ပါပြီ ကျန်တာကတော့မဟုတ်ပါဘူး

ဥပမာအားဖြင့် လူဆိုတာသေမျိုးတွေဆိုတဲ့ စကားမျိုးပါ ဒီစကားဟာသိပ္ပံ နည်းကျအဆိုတခု
ဟုတ်ရဲ့လား

သူ falsifiable ဖြစ်ဖို့ဆိုရင် မသေတဲ့လူတယောက်ကို သင်က ဂုတ်ဆွဲပြီးခေါ်ပြ
ရမှာပါ မသေတဲ့လူတယောက်တွေ့တာနဲ့ ဒီစကားမှား ပါပြီ ဒါပေမဲ့ဒီလို မသေတဲ့လူကို ရှာဖို့ ကခတ်မှာပါ
ကျွန်တော်တို့ ဒါကိုသက်သေပြဖို့ experiment
တည်ဆောက်ဖို့ခက်ပါတယ် ဒါကြောင့် ဒီစကားစု
ဒီအဆိုဟာ သိပ္ပံနည်းကျ အဆိုမဟုတ်ပါဘူး

ဆေးပညာ research တွေမှာ သုံးတဲ့ null hypothesis ဟာ ပိုပါ ရဲ့ falsifiability ကိုသုံးထား
ခြင်းဖြစ်ပါကြောင်း

No comments:

Post a Comment