Tuesday, July 28, 2015

DST

Daylight saving time

DSL ကို နေ့ တာတိုးချိန်ခေါ်မလား တော့မသိပါ ပထမဆုံးဒီအယူအဆ ကိုစတင်ခဲ့သူကတော့ ဘင်ဂျမင်
ဖရင်ကလင်လို့လဲပြောကြပါတယ် စောစောအိပ်ပြီး စောစောထ
တာဟာ ကျန်းမာရေးနဲ့ညီညွတ်ကြောင်း အစောဆုံးရေးခဲ့လို့ ပါ
ဒါပေမဲ့ နယူးဇီလန်နိုင်ငံသား ဂျော့ဗာနွန်ဟက်ဆန် ကို ၁၈၉၅
မှာ ပထမဆုံးစတင်အဆိုပြုသူအဖြစ် credit ပေးကြပါတယ်
equator မှာရှိတဲ့နိုင်ငံတွေအဖို့  နေ့ တာနဲ့ ည တာ ဟာ
အနဲနဲ့ အများ တူညီပါတယ် ၁၂ နာရီ စီပဲဖြစ်ပါတယ်
အီကွေတာနဲ့ ဝေးလေ ဆောင်းတွင်းမှာနေ့ တာတိုပြီး နွေမှာနေ့ 
တာရှည်လေပါ ဒီနိုင်ငံတွေအတွက်နေရောင်ခြည်ဟာတန်ဖိုးရှိပြီး
နွေမှာ နေရောင်ခံရတဲ့အချိန်ကိုပိုရှည်ကြာစေချင်ပါတယ် ဒါကြောင့်
နွေရာသီရောက်ပြီဆိုရင် နာရီကိုရှေ့တိုးထားပါတယ်
အမေရိကန်မှာဆိုရင် ၂၀၁၅ခုနှစ်မှာ မတ် ၈ ရက် မှာည ၂နာရီ
ကို ၃နာရီ အဖြစ်ပြောင်းပါတယ် နိုဝင်ဘာ ၁ရက်နေ့ ည ၂နာရီရောက်တော့ ၁နာရီပြန်ပြောင်းပါတယ် ဒီနည်းနဲ့
ဆောင်းရာသီမှာ နေရောင်ဟာ ၈ နာရီထွက်တယ်ဆိုပါဆို့ 
နွေရာသီရောက်တော့ ၇နာရီနေထွက်မှာပါ သင်က နာရီကို
၁နာရီရှေ့တိုးထားတော့ သင်ပုံမှန်အချိန် ၈နာရီထပေမဲ့လည်း
ဒါဟာတကယ်တော့ ၇နာရီပါ တနည်းနေထွက်ချိန်ပါ ဒီနည်းနဲ့
နေရောင်ခြည်ကို အပြည့်အဝကြာရှည်စွာရပါတယ် ရှည်ကြာတဲ့ 
ညနေခင်းကိုရရှိမှာပါ ဥရောပမှာတော့ ၂၀၁၅ အတွက် မတ် ၂၉
ည ၁နာရီမှာစပြီး အောက်တိုဘာ ည၁နာရီမှာဆုံးပါတယ် ၁နာရီကို ၂နာရီပြောင်းမှာပါ တချို့နိုင်ငံတွေကတော့ နာရီဝက်ပဲတိုးပါတယ်ဒါကြောင့် ဆောင်းတွင်းထက်စာရင် ချန်ပီယံ
လိဂ်ပွဲတွေဟာနွေမှာပိုစောနေတာပါ

No comments:

Post a Comment