လတ်လောင် ၁
ကျွန်တော်တို့ ကိုယ်ရောက်နေတဲ့ နေရာ ကို ရှာချင်ရင် ခုခေတ်မှာလွယ်သွားပါပြီ ဖုန်းလေးကိုဖွင့် GPS က လက်တီကျူ့ 
လောင်ဂျီကျူ့  ကို မြေပုံကော တည်နေရာနာမည်ကောပြပေးမှာ
ပါ ဒါပေမဲ့ ဟိုတုန်းကတော့ဒီကိစ္စဟာမလွယ်ပါ ခုခေတ်မှာလည်း
ဖုန်းမရတဲ့ နေရာမှာဆို မလွယ်ပါ ဒီတော့ တည်နေရာသိချင်ရင်
လတ် နဲ့ လောင် ကိုသိမှပါ
လတ် လောင် ဆိုတာဘာလဲ မြေပြန့် မှာ တော့အပေါင်းအသင်း
ချင်းတနေရာမှာချိန်းပြီဆိုပါတော့ ကျွန်တော်တို့ က နေရာကို
လေးထောင့်ကွက်များ ဖြစ်အောင် ဒေါင်လိုက်နဲ့  အလျားလိုက်မျဉ်း
များဆွဲ လိုက်မှာပါ ဒေါင်လိုက်မျဉ်းကိုဘ 1 2 3 စသဖြင့်ပေးပြီး
အလျားလိုက်မျဉ်းကို a b c ပေးရင် 1a 3b စသဖြင့် တည်နေရာ
အမှတ်ကို ဖော်ပြနိုင်မှာပါ
လတ်လောင်ကလည်း ဒီအကြံအတိုင်းပါပဲ ကွာတာက ကမ္ဘာ က
လုံးတဲ့ အတွက် ဖြောင့်တဲ့ မျဉ်းတွေအစား စက်ဝိုင်းတွေကိုသုံးပါ
တယ်
ကမ္ဘာက ကိုယ့်ဝန်ရိုးပေါ်မှာ ကိုယ်လည်နေပါတယ် ဒီဝန်ရိုး က
တောင်နှင့်မြောက်ဝန်ရိုးစွန်းကိုဖြတ်သွားပါတယ် ဒီဝန်ရိုးနဲ့ 
ထောင့်မှန်ကျပြီး ကမ္ဘာကို မြောက် နဲ့ တောင်ခြမ်းအတိအကျပိုင်း
ထားတဲ့  စက်ဝိုင်းကို အီကွေတာ ခေါ်ပါတယ် အီကွေတာနဲ့ အပြိုင်
စက်ဝိုင်းများဟာ ဝန်ရိုးစွန်းဘက်ကို အချင်းတဖြည်းဖြည်းသေးငယ်
သွားပါတယ် ဒါကလတ်တီကျူ့  ဝါ လတ်ပါ လတ် မျဉ်းကို ဒေါင့်
အားဖြင့်တိုင်းပါတယ် အကြီးဆုံး အချင်းရှိတဲ့ အီကွေတာစက်ဝိုင်း
ရှိရာ ပြင်ညီကနေ လတ် စက်ဝိုင်းရှိ ရာ ဆွဲထားတဲ့ စိတ်မှန်း မျဉ်း
ရဲ့ ကြားကဒေါင့် ကို φ လို့ ခေါ်ပါတယ် မြောက်ခြမ်းကို φ Nနဲ့ 
တောင်ခြမ်းကို φ S လို့ ရေးပါတယ် အီကွေတာမှာ 0° ဖြစ်ပြီး
တောင် နဲ့ မြောက်ဝင်ရိုးစွန်းမှာ 90° ဖြစ်ပါတယ် အောက်မှာ
ပုံပါပါတယ်
လောင်ကိုတော့ အီကွေတာကို ထောင့်မှန်ကျတဲ့ အထူးနေရာက
စက်ဝိုင်းကို meridian လို့ ခေါ်ပါတယ် လောင်စက်ဝိုင်းအားလုံး
ဟာ အခင်းအတူတူပါ ဒါကြောင့် လန်ဒန်တောင်ပိုင်း
Greenwich ကိုဖြတ်တဲ့ စက်ဝိုင်းကို သတ်သတ်မှတ်မှတ်ယူပါ
တယ် ဒီစက်ဝိုင်းက ကမ္ဘာ ဟိုဘက်ခြမ်းမှာ ရုရှ ပစိဖိတ်နဲ့  ဖီဂျီတို့ ကိုဖြတ်ပါတယ် လောင်ကိုလဲ ဒေါင့် အားဖြင့်တိုင်းပြီး λ လို့ ခေါ်
ကြပါစို့  Greenwich မှာ 0° ရှိပြီး ဖီဂျီမှာ 180° ရှိပါတယ်
ဖီဂျီမှာဖြတ်တဲ့ 180° meridian မျဉ်းကို international
date line လို့ ခေါ်ပါတယ် သူ့ ကိုဖြတ်ကျော်ရင် တရက်ထတိတိ
စောခြင်း သို့ နောက်ကျခြင်းကိုဖြစ်စေပါတယ်
Greenwich ရဲ့ ရှေ့ ကို λ E လို့ ခေါ်ပြီး နောက်ကို λ w လို့ ခေါ်ပါတယ်
ဒီနည်းနဲ့ ပိုတိကျတဲ့ တည်နေရာကိုရပါတယ် ဘာကြောင့် လဲဆိုတော့ သင်ဟာ ကမ္ဘာ့မျက်နှာပြင်ပေါ်မှာရှိတာနဲ့  လတ်
လောင်စက်ဝိုင်း ၂ ခု ဆုံရာ အမှတ်ပေါ်ရောက်နေမှာမို့ ပါ
ဥပမာ Greenwich ကို 51.48° N, 0° W နဲ့ ပြနိုင်ပြီး နယူးယောက်က 40.7484 N, 73.9857 W နဲ့ ပြနိုင်ပါတယ်
ဒါပေမဲ့ ဒီလတ်လောင်ကို ဘယ်လိုရှာမလဲ ????
ဆိုပါတော့ သင်ဟာ ပင်လယ်ထဲမှာ ဖုန်းမပါဘဲ ဆိုရင် ဘိုလုပ်ကြ
မတုန်း
ဆက်လက်ဖော်ပြပါမည် ဒီ ပို့ စ်က plus မဂ္ဂဇင်းကိုမှီးပါတယ်
လတ်လောင် ၂ ( ယခင်ပို့ စ်မှအဆက် )
ဆိုပါစို့ သင်က ပင်လယ်ထဲမှာလှေတစီးနဲ့ စွန့် စားရှာဖွေသူ
လတ်တီကျူ့ ကိုဘယ်လိုရှာမလဲ ဒါက ရှေး ကပင်လယ်ပြင်မှာ
နယ်မြေစွန့်စားရှာဖွေသူ ခရီးသွားတို့ အတွက်အရေးပါတဲ့ ကိစ္စ
ပါ သူတို့ ကကောင်းကင်က နေနဲ့ ကြယ်များကို ကြည့်ပြီးသွား
ခဲ့ ကြပါတယ် ဒီလိုလုပ်ဖို့ အတွက် တြိဂိုနိုမေထရီ နဲနဲ တော့
လိုပါတယ် အောက်မှာ ပုံတွေပြထားပြီး အစဉ်လိုက် ကြည့်ပါ
ကောင်းကင် မှာ ကြယ်တော်များများက အချိန်နဲ့ အမျှတည်နေရာ
ပြောင်းနေပါတယ် ဒီမှာမပြောင်းတဲ့ ကြယ်အချို့ ရှိပါတယ် မြောက်
ဝင်ရိုးစွန်းတည့်တည့် ကဓူဝံကြယ်လိုပါ သူတို့ က ကမ္ဘာကနေ
သိပ်ဝေးလွန်း တော့ မပြောင်းလဲဘူးထင်ရတာပါ
ကမ္ဘာ့ မျက်နှာပြင်ပေါ်က အမှတ်တခုမှာ သင်ရှိနေမယ်ဆိုရင်
မိုးကုတ်စက်ဝိုင်းရှိရာရှေ့ တည့်တည့် တဆုံးကိုကြည့်
လိုက်ပါ ဒီ line of sight က ကမ္ဘာ ကို tangent
ကျတဲ့ မျဉ်းပါ t လို့ ခေါ်ပါမယ် ဒီနေရာကနေ
မြောက်ခြမ်းကိုကြည့်ရင်ဓူဝံကြယ်ကို တွေ့ ရပါမယ်
ဒီ line of sight အကဲကြည့်မျဉ်း ကို l လို့ ခေါ်ပါမယ်
ဒီ t နဲ့  l ကြားက ဒေါင့် ကို θ လို့ ခေါ်ပါမယ် ဒီ ဒေါင့် θ ဟာ
လတ်တီကျူ့  ဒေါင့် တန်ဖိုး φ နဲ့ တူတူပါပဲ
ဒါကဘယ်လိုဖြစ်နိုင်တာလဲ???
ဒါကိုသတ်သေပြဖို့ အောက်က ပုံတွေကိုကြည့်ပါ
l နဲ့  t မျဉ်းကို ဆက်ဆွဲရင် နောက်ထပ် ထိပ်ဆိုင်ဒေါင့်ရပါတယ်
ထိပ်ဆိုင်ဒေါင့်၂ခုဟာတူပါတယ်
Xအမှတ်ဟာ တိုင်းတာသူရှိမယ့်တည်နေရာပါ Oက ကမ္ဘာ့အလယ်
ဗဟိုပါ X နဲ့  O ကိုဆက်တဲ့မျဉ်း r ဟာ အချင်းဝက်ပါ t က tangent ပါ tangent တိုင်းပေါ်ကို အချင်းဝက်ဟာ ဒေါင့်မှန်
ကျပါတယ် ဒါကြောင့် θ ရဲ့ ကပ်ရက်ဒေါင့် တန်ဖိုးက 90°- θ ပါ
မျဉ်း l , အီကွေတာ e နဲ့  r တို့ က ဒေါင့်မှန်တြိဂံ ကိုဖြစ်စေပါတယ်
တြိဂံ တခုရဲ့ အတွင်းဒေါင့် ၃ ခုပေါင်းခြင်းက 180° ပါ
ဒီမှာ လိုချင်တာက φ ပါ φ က လတ်တီကျူ့ ပေါ့ ကျန် ၂ ဒေါင့်ကသိပြီဆိုတော့ φ ကိုရှာနိုင်ပါတယ်
φ = 180 - ( 90 + [ 90- θ ] ) = θ
ဒီနည်းနဲ့ သင်ရောက်နေတဲ့ နေရာရဲ့ လတ်တီကျူ့ ဟာ မိုးကုတ်စက်
ဝိုင်းအထက်က ဓူဝံကြယ်ရှိနေမဲ့ဒေါင့်ပါပဲ
ဒါကိုဂရိ ပညာရှိ ဟစ်ပါချူ့စ်က ကမ္ဘာကြီးလုံးမှန်းမသိခင် လွန်
ခဲ့သော နှစ် ၂၀၀၀ ကပဲတွက်နိုင်ခဲ့ပါတယ်
တောင်ကမ္ဘာခြမ်းမှာတော့ ဓူဝံကြယ်ကို မမြင်နိုင်ပါ ဒါပေမဲ့
southern cross constellation နဲ့  southern
pointers ဆိုတဲ့ ကြယ် ၂ လုံးကို သုံးနိုင်ပါတယ်
ဒါဆိုလောင်ဂျီကျူ့ ကကော ဒါကနောက်ထပ် ပုံပြင်တခုပါ
ဆက်လက်ဖော်ပြပါမည်
လတ်လောင် ၃
လတ် တိုင်းနည်းကို ဟစ်ပါချူ့ စ်လက်ထက် ကတည်းက သိပေမဲ့
လောင် ကတော့ 18 ရာစု ထိခက်ခဲတဲ့ ပြသနာပါ တိကျမှန်ကန်တဲ့ နည်းလမ်းကို မတွေ့ ရပါဘူး နောက်တော့ နာရီတွေရဲ့ အကူအညီ
နဲ့  ဖြေရှင်းနိုင်ခဲ့ပါတယ်
လတ်တီကျူ့ ပြောင်းရင် ဓူဝံကြယ် ရဲ့ ဒေါင့်ကပြောင်းပါတယ်
ဒါကြောင့်လတ်ကို ဓူဝံကြယ်ဒေါင့် c ကို သုံးပြီးရှာလို့ ရပါတယ်
လောင်ကတော့မရပါ
ဘာကြောင့်လဲဆိုတော့လောင်ကိုပြောင်းလိုက်ရင် အောက်ပုံမှာ
ပြထားသလို ဓူဝံကြယ်ဒေါင့် c က မပြောင်းလဲလို့ ပါ
ဒီမှာပြောင်းလဲတာက အချိန်ပါ Greenwich ကနေ ရှေ့ ကို
တိုးတာနဲ့ အမျှ 15° တိုင်းမှာ ၁ နာရီရှေ့တိုးပါတယ်
ဥပမာ Greenwich ရဲ့အချိန်က ၁၂ နာရီဆိုပါစို့  သူ့ ရှေ့ က
15°E မျဉ်းမှာ အချိန်က ၁ နာရီပါ Greenwich ရဲ့ နောက်
15° W မှာ ၁၁ နာရီပါ
ဒီတော့ သင်က သင်ရှိနေတဲ့ နေရာရဲ့ ဒေသ စံတော်ချိန်ကိုလဲသိ
မယ် Greenwich ရဲ့ စံတော်ချိန်လည်းသိမယ်ဆိုရင် ဒီစံတော်
ချိန် ကွာခြားချက်ကနေ လောင်ဂျီကျူ့  ဒီဂရီ ကွာခြားချက်ကို
ပြန်တွက်ယူနိုင်ပါတယ်
ဒီမှာဒေသစံတော်ချိန်တွက်တာက နေကိုကြည့်ရင်ရပါတယ် ဒါပေမဲ့
Greenwich စံတော်ချိန်ကိုသိဖို့ ကတော့ ဒီတုန်းက နာရီ တလုံး
သယ်သွားဖို့ ပါပဲဒါကခုချိန်မှာလွယ်ကူ တဲ့ကိစ္စ ဖြစ်ပေမဲ့  ဒီတုန်းက
တော့ ရှိတဲ့ နာရီတွေဟာ ခရီးဒဏ်ကြောင့် လှိုင်းလူးခြင်းဆောင့်
ခြင်းများနဲ့ မမှန်ခဲ့ ပါ 1707 ခု မှာ ဆယ်လီသင်္ဘောမှောက်မှုကြီး
ဖြစ်ပွားခဲ့ ပါတယ် အင်္ဂလိပ် သင်္ဘော ၄ စင်းဟာ ဆယ်လီကျွန်းနား
မှာ နစ်မြုပ်ခဲ့ တာပါ သူတို့ ရဲ့ ဆိပ်ကမ်း ပို့ စ်မောက်နဲ့ သိပ်မဝေး
ပေမဲ့  လောင်ဂျီကျူ့  အတိအကျမတွက်နိုင်မှု နဲ့ ဆိုးရွားတဲ့ ရာသီ
ဥတုက သင်္ဘောသား ၂၀၀၀ ကျော်သေဆုံးစေခဲ့ ပါတယ် အင်္ဂလိပ်သမိုင်းမှာတော့ အဆိုးရွားဆုံး သင်္ဘောမှောက်မှုပေါ့
စပိန်နဲ့ ဒက် ခ်ျတွေက ဒီ လောင်ပြသနာ ကိုဖြေရှင်းနိုင်မဲ့ သူကို
ဆုငွေပေးမယ်လို့ ကြေငြာထားတယ် ၁၇၁၄မှာ အင်္ဂလိပ်ကလည်း
ဒါကိုရှင်းနိုင်ရင် ပေါင် ၂ သောင်း ပေမယ်ပေါ့ နည်းအမျိုးမျိုးနဲ့ ရှင်း
ကြပါတယ် အခိန်မှန်ဟောင်တဲ့ခွေးကိုလှေပေါ်တင်မယ်တို့ ဘာတို့ 
ပေါ့ တချို့ ကတော့ လနဲ့ ကြယ်တွေကိုတွက်ပြီး အချိန်မှန်းမယ်ပေါ့
၁၇၃၀ နောက်ပိုင်းမှ ဂျွန်ဟယ်ရစ်ဆင် က ရေကြောင်းသုံးနာရီကို
တီထွင်ခဲ့ ပါတယ် ဆုတော်ငွေကတော့ဘုတ်အဖွဲ့ ကညစ်ထားလို့ 
၁၇၇၃ ကြမှ ဂျော့ III ဆီ အယူခံဝင်မှ အကုန်ရခဲ့ ပါတယ်တဲ့ 
ခုခေတ်မှာ အင်တာနေရှင်နယ်ဒိတ်လိုင်းအပါအဝင် လတ်လောင်
တွေ ကွေ့ နေတာကတော့ သက်ဆိုင်ရာဒေသန္တရ အစိုးရတွေရဲ့
ပြောင်းလဲထားမှုကြောင့် ဖြစ်ပုံရပါတယ်
plus ကိုမှီးပါတယ်
No comments:
Post a Comment