Twin paradox
အမြွှာဝိရောဓိပေါ့ တောင်းဆိုထားလို့ ပါ အိုင်းစတိုင်းရဲ့
special relativity မှာ အလင်းအလျင် နီးပါးနဲ့ သွားရင်
gamma က 99.99% စသဖြင့်ပေါ့ အဲဒီအရာ ကို
ရပ်နေတဲ့ frame ကနေကြည့်ရင်သူ့ ရဲ့ အချိန်တွေက dilate
ဖြစ်လာတယ် ဆိုလိုတာက သူရဲ့ တစက္ကန့်  က ကိုယ့် စက္ကန့် 
တရာလောက်ဖြစ်လာမယ်ပေါ့ ဒါက time dilation ပါ
နောက်တခုက relativity ရဲ့သဘောတရားပါ
သင် ကပလတ်ဖေါင်းပေါ်မှာရှိရင် ဖြတ်သွားတဲ့ကားဟာအလျင်
တခုနဲ့ ရွေ့ နေတာပါ သင်က တော့ ရပ်နေသူပေါ့
သင်ကကားပေါ်မှာရှိခဲ့ရင်ကော ဘေးက ပလက်ဖေါင်းဟာ အလျင်
တခုနဲ့ နောက်ကိုရွေ့ သွားတာပါ သင်ကရပ်နေသူပေါ့
ဒါနားလည်ရင် twin paradox ကိုပြောပြပါမယ်
အမြွှာ ၂ ယောက်ရှိတယ် တယောက်က ကမ္ဘာပေါ် မှာကျန်ခဲ့ တယ်
နောက်တယောက်က အာကာသယာဉ်နဲ့  လိုက်သွားတယ်
အလင်အလျင်နီးပါးနဲ့ပေါ့ ပြီးတော့ကမ္ဘာကိုပြန်လာတယ်
ကမ္ဘာ ရောက်တော့ ကမ္ဘာမှာကျန်ခဲ့ တဲ့ အမြွှာက ပိုအိုစာနေတယ်
ပေါ့
ဝိရောဓိဖြစ်ရတာက SR context ကကြည့်ရင်
ကမ္ဘာ ပေါ်ကအမြွှာ က အာကာသယာဉ်ပေါ်ကအမြွှာကိုကြည့်ရင်
သူ့ အချိန်က dilate ဖြစ်မယ် သူကနုပျိုမယ် ကိုယ်ကအိုစာမယ်
ဒါပေမဲ့ အာကာသယာဉ်ပေါ် က အမြွှာ ဘက်ကကြည့်ရင် ကမ္ဘာ
ပေါ်ကအမြွှာ ဟာ အနောက်ဘက်ကို အလင်းအလျင်နေရွေ့ 
နေတာပါ ဒီတော့သူ့ အချိန်ဟာ dilate ဖြစ်မယ် သူကနုပျိုမယ်
ကိုယ်ကအို မယ် ဒီတော့ ဘယ်အမြွှာကပိုအိုတာလဲ
ဒါကြောင့် paradox ဖြစ်တာပါ
အမှန်ကတော့ အာကာသယာဉ်က တချိန်မှာကမ္ဘာကို
ပြန်လာရမှာပါ ဒီအတွက်ရပ်ရမယ် ပြီးတော့ နောက်လှည့်
အလင်းအလျင်နဲ့ ပြန်လာ ကမ္ဘာနားရောက်တော့ အရှိန်လျော့ 
ဒီတော့ ဒါတွေက acceleration တွေပါ acceleration
ပါရင် special relativity အတိုင်း စဉ်းစား လို့ မရတော့ပါဘူး
general relativity နဲ့ မှမှန်ပါတယ်
ဒီမှာ အမြွှာ၂ ယောက်လုံးကို equal footing အတူတူပဲလို့ စဉ်းစားမရတော့ ပါဘူး
အောက်မှာတော့ SR အရ အနီးစပ်ဆုံး အဖြေ ဖြစ်တဲ့
မင်ကောစကီး ပုံ ကိုပြထားပါတယ်ဒီမှာ ct ဝင်ရိုးအတိုင်းဒေါင်
လိုက်သွားတာက ကမ္ဘာမှာကျန်နေတဲ့ အမြွှာပါ တြိဂံရဲ့ကျန်တဲ့ 
အနား၂ ဘက်အဖြစ်သွားတာက အာကာသယာဉ် နဲ့သွားတဲ့ 
အမြွှာပါ အပြာလိုင်းတွေက အသွားခရီက line of
simultaneity ပါ အဲလိုင်းပေါ်က ပွိုင့်တွေက တပြိုင်တည်းဖြစ်နေချိန်တွေပါ အနီလိုင်းက အပြန်ခရီးရဲ့ တပြိုင်
နက်အချိန်တွေပေါ့  earthbound twin ရဲ့  interval
(အပြာလိုင်း၂ခုကြားကအကွာအဝေး )က travelling
twin ရဲ့ interval ထက်ပိုတိုတာကိုတွေ့ မှာပါ ဒါကသူရဲ့ အချိန် ပိုမြန်နေတာကိုပြတာပါ ဒါကြောင့် သူကပိုအိုတာပါ
အသေးစိတ်တွက်ချက်မှုကတော့ ရှုပ်ပါတယ်
No comments:
Post a Comment