ခလူဇာ-ခလိုင် ဒြပ်ဆွဲအား
1915 ခုမှာ အိုင်းစတိုင်း က ဒြပ်ဆွဲအားသီဝရီ ကို
အောင်မြင်အောင်ရေးနိုင်လိုက်တယ် သူ့ သီဝရီက
ရှေ့က နယူတန့်ဟာ နဲ့မတူဘူး နယူတန့်သီဝရီက
ရုပ် ၂ခု ကို ကြားက အားတခု နဲ့ ချည်နှောင်ထား
( ဆွဲ )ထားတယ်ပေါ့ ပြသနာက အားဆိုတာဘာ
လဲ သူ့ ကစိတ္တဇ နာမ် ဆန်တယ် ဆုပ်ကိုင်ပြလို့ မရ
ဘူးလေ ရူပဗေဒ အပါအဝင် သိပ္ပံ တွေက သဘာဝ
မှာ လက်ဆုပ်လက်ကိုင်ပြနိုင် တဲ့ တိုင်းတာလို့ရတဲ့
အရာတွေကိုပဲလက်သင့်ခံတာလေ ဒီတော့ အိုင်း
စတိုင်းက အားဆိုတာကို ဂဲသြမေထရီ ပစ္စည်းတခုနဲ့
အစားထိုးခဲ့တယ် ဂဲသြမေထရီ ပစ္စည်းဆိုတာက
နာမည်ကြီးကသာ ကျွန်တော်တို့နဲ့ဝေးနေတာပါ
တြိဂံတို့ စက်ဝိုင်းတို့လို ပုံသဏာန်တွေ ကိုလေ့လာ
တာဆိုတော့ တိတိကျကျရှိတယ် ဒါပေမဲ့ ခုပြောတဲ့
တြိဂံတို့ စက်ဝိုင်းတို့ က ပြင်ညီပေါ်မှာရှိတာ
ဒါကို ယူကလစ်ဒီယံ လို့ခေါ်တယ် ယူကလစ်ရဲ့ သင်္ချာ
ရှိရာမျက်နှာပြင်ပေါ့ ပြသနာက တကယ့်လောကက
ပြင်ညီပေါ်မှာမဟုတ်ဘူး ကမ္ဘာကို ပဲကြည့် တကယ်
တော့ လုံးနေတာ လုံးနေတဲ့ ကမ္ဘာ ပေါ်မှာ စက်ဝိုင်း
တခု ဆွဲရင် C=2πr မဟုတ်တော့ဘူး တြိဂံတခုရဲ့
အတွင်းထောင့် အားလုံးပေါင်းက ၁၈၀°ထက်ပိုနေပြီ
တကယ့်လောက က curved space ပေါ့ ဒါကို
ပြောပြမဲ့ ဂဲသြမေထရီတခုလိုနေပြီ
အိုင်းစတိုင်းကံကောင်းတာက ဒါကိုပြောပြတဲ့ ဂဲသြမေထရီကိုနှစ်တရာစောပြီး ဘားနဒ်ရိုင်းမင်း
ကထွင်ခဲ့တယ် ရိုင်မင်းနီးယံ ဂဲသြမေထရီပေါ့
မျက်နှာပြင် တခုကွေးကြောင်း ကျွန်တော်တို့ဘယ်
လိုသိလဲ မခက်ပါ ဘူး ပြန့်ပြူးတာနဲ့ယှဉ်ကြည့်လိုက်
သိနိုင်ပါတယ် ဒါပေမဲ့ ဒါက ဒီsurface ကို ကျွန်တော်
တို့က အပြင်ကကြည့်မှသိတာပါ တကယ်လို့ ကျွန်
တော်တို့ကိုယ်တိုင်က ဒီ surface ပေါ် မှာရှိနေရင်
ကွေးလား ပြန့်လား ( curve or flat ) ကိုမသိနိုင်တော့
ပါဘူး ဒါကြောင့်ရှေ့က လူတွေက ကမ္ဘာ ဟာ ပြား
တယ်ထင်ခဲ့တာပေါ့ ဒီတော့ သင်္ချာပညာရှင်တွေ
အတွက် ပြသနာက surface ပေါ်မှာရှိနေရင်း
အကွေး ဒီဂရီ တိုင်းတာမယ့် နည်းလမ်းလို နေတာ
ပါ ဒါကိုပထမဆုံး စရှာပေးခဲ့တာ့ ဂေါ့စ် ပါ နောက်
တော့သူ့လမ်းကိုချဲ့ထွင်ရင်း ရိုင်းမင်းက riemanian
geometry ကိုရှာတွေ့ခဲ့တယ်
အိုင်းစတိုင်းက ဒီသင်္ချာကိုသုံးပြီး ကွေးကောက်နေ
သောလောကကို ပုံဖော်ခဲ့ တယ် နောက်ဆုံးတော့
အိုင်းစတိုင်း က ဘာမှန်းမသိတဲ့အား ဆိုတာကို
ဂဲသြမေထရီ ဖြစ်တဲ့ manifold (မင်နီဖိုး ) နဲ့အစား
ထိုးခဲ့တာပေါ့ မင်နီဖိုးဆိုတာက ပိုပြီး general ကျတဲ့
surface တခုပါပဲ
ရှေ့က ပို့စ်တချို့ဖတ်ထားရင် အိုင်းစတိုင်း equation မြင်ဖူးမှာပါ
. G = κT
μν μν
ဒီမှာ G က အိုင်းစတိုင်းတန်ဆာဖြစ်ပြီး Tက
ရုပ်-စွမ်းအင် တန်ဆာပါ μ နှင့် ν က 1,2,3,4 တန်ဖိုး
ယူပါတယ် κ က constantပါ
ညီမျှခြင်းရဲ့ ဘယ်ခြမ်း ကမင်နီဖိုး ပါပဲ
အိုင်းစတိုင်းမကြိုက်တာက ညာခြမ်း ကို ညာခြမ်း
က matter ရုပ် တွေကို ကိုယ်စားပြုတာပါ
ဒါပေမဲ့ပြသနာကရုပ်တွေကလည်း အားလိုပဲ ဆုပ်ကိုင်
မရတဲ့အရာပါပဲ ဟာ ဒါတော့ မဖြစ်နိုင်ဘူးလို့ သင်
ထင်ပါလိမ့်မယ် တကယ်တော့ ခု ကျွန်တော်တို့
ထိကိုင်မြင်နေရတဲ့ အရာမှန်သမျှ ဟာ ပိုသေးငယ်
တဲ့ fundamental particle နဲ့ ဖွဲ့ထား ပြီး ဒီ particle တွေဟာ လည်းနောက်ထပ်ပို အခြေခံကျ
တဲ့ field စက်ကွင်းလို အရာတွေနဲ့ဖွဲ့တည်ထားတာ
ပါ ဒီတော့ daily life နေ့စဉ်ဘဝမှာဒါတွေက ဆုပ်
ကိုင်ရသယောင်ရှိပေမဲ့ တကယ့် reality မှာ မဟုတ်ပါဘူး ဒီတော့ အိုင်းစတိုင်းအတွက်တော့
ညီမျှခြင်း ညာခြမ်းက ugly ပါ ရုပ်ဆိုးလွန်းတယ်
လို့သူကညည်းတွားခဲ့ပါတယ် သူဖြစ်စေချင်တာက
ညာခြမ်းကိုလည်း ဘယ်ခြမ်းလိုပဲ ဂဲသြမေထရီပစ္စည်း
နဲ့ အစားထိုးချင်တာပါ သူ့ဘဝရဲ့ နှောင်းပိုင်းတခုလုံး
ဒါကိုကြိုးစားခဲ့ပါတယ်
GR ပေါ်ပြီးသိပ်မကြာခင်မှာပဲ ဂျာမနီက လူမသိ
သူမသိ ရူပဗေဒပညာရှင် ခလူဇာ က အိုင်းစတိုင်းဆီ
ကိုစာရေးခဲ့ပါတယ် အိုင်းစတိုင်းဖြစ်စေချင်တဲ့
ဂဲသြမထရီလုပ်ခြင်း geometrization အတွက်ပါ
သူ့အကြံက ဒိုင်မင်းရှင်းတိုးဖို့ပါ မူလ အိုင်းစတိုင်းသီ
ဝရီက 4 dimension ပါပါတယ် အချိန် အလျားအနံ
အမြင့် ၄ ခုပါ သူ က၅ ခု မြောက် ဒိုင်မင်းရှင်းကိုထည့်လိုက်တယ် ဒါကိုနားလည် ဖို့ ပထမ လို တာက ရှေ့ က ပြောခဲ့တဲ့ မင်နီဖိုး ကို
သင်္ချာအရဘယ်လိုရေးလဲ သိဖို့ပါ တကယ်တော့
ဒါတွေက tensor တန်ဆာ တွေဖြစ်ပြီး အနီးစပ်ဆုံး
matrix နဲ့ရေးလို့ရပါတယ် အောက်မှာရေးပြပါမယ်
ဘေးကလက်သည်းကွင်းတော့ ရေးမရလို့စိတ်ထဲ
ကဖြည့်ဖတ်လိုက်ပါ
g₁₁ g₁₂ g₁₃ g₁₄
g₂₁ g₂₂ g₂₃ g₂₄
G = g₃₁ g₃₂ g₃₃ g₃₄
g₄₁ g₄₂ g₄₃ g₄₄
ဒါ က အချိန် အလျား အနံ အမြင့် စသဖြင့် ဒိုင်မင်းရှင်း ၄ ခုကိုကိုယ်စားပြုပါတယ် ဒီဒေတာတွေ
ကို တိတိကျကျသိရင် ဒီ မင်နီဖိုး မျက်နှာပြင်ရဲ့ အမှတ်တိုင်း မှာရှိမဲ့ အချိန်ရဲ့နှေးမှုမြန်မှု ဒီဂရီ
အလျားရဲ့ ကွေးမှုခုံးမှုဒီဂရီ အမြင့်ရဲ့…………အနံရဲ့……
စသဖြင့် သိနိုင်ပါတယ်
အိုင်းစတိုင်းရဲ့ခေတ်မှာ သိပ္ပံပညာရှင်တွေ သိထားတဲ့
အားက ၂ မျိုးပါ တခု ဒြပ်ဆွဲအား နောက်တခုက
လျှပ်စစ်သံလိုက်အားပါ EM အားပေါ့ EM အားကို
ရေးရင် 4 vector potential နဲ့အောက်ကအတိုင်း
ရေးပါတယ်
( A₁ A₂ A₃ A₄ )
ဒီတော့ ၅ခုမြောက်ဒိုင်မင်းရှင်းကို ဒီvector ပေါင်းပေး
ရင်
g₁₁ g₁₂ g₁₃ g₁₄ A₁
g₂₁ g₂₂g₂₃ g₂₄ A₂
G = g₃₁ g₃₂ g₃₃g₃₄ A₃
g₄₁ g₄₂ g₄₃g₄₄ A₄
A₁ A₂ A₃ A₄ Φ
ဆိုပြီးရပါတယ် ဒါက အား ၂ မျိုးကို ပေါင်းစပ်လိုက်
ခြင်းပါ ဒီအခါ equation က
G = 0
μν
ဖြစ်သွားပါတယ် μ နှင့် ν ကခုခါမှာ 1,2,3,4,5 တန်ဖိုး
ဆောင်ပါတယ် ဒိုင်မင်းရှင်း ၅ ခုဖြစ်သွားပါတယ်
အဓိပ္ပါယ်က 5 dimension က ကြည့်ရင် လောကမှာ ညီမျှခြင်းညာခြမ်းက ဇီးရိုးပါ နဂိုက ugly
ဖြစ်တဲ့ ရုပ်ဆိုတာမရှိတော့ပါဘူး သီဝရီဟာ လုံးဝ
လုံးဝ မင်နီဖိုးတခုထဲနဲ့တည်ဆောက်ထားတဲ့ ဂဲသြမေထရီ ပစ္စည်းပါ ကျွန်တော်တို့သိတဲ့ရုပ် တွေဟာ ၅ ဘက်တိုင်း ကမ္ဘာကို ၄ဘက်တိုင်း အမြင်နဲ့ကြည့် ချိန်မှာမြင်ရ တဲ့သဘောပါ
ဒီနည်းနဲ့ အား၂မျိုးကိုပေါင်းစပ်ပြီး လှပတဲ့ geometry ပစ္စည်းကို ခလူဇာက ပြုလုပ်ပြခဲ့ပါတယ်
ဒီမှာတွေ့တဲ့Φ က scaler field ပါ
ဒါကလှပေမဲ့ ပြသနာတွေတော့ ရှိပါတယ် ပထမတခု
က ဘာလို့ ၅ ခုမြောက် ဒိုင်မင်းရှင်းကို ကျွန်တော်
တို့ မမြင်လည်း ဒီအဖြေကိုပေးခဲ့သူက ခလိုင်ပါ
ဂျာမန် သင်္ချာအကျော်အမော်ပေါ့ သူက ၅ ခု မြောက်
ဒိုင်မင်းရှင်းဟာ မမြင်ရလောက်အောင်ခွေလိပ်နေ
မယ် topology အရတော့ ၅ ခုမြောက်ဟာ circle
နဲ့တူမယ်လို့ပြောခဲ့ပါတယ် သဘောက သင်ဟာ ခပ်
ဝေးဝေး ကနေ ရေပိုက်တခု ကိုကြည့်ရင် မျဉ်းတ
ကြောင်းအဖြစ်နဲ့မြင်ရမှာပါ အနီးကပ်ကြည့်မှသာ
စက်ဝိုင်းပုံ ကန့်လန့်ဖြတ်ပိုင်းရှိမှန်းသိမှာပါ
ဒါကို compactification of dimension လို့ ခေါ်ပါတယ်
နောက်ပြသနာတခုကတော့ ဒီသီဝရီက တွက်ထုတ်တဲ့ လျှပ်စစ်ရဲ့ charge နဲ့ mass က
လက်တွေ့ အပြင်ကအတိုင်းအတာနဲ့မကိုက်တာပါ
တတိယမြောက်ပြသနာက တော့ နောက်ပိုင်းမှာ
အားဟာ ၂ မျိုးမကပဲ အားပြင်းနဲ့အားပျော့ ကိုတွေ့
ရှိခဲ့တာပါ ဘာပဲဖြစ်ဖြစ် အားတွေပေါင်းစည်းပြီး
လောကကို တလုံးတစည်းတည်း ရှင်းပြနိုင်တဲ့
unified theory တွေရဲ့လမ်းစ ကို kaluza-klein
theory ကစပေးနိုင်ခဲ့ပါတယ်
ခုဆို string theory လို အရာမျိုးက ဒီလမ်းကို
ဆက်လျှောက်နေခြင်းဖြစ်ပါကြောင်း
No comments:
Post a Comment