Tuesday, July 28, 2015

Werewolf

werewolf

werewolf ဆိုတာ မြန်မာလိုတော့ သမန်းဝံပုလွေ
လို့ပြန်ရမယ်ထင်ပါတယ် ငယ်ငယ်က ကာတွန်းနဲ့
မဂ္ဂဇင်း ကဝတ္ထုတိုတွေဖတ်တော့ သမန်းကျား အ
ကြောင်း ဖတ်ရတော့ ကြတ်သီးထတယ် ဒီလို အိုင်
ဒီယာမျိုး ကဥရောပမှာလည်းရှိကြောင်းကြီးလာမှ
ရုပ်ရှင်တွေကြည့်ရင်း dota ဆော့ရင်း သိလာရတယ်
dota မှာပါတဲ့ lycanthrope ဆိုတာ werewolf ပါပဲ
lycos က ဂရိ လို ဝံပုလွေ thrope က anthropos
က လာတာ လူလို့ အနက်ထွက်ပါတယ်

wiki မှာဖတ်ရင်းနဲ့ အတွေး ရလို့ ရေးတာပါ ဒါတွေကို
သူတို့ဆီမှာတော့ folklore ဒါမှမဟုတ် mythology
ခေါ်ပါတယ် အလယ်ခေတ်ဥရောပ မှာ လူက နေဝံပုလွေ ပြောင်းသွားတဲ့ shapeshift အကြောင်း
မှတ်တမ်းတွေအတော်များ တယ်ဆိုပါတယ် လပြည့်
ညမှာ အကောင်ပြောင်းတာ အလင်းရောင်ကြောက်
လို့ ညပိုင်းမှာ ဖြစ်တာ ခွေးလိုအူ တာစသဖြင့် ပေါ့

ဒီအယူအစတွေက အရှေ့တိုင်းမှာလည်းရှိတာ ပဲ အ
သွင်ပြောင်းတာပေါ့ ဒါပေမဲ့ Dr Lee Illis of Guy's Hospital in London က တော့ ဒါကို medical
condition ရောဂါ တခုလို့ ယူဆတယ် သူထင်တာ
က porphyria ဖေါ်ဖီးရီးယား ရောဂါလို့ ထင်တယ်
တဲ့ ဒီရောဂါက သွေးဆဲလ်ထဲက ဟေမို ဂလိုဘင်ကို
ခြေဖျက်ရာက ထွက်လာတဲ့ ဖေါ်ဖီရင်ဆိုတဲ့
မော်လီကျူး တွေခန္ဓာ ကမစွန့်ထုတ်နိုင်လို့ ဒီအရာတွေ တကိုယ်လုံးက အင်္ဂါ organ တွေမှာ စု
ပုံရာက ဖြစ်လာတာပါ သူဖြစ်ပြီဆိုရင် psychosis
ရူး မယ် photosensitivity အလင်းကြောက်မယ်
reddish teeth သွားတွေနီလာမယ် စသဖြင့်ဖြစ်
ပါတယ် ဒီလက္ခဏာ တွေက မှတ်တမ်းမှာတွေရတဲ့
werewolf ရဲ့ အလင်းကြောက်လို့ ညမှထွက်တာ
လပြည့်ဆို ဆိုးလာတာ တိုက်ခိုက်တာ အစွယ်တွေ
ရှိတာစသဖြင့်တွေနဲ့တူတယ်ပေါ့
ဒါကို  ဒေါက်တာ woodward ကတော့ သိပ်လက်
မခံပါဘူး တချို့ကလည်း ဒါက hypertrichosis
ခေါ်တဲ့ တကိုယ်လုံးအမွှေးရှည်လာတဲ့ရောဂါလို့
ယူဆပါတယ် woodward ကတော့ သမန်းတွေ က
ကိုက်လိုက်ရင် အကိုက်ခံရသူက သမန်းဝံပုလွေဖြစ်
သွားတဲ့အချက်ကိုကြည့်ပြီး ရောဂါကူးမှု transmission ရှိလို့ rabies လို့ ထင်ပါတယ်
ခွေးရူး ရောဂါပါ ခွေးရူးရောဂါလည်း ရေကြောက်တာ
ရူးတာ အော်ဟစ်သောင်းကျန်းတာ အလင်းရောင်ကြောက်တာ အားလုံးရှိတာကိုး

ဒီမှာစဉ်းစားမိတာက ဟိုးတုန်းက မတိုးတက်တဲ့အချိန်
မှာ ဒီလိုရောဂါတွေကို ရှေးလူတွေ တွေ့ခဲ့ရင် သူတို့
ဘယ်လိုစဉ်းစားသလဲဆိုတာပါ လက်တွေ့သိပ္ပံ က
မရှိဘူးဖြေရှင်းဖိုရာက လိုနေပြီ ဒီတော့ သူတို့
သီဝရီ တခုခုတော့ စဉ်းစားရမှာပဲလေ ဒီမှာ shapeshift တို့ စုန်းတို့ မှော်တို့ ပေါ်လာမှာပဲလေ
ဘာသာတရားတွေမှာလည်း ဒီလို ဖြေရှင်းဖို့ အဖြေတွေရှိတတ်ကြပါတယ် အမှန်တော့ ဒါတွေဟာ
လက်တွေ့လောကမှာ ကြုံရတဲ့ question တခုကို
ဖြေပေးတဲ့ hypothesis ထင်ကြေး အမျိုးမျိုးပါ
အရေးကြီးတာက ဒါကို ဘယ်ဟာမှန်လဲဆိုတာ
ဆန်းစစ်တဲ့ experiment လိုတာပါ ဒါနဲ့ကိုက်တဲ့
hypothesis က science ဖြစ်သွားပြီး မကိုက်တာ
က folklore ပုံပြင် တွေ myth ဒဏ္ဍာရီ တွေ ဖြစ်
သွားမှာပါ သူတို့ရှိတော့ တခုကောင်းတာက ဖျော်ဖြေမှုရတာပေါ့ ဒါပေမဲ့ တချို့တွေကဒါကို
အလွန်အကျွန် ယုံကြည်နေတတ်ကြတယ် လက်တွေ့
ဆန်တဲ့ တခြားသောဖြေရှင်းမှုကိုတောင် နားမဝင်ကြတော့ဘူး ဒီလိုလူမျိုးတွေများလာတဲ့
တိုင်းပြည်ဟာ နောက်ဆုံးတော့ ယတြာချေ တာ
သိပ်ကြိုက်တဲ့ လူမျိုးတွေအုပ်ချုပ်တဲ့ တိုင်းပြည်ဖြစ်သွားတတ်ပါတယ် သူတို့ဆီကလူတွေ
ကတော့ folklore ကို folklore အနေနဲ့လက်ခံပြီး
လက်တွေ့အတွက် sciencetific thinking ကို
အားပေးပါတယ် ဒီလို thinking မရှိတဲ့ ပညာမဲ့တွေ
နိုင်ငံကိုအုပ်ချုပ်ခွင့်မရအောင် ပညာကိုအားပေးပါ
တယ် blade ကားထဲက vampire တောင် သိပ္ပံ
နည်းကျ sickle cell anaemia ပါဆိုပြီး ရုပ်ရှင်
ဇာတ်ညွှန်းရေးတတ်တဲ့တိုင်းပြည်မှာ ပြည်သူက
ဘယ်လို အ မှာလဲ ပြည်သူမအ တော့ ခေါင်းဆောင်
မချာတော့ဘူးပေါ့

ပြောသာပြောရတာပါ myth တွေက ရုပ်ရှင်ကြည့်
ရင်ဖြစ်ဖြစ် dota ဆော့ ရင်ဖြစ်ဖြစ် မိုက်ပါတယ်
ကျွန်တော်ကိုယ်တိုင်လည်း lycanthrope fun ပေါ့ ဗျာ

No comments:

Post a Comment