Tuesday, July 28, 2015

inertia and gravitational mass

အင်နားရှားဒြပ်ထု Vs ဒြပ်ဆွဲဒြပ်ထု

ဂယ်လီလီယို က ပီဆာမျှော်စင်ပေါ်က ပစ်ချတယ်ဆိုတဲ့ အထောက်အထား အသေအချာမရှိဘူး လို့ ဆိုပါတယ်
တကယ်လုပ်ခဲ့တာက လျှောစောက် slope တလျှောက်မှာ
mass မတူတဲ့ သံလုံး ၂ ခုကို လှိမ့်ချခဲ့တာပါ
ခု ပို့ စ်က အင်နာရှား ဒြပ်ထုနဲ့  ဒြပ်ဆွဲဒြပ်ထု အကြောင်းမေး
ထားလို့ ပါ
ဂယ်လီလီယို ကအင်နားရှားကို ပထမဆုံး နားလည်ခဲ့သူပါ

အရာ ဝတ္ထု တခုဟာ သူ့ ကို အားတခုနဲ့  သာ ရိုက်မထုတ်ဘူး
(ပညာရှင် စကားကတော့ မသက်ရောက်ဘူး ဆိုရင်) ရပ်နေတာ
ကဆက်ရပ်နေမယ် ရွေ့ နေတာ ကဆက်ရွေ့ နေမယ်ပေါ့
(အမှန်တော့ အိုင်းစတိုင်းရဲ့ ခေါတ်မှာတော့ Absolute rest
ဆိုတာမရှိပါဘူး ထားပါတော့ ) ဒါကို inertia / inertial
frame စသဖြင့် ခေါ်ပါတယ် ဒီဝတ္ထု မှာရှိတဲ့ ဒြပ်ထုကို
inertial mass လို့ ခေါ်ပါတယ် F= ma က m ဟာ
အင်နားရှား ဒြပ်ထုပါ

နယူတန်ရဲ့ F= ma က ယေဘူယျ နိယာမပါ ဒီမှာ F က ကြိုက်တဲ့ အား ဖြစ်နိုင်တယ် လျှပ်စစ်အား သံလိုက်အား
ဒြပ်ဆွဲအား ပွတ်အား ဖိအား စသဖြင့်

ဒါပေမဲ့ နယူတန်က ဒြပ်ဆွဲအားကို ပိုစိတ်ဝင်စားခဲ့ တယ်
သူရဲ့ပြုတ်ကျတဲ့ပန်းသီးပေါ့ ဒါလည်းပဲတကယ်တော့ ယုံတမ်းပါ
ဥပမာပေးပြီးပြောတာကနေပါးစပ်ရာဇဝင်ဖြစ်သွားပုံရပါတယ်
တကဲ့ thought experiment က ကမ္ဘာ ကိုပါတ်ပြီး ပြေး
တဲ့ အမြှောက်ဆံပါ အမြှောက်ဆံတခုရဲ့အရှိန်နှုန်းဟာ ကမ္ဘာကို
တပါတ်ကျော်အောင်သာပါတ်နိုင်တဲ့ အရှိန်ဆိုရင်ဘာဆက်ဖြစ်မ
လဲ ပြုတ်ကျမလား ဆက်ပါတ်နေမလားပေါ့ ဒီကနေ
universal gravitation ကိုတွေ့ တာပါ

F  = G  mM/r².     ပေါ့ ဒီမှာ ဒီက M ကော m ကောက
ဒြပ်ထုတွေပါပဲ မတူတာက ၂ ခုဖြစ်နေလို့ ပါ M ကို ပိုကြီးတဲ့
ဒြပ်ထု ဥပမာ ကမ္ဘာ လိုဆိုရင် m ကို ပိုသေးတဲ့ ဝတ္ထု ဥပမာ
ပန်းသီးလို အောက်မေ့နိုင်ပါတယ် ဒီမှာတော့  m ကော M
ကောဟာ gravitational mss ဒြပ်ဆွဲဒြပ်ထုပါ

ဒီ၂ ခု ဟာ တူနိုင်လား ???

မတူဘူးယူဆတဲ့လူတွေလဲရှိသလို တူတယ်ထင်တဲ့ သူတွေလည်း
ရှိပါတယ်

အင်နားရှားဒြပ်ထုက အရွေ့ ကို ဆန့် ကျင်ရာကဖြစ်လာတာပါ

ဒြပ်ဆွဲဒြပ်ထုက ဒြပ်ဆွဲအားမူလသဘောရှိပါတယ်

ဘာမှန်လဲဆိုတာကတော့လက်တွေ့ စမ်းသပ်ချက်ကသာပြော
နိုင်ပါတယ် Etovos က တူတယ်လို့ စမ်းသပ်ပြခဲ့တယ်

အိုင်းစတိုင်းက ဒီ ၂ခု တူရင်ဘာဖြစ် မလဲ စဉ်းစားရာက
general relativity ကို တွေ့ ခဲ့ တာပါ ဒါကို
Einstein Equivalance Principle EEP လို့ ခေါ်ပါတယ်

EEP က GR ကို သင်ရင် မသိမဖြစ်ပါ

No comments:

Post a Comment