ဟစ်ဂ်အမှုန်နှင့် ဘက်ညီမှု
သံလိုက်မော်ဒယ်လ်
လန်ဒူးသီဝရီကိုရှင်းပြဖို့ အတွက်တော့ သံလိုက်ဓာတ်ဝင်နေတဲ့ သံနီကယ်လ်နဲ ကိုဘော့လိုသတ္ထုကိုမြင်ကြည့်ပါ ဒါတွေဟာကျူရီအပူချိန်လို့ခေါ်တဲ့ အပူချိန်မှတ်မှာ အခြေပြောင်းပါတယ် ကျူရီအပူချိန်က ပြင်သစ်သိပ္ပံပညာရှင်ပယ်ရီကျူရီကိုဂုဏ်ပြုမှည့်ခေါ်ထားတာပါ သူဟာ နာမည်ကျော်မေရီကျူရီရဲ့အမျိုးသားပါ သံရ့အပူချိန်က ၁၀၄၃ ကယ်လ်ဗင် ဖြစ်ပါတယ် ဆဲလ်စီးရပ်စ်နဲ့ဆို ၇၇၀ ဒီဂရီပါ ဒိအwပူချိန်ရဲ့အထက်မှာ သံေuတွဟာ သူ့ရဲ့သံလိုက်ဓာတ်ကို ဆုံးရှုးံပါတယ် ဒိအပူချိန်ရဲ့အောက်မှာတော့သံတွေဟာအလိုအလျောက် သံလိုက်ဓာတ်ဝင်လာပါတယ်
လန်ဒူးသီဝရီကိုရိုးရှင်းအောင်လုပ်ထားတဲ့သံလိုက်မော်ဒယ်လ်နဲ့ရှင်းပြနိုင်ပါတယ် သံအက်တမ်အုပ်စုတခုကိုပြင်ညီပေါ်မှာအစီအရီတင်ထားတယ်လို့မြင်ကြည့်ပါသံအက်တမ်တလုံးချင်းစီမှာ သေးငယ်တဲ့သံလိုက်စက်ကွင်း တခုစီရှိပြီးစက်ကွင်းကို ကိုယ်စားပြုတဲ့ဗက်တာ (မြှားသေးသေးလေးကိုမြင်ကြည့်ပါ)ဟာအပေါ် သို့ အောက် direction တခုခုကိုဦးတည်နေမှာပါ
သာမိုဒိုင်နမစ်နိယာမ အရ ဒီလိုအဖွဲ့အစည်းမျိုးဟာ မျှခြေ equilibrium ကို အလွယ်တကူရောက်သွားပါတယ် မျှခြေဟာ စွမ်းအင်အနည်းဆုံးမို့ပါ ကပ်လျက်သံအက်တမ်၂ခု ဟာ ကိုယ်စီရဲ့သံလိုက်ဗက်တာကို တူညီတဲ့ direction ကို ညွှန်းခဲ့မယ်ဆိုရင် စွမ်းအင်ဟာ နည်းနည်းပဲလိုပါတယ် ဒါကြောင့်သံအက်တမ်တိုင်းဟာdirection အတူတူ ကိုညွှန်းဖို့ tendency ပါလာပါတယ် ဒါပေမယ့် အပူချိန်မြင့်မှာတော့ စွမ်းအင်ဟာအက်တမ်များကိုလှုပ်ရှားစေပြီးdirection ပေါင်းစုံ(ယခုဥပမာတွင် one dimension ဖြစ်သောကြောင့် အပေါ် သို့အောက်၂ ဖက်သာ) ကိုဦးတည်စေပါသည် ထို့ကြောင့်ကပ်လျက်အက်တမ်၂ခု ဟာ direction တူညီချင်သော်လည်းခြုံကြည့်လျင် ဥိးတည်ရာစုံနေပါတယ် စနစ်system တခုလုံးနေနဲ့ကြည့်ရင် သံလိုက်စက်ကွင်းဟာ သုည ပါ အချင်းချင်းခြေဖျက်လို့ပျောက်ပျက်သွားပါတယ်
အပူချိန်ကိုချမယ်ဆိုရင်တော့စွမ်းအင်မပြင်းတော့တဲ့အတွက် သံလိုက်ဗက်တာ များဟာ direction တူနေသောကြောင့် သံလိုက်စက်ကွင်းကိုဖြစ်ပေါ်စေပါတယ်
ဟစ်ဂ်အမှုန်နှင့် ဘက်ညီမှု(၃)
Broken symmetry to orders
ဒါကိုဘက်ညီမှုနဲ့ ရှင်းပြနိုင်ပါတယ် အခြေပြောင်းအမှတ်အထက်မှာ သံလိုက်ဗက်တာများဟာ ပရမ်းပတာပြန့်ကြဲနေပါတယ် သံအက်တမ် တခုချင်းစီရဲ့သံလိုက်ဗက်တာဟာ direction ပေါင်းစုံကို ညီတူညီမျှဦးတည်ပါတယ် ဘယ် direction ကမှဦးစားပေးမဟုတ်ပါ အားလုံးဟာဖြစ်တန်စွမ်းအတူတူပါ ထို့ကြောင် အပေါ် သို့ အောက် direction များနှင့် ဆက်စပ်ပြီး ပြောရလျင် ဘက်ညီမှုရှိသည်ဟုဆိုနိုင်ပါသည် အခြေပြောင်းအမှတ်အောက်ရောက်လျင်မူ ၎င်းဘက်ညီမှုပျောက်ဆုံးပြီး သံလိုက်ဓာတ်ဖြစ်ပေါ်လာပါသည်
နောက်တချက်မှာ ဘက်ညီမှုပျောက်ဆုံးသွားတိုင်းအစီအစဉ်ကျနမှု order ပေါ်ပေါက်လာပါသည် အက်တမ်များ direction တခု သို့သာ လှည့်ကြပါတော့သည် လန်ဒူးရဲ့ခွဲခြမ်းစိတ်ဖြာမှုဟာအရေးပါတဲ့အချက်ပါ သူက order ကိုတိုင်းတာတဲ့ parameter တခုရှိရမယ်လို့အကြံပြုပါတယ် critical point(အခြေပြောင်းအမှတ်) ရဲ့အထက်မှာparameter က သုညဖြစ်ရပါမယ် system ဟာ symmetry ဖြစ်ပေမဲ့ orderမရှိသောကြောင့် သံလိုက်စွမ်းအင်မရှိသောကြောင့်ဖြစ်ပါတယ်
critical point အောက်မှာတော့ parameter ဟာ non zero valueပါ အလိုလျေက်ပေါ်လာတဲ့ order နဲ့ သံလိုက်ဓာတ်ကိုကိုယ်စားပြုဖို့ပါ ဒီparameter ဟာ သံလိုက်ဖြစ်ပေါ်ခြင်းကိုကိုယ်စားပြုတဲ့အတွက် M လို့ခေါ်ရင်
M = ( up - down) / ( up + down)
up က အပေါ်ညွှန်သော အက်တမ်အရေအတွက်
down က အောက်သို့ညွှန်သော အက်တမ်အရေအတွက်
သံလိုက်ဖြစ်ပေါ်ခြင်းသည် အသားတင် up များ၏အရေအတွက်ကို စုစုပေါင်းအရေအတွက်ဖြင့်စားခြင်းပင်ဖြစ်ပါသည် critical point အထက်တွင် အရေအတွက်တူသောကြောင့် zero ရပြီးအောက်တွင် non zero value ဆောင်ပါသည်
M သည်လက်တွေ့တိုင်းတာနိုင်သောကြောင့် အပူချိန်နှင့်လိုက်လျောညီစွာပြောင်းလဲသည်ဟုယူဆနိုင်ပါသည် ထို့ကြောင့်စွမ်းအင်နှင့်ဆက်စပ်သောဆက်သွယ်ချက်ကိုရှာနိုင်ပါသည်
ဟစ်ဂ်အမှုန်နှင့်ဘက်ညီမှု (၄)
M နှင့်စွမ်းအင်
လန်ဒူး နောက်တဆင့်လုပ်တာကတော့ system ရဲ့စွမ်းအင်ကို M (magnetization) အားဖြင့်ဖော်ပြသောညီမျှချင်းကိုရှာဖွေတာပါ ရှုပ်ထွေးတဲ့အတွက်သာမာန်ဆိုခက်ခဲပါတယ် ဒါပေမဲ့ critical point အနားတဝိုက်မှာတော့ ရှုပ်တာတွေကိုမေ့ထားနိုင်ပါတယ် လန်ဒူးက စွမ်းအင်E ကို M ရဲ့ polynomial မှာဖြန့်လိုက်ပါတယ်
E (M) = a + bM + cM^2 + dM ^3 +
eM^4 + .............
Polynomial ပါ a b c d e များက coeffiecient ဖြစ်ပါတယ် M ကို power တဆင့်ခြင်းတင်ပြီးပေါင်းရမှာပါ ပြောစရာရှိတာက ဒီဂဏာန်းဟာ အလွန်ကြီးတဲ့ပမာဏဖြစ်နိုင်သလား ဆိုတာပါ ဒါပေမဲ့ M ရဲ့ ညီမျှချင်းပုံစံကြောင့် ဂဏာန်းဟာအလွန်တရာမကြီးပါ သင်္ချာအခေါ် convergence ဖြစ်တယ်လို့ပြောနိုင်ပါတယ်
လန်ဒူးရဲ့ရည်ရွယ်ချက်က စွမ်းအင်အတိအကျတွက်ဖို့မဟုတ်ပါ E ဟာ M နဲ့ဘယ်လိုပြောင်းလည်းအကြမ်းဖျဉ်းမှန်းဖို့ပါ ထို့ကြောင့် a ကို မေ့ ထားနိုင်ပါတယ် ကျန်တာမှာလည်း မကိန်းပါဝါနဲ့ M တွေ ဟာ ဖြုတ်ထားနိုင်ပါတယ် ပထမကိန်း M^1 အပေါင်းစွမ်းအင်ပေးပြီး ဒုတိယ ကိန်း M^3 မှာ အနှုတ်စွမ်းအင်ပေးပါသည် direction အားလုံးသည်ဖြစ်တန်စွမ်းအတူတူပင်ဖြစ်ူသည်ဆိုသော ယူဆချက်ကို ဆန့်ကျင်သောကြောင့်ပယ်ပါသည်
ထို့ကြောင့်polynomial တွင် စုံကီန်းများသာပါဝင်ပါသည် ထို့ပြင် ပါဝါ ၄ခုထက်ပိုသောကိန်းများကိုလည်းဖယ်နိုင်ပါသည် critical point တွင် M ၏ တန်ဖိုးမှာ အလွန်နည်းပါသည် ၏ ဂဏာန်းမျိုးကို ပါဝါတင်လျင်သုည နီးပါးထွက်သောကြောင့်ပယ်ပါသည် နောက်ဆုံးရလာဒ်မှာ
E( M) = aM^2 + bM^4
မြှောက်ဖော်ကိန်းများမှာ အမြင်ရှင်းစေရန် a နှင့် b ကိုသာသုံးထားပါသည် a နှင့် b ၏ တန်ဖိုး အထူးသဖြင့်လက္ခဏာ ကိုသိလျင် qualitatively သိနိုင်ပါသည်
b သည် အနှုတ်ကိန်းဖြစ်လျင် အောက်ပါ graph ကိုရပါသည် ၎င်းတွင်အနည်းဆုံးစွမ်းအင်မရှိတော့ပါ ထို့ကြောင့်သဘာဝကိုကိုယ်စားမပြုနိုင်ပါ
ဟစ်ဂ်အမှုန်နှင့် ဘက်ညီမှု (၅)
ယခု အခါ b အပေါင်းကိန်းနှင့် a အပေါင်းကိန်းဖြစ်ပါက graph သည် စွမ်းအင်အနိမ့်ဆုံးအခြေ ၁ ခုရှိသောမျဉ်းကွေးကိုရပါသည် အောက်တွင်ပုံများကိုပြထားပါသည် စွမ်းအင်အနိမ့်ဆုံးအခြေ minima မှာ zero တွင်ရှိပါသည်
a အနှုတ် နှင့် b အပေါင်းတွင်ထူးခြားချက်ဖြစ်ပေါ်လာပါသည် minima ၂ ခုရှိပါသည် ဤgraph ၂ ခုတွင် ဘယ်အရာမှန်သလဲ လန်ဒူးက ဒိလိုယူဆပါတယ် critical point ရဲ့အပေါ်မှာ သံလိုက်မဖြစ်တဲ့အတွက်သုည စွမ်းအင်အနိမ့်ဆုံးဖြစ်သောကြောင့်ပထမ graph နှင့်ညီပါသည်
critical point အောက်မှာတော့ equilibrium Mအတွက် သုညမဟုတ်ပါ ဒုတိယ graph နှင့်တူပါသည်
ထို့ကြောင့် a သည် point အထက်တွင် အပေါင်းဖြစ်၍အောက်တွင် အနှုတ်ဖြစ်သည် အခြေပြောင်းဖြစ်စဉ်သည် parameter a ၏ အပူချိန်နှင့်ပြောင်းလဲခြင်းကြောင့်ဖြစ်ပေါ်လာရကြောင်းတွေ့နိုင်သည်စွမ်းအင်graph မှာcritical point အထက်၌ minima တခုတည်းဖြစ်သော်လည်း အောက်၌ ၂ခုဖြစ်လာရသည် အပူချိန်ကျဆင်းမှုနှင်အတူ နဂိုက minima အခြေမှာရုတ်တရက် maxima ဖြစ်သွားပြီး ( minima ၂ခုရှိသောgraph တွင် အလယ်ခုံးလေး၏ထိပ်) စွမ်းအင်ချရန်လိုသောကြောင့် minima ၂ခု မှတခုသို့ရွေးချယ် ဆင်းသက်ရသည် ဖြစ်တန်ချေ အတူတူ ဖြစ်သောကြောင့် random ရွေးချယ်ပါသည်ဤသို့သက်ဆင်းခြင်းမှာSymmetry breaking ဖြစ်ခြင်းပင်ဖြစ်ပါသည်
မက်စီကန် ဦးထုပ်
လန်ဒူးညီမျှခြင်းသည် စနစ်အားလုံးနဲ့ ဒိုင်မင်းရှင်းပိုများသောအခြေအနေတွင်လည်းအသုံးပြုနိုင်သည် ဒိုင်မင်းရှင်းတခုတိုးလျင် ပြင်ညီပေါ်၌သံလိုက်ဗက်တာကိုတင်သောအခါ စက်ဝီုင်းပေါ်ရှိအမှတ်တိုင်း၌ကြိုက်ရာminima တွင်နေနိုင်ပါသည်မက်စီကန်ဦးထုပ်ပုံခေါ်သည်
လန်ဒူးသည်သူ၏သီဝရီကို superfluid helium ၏ အခြေပြောင်းခြင်းအတွက်အောင်မြင်စွာရှင်းပြနိုင်ခဲ့ပြီး ၁၉၆၂ နှစ် နိုဗယ်လ်ဆုကိုရရှိခဲ့ပါသည် သူ၏သူငယ်ချင်းဖြစ်သူဗီုက်တလီဂျင်းဇဗက် သည်လည်း superconductor အခြေပြောင်းခြင်းအတွက် ၎င်းသီဝရီကိုသုံး၍ရှင်းပြနိုင်ခဲ့သည်
ဟစ် ဖြစ်စဉ်မှာလည်း၎င်းကိုအခြေခံပါသည်
ဟစ်ဂ်အမှုန်နှင့်ဘက်ညီမှု (၇)
ဒြပ်ထုရှိသော အမှုန်များပါဝင်လာခြင်းသည် ပေါင်းစပ်သီဝရီ၏ ဘက်ညီမှု Symmetry ကိုဖျက်ဆီးနေပါသည် သီဝရီမှာသုံးမရဖြစ်နေပါသည်
ရူပဗေဒပညာရှင်ပီတာဟစ်ဂ်ကသတိပြုမိသောအချက်မှာ ၎င်းပြဿနာတွင်ဘက်ညီမှုအလိုလိုချိုးဖျက်သော ဖြစ်စဉ်တခုသာရှိနေလျှင် သီဝရီ၏ကောင်းသောအစိတ်အပိုင်းများကိုထိန်းသိမ်းပြီး အချို့သောအစိတ်ပိုင်းများကိုကွယ်ဝှက်ပေးနိုင်ပါလိမ့်မည် လန်ဒူး၏မော်ဒယ်လ်ကိုသာအသုံးပြုလျင်အားလုံးကွက်တိဖြစ်နေမည်ကိုဟစ်ဂ် ကသတိပြုမိခဲ့သည်
၁၉၆၄ ခုနှစ်တွင်ဟစ်ဂ်သည် လန်ဒူး ၏ idea ကို အမှုန်ရူပဗေဒဘာသာစကားသို့ ဘာသာပြန်ပေးခဲ့သည် ထို့နောက် လျှပ်စစ်သံလိုက်အားနှင့် အားပျော့ အမှုန်တို့တွင်ရှိသော ဘက်ညီမှုကိုအလိုလျောက်ကျိုးပျက်စေခဲ့သည့်မော်ဒယ်လ် တခုကို ရှင်းလင်းပြခဲ့သည်
လျှပ်စစ်သံလိုက် နှင့်အားပျော့တို့ကို တခုတည်းသော လျှပ်စစ်သံလိုက်အားပျော့၏ မျက်နှာ ၂ဖက်အဖြစ် ကြည့်မြင်နိုင်သည် ဤနည်းဖြင့် နဂိုက ၄ မျိုးရှိသော အခြေခံအားမှာ ၃ မျိုးသာကျန်တော့သည် ဤအချက်မှာ လျှပ်စစ်နှင့် သံလိုက် အားကို မိုက်ကယ် ဖာရာဒေး နှင့် ဂျိမ်းစ် ကလက်ခ် မက်စ်ဝဲလ် တို့ပေါင်းစပ်ခဲ့ပြီးနောက် အကြီးမားဆုံးပေါင်းစပ်သီဝရီပင်ဖြစ်ပါသည် ၁၉ ရာစုနှစ်တွင် ဟစ်ဂ်သည် ပေါင်းစပ်သီဝရီကို မဖ်ာထုတ်နိုင်ခဲ့သော်လည်း ၎င်းပေါင်းစပ်မှု၏နောက်မှဖြစ်စဉ်ကိုရှင်းပြနိုင်ခဲ့သည် စတီဗင်ဝိုင်းဘက် ကနောက်တဆင့်တက်ပြီး ဟစ်ဂ်၏ idea ကိုယူ၍ လျှပ်စစ်သံလိုက်အားပျော့သီဝရီ ကို တည်ဆောက်ပေးနိုင်ခဲ့ပါသည် ရှယ်လ်ဒန် ဂလက်ရှိုး နှင့် အက်ဗဒူ ဆာလမ် တို့လည်း ဤမော်ဒယ်လ်ကို သီခြားစီတွေ့ရှိခဲ့ကြပြီး နိုဗယ်လ်ဆုရရှိ ခဲ့သည် ၎င်း ကို ဂလက်ရှိုး- ဝိုင်းဘက်- ဆာလမ် မော်ဒယ်လ်ဟုခေါ်ပါသည်
ဟစ်ဂ်ဖြစ်စဉ်မည်သို့အလုပ်လုပ်ပါသနည်း ကျွန်ုပ်တို့သည် အခြေခံ အမှုန်များကို အလွန်သေးငယ်သောဘီးလိယက်လုံးလေးများပြေးလွှားတိုက်ခိုက်လွင့်စဉ်နေသည်ဟုမြင်ကြည့်တတ်ကြသည် ကွမ်တမ်စက်ကွင်းသီဝရီအရ ဤသို့မြင်ကြည့်ခြင်းသည်မမှန်ပါ (Quantum field theory QFT သည် လက်ရှိသဘာဝကို ကိုယ်စားပြုသော အမှန်တရားဖြစ်သည် လက်တွေ့စမ်းသပ်ချက်များကထောက်ခံပြီးဖြစ်သည်) ၎င်းသီဝရီတွင်အမှုန်မျိုးစိတ်တိုင်းကို ကွမ်တမ်စက်ကွင်းတခုအဖြစ်အဓိပ္ပာယ်ဖွင့်သည် ကွမ်တမ်စက်ကွင်းများမှာ space ကိုထိုးဖောက်စိမ့်ဝင်နေသော စက်ကွင်းများဖြစ်သည် (စက်ကွင်းဆိုသည်မှာသင်္ချာအရ space ၏ point တိုင်းတွင်ရှိသောသင်္ချာပစ္စည်း ဥပမာ number / vector / matrix / tensor / operator စသည်တို့ဖြစ်သည်) at each point of space တွင် စက်ကွင်း ( တန်ဖိုး) များသည် စပရိန်တွင်ဆွဲချည်ထားသောအလေးတုန်းကဲ့သို့ တုန်ခါနေပါသည် ကျွန်ုပ်တို့ကအမှုန်အဖြစ်ယူဆသောအရာမှာ စက်ကွင်း၏လှုပ်ရှားမှုပင်ဖြစ်သည်
သင်သည် စက်ကွင်းကို နေရာတိုင်းတွင်ရှိသော ကွမ်တမ်( ဆိုလိုသည်မှာ ၁ခု၂ခုရေတွက်နိုင်သော) ကျောက်ကြောအဖြစ်မြင်ကြည့်နိုင်ပါသည် အမှုန်မရှိလျင်ကျောက်ကြောများသည် ပုံမှန်တုန်ခါနေပြီး အမှုန်ကိုမှုကျောက်ကြောမျက်နှာပြင်မှဂယက်တခုအဖြစ်မြင်ကြည့်နိုင်သည် အရှိန်ဖြင့်သွားနေသောအမှုန်ကိုမှုကျောက်ကြောပေါ်တွင်ရွေ့နေသောလှိုင်းတွန့်အဖြစ်မြင်နိုင်သည် တခုနှင့်တခုတိုက်မိသောအမှုန်များကို လှိုင်း၂ ခုဆုံသည်နှင့်ကိုယ်စားပြုနိုင်သည်
သင်္ချာအရ ယင်းစက်ကွင်းများကိုစကေလာ စက်ကွင်းဖြင့်ကိုစားပြုနိုင်သည် စကေလာ စက်ကွင်းဆိုသည်မှာနေရာတိုင်းတွင်ရှိသော ကိန်း(number) တခုဖြစ်သည် ၎င်းကိန်းသည် ထိုနေရာရှိအမှုန်ပေါ်တွင်ရှိသောသက်ရောက်မှု၏ ပမာဏကိုကိုယ်စားပြုပါသည်
ဟစ်ဂ်သည် ကွမ်တမ်စက်ကွင်း phi (ဖိုင်ဟုအသံထွက်ရန် symbol မှာ fb page တွင် ရေးရန်မလွယ်သဖြင့် ဖိုင်ဖြင့်သာဖော်ပြသွားပါမည် အောက်တွင်ဖော်ပြထားသောပုံတွင်မှု symbol ကိုတွေ့နိုင်သည်)
ဟစ်ဂ်အမှုန်နှင့် ဘက်ညီမှု(၈)
ဟစ်ဂ်သည်ကွမ်တမ်စက်ကွင်း ဖိုင် ကို လန်ဒူး၏ သီဝရီတွင်ပါရှိသော parameter အဖြစ်သက်မှတ်ခဲ့သည် သူ၏စက်ကွင်းအသစ်ဖိုင်သည် လန်ဒူးသီဝရီရှိပုံစံအတိုင်းသာ အတည်စွမ်းအင်ရှိမည်ဆိုလျှင် ဘက်ညီမှု ကျိုးပေါက်ပုံကို အခြေခံအားအမှုန်သီဝရီတွင်ဖော်ပြနိုင်သည် ( ဤတွင် ဘက်ညီမှုကျိုးပျက်ခြင်းမှာ graph 1 မှminima ၂ခုပါသော graph 2 သို့ပြောင်းခြင်းကိုဆိုလိုသည် ပထမဂရပ်တွင် minima ၁ခုရှိပြီး ယင်းminima တွင်နေသော ဖိုင်သည် ဘက်တိုင်းအတွက်ဖြစ်တန်စွမ်းအတူတူပင်ဖြစ်သဖြင့် ဘက်ညီသည် သို့ရာတွင် ဂရပ် ၂ သို့ရောက်သောအခါ minima ၂ခုရှိသဖြင့်တခုခုသို့ဝင်ရောက်နေရာယူရမည်ဖြစ်ရာ ဘက်တခုခုကိုရွေးခြင်းဖြင့် ဘက်ညီမှုကျိုးပြတ်သွားပါသည် ဤနည်းဖြင့်symmetry braking mechanism ကိုဖော်ပြနိုင်ပါသည် ဟစ်ဂ်ညီမျှခြင်းမှာ equation 1 ဖြစိသည် အောက်တွင်ထပ်မန်ဖော်ပြထားသည် ဖိုင်သည် စက်ကွင်း၏တန်ဖိုးကိုဖော်ပြသည် Vမှာ အတည်စွမ်းအင်ဖြစ်ပြီး alpha နှင် beta မှာ မြှောက်ဖော်ကိန်းဖြစ်သည် ဖိုင်စကွဲ ( ဖိုင်၂ထပ်ကိန်း) မှာ ဖိုင်စက်ကွင်း၏ရွေ့လျားမှုက်ုကိုယ်စားပြုသည် ဖိုင်ဖို့သ်(ဖိုင်၎ထပ်ကိန်းမှာ) မတိုက်မိခင် အမှုန်၂ခု နှင့် တိုက်ပြီးအမှုန်၂ခုကိုကိုယ်စားပြုပါသည်ဘီတာသည်၎င်းတိုက်မိမှုတွင်ရှိသောသက်ရောက်မှု၏ပြင်းအားဖြစ်သည်ပုံအားဖြင့်အောက်တွင်ဖော်ပြထားသည် ဤညီမျှခြင်းမှာဖိုင်စက်ကွင်း၏ရွေ့လျားမှုနှင့်တိုက်မိလွင့်ထွက်မှုများကိုပုံဖော်ပြီး ၎င်းဖြစ်စဉ်တွင်ရှိသောစွမ်းအင်ကိုတွက်ထုတ်ပေးသည် အယ်လ်ဖာ သည်ဟစ်ဂ်အမှုန်ကိုဖန်တီးရန်လိုအပ်သောစွမ်းအင်ဖြစ်သည်
ဟစ်ဂ်အမှုန်နှင့် ဘက်ညီမှု( ၁၀)
ဒြပ်ထုပေးသောအခြေပြောင်းခြင်း
ဟစ်ဂ်က စကြာဝဠာ၏မဟာပေါက်ကွဲမှုဖြစ်ပြီးလျှင် ပြီးချင်း အခြေပြောင်းလည်းခြင်း (ရေမှရေခဲသို့ သံလိုက်မရှိရာမှသံလိုက်ရှိရာသို့ပြောင်းလဲသကဲ့သို့ ) တခုဖြစ်ပွားခဲ့ကြောင်းအဆိုပြုခဲ့သည် ထိုအခါဖိုင်၏ အနိမ့်ဆုံးစွမ်းအင်အခြေသည် နေရာတိုင်းတွင် သုညဖြစ်ပါသည် ကျွန်ုပ်တို့၏သံလိုက်မော်ဒယ်လ် တွင်၎င်းမှာcrtical point ၏အထက်၌ သံလိုက်ဖြစ်ခြင်း M သည်သုညဖြစ်နေသောအခြေအနေဖြစ်ပါသည်
လန်ဒူးသီဝရီအရ စွမ်းအင်လျော့ကျလာသောအခါ alpha ၏ တန်ဖိုးသည်လည်းလျော့နည်းလာပြီး critical point အောက် ရောက်သောအခါ ၎င်းသည်အနှုတ်တန်ဖိုး ဆောင်ပါသည်ထိုအခါအတည်စွမ်းအင်ဂရပ်သည် မက်စီကန်ဦးထုပ်ပုံဖြစ်လာပါသည် အောက်တွင်ပုံကိုဖော်ပြထားပါသည် အခြေေုပါင်းအမှတ်အောက်တွင်ဟစ်စက်ကွင်း၏အနိမ့်ဆုံးစွအမ်းအင်အခြေminima သည် ဦးထုပ်အခြေရှိ စက်ဝိုင်းတလျောက်ဖြစ်ပါသည် ဟစ်စက်ကွင်းသည်ယခုအခါစွမ်းအင်ဆုံးရှုးပြီးစနစ်တခုလုံးသည် ၎င်းစက်ဝိုင်း၏ အမှတ်တခုခုသို့ ကျပန်းဆင်းသက်ပါသည် သို့ရာတွင် ၎င်းအမှတ်များတွင်စွမ်းအင်မှာ သုညမဟုတ်သောတန်ဖိုးဖြစ်သည် ၎င်းသုညမဟုတ်သောတန်ဖိုးကို t ဟုခေါ်ကြပါစို့ ရလာဒ်မှာ ဟစ်စက်ကွင်းသည် ဗလာနယ်တွင်ပင် သုညမဟုတ်သောစွမ်းအင်ရှိနေခြင်းပင် ဖြစ်သည် သံတွင်သံလိုက်စက်ကွင်းဖြစ်ပေါ်သကဲ့သို့ပင်ဖြစ်သည့် 
No comments:
Post a Comment