Wednesday, July 29, 2015

F22 Raptor

F 22 Raptor

F 22 Raptor ကို လော့ဟိမာတင် ကုမ္ပဏီ က ဘိုးအင်း ဝှစ်တနေ ကုမ္ပ ဏီ များနဲ့ပေါင်း ထုတ် ပါတယ် သူက 5th generation fighter ပါ
ရာသီဥတု အခြေအနေမျိုးစုံမှာ တာဝန်ထမ်း
ဆောင်နိုင်တယ်

ကိုယ်ပျောက်လေယာဉ်အမျိုးအစားဖြစ်တယ်
stealth ဖြစ်အောင် romboid ပုံတောင်ပံအချိုး
Radar  က လာတဲ့ radio လှိုင်းတွေကို စုပ်ယူတဲ့ဆေး လက်နက်တွေကိုကိုယ်ထည်ထဲထည့်မြှပ်ထားခြင်း
စသဖြင့်ပြုလုပ်ပါတယ်

air to air ( လေယာဉ်ချင်းစီး
ခြင်းထိုးနိုင်သလို) air to ground ( မြေပြင် ပစ်မှတ်တွေကိုလည်း ရှင်းလင်း နိုင်ပါတယ်
သုံးတဲ့လက်နက်တွေက precision guidance
munity PGM ဖြစ်ပြီးတိကျပါတယ်

supermaneuverability ရှိတယ် ဒါက တိုက်လေ
ယာဉ်တွေမှာ အခြေခံ ပျံသန်းပုံတွေရှိပါတယ်
တိုက်လေယာဉ်အချင်းချင်း တိုက်ခိုက်တာကို
dogfight လို့ခေါ်ပြီး ဒီမှာ maneuver သာတဲ့
သူကနိုင်တာပါပဲ လေယာဉ် တစီး က rotation
၃ မျိုးလုပ်လို့ ရပါတယ် axis of rotation က
x , y , z ဆိုပြီး ၃ မျိုးရှိတာကိုး အဲဒါ တွေကို
pitch ရယ် yaw ရယ် roll ရယ် ဆိုပြီးခေါ် ပါတယ်
ဒါတွေကို ပေါင်းစပ်ပြီး လုပ်တဲ့ meneuver တွေကို
နာမည်တွေပေးထားပြီး ဥပမာ high yo yo
low yo yo စသဖြင့်ပေါ့ ဒီလိုလုပ်ဆောင်နိုင်ဖို့
အရင် မျိုးဆက်လေယာဉ်တွေက aerodynamic
control surface ခေါ်တဲ့ rudder aerofoil
စတဲ့ အစိတ်အပိုင်းတွေကို အသုံးပြုရပ်တယ်
လေယာဉ်ရဲ့ aerodynamic မှာ angle of attack
(alpha အယ်ကလ်ဖာလို့လည်းခေါ်ပါတယ်) အရေးပါပါတယ် အဲဒါက ထောင့်တခုပါ
aerofoil ( တောင်ပံ )ရဲ့ စိတ်မှန်း မျဉ်းကြောင်း axis
နဲ့ လေယာဉ်ကိုဖြစ်သွားတဲ့ လေလွှာစီးကြောင်း
ကိုကိုယ်စားပြုတဲ့ vector ကြားက ထောင့်ပါ ဒီထောင့် များလေ လေယာဉ်ကအပေါ်ကိုကြွလေပေါ့
ဒါပေမဲ့ တခုသောဖောင့်တန်ဖိုးကိုကျော်ရင်တော့ လေယာဉ်က ဒေါင်လိုက်မတ်မတ်ဖြစ်ပြီး ထပ် lift
မလုပ်နိုင်တော့ပါ ဒီမှာ သူ့ကို stall လို့ခေါ်ပါတယ်
stall ကြာရင်လေယာဉ်ကပြုတ်ကျတာပါပဲ

လေယာဉ်ရဲ့ တချို့ maneuver တွေ က stall
ပါပြီး ထိန်းမရပါဘူး ဒါကိုနောက်ပိုင်းမျိုးဆက်တွေ
မှာ thrust vector nozzle ကို သုံးပြီး လေယာဉ်ကို
maneuver လုပ်ပါတယ် ဒါကို thrust vectoring
လို့ခေါ်ပါတယ် အဲဒါက တိုက်လေယာဉ်တွေရဲ့ ဖင်မှာ
မီးတန်းတွေ ထွက်နေတဲ့အင်ဂျင် နော်ဇယ်ခေါင်း ကို
အရှင်လှည့်လို့ ရ အောင်လုပ်ထားတာကို ပြောချင်
တာပါ သူ 360 ° ကြိုက်သလိုလှည့်လို့ရတယ် သူ
ဦးတည်တာနဲ့ပြောင်းပြန် direction ကိုလေယာဉ်ကိုယ်ထည်ကရွေ့တယ် ဒါကို ရုရှရဲ့
ဆူခွိုင်းတွေကစတင်ပြီး raptor ကအကောင်းဆုံးဖြစ်
အောင်မွန်းမံပါတယ် thrust vectoring နဲ့လုပ်လို့ရတဲ့ နာမည်ကြီး supermaneuverability
ကတော့ Herbst maneuver ပါ သူ့ကို J turn လို့လဲ ခေါ်တယ် လေယာဉ်ကအရှေ့ကို အရှိန်နဲ့သွားနေရာ ရုတ်တရက်နောက် ကိုကြာချိန်အနဲ ဆုံးနဲ့ ကွေ့တာပါ ဒီလိုလုပ်ဖို့ အရင်ဆုံး ဦးမော့ပြီး မြွေများ ပါးပျဉ်းထောင်သလို
ထောင်ရပါတယ် လေယာဉ်ကိုယ်ထည်ကဒေါင်လိုက်ကြီးပေါ့ သူကလည်း မနျူးဗာ maneuver တခုပါ  pugachev' cobra လို့ခေါ်တယ် အမှန်တော့
ဆိုင်ကယ်ရှေ့ဘီးထောင်သလိုပါပဲ ကွာတာက လေယာဉ်မှာ ဒီလိုလုပ်ရင် အယ်လ်ဖာ နဲပြီး stall
ဖြစ်သွားတယ် အရှိန်ကျသွားတယ် ဘရိတ်အုပ်သလို
ပေါ့ အနောက်ကနေ ရန်သူလေယာဉ်ကပ်လိုက်ခံရင်
ဒီနည်းနဲ့ ဘရိတ်အုပ်ရင် သူကကိုယ့်ကိုကျော်တတက်သွားတာပေါ့ ကိုယ်က
နောက်ကနေ ပစ်ယုံပဲ Herbst ကတော့ ခုလို
cobra ထောင်ပြီး stall ဖြစ်ချိန်မှာ roll လုပ်ပါတယ်
လေယာဉ်ကနောက်ဖက်လှည့်ပြီးသာ ဒီတော့မှ
ပါးပျဉ်းအောက်ချပြီးနောက်ကိုပျံတာပါ ဒါတွေက
အလိုက်ခံရချိန်မှာ အသုံးဝင်ပြီး raptor တွေရဲ့စွမ်း
ရည်ပါ

နောက်တခုက supercruise ပါ ဒါက supersonic
အသံထက်မြန်နှုန်းနဲ့ဆက်တိုက်ပျံနိုင်တဲ့စွမ်းရည်ပါ
အရင်လေယာဉ်တွေက ခဏပဲပျံနိုင်ပါတယ် သူကတော့ sustain လုပ်ထားနိုင်ပါတယ်

နောက် raptor တွေက electronic attack
capability ရှိပါတယ် radar jamming လုပ်နိုင်ပါတယ် ရန်သူ့ radar ကို noise တွေ
ထည့်ပေးပြီး အလုပ်မလုပ်နိုင်အောင်စွမ်းဆောင်ပါ
တယ်

နောက်တခုက sensor fusion ပါ ဒါကတော့ sensory input အနေနဲ့ source မျိုးစုံက ဝင်လာ
တဲ့ data တွေကို ပေါင်းပြီး interpret လုပ်တာပါ
ဒီနည်းက မသေချာမှုကို လျော့ချပေးပါတယ်

အင်ဂျင် ၂ လုံးပါ cockpit ၁ ခုပါ လေယာဉ်ပါ

No comments:

Post a Comment