ကိုနစ်စဘက်ဂ်မြို့ကတံတား၇စင်း ( ၂ )
ပထမဆုံးအွိုင်လာသတိပြုမိတာကတော့ဘယ်လမ်းကသွားတယ်ဆိုတာအရေးမပါလှပဲတံတားတွေရဲ့ဆက်စပ်နေပုံကသာအရေးကြီးတာကိုပါ ကျွန်းအကြီးအသေး မြို့တွင်းကလမ်းတွေရဲ့အသေးစိတ်လမ်းကြောင်းနဲ့မြစ်ချောင်းတွေရဲ့အကွာအဝေးအကွေ့အဝိုက်စသဖြင့်အားလုံးဟာဒီပြဿနာအတွက်အရေးမပါလှပါဘူးဒီမှာကုန်းမြေ ၄ ခုနဲ့ တံတား၇ စင်းရဲ့ဆက်သွယ်မှုကသာအရေးပါပါတယ်ဒါကြောင့်သူဟာ ကုန်းမြေ ၄ ခုကို node(vertex) ၄ ခုနှင့် ကိုယ်စားပြုပြီး တံတား ၇ စင်းကိုတော့ edge( မျဉ်းကြောင်း) ၇ ခုနဲ့ ကိုယ်စားပြုလို့ ပုံကိုရှင်းလင်းအောင်ပြုလုပ်ခဲ့ပါတယ် အောက်မှာပုံကိုဖော်ပြပေးထားပါတယ်
တကယ်တော့ တိုပိုလိုဂျီဆိုတာ အတိုင်းအတာ ထောင့် အတိုအရှည်တွေကအရေးမပါဘဲဆက်စပ်မှုကသာအဓိကကျတဲ့ပြဿနာတွေကိုလေ့လာတဲ့သင်္ချာဖြစ်ပါတယ် အွိုင်လာရဲ့အစပျိုးမှုနဲ့အတူ တိုပိုလိုဂျီဟာစတင်ခဲ့ပြီး တံတား ၇ စင်း ပြဿနာကတော့ graph သီဝရီ(တိုပိုလိုဂျီတမျိုး) ရဲ့ပထမဆုံးပုစ္ဆာလို့ဆိုနိုင်ပါတယ် ခုခေါတ်မှာကွန်ပြူတာ တို့ နက်ဝါ့ခ် တို့ဟာ graph သီဝရီ ကိုအသုံးပြုထားတာပါ ဦးနှောက်နဲ့ စိတ်ရဲ့အလုပ်လုပ်ပုံမော်ဒယ်လ်ကို directed graph လို့ခေါ်တဲ့ တိုပိုလိုဂျီနဲ့ ခုအခါလေ့လာနေပြီး အတန်အသင့်နားလည်ပြီလို့ဆိုနိုင်ပါတယ်
node နဲ့ edge တွေရဲ့ ဆက်သွယ်မှုကသာအရေးပါလို့ ပုံသဏာန်ဟာကြိုက်သလိုပြောင်းလဲနိုင်ပါတယ် ဒီဆက်သွယ်မှုမပျက်စီးသ၍ ဒီပုစ္ဆာကအတူတူပါပဲ ဒါဆို ဒီဆက်သွယ်မှုမှာဘာကအရေးကြီးဆုံးလဲ node ၂ခုကြားမှာ edge ရှိမရှိနဲ့ ရှိခဲ့ရင် edge တွေရဲ့အရေအတွက်ကသာအရေးကြီ ဆုံးဆိုတာ အွိုင်လာတွေ့ခဲ့ပါတယ်
နောက်တခုအွိုင်လာစဉ်းစားမိတာကဒီလိုပါ node တခုကိုတံတားတခုကဝင်တိုင်း တံတားနောက်တခုနဲ့ဒီ node ကပြန်ထွက်ရမှာပါ ဆိုလိုတာက node တခုစီကိုဆက်သွယ်တဲ့ တံတားရဲ့အရေအတွက်ဟာစုံကိန်းဖြစ်ရ ပါမယ် ဒါမှသာ တံတားတွေကို ၂ ခါမဖြတ်မိမှာပါ ဒီပုစ္ဆာမှာတော့ node တိုင်းမှာ တံတားအရေအတွက်က မကိန်းဖြစ်နေလို့ တံတားတခုခုကို ၂ ခါမဖြတ်ပဲမဖြစ်နိုင်ပါဘူး ဒါကြောင့်ဒီပုစ္ဆာဟာ အဖြေမရှိပါဘူး တနည်းအားဖြင့် ပုစ္ဆာကတောင်းဆိုတဲ့အတိုင်း ဖြတ်လို့မရနိုင်ပါဘူး
ပုစ္ဆာကတောင်းဆိုတဲ့အတိုင်းဖြတ်သန်းဖို့ဆိုရင် node တွေရဲ့ဆက်သွယ်မှုဟာ eularian path ဖြစ်ရပါမယ် ဒါက node တိုင်းစုံကိန်းedge ရှိရမယ် သို့မဟုတ် မကိန်း edge ရှိတဲ့ node ဆိုရင် လုံးဝမရှိရင်မရှိ သို့ ၂ ခုပဲရှိရမယ်လို့ဆိုလိုတာပါ သင်္ချာအရတော့ node တခုကိုလာဆက်တဲ့ edge အရေအတွက်ကို degree of node လို့ခေါ်ပါတယ် even degree of node သို့ 2 node of odd degree ရှိတဲ့ graph သာလျှင်ပုစ္ဆာရဲ့အဖြေကိုရှင်းနိုင်ပြီး ကျန်တာတွေကတော့ ၂ခါမဖြတ်ပဲမရကြောင်း အွိုင်လာတွေ့ရှိခဲ့တာဖြစ်ပါတယ်
ကျွနိိတော်တို့ရဲ့ဘဝမှာလဲ တကြိမ်ထက်ပိုပြီးလိုအပ်တဲ့ ဆက်ဆံရေးတွေအကြောင်း မိတ်ဆွေစဉ်းစားမိမယ်ဆိုရင် graph သီဝရီ သို့ နက်ဝါ့ခ်တိုပိုလိုဂျီရဲ့အရေးပါပုံကို သဘောပေါက်မှာပါ
No comments:
Post a Comment